(၁) သစ္စာညွှန်ပြ အရိယသာသနာ တိမ်မြုပ်ကွယ်ဟောင်း နှစ်ပေါင်းရှည်ကြာ ဗုဒ္ဓဟောကြား တရားဘယ်ဟာ လောကအတွင်း အလင်းပျောက်ခဲ့တာ။ (၂) သာသနာဓမ္မစက် တစ်ဝက်ကျော်လာ အရိယာပေါ်ထွန်း မော်ကွန်းတည်ရာ စံတော်မူရပ် တောင်မြတ်သေလာ တုမရှိ ဘူမိတောင်တော်သာ။ (၃) စံတော်မူရိပ် တောင်ထိပ်ဘွေချာ သီတင်းသုံးဝါကပ် သူမြတ်ဆရာ ငါးနှစ်တာမျှ မျှတာ အဟာရာ ပြုနိုင်ခဲ ရောင့်ရဲတင်းတိမ်စွာ။ (၄) ရုပ်နာမ်ရှုပွား တရားကိုရှာ ရုပ်နာမ်ဖြစ်ပျက် မြင်လျှက်သိမှာ ဘယ်လောက်ရှုမှတ် ပရမတ်သစ္စာ ပွားသော်ငြား တရားမရပါ။ (၅) အဗျာကတ ဗုဒ္ဓမိန့်မှာ မွေးသေဟိုဘက် တွက်ချက်မပါ ဖြစ်ခြင်း မဖြစ်ခြင်း အလျှင်းမပါ ဗျာဒိတ်စကား ထင်ရှားရှိခဲ့တာ။ (၆) ဒီနွေ မိုးဆောင်း လှည့်ပြောင်းအခါခါ ရာသီစက်ဝန်း ထန်ပြင်းကြုံလာ သည်းခံစွန့်စား ရှေ့ထားမေတ္တာ […]