silver heroFebruary 4, 201432min3173
အရပ်ဖက်အဖွဲ့အစည်းကော်မတီတွေနဲ့အစိုးရဌာန တွေပူးပေါင်းဆောင်ရွက်ကြတာ ပြောင် မြောက်စွာတွေ့မြင် ရသမို့ ။ တတိယ မြောက် မဟာဗျူဟာမြောက် နိုင် ငံရေးပြု ပြင် ပြောင်းလဲမှုအတွက်အားရ ကျေန ပ် ဝမ်းမြောက် ရတာမင်္ဂလာရှိလေစွ။ သို့ပေမယ့် အချို့ကိစ္စလိုအပ်ချက် ရှိသမျှက ပြောမှသိ ၊ တီးမှ မြည်တတ်ကြတယ်မဟုတ်လား။ဝေဖန်စရာရှိဝေဖန်၊ လေကန်စရာရှိ လေကန် ရမှာမောင်ဗေထိတို့စာပေ လောကသားတွေ အလုပ် ဖြစ်နေ တော့ အနည်းငယ်တော့ ဝေဖန် ရ မ ပေါ့။ဝေဖန်မှုများမှတိုး တက်မယ်မဟုတ်ပါလား။အမှားများ ရင် အမှန်ဖြစ်နေတဲ့လောကကြီးမှာ ၊ စကားများတဲ့အကြံအစည်ဖြစ်နေမလား။တွေးစိတ်နဲ့စိုးထိတ် ပူမိသေးသဗျ။လုပ်ချင် တိုင်းလုပ်၊ဖြစ်ချင် တိုင်းဖြစ်၊ပျက်ချင်တိုင်းပျက်ခဲ့သမျှကြားထဲကငထွားခါးနာမဲ့အဖြစ်ကိုပြည်သူထဲကတာဝန်ပေးစေ ခိုင်းနေတဲ့ ဟို ကော်မတီ ၊ ဒီ ကော်မတီတွေ ပေါ့ဗျာ။ဆာဆာ ၊ မဆာဆာ တွေ့သမျှ အလှူအိမ်တက်အလွတ်ဆွဲ […]


silver heroMay 3, 20131min3541
ဓာတ်တော်မွေတော်များဖူးမြော်ကြည်ညိုခွင့်ရခဲ့ပုံများ ညောင်ကုန်းချောင်းဖျားကျေးရွာ ဓမိ္မကာရာကျောင်းတော်ကြီး၏ဦးစီးပဓာနနာယကဆရာတော်ကြီး ဘဒ္ဒ န္တသီရိ၏စေတနာ၊ သဒ္ဒါတရား၊ မေတ္တာတရားတို့၏ ဆွဲငင်မှုကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အသွေးတော်အသားတော်၊ အရိုးတော်တို့မှဖြစ်သော ဓာတ်တော်မွေတော်၊ အရိုးတော်တို့မြှ ဖစ်သောဓာတ်တော်မွေတော်တို့အားဆရာတော်ကြီးထံသို့ ဖူးမြော်ကြည်ညိုခွင့်ရရန်ရောက်ရှိ လာခဲ့လေသည်။ အိမ်မဲမြို့အကယ်ရိုးကျေးရွာနေ   ဦးဟုတ်ဟန်၊ ဒေါ်လှခင်တို့၏   ဒုတိယမြောက်သားဖြစ်သော ဦးသန်းအောင်(ဒုအရာခံဗိုလ်-ငြိမ်း)မှဆရာတော်ကြီးထံသို့ ဓါတ်တော်မွေတော်များ ရှာဖွေကယ်ဆပ်ကပ်ခဲ့သည်။ ဦးသန်းအောင်သည် (၁၄.၇.၂၀၀၇)တွင် မိတ္ထီလာမြို့ပို့ဆောင်ရေးစီမံကိန်းရုံး၌တာဝန်ထမ်းဆောင်သော သားဖြစ်သူခရိုင်ဦးစီးမှူးဦးတင်အောင်ဌေးထံသို့ သွားရောက်ခဲ့ပြီး ဝမ်းတော်ပြည့်ဓာတ်တော်တိုက်ရှိ မြတ်စွာဘုရားဓာတ်တော်နှင့် ရဟန္တာဓာတ်တော်များကို ဖူးမျှော်ကြည်ညိုခဲ့သည်။ ဓာတ်တော်မွေတော်များအများဆုံးကိန်းဝတ်ရာမိတ္ထီလာမြို့နှင့်(၁၃)မိုင်ဝေးသောပျော်ဖွယ်မြို့သံလျင်တောရယင်းတော်မင်းကျောင်း တိုက်ရှိရာသို့ခရီးဆက်ခဲ့ပြီးသံလျင်တောရယင်းတော်မင်းကျောင်းတိုက်ဓာတ်တော်တိုက် တာဝန်ခံ ပဓာနနာယကဆရာတော်ကြီး ဟိတေသီလေန အရှင်နိပုဏအားအိမ်မဲမြို့ညောင်ကုန်းချောင်းဖျားကျေးရွာ ဓမ္မိကာရာမကျောင်းတိုက်ဆရာတော်  ဘဒ္ဒ န္တသီရိထံ သို့ဓာတ်တော်မွေတော်များ ချီးမြှင့်ပေးပါရန်လျှောက်ထားတောင်းခံခဲ့ရာ ယင်းတော်မင်းကျောင်းတုိုက် ဆရာတော်မှဝမ်းမြောက်ဝမ်း သာဖြင့် (၂၇.၉.၂၀၀၇) ၁၃၆၉၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ဦးသန်းအောင်ထံသို့ မြတ်စွာဘုရားဓာတ်တော်မွေတော်နှင့် ရဟန်းန္တာ ဓာတ်တော်များအား  ဖြန့်ဝေချီးမြှင့်ခဲ့ပါသည်။(၃.၄.၂၀၀၈)ခုနှစ်တွင်  ဦးသန်းအောင်မှဆရာတော်ကြီး […]


silver heroMay 3, 20134min1960
ဗုဒ္ဓဘာသာသည် မေတ္တာတရားကိုအခြေခံသောဘာသာဖြစ်သည်။ “မေတ္တာသတ္တောအနန္တော”ဟု မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့ပေသည်။  မေတ္တာတရားသည် အရာရာကို အောင်မြင်သော လက်နက်တစ်ခုဖြစ်ပေသည်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် မေတ္တာလက်နက်ဖြင့် အောင်ခြင်း (၈) ပါးကို အောင်နိုင်တော်မူခဲ့လေသည်။ ကျွန်ပ်တို့လူ့လောကတွင် ကျင်လည်လှုပ်ရှားရသော လူသားတို့အတွက် မေတ္တာသည် အေးမြခြင်းအသွင်ကိုဆောင်၏၊ငြိမ်းချမ်းခြင်းအသွင်ကိုဆောင်၏။မေတ္တာစိတ်ဖြင့်အရာ ရာကိုအောင်မြင်စေနိုင်ပါသည်။မေတ္တာတရားအကြောင်း  ပြောရမည်ဆိုလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့   သားတော်တွေဖြစ် တဲ့ဆရာတော်ကြီးများရဲ့မေတ္တာဖြန့်ဝေပုံ၊ မေတ္တာဖြန့်ကျက်ပုံတွေ၊  လူ့လောကီအတွက်   အကျိုးသက်ရောက်ပုံကို အနည်းငယ်ပြောပြရပေမည်။ ကျွန်ပ်တို့နေထိုင်ရာဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် အိမ်မဲမြို့မှာရှိတဲ့   ညောင်ကုန်း-ချောင်းဖျားကျေးရွာ ဓမ္မိကာရာမကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်သောချောင်းဖျားဆရာတော်ကြီးဘဒ္ဒန္တသီရိ၏မေတ္တာဓါတ်ကြီးမားပုံနှင့်မေတ္တာဓါတ်ဖြန့်ဝေ ပေးသဖြင့်လောကီစီပွားအကျိုးထိရောက်ခဲ့ပုံကိုအနည်းငယ် ပြောရပေမည်။ နေ့ရက်မခြားမေတ္တာအကျိုးရရှိခြင်း အိမ်မဲမြို့မှာနေထိုင်တဲ့ ကျွန်ပ်ရဲ့သူငယ်ချင်းမှာ ၂၀၁ဝ ခုနှစ် ကားတစ်စီးဝယ်ခဲ့တယ်။ သူငယ်ချင်းရဲ့ရည်ရွယ် ချက်က ကျွန်ပ်တို့မြို့လေးကနယ်မြို့လေးဆိုတော ့သွားရေးလာရေးအတွက်ကားငှါးစားမယ့်ရည်ရွယ်ချက်နဲ့ပေါ့။ သူဝယ်လာပြီးက တည်းက ကားငှါးသူမရှိတော့စိတ်ဓါတ်တော်တော်လေးကျနေခဲ့တယ်။မိတ်ဆွေတစ်ယောက်ရဲ့အကြံပေးချက်နဲ့ညောင်ကုန်းချောင်း ဖျားဆရာတော်ကြီးဘဒ္ဒန္တသီရိဆီသွားရောက်ဖူးတွေ့ခဲ့တယ်။ သူငယ်ချင်းရဲ့ပြောပြချက်အရသူဖူးတွေ့တဲ့အချိန်မှာ ဆရာတော်ကြီး ကျမ်းမာရေးမကောင်းတဲ့ အချိန်ဖြစ်နေတယ်။ နေမကောင်းလို့အခန်းထဲမှာ ပဲနေပေမယ့်ဖူးချင်လို့ […]


silver heroMay 1, 20131min2383
ပင်မြင့်ထက်မှာစံမြန်းခဲ့တဲ့………….ပန်းလေးရေ။ ညှာတံဆိုတာခိုင်ခံ့တဲ့သဘာဝမရှိပေမယ့်……. တန်ဖိုးထားတတ်သူတွေအလယ်……..ဖူးငုံစအရွယ်မှာ ဆံကေသာထက်ခံ့ညားထည်ဝါခွင့်ရတယ်လေ……….။ မြူကင်းစင်တဲ့ရာသီမှာ………..လေရူးပွေတတ်တာ မင်းမသိလို့လား………….ပန်းကလေးရယ်။ မာယာထောင်ချောက်တွေပြည့်နေတဲ့အလယ်မှာ သရုပ်မှန်မရှိ ၊ သဏ္ဍန်မသိဘဲ…… ရူးသွပ်မိုက်မှား…….ယုံစားလိုက်သတဲ့လား………ပန်းလေးရယ်။ ဆင်ကန်းလို့…တောတိုးတာမိုက်မှားတယ်လို့မဆိုသာပေမယ့် ဉာဏ်မျက်စိကန်းပြီး…..အမှောင်ကမ္ဘာကိုတိုးဝင်သူကို.. မိုက်မှားလေခြင်းလို့…..မပြောရက်တော့ပါဘူး…ပန်းလေးရယ်။ ကံကိုယုံပြီးဆူးပုံနင်း ၊အယုံလွယ်တတ်သူရဲ့ နောက်ဆုံးရလာဘ်က……….ကြွေလွင့်နင်းခြေခံရခြင်းတဲ့လား……။ လှည့်စားဆွတ်ခြွေခြင်းမှာ……ဝိဉာဉ်မဲ့..မြေခသွားရှာတဲ့…. ပန်းကလေး………….ကောင်းရာဘုံမှာဖူးပွင့်နိုင်ပါစေ။


silver heroMarch 18, 20131min1812
                    “ရိုးသား ၊ကြိုးစား  ဧရာဝတီသား”ဆိုတဲ့ဆောင်ပုဒ်ကြောင့်ဧရာဝတီတိုင်းဒေ သကြီးရဲ့မြို့နယ်အဆင့်မှာ နေထိုင်ရတဲ့ ကျွန်တော်တို့ဘဝတွေကို ကျေနပ်ခဲ့ရပါတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်ဆိုတာ နိုင်ငံတော်အတွက်အဓိကအခြေခံအုတ်မြစ်တွေဖြစ်ပြီးနိုင်ငံတော်အတွက်အဓိကကုန် ထုတ်စွမ်းအားစုဆိုတာကျေးလက်ဒေသဖြစ်တယ်ဆိုတော့ကျွန်တော်တို့နေထိုင်ရတဲ့ကျေးလက်ဒေသအ တွက်ဂုဏ်ယူစိတ်ဖြစ်ရပြန်တယ်။မြို့ပြကိုအထင်ကြီးပြီး၊မြို့ပြလူနေထိုင်မှုစနစ်ကိုအားကျတဲ့စိတ်ဆို တာကျေးလက်နေသူတွေရဲ့အလေ့အထတစ်ခုပါ။မြို့နာမည်ကအိမ်မဲဆိုပြီးနာမည်မှာ“မဲ”ပါတာမြို့နေဒေ သခံတွေရဲ့နှလုံးသားကဖြူစင်ကြတယ်လို့စာပေဟောပြောပွဲလာတဲ့၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် ကချီးကျူးခဲ့ဖူးတယ်။ဒေသခံတွေ နှလုံးသားဖြူပြီး နေအိမ်သာလို့ဧည်သည်အလာများပေမယ့်လာတဲ့ဧည် သည်တွေကအိမ်ရှင်ညူစူစိတ်ပျက်စေမယ့်လုပ်ရပ်တွေကိုဖန်တီးတတ်ကြတယ်။မှော်ဝင်ပစ္စလက်အတတ် ပညာတွေနဲ့ဖမ်းစားတတ်ကြတယ်။ပရောဂမှန်ရင်တုန်တတ်လာရမယ်အဲဒီကျမှငါ့ကိုလာပင့်ဆိုတဲ့အတတ် ပညာတွေနဲ့ပြုစားတတ်ကြတယ်။ ကျွန်တော်တို့မြို့သားတွေကပင်ကိုယ်အဖြူရောင်နှလုံးသားကိုအရောင်စွန်းမခံကြသူတွေဆို တော့ ဧည်သည် ဘယ်လောက်ဆိုးဆိုး သည်းခံတတ်တဲ့ ခန္ဓီ ပါရမီကို လက်ကိုင်ထားခဲ့ကြတယ်။ဘုရင့် ညီလာခံ ကျင်းပချိန်  ဘုန်းကံကြီးတဲ့ ဘုရင်ကြီးက ရာဇပလ္လင်ထက်မှာစံမြန်းပြီး၊သက်တော်ရှည်အမတ်ကြီးတွေ၊သက်ကြီး ရွယ်အို ပညာရှိကြီးတွေ၊ စစ်သေနာပတိတွေ ၊မင်းညီ  မင်းသားတွေ ပလ္လင်အောက်က ဝန်းရံပြီး ခစားကြရတယ်။ “မောင်မင်းကြီးများ….”လို့ဘုန်းကံရှင် ဘုရင်ကြီးက ခေါ်လိုက်တာနဲ့“ဘုရား” ခံထူးကြရတဲ့ သက်ဦးဆံပိုင် ဘုရင်ခေတ်ဆိုတာကျွန်တော်တို့မမှီခဲ့တဲ့အတိတ်ရာဇဝင်သမိုင်းမှာရှိခဲ့ပါတယ်။ဘုရင်ကိုခစားရတဲ့သူတွေမှာအ သက်အရွယ်အရရှင်ဘုရင်ထက်ကြီးသူတွေပါပေမယ့်ဘုရင်တစ်ပါးရဲ့ဘုန်းကံကြောင့်“ဘုရား”ထူးကြရတယ်။ သက်ဦးဆံပိုင်ခေတ်ရဲ့ပြယုဂ်တစ်ခုပေါ့။ဒီခေတ်၊ဒီစနစ်တွေကိုနှစ်၊လ၊ရက်ဆိုတဲ့အချိန်ကာလတွေကဖြတ်ကျော်ခဲ့ တာအာဏာရှင်ခေတ်စနစ်ကိုတောင်အတိတ်တစ်နေရာမှာထားခဲ့ကြပြီ။ယခုအချိန်အခါမှာဗုဒ္ဓဘာသာ၊သာသနာရောင် ဝါတွေပြန့်ပွားထွန်းကားနေတဲ့နိုင်ငံလည်းဖြစ်၊သူတော်ကောင်းဥစ္စာခုနှစ်ပါးဖြစ်သောသဒ္ဒါ၊သီလ၊သုတ၊ဇာဂ၊ ပညာ၊ဟီရိ၊ဩတပ္ပတရားတွေလက်ကိုင်ထားကြပြီး“ဂါရဝေါစ၊နိဝါတောစ”ဆိုတဲ့မင်္ဂလာတရားနဲ့အညီနေထိုင်ကျင့် ကြံလာကြတယ်။နာယကဂုဏ်(၆)ပါးကိုလည်းအလေးအနက်ထားကျင့်ကြံလာကြတော့လောကီမင်္ဂလာတ […]


silver heroMarch 16, 20131min1715
၂၀၁၃၊ဖေဖော်ဝါရီလ(၃)ရက်နေ့အရှိန်ပြင်းပြင်းပူနေတဲ့သူရိယနေမင်းအား ကောင်းတဲ့အချိန်နေ့လည်(၂း၄၀)မှာဧရာဝတီတိုင်းဒေသကြီးရဲ့(၂၆)မြို့နယ်အတွင်းမှာရှိတဲ့အိမ်မဲမြို့လေးတွင် ကြောက်ရွံ့ခြင်းမှကင်းဝေးရေးခေါင်းစဉ်နဲ့စာပေဟောပြောပွဲလေးတစ်ခုကျင်းပခဲ့တယ်။(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်စာရေးဆရာ ကိုမင်းကိုနိုင်နဲ့ကိုဂျင်မီတို့လာရောက်ဟောပြောမှာဆိုတော့ပွဲမစခင်အချိန်(၁၂းဝ၀)နာရီလောက်တည်းကဟောပြောမယ့်စင်မြင့်အနီးအနားအရိပ် ရမယ့်နေရာတွေမှာလူစည်ကားနေခဲ့တယ်။စာပေဟောပြောမယ့်စင်မြင့်ဆိုလို့ခမ်းနားထည်ဝါစွာဆောက်လုပ်ထားတဲ့စင်မြင့်လို့မထင်ပါနဲ့(၁၀)ပေ ပတ်လည်လောက်အကျယ်ရှိတဲ့စင်မြင့်ကလေးဖြစ်အောင်အလှဆင်ဆောက်ထားခြင်းဖြစ်တယ်။အိမ်မဲမြို့ရွှေဘုံသာလမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ ဆုံရာလမ်းထောင့်ချိုးမှာတည်ရှိတဲ့ရွှေဘုံသာဘုရားတန်ဆောင်းတော်ကြီးအရှေ့မြေကွက်လပ်လေးမှာကျင်းပပြုလုပ်ရတဲ့ပွဲလေးပါ။ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ်၊စာရေးဆရာလဲဖြစ်တဲ့ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ဟောပြောမယ့်ကြောက်ရွံ့ခြင်းမှကင်းဝေးရေးစာပေဟောပြောပွဲဆိုတော့အိမ်မဲမြို့နေပြည်သူရောကျေးလက်နေပြည်သူရောစိတ်ဝင်တစား နဲ့နားထောင်ချင်ကြတယ်။နေအစွမ်းကုန်ပူနေပေမယ့်နားထောင်ချင်တဲ့သူ  ငွေတစ်ပြားမှမယူတဲ့ပွဲဆိုတော့ပွဲမစခင်တည်းကစင်မြင့်ပတ်လည်မှာခြေချင်း ယှက်၊ပျားပန်းခတ်နေကြတယ်။ ဒီစာပေဟောပြောပွဲလေးကိုဖြစ်မြောက်အောင်အိမ်မဲမြို့ရှေ့နေများနဲ့NLDပါတီဝင်လူငယ်တွေစုစုပေါင်း(၁၅)ဦးကော်မတီဖွဲ့ပြီးစီစဉ်ခဲ့ကြတယ် ။နေ့ လည်(၁း၂၀)အချိန်မှာစာရေးဆရာမင်းကိုနိုင်နှင့်အဖွဲ့ပန်းတနော်၊ဝါးခယ်မလမ်းဆုံကိုရောက်နေပြီဆိုတဲ့အကြောင်းကို အစီအစဉ်ကြေငြာသူ  ရှေ့နေဦးဂုဏ်တန်က စင်မြင့်ထက်ကနေ  မိုက်နဲ့ကြေငြာပေးခဲ့တယ်။ လက်ကမ်းစာဆောင်မှာစာပေဟောပြောပွဲကျင်းပချိန်(၂)နာရီလို့ရေးထားပေမယ့်  (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောပြောတာကိုနားထောင်ချင်သူ၊တွေ့ချင်သူတွေကနွေနေပူလဲ၊အရိပ်ကူပြီးစောင့်နေကြတယ်။စာရေးဆရာတွေလာ ရင်ပန်းကုံးစွပ်ချင်သူ၊ပန်းစည်းပေးမဲ့သူတွေ၊အိုးစည်ဗုံမောင်းတွေ ကရင်ဒုံးယိမ်းအကတွေကလည်းကြိုဆိုကြဖို့အသင့်စောင့်နေကြတယ်။(၂း၂၀)မှာအိမ်မဲမြို့ အဝင်ကိုရောက်တဲ့ ကြေငြာသံကိုလည်း ကြားရော အရိပ်ခိုနေတဲ့ ပရိ်တ်သတ်တွေလမ်းမထက်မှာပြည့်သွားခဲ့တယ်။ကရင်ဒုံးယိမ်း အဖွဲ့ကဒုံးသံပေးပြီးအိုးစည်သံတွေတဝေဝေနဲ့ကြိုဆိုုလိုက်ကြတာအပူဒဏ်တွေမေ့လျော့နေကြလေရဲ့။ပရိတ်သတ်တွေကမိုဘိုင်းဖုန်းတွေနဲ့ဓါတ်ပုံရိုက်ယူကြ၊ စာရေးဆရာနှစ်ယောက်နဲ့ဓါတ်ပုံတွဲရိိုက်ချင်သူတွေကိုကင်မရာသမားကလည်းတဖျတ်ဖျတ်ရိုက်ပေးနေလိုက်ကြတာစာပေဟောပြောပွဲနဲ့တောင်မတူဘဲမိသား စုပြန်လည်ဆုံဆည်းတဲ့ပွဲများလားတောင်ထင်မိတယ်။ကာယကံရှင်စာရေးဆရာနှစ်ဦးကလည်းရုပ်ရှင်မင်းသားတွေမဟုတ်တော့အနေရခက်နေတာပေါ့။(၂း၄၅)မှာ စာရေးဆရာကိုဂျင်မီစတင်ဟောပြောပါတယ်။ခရမ်းလွန်ရောင်ခြည်ဓါတ်အပြည့်အဝခံယူနေတဲ့ပရိတ်သတ်(၅၀၀)ကျော်ဟာလက်ခုပ်သံတွေတဖြောင်းဖြောင်းနဲ့ အားပေးနေတာကြားရတယ်။နေပူဒဏ်ကိုအံတုပြီးငတ်မွတ်တောင်းတနေတဲ့စာပေအဟာရတစ်ခွပ်ကိုအားပါးတရစားသုံးနေကြသလိုအရာရာမေ့လျော့နေကြလေရဲ  ့။ “ “ အစိုးရနဲ ့ပြည်သူကြားမှာ ယုံကြည်မှု ့အားနည်းရင် ငြိမ်းချမ်းရေး ဆိုတာတည်ဆောက် ဖို့ခက်ပါတယ်။ အကောင်းဆုံး အတွက်ပြောင်းလဲရဲ တဲ ့သူတွေ ဖြစ်ပါစေလို ့” ”       ပြောရင်း ကိုဂျင်မီ အလှည့် ပြီးစီးသွားခဲ့တယ်။     အားပေးမှု  […]


silver heroMarch 16, 20131min1310
ဒီမိုုကရေစီကိုဖော်ဆောင်သော အရပ်သားအစိုးရသမ္မတ ဦးသိန်းစိန် ရဲ့လက်ထက်မှာမဟာဗျူဟာမြောက်နိူင်ငံပြုပြင်ပြောင်းလဲရေး  ဆိုင်ရာလုပ်ငန်းစဉ်များကို ၂ နှစ်တာကာလအတွင်းမှာအချိန်နဲ့တပြေးညီဆောင်ရွက်နေတာတွေ့ရတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးရင်ကြားစေ့လုပ်ငန်းများကိုလည်းလုပ်ကိုင်နိူင်ခဲ့သလို၊ပြည်သူလူ ထုဆန္ဒနဲ့အညီဒီမိုကရေစီစနစ်နဲ ့ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေကိုဥပဒေ ၊နည်းဥပဒေတွေ ထုတ်ပြန်ပြီး ကျင်းပပေးခဲ့တာတွေ ့ရတယ်။နိူင်ငံတော်သမ္မတကြီးရဲ ့နိူင်ငံဖွံ ့ဖြိုးရေးအတွက် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေး တတိယလုပ်ငန်းစဉ်ဖြစ်တဲ့အစိုးရဌာနအဖွဲစည်းများ၏စီမံအုပ်ချုပ်မှုစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက်သမ္မတကြီးက မြို ့နယ်တစ်ခုတွင်မြို ့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို ့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို ့မိမြို ့ဖများ၊လူမှုရေး၊စီးပွားရေး၊လူထုလူတန်းစားကိုယ်စားလှယ်များပါဝင်သည့်မြို ့နယ်ကော် မတီဖွဲ ့စည်းပြီးမြို ့နယ်၏တည်ငြိမ်အေးချမ်းရေး၊လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊စီးပွားရေး လူမှု ့ရေး စသည့် ကိစ္စအရပ်ရပ်အတွက်မြို ့နယ်ကော်မတီများဖွဲ ့စည်းဆောင်ရွက်ရမည် ဟု နေပြည်တော်ရှိ နိူင်ငံတော် သမ္မတ အိမ်တော်သံတမန်ဆောင်ခန်းမမှာဒီဇင်ဘာ၂၆ရက်နေ့တွင်ကျင်းပသောအစိုးရဌာန အဖွဲ ့စည်းများ၏စီမံအုပ်ချုပ် လုပ်ကိုင်မှု ့စနစ် တိုးတက်ကောင်းမွန်အောင်ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျန်းသည့် မိန် ့ခွန်းပြောကြားခဲ့တာကိုEnvoyဂျာနယ်၊vol.(3).no(33) 3.1.2013တွင်ဖတ်ရသဖြင့်သိခွင့်ရခဲ့ပါတယ်။ သမ္မတကြီး မိန် […]


silver heroMarch 16, 20131min1330
အယ်ဒီတာ ရှင့် မီဒီယာ ကို အလွန်အားကိုးလို ့အိမ်မဲ မီးအိမ်ရှင် စာရေးလိုက်ရပြန်ပြီ။ ရေးဖို ့အကြောင်းဖြစ်လာရတာကတော့ ကျွန်မတို ့အိမ်မဲမြို ့မှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုရွေးကောက်ပွဲ လုပ်တော့ မီဒီယာနဲ ့ပတ်သက်လာပြီး မီဒီယာအပေါ် ပြည်သူအားကိုးလာတာတွေ သိလာရတယ်။ အဲ့ဒါကြောင့် ဒီစာကိုရေးလိုက်ရတာပါ။ အဲ့ဒီ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲလုပ်ရာမှာ မမျှမတလုပ်တယ် မမှန်မကန်လုပ်တယ် စဉ်းမျဉ်းသက် မှတ်ချက် နဲ ့မညီပါဘူး ဥပဒေ နဲ ့မညီဘူး စသဖြင့် တိုင်လိုက်ကြတာ အိမ်မဲမြို ့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာရော ၊ ပြည်ခိုင်ဖြိုး ပါတီ လွှတ်တော်ကိုယ်စားလှယ် ရုံးမှာရော တခြားမသိတဲ့ နေရာတွေ မှာပါ ရွေးကောက်ပွဲအပေါ် တိုင်ကြားချက်တွေကို စစ်ဆေးကြတယ်။ ၈၊၂၊ […]


silver heroNovember 3, 20121min1792
ပြောင်းလဲတိုးတက်နေပြီဖြစ်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးမှာအနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမျိုးဆက်သစ်လေး များနှင့်သက်ဆိုင်မှုရှိနေပါတယ်။မျိုးဆက်သစ်လူငယ်လေးများကိုအနာဂတ်ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ အတွက်မူလအခြေခံပုံစံသွင်းထုဆစ်၊ပျိုးထောင်ပေးသူတွေကမူလတန်း၊အလယ်တန်းဆရာ၊ဆရာမတွေဖြစ် ကြပါတယ်။စိတ်ဓါတ်၊စည်းကမ်း၊ပညာဆိုတဲ့ကျောင်းတော်ကြီးရဲ့ဆောင်ပုဒ်ကိုကလေးငယ်များရင်ထဲစတင် ထည့်ပေးသူတွေကလည်းမူလတန်း၊အလယ်တန်းပြဆရာ၊ဆရာမတွေဘဲဖြစ်ပါတယ်။သို့သော်မူလတန်းကလေးငယ်များကိုပြု စုပုံသွင်းပျိုးထောင်ရာတွင်မူလတန်း၊အလယ်တန်းပြဆရာ၊ဆရာမများအနေဖြင့်မိမိကိုယ်ကျိုးစီးပွားအတွက်သာ မရည်ရွယ်ဘဲအနာဂတ်တိုင်းပြည်တိုးတက်ရေး၊သာယာရေးတို့အတွက်စေတနာအမှန်ထားပြုစုပျိုးထောင်ရန် လိုအပ်ပါတယ်။အနာဂတ်မှာနိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ဆိုတာပညာတတ်လူငယ်မောင်မယ်များကိုမွေးထုတ် ပေးနေတဲ့ပညာရေးစနစ်နဲ့ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ဆရာ၊ဆရာမတွေအပေါ်အခြေခံမူတည်ပါတယ်။“ပညာ မြင့်မှလူမျိုးမြင့်မယ်”ဆိုတဲ့ဆောင်ပုဒ်ကိုလည်းလက်ကိုင်ထားကျင့်သုံးနေကြပြီဖြစ်ပါတယ်။အပေါ်အကျင်္ ီအဖြူ၊ အောက်လုံချည်အစိမ်းရောင်နှင့်ရိုးရှင်းသောယူနီဖောင်းဝတ်ဆင်ကြတဲ့ပညာရေးဝန်ထမ်းဆရာ၊ဆရာမများသည် နိုင်ငံတော်အတွက်အရေးကြီးသောသရုပ်ဆောင်များဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်ကောင်းများ၊နိုင်ငံဝန်ထမ်းကောင်း များ၊အတတ်ပညာရှင်များ၊နိုင်ငံတော်မှအားထားရသည့်ထက်မြတ်၊ထွန်းပေါက်သောလူသားများကိုမှော်ဝင်သောလက် အစုံဖြင့်မွေးထုတ်ပျိုးထောင်သူများဖြစ်သည်ကိုလေးနက်စွာခံစားနားလည်ကြရန်လည်းလိုအပ်ပါတယ်။ နုနယ်သောမူလတန်းအရွယ်ကလေးငယ်များ၏ဖြောင့်ဖြူးသောအနာဂတ်လမ်းကိုလျှောက်လှမ်းနိုင်ကြရန်ပညာရေးသည် ပန်းခင်းသောလမ်းအဖြစ်သာပုံဖော်စေချင်ပါတယ်။ယခုမျက်မှေက်ကာလတွင်နုနယ်သောကလေးငယ်များအတွက်အနာဂတ် ကိုငွေကြေးနှင့်ဖလှယ်ယူနေရသောပညာရေးဆူးခင်းအဆိပ်သင့်လမ်းမျိုးတွင်သာလျှောက်လှမ်းနေကြရသည်ဟုထင်မိပါတယ်။ အဆိပ်သင့်သောလက်များဖြင့်ပျိုးထောင်နေကြတယ်လို့လည်းထင်မိပါတယ်။သို့သော်ဆရာ၊ဆရာမအားလုံးကိုသိမ်းကြုံးသတ် မှတ်ထင်မြင်မိခြင်းမျ်ိုးမဟုတ်ပါ။သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်ပြည်စုံပြီးစေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့နာသုံးနာအပေါ်အခြေတည်တဲ့ရာခိုင်နှုန်းနည်းလူနည်းစု၊ ဆရာ၊ဆရာမများသည်တန်ဖိုးမဖြတ်နိုင်သောအနန္တဂိုဏ်းဝင်ဆရာသခင်များအဖြစ်ယခုအချိန်အထိလည်းရှိကြပါတယ်။ ယနေ့ခေတ်ပညာရေးလောကအများစုမှာပညာရေးပန်းခင်းအလယ်တွင်ဈေးကွက်စီးပွားရေးဆန်သော၊မိမိကိုယ်ပိုင်အချိန် များကိုပိုင်းခြားရောင်းစားကြသော (times seller)များအဖြစ်(သို့မဟုတ်)အသပြာဆရာများ အဖြစ်ရပ်တည်နေကြခြင်းသည်ပညာရေးလောကအတွက်အရောင်စွန်းညစ်ထေးရုံမျှမက၊လျှော်ဖွတ်ရခက်တဲ့အစွန်အ ထင်းများအဖြစ်တည်ရှိနေကြပါတယ်။အရောင်စွန်းညစ်ထေးသူများအနေဖြင့်ဆရာ၊ဆရာမဆိုတာစေတနာ၊ဝါသနာ၊အနစ်နာ၊ ဆိုတဲ့နာသုံးနာအပေါ်မှာသာအခြေတည်ရုံသာမဟုတ်ဘဲနိုင်ငံတော်အတွက်ကိုယ်စားပြုပုံဖော်၊ထု ဆစ်သူများအဖြစ်မိမိတန်ဖိုးနှင့်နိုင်ငံအတွက်အရေးပါပုံကိုလေးလေးနက်နက်နားလည်သဘောပေါက်ရန်လည်းလိုအပ်တယ် လို့ထင်မိတယ်။နိုင်ငံတော်၏လခစားပညာရေးဝန်ထမ်းဆရာ၊ဆရာမများသည်“ကျူရှင်”ဆိုသည့် ငွေကြေးအရလွယ်မှုတစ်ခုကိုသာမကြည့်သင့်ဘဲဆရာဆိုတဲ့မြင့်မြတ်ဂုဏ်တစ်ခုအတွက်ထည့်တွက်ငဲ့ကွက်သင့် တယ်လို့ယူဆမိတယ်။ပညာရေးလောကအတွက်ခေတ်စနစ်တွေပြောင်းလဲလာသော်လည်းဆရာ၊ဆရာမများ အတန်းပိုင်များကျူရှင်ပေးသောခေတ်သည်ပြုပြင်ပြောင်းလဲရခက်သည်ကိုတွေ့မြင်မိပါတယ်။မည်သည့်အတွက် ပြောင်းလဲရခက်သည်ကိုလည်းအဖြေရှာကြည့်သင့်ကြောင်းတွေးမိပါတယ်။မြန်မာတစ်နိုင်ငံလုံးရှိပညာရေးဝန်ထမ်းမျာဖြစ်သော ဆရာ၊၊ဆရာမများ“ကျူရှင်”သင်ကြားခြင်းမလုပ်ရဟုပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအတိုင်း ဥပဒေနှင့်စည်းကမ်းထုတ်ပြန်ထားသော်လည်းအပြစ်ဒဏ်နှင့်အပြစ်ပေးခြင်းအားနည်းနေသော ကြောင့်တိကျစွာလိုက်နာရန်ခက်ခဲကြပြီးချိုးဖောက်ရန်လွယ်ကူနေကြသည်ဟုထင်မြင်မိပါတယ်။ (Tutor) (tutorial)ဆိုသည့်အင်္ဂလိပ်ဝေါဟာရမှဆင်းသက်လာသော(tution)“ကျူရှင်”ဆိုတဲ့ဝေါဟာရမှာမြန်မာစကားမှဆင်းသက်လာ သည်မဟုတ်သော်လည်းမြန်မာပြည်တွင်ခေတ်စားအမြစ်တွယ်လာသည်မှာယနေ့တိုင်အောင်ဖြစ်ပါတယ်။မြန်မာပြည်အဝှမ်းမှာ ထွန်းကားခေတ်စားလျှက်ရှိသောကျူရှင်ပေးခြင်းမှာ(အတတ်ပညာဖြင့်စီးပွားရှာ ခြင်း)တစ်မျိုးအဖြစ်အလွတ်သင်၊အပြင်သင်များအတွက်သင့်လျှော်သော်လည်းအစိုးရလခစားဆရာ၊ဆရာမများ အတွက်တားမြစ်ချက်တစ်ခုဖြစ်နေပါတယ်။သို့သော်မုန့်လုံးစက္ကူကပ်နေကြသောဆရာမများနှင့်မူလတန်းကျောင်းသားမိဘများ ၏သူပြိုင်ကိုယ်ပြိုင်အနိုင်ကြဲချင်ကြတဲ့ပညာရေးပြိုင်ဆိုင်မှုတွင်သန့်ရှင်းသောလောကစွန်းထင်းညစ်ပေရသည်ဟုထင်မိပါတယ်။ ကလေးငယ်ချင်းယှဉ်ပြိုင်မှုအသွင်မဟုတ်ဘဲမိဘများစိတ်၊ကလေးခန္တာကိုယ်အသွင်ဖြင့်ပြိုင်ဆိုင်ကြသဖြင့်အတန်းပိုင်ဆရာမကိုလက်ဆောင်ပေး၊ ချဉ်းကပ်၊ကျူရှင်အပ်ဖြစ်လာကြတယ်။နာသုံးနာအခြေပြုအရင်းတည်တဲ့ပျိုးထောင်လက်တွေကိုအဆိပ်သွင်းကြ တယ်လို့ထင်မိပါတယ်။အဆိပ်သွင်းခံရတဲ့ပျိုးထောင်လက်တွေအဆိပ်သင့်လာတဲ့အခါ၊အမြစ်တွယ်လာတဲ့အခါ စီးပွားရေးတစ်ခုအသွင်ပြောင်းလဲ၊အကွက်ချစီမံ၊ရွေးချယ်သင်ကြားပြီးအချိန်ပေး၊မေးခွန်းပေး၊ကျူရှင်ပေးတဲ့ အရောင်၊အရေပြား၊ကြွယ်ဝမှုခွဲခြားတဲ့ပညာသင်စနစ်တွေထွန်းကားလာတယ်လို့မြင်မိပါတယ်။ကျူရှင်တက်နိုင်တဲ့ကလေးတွေ မှာတော့စာမေးပွဲဖြေရင်အားလုံးအဆင်ပြေချောမွေ့ပြီး၊အတန်းပိုင်ကျူရှင်မအပ်နိုင်တဲ့ကလေးတွေမှာတော့မည်သို့နေကြမည် ကိုတွေးကြည့်သင့်တယ်လို့ထင်ပါတယ်။မူလတန်းအရွယ်မှာဘဲပညာရေးကိုငွေ ကြောင့်ခွဲခြားခံရတဲ့ကလေးငယ်တွေရဲ့ညှိုးငယ်သွားတဲ့စိတ်ဓါတ်ကိုဘယ်လိုကုစားကြမလဲလို့အလေးထားတွေး ပေးစေချင်ပါတယ်။မိဘငွေကြေးတတ်နိုင်လို့အတန်းပိုင်ဆရာမရဲ့ကျူရှင်တက်ရတဲ့ကလေးတွေမှာလဲငါ့မိဘ တွေငွေကြေးအကုန်အကျခံပေးတာဘဲ၊ငါတို့ပိုက်ဆံတတ်နိုင်လို့သင်ရတယ်ဆိုတဲ့ငွေကြေးနဲ့ပညာရေးကိုယှဉ်တွဲတဲ့အမြင်မျိုး […]


silver heroOctober 8, 20121min2134
မီဒီယာလွတ်လပ်ခွင့်ပေးလိုက်ပြီဆိုတဲ့သတင်းကြားတော့နားဝမှာဂွမ်းဆီထိသလိုတအိအိနဲ့အရသာရှိခဲ့ပါတယ်။၄၈နှစ်အတွင်းသ တင်းလောကအလယ်မှာအလင်းသဲ့သဲ့ကိုဆုပ်ကိုင်ပြီးအမှောင်လမ်းမှာစမ်းတဝါးဝါးလျှောက် လှမ်းလာခဲ့ကြတဲ့မီဒီယာလောကသားနောင်တော်ကြီးများ၊ဆရာသမားတွေအတွက်တော့မျှော်လင့်ချက်ရောင် ချည်သန်းပြီးယုံကြည်ချက်တွေအပြည့်နဲ့ပေါ့။စတုတ္တမဏ္ဍိုင်ဆိုတဲ့မီဒီယာလောကမှာသတင်းထောက်(သို့)ပြည်တွင်းသတင်း ဂျာနယ်အတွက်သတင်းရှာဖွေသူတွေကအမှန်တကယ်တော့ပြည်သူလူထုအတွက်ပွင့်လင်းမြင်သာမှုကိုတတ်နိုင်တဲ့သတင်းပညာ နဲ့ဖော်ပြပေးတဲ့လူထုအကျိုးပြုပေးသူတွေဖြစ်ပါတယ်။အရပ်ထဲမှာတော့အချို့အမြင်မရှင်းသေးတဲ့သူတွေကပြောကြတယ်သတင်းထောက် ဆိုတာအလုပ်အကိုင်မယ်မယ်ရရမရှိသူတွေစိတ်ဝင်စား ကြတဲ့အလုပ်တဲ့။.ပြောချင်ရာပြောခွင့်ရှိပါတယ်။ဒါပေမယ့်ငွေကြေးပြည့်စုံသူတွေသာထူထောင်လုပ်ကိုင်နိုင်တဲ့ပရဟိတလုပ်ငန်းမျိုး ကိုငွေကြေးမပြည့်စုံတဲ့မီဒီယာလောကသားသတင်းသမားတွေလည်းလုပ်နိုင်ကြပါတယ်။ပြည်သူလူထုရဲ့လိုအပ်ချက်၊ခံစားချက်မှန်သမျှ ကိုပြည်တွင်းသတင်းဂျာနယ်များကတဆင့်ဖော်ပြပေးနေတာကလည်းပရဟိတလုပ်ငန်းတစ်မျိုးပါပဲ။ပြည်သူလူထုအတွက်အသိဉာဏ် ပညာ၊ဗဟုသုတ၊နိုင်ငံတကာသတင်း၊ရသစာပေ ဆောင်းပါးတွေကိုအချိန်နဲ့တပြေးညီဖော်ပြပေးနေခြင်းဖြင့်တိုင်းပြည်အကျိုးပြု၊ပြည်သူ့အကျိုးပြုနေတာလည်းမီဒီယာ ဖြစ်ပါတယ်။သို့ပေမယ့်ပြောစရာတစ်ခုရှိနေပါတယ်။မီဒီယာလောက သတင်းသမားတွေကိုအမြင်ချို့တဲ့စွာကြည့်နေကြသူတွေလည်းရှိနေပါတယ်။ဒီမိုကရေစီခေတ်ဆီသို့ဟန်ချက်ညီညီပြောင်းလဲနေပေမယ့် ၊စည်းချက်တွင်မပါနောက်သို့သာအာရုံကျနေသောသူများသည်ခြမျက်နှာဖုံး၊အဂတိအပြုံး၊အမုန်းမျက်လုံးများနဲ့ သာမီဒီယာလောကသားသတင်းသမားတို့အပေါ်ကြည့်ရှုနေတတ်တယ်။“မီဒီယာသမားတွေကြောက်ဖို့ကောင်းတယ်၊ကောင်းတာလုပ် တဲ့လှုပ်ရှားမှုတွေကျတော့သတင်းအဖြစ်မရေးချင်ကြဘူး ၊မကောင်းတဲ့အဆိုးမြင်တာတွေကျတော့အပ်ကျတာကအစရေးသားချင်ကြတယ်” ဆို၍မျက်စိထဲမှာကြက်ခြေ ခတ်အမြင် ၊အတွေးထဲမှာကြက်ခြေခတ်အတွေးနဲ့ပေါ့။အဲဒီ့မှာတင်အမြင်ကွဲလွဲကုန်ပြီပေါ့။ကျွန်တော်တို့နိုင်ငံတော်ကြီးကအမှောင်ခွင်း ၊အလင်းဆောင်တဲ့ဒီမိုကရေစီခေတ်ကိုဦးတည်နေပြီ။ရောင်ခြည်တွေယှက်ဖြာပြီးသာယာတဲ့လူ့ဘောင်ကိုဟန် ချက်ညီတဲ့ခြေလှမ်းတွေနဲ့လျှောက်နေကြပြီလေ။ဒီလိုအချိန်မှာကောင်းတာတွေဦးတည်လုပ်ရမှာက(people Servant)ပြည်သူ့ဝန်ထမ်းတွေရဲ့တာဝန်နဲ့ဝတ္တရားဖြစ်ပါတယ်။မျှတအောင်တွေး၊မျှတအောင်ရေး ၊ မျှတတဲ့သတင်းမျိုးတွေပြည်သူကိုအသိပေးမယ်။မကောင်းမှုတွေ ၊မသင့်တော်တာတွေ့ရင်ပြုပြင်ထိန်းကျောင်းတဲ့အနေနဲ့ရေးသားဖော်ပြပါမယ်။စတာတွေသည်နိုင်ငံတော်ကိုသိ တတ်စွာဖြင့်မီဒီယာစတုတု္တမဏ္ဍိုင်တာဝန်ထမ်းဆောင်မှုဖြစ်ပါတယ်။unity ဂျာနယ်အတွဲ(၁  ) ၊အမှတ်စဉ်( ၂၄ ) စက်တင်ဘာ(၈) ၊၂၀၁၂ ၊စနေနေ့၊ စာမျက်နှာ(  B)မှာdvbသတင်းထောက်ကိုပုဒ်မ(၃)မျိုုးတပ်ပြီးတရားစွဲဆိုထားတဲ့သတင်းကိုဖတ်ခဲ့ရတယ်။မီဒီယာလွတ်လပ်ခွင့် ပေးထားပေမယ့်သတင်းရေးသားသူသတင်းသမားတွေကကိုယ်ရေးတဲ့သတင်းကိုယ်တာဝန်ယူရတယ်။တစ်စုံ တစ်ခုမှားရင်တရားစွဲခံရပြီ။freelance   reporter ဆိုတာဂျာနယ်စာမျက်နှာမှာသတင်းတစ်ပုဒ်ပါမှစာမူခနှစ်ထောင် ၊သုံးထောင်ရတဲ့သတင်းသမားဘဝ၊ပြည်သူကိုပွင့်လင်းမြင်သာမှုပေးချင်လို့အရဲစွန့်ပြီးသတင်းရှာဖွေတဲ့သူတွေပါ်။စာပေဆိုတာလူ့လောကကို ကောင်းကျိုးပြုနေတဲ့အနုပညာယန္တရားကြီးတစ်ခုပါ။လူထုနဲ့စာပေ ၊စာပေနဲ့လူထုခွဲခြားလို့မရတဲ့လောကဖြစ်စဉ်တစ်ခုပါ။ရေးသားသူတွေကလည်းအကျိုးပြုချင်တဲ့သဘောနဲ့ရေးသားကြပါတယ်။ဗဟုသုတရစေချင်တဲ့စိတ်၊ အသိအလင်းပေးချင်တဲ့စိတ်နဲ့ဆောင်းပါး၊သတင်းဆောင်းပါးတွေရေးကြပါတယ်။ပြည်သူကိုအသိဉာဏ်ကြွယ်ဝစေတဲ့အကျိုးပြုစာပေတွေဖြစ်ပါတယ်။ သို့သော်အချို့သောသူတွေမှာတင်ပါးကသွေးစုနာကို၊က လောင်ချွန်နဲ့ထိုးခံရသလိုဆတ်ဆတ်ခါနာတတ်ကြလေရဲ့။လူနည်းစုမှာသာဖြစ်တာကြောင့်ရေးသားသူများမှာမည်သို့မျှမတတ်နိုင်ပါ။ မီဒီယာဖွံ့ဖြိုးမှုအားနည်းတဲ့ဒေသကလူတွေဆိုသတင်းသမားကိုကြောက်စရာကောင်းတဲ့သူတွေအဖြစ်ပြည်သူများမှလည်းမြင်တတ်ကြတယ်။ မီဒီယာလောကသားသတင်းသမားကျွန်တော်ကြုံခဲ့ရသောအ ဖြစ်ကိုအနည်းငယ်တင်ပြပါမယ်။နယ်မြို့လေးမှာရုံးတစ်ရုံးရှေ့၌ပြသနာဖြေရှင်းပြီးရုံးထဲကပြန်ထွက်လာတဲ့ကျေး လက်နေပြည်သူတစ်ဦး ၊ ၎င်း၏ပါးစပ်ကပြောနေတာသူ့ဘက်ကမှန်ရဲ့သားနဲ့ခံခဲ့ရတယ်ဆိုပြီးကျယ်လောင်စွာပြောနေလေရဲ့။ကျွန်တော်ကလည်းသတင်း ယူဖို့စောင့်နေသူဆိုတော့အသံဖမ်းစက်လေးကိုဖွင့်“ကျွန်တော်က—ဂျာနယ်ကသတင်း […]


silver heroAugust 2, 20121min2164
  မီဒီယာလောကအတွက်ခြောက်ခြားစရာပုံရိပ်တွေပေါ်လာပြီ၊မီဒီယာလွတ်လပ်ခွင့်ရပြီ လို့ကြွေးကြော်သံတွေဆိတ်သုန်းစရာစဉ်းစားစရာတွေကပေါ်လာပြီလို့တော့ထင်ရ သည်။နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့လမ်းညွှန်မှုမိန့်ခွန်းတွေနဲ့စာပေစီစစ်ရေး ရဲ့လုပ်ရပ်တွေကတော့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာတွေရပြီ။၂၀၁၁ခုနှစ်ဩဂုတ် လ၂၃ရက်နေ့ကျင်းပပြုလုပ်တဲ့ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်၊ဒုတိယပုံမှန်အ စည်းအဝေးပထမနေ့တွင်ပြောကြားခဲ့သောမိန့်ခွန်းများအနက်မှ“ဒီကနေ့၊ဒီအချိန်ကျွန် တော်တို့နိုင်ငံမှာပြည်သူလူထုတစ်ရပ်လုံးကတစ်ခဲနက်ထောက်ခံအတည်ပြုပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရထွက်ပေါ်လာပြီဖြစ်တဲ့အ စိုးရရှိနေပါတယ်။အပြန်အလှန်ထိန်းကျောင်းရေးမဏ္ဍိုုင်ဖြစ်တဲ့လွှတ်တော်အရပ်ရပ်ရှိနေပါပြီ။ သီးခြားတည်ရှိနေတဲ့တရားစီရင်ရေးမဏ္ဍိုင်၊ရှိနေပါပြီ။စတုတ္တမဏ္ဍိုင်ဖြစ်တဲ့မီဒီယာ တွေပိုမိုဖွံဖြိုးလာနေပြီဖြစ်ပါတယ်။ဒီအခြေအနေတွေကိုမယုံကြည်သေးတဲ့သူတွေယုံ ကြည်လာအောင်၊မမြင်ကြသေးတဲ့သူတွေကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့လာအောင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ကျွန်တော်တို့အသင့် ရှိနေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုမှန်မှန်ကန် ကန်ဥပဒေနဲ့အညီပေးအပ်နိုင်အောင်ကြိုးစားလုပ်ဆောင်နေပြီဖြစ်ပါတယ်”။သမ္မတကြီး ကဖွံဖြိုးတိုးတက်လာတဲ့မီဒီယာအပေါ်လက်ခံပြီးဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်ရာမှာ မီဒီယာကိုစတုထ္တမဏ္ဍိုင်အဖြစ်ရပ်တည်ခွင့်ပေးထားခဲ့ပြီးဖြစ်ပါတယ်။သို့သော်မြန်မာနိုင်ငံမီ ဒီယာလောကမှာလွတ်လပ်စွာတွေးခွင့်၊လွတ်လပ်စွာရေးခွင့်၊လွတ်လပ်စွာကွဲလွဲခွင့်၊ စသောမီဒီယာနှင့်ဆိုင်သောလွတ်လပ်အခွင့်အရေးများအထင်အရှားပျောက်ဆုံးနေ သည်ကိုThe  Voice  နှင့် Envoyဂျာနယ်တို့အကန့်အသတ်မရှိယာယီပိတ်သိမ်းခြင်းခံ ရခြင်းကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။စာပေလွတ်လပ်ခွင့်ကိုစာပေစီစစ်ရေး၊ပြန် ကြားရေးဝန်ကြီးဌာနမှကျန်ခဲ့ပြီဖြစ်သောခေတ်ဟောင်းမှစနစ်ဟောင်းအတိုင်းကိုင်တွယ် နေဆဲကာလဆိုတာကိုမီဒီယာလောကသားများဖြစ်သောသတင်းသမားတွေသတိထား ိုသင့်ပြီ။ပြည်သူများသိသင့်သောသတင်းများကိုရေးသားတင်ပြခွင့်မရခြင်း၊စာဖြင့်ပြောပြ ချင်သည်များကိုပြောပြခွင့်မရခြင်းသည်မီဒီယာလောကအတွက်မျိုသိပ်စိတ်ကိုဖြစ်ပေါ် စေသည်။မျိုသိပ်အောင့်ထားခြင်းများလျှင်စိတ်ဓါတ်ဖွံဖြိုးတိုးတက်မှုကိုကမောက်ကမဖြစ် ၍ယိမ်းယိုင်သွာစေသည်ဟူသောကမ္ဘာကျော်ဒသာနိကဗေဒပညာရှင်ဘာထရမ်ရပ်ဆဲလ် (BERTRANDRUSSELL)ဧ။်ယုံကြည်မှုအတိုင်းပင်မျိုသိပ်မှု၊ဖိစီးမှုများလွန်းလျှင်မီဒီယာ လောဖွံဖြိုးတိုးတက်မှုယိမ်းယိုင်၍အမှန်တရားများပျောက်ဆုံးပြီးအမှန်တရားကိုမဖော်ပြရဲ တော့တဲ့အမှားဦးဆောင်သောမီဒီယာလောကဖြစ်သွားနိုင်သည်။(၁.၈.၂၀၁၂)နေ့လည် (၃)နာရီအချိန်တွင်စာပေစီစစ်ရေးမှအမိန့်အာဏာဖြင့်Envoyဂျာနယ်မှတင်ထားသော Envoyအင်တာနက်ဂျာနယ်ဝက်(ဘ)ဆိုက်ကိုပါပိတ်ခိုင်းသဖြင့်ဝက်(ဘ)ဆိုက်ပိတ်ပေး လိုက်ရသည်ကိုသိရှိခဲ့ရသည်။ဒီအခြေအနေတွေကိုမယုံကြည်ကြသေးတဲ့သူတွေလည်း ယုံကြည်လာအောင်၊မမြင်ကြသေးတဲ့သူတွေကိုလည်းကိုယ်တိုင်ကိုယ်ကျမြင်တွေ့လာ အောင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သမ္မတ ကြီးရဲ့ရည်မှန်းချက်တွေကိုစာပေစီစစ်ရေးကအကောင်အထည်ဖော်ပေးနေသလားမသိ ပါ။၎င်းတို့ဧ။်အာဏာမှာအွန်လိုင်းပေါ်အထိကျယ်ပြန့်သည်ကိုသိရှိနားလည်ထားရန်လို ပေသည်။ကမ္ဘာမှာမြန်မာဟေ့လို့မကြွေးကြော်နိုင်သေးပေမယ့်မြန်မာမှာကမ္ဘာကဖန်တီး ထားတဲ့ကမ္ဘာ့နည်းပညာအပေါ်အထိဩဇာညောင်းတယ်ဆိုတာလက်ခံပေးကြပါ။ပြောင်း လဲတိုးတက်လာပါပြီဆိုတဲ့မြန်မာမီဒီယာလောကအကြောင်းကိုစဉ်းစားရင်းတွေးရင်းဖြင့် မေးခွန်းများစွာပေါ်လာခဲ့ရလေသည်။  


silver heroJuly 24, 20121min3236
ဗေထိတို့ရွာလေးရဲ့အင်တာနက်အသံချက်ချက်ညံတဲ့အလေ့အထကလေးကတော့ရွာထဲမှအိမ်ကလေးများမှအဆင့်ဆင့်ကျော်ဖြတ်၍ ရွာဦးဘုန်းကြီးကျောင်ရဲ့တံခါးမကြီးဆီသို့ရိုက်ခတ်လာခဲ့လေသည်။ရွာဦး ကျောင်းဆရာတော်ဦးကေလာသမှာသက်တော်ကြီးပြီဖြစ်၍ကျောင်းကိစ္စများကိုခန်းနေကိုတော်ကြီးဦး ဇင်းကြီးဦးနန္ဒိယနှင့်ကပ်ပိရကြီးမောင်မောင်ဗျော့ကိုလွှဲထားရသည်။ဦးဇင်းကြီးနှင့်ကပ်ပိရကြီးမှာအသက်အရွယ်မတိမ်းမယိမ်းဖြစ်၍ ညီအကိုအရင်းပမာရှိကြသည်။ဦးဇင်းကြီးမှာငယ်ဖြူမဟုတ်၍ကပ်ပိရကြီး မှာလည်းငယ်ငယ်ကတည်းကဘုန်းကြီးကျောင်းနေသူမဟုတ်ပေ။၎င်းတို့နှစ်ဦးစလုံးတို့တွင်အရာရာကို သိချင်တက်ချင်သောစိတ်၊နေရာတကာတွင်ပါလေရာလုပ်ချင်သောအကျင့်နှင့်ခေတ်မှီ ချင်သောရောဂါကိုယ်စီရှိကြသည်။အသက်မှာလည်းလေးဆယ်ဝန်းကျင်သာရှိသဖြင့်သူတို့ဝါသနာပါ ရာကိုစူးစမ်းလေ့ရှိကြသည်။ရွာအတွင်းရှိလူငယ်လေးများဧ။်ချက်ချက်ညံသောရောဂါမှာကပ်ပိရကြီး မောင်မောင်ဗျော့ထံသို့ဗိုင်းရပ်(စ)ပိုးကဲ့သို့အကူးခံရလေသည်။ပြည်တွင်းပြည်ပသတင်းများနားထောင်ခြင်းကိုဝါသနာပါသော ဦးဇင်းကြီးကိုကပ်ပိရကြီးစည်းရုံးပုံမှာ“ဦးဇင်းရဲ့သတင်းဆိုတာရေဒီယိုနားထောင် မှသိရတာနောက်ကျသလိုဖြစ်နေပြီ၊သတင်းဆိုတာအသံနားထောင်ရုံနဲ့မပြည့်စုံတော့ဘူး၊ရုပ်သေ၊ရုပ် ရှင်ပုံတွေပါတဲ့သတင်းတွေအင်တာနက်ဆိုတာပေါ်မှာကြည့်လို့ရနေပြီ၊အချိန်နဲ့တစ်ပြေးညီတဲ့သတင်းတွေကိုဖတ်လို့ရနေပြီ၊တခေါက်လောက်တပည့်တော်တို့နှစ်ယောက်မြို့ပေါ်သွားကြည့်ရအောင်၊ခေတ်မှီသွားအောင်ပါဘုရား”၊ဦးဇင်းကြီးမှာအနည်းငယ်စဉ်းစားဟန်ဖြင့်“သွားတာတော့ဟုတ်ပါပြီ၊ဆရာတော် ကြီးကိုဘယ်လိုပြောပြီးသွားမှာလဲ၊ဦးဇင်းကတော့လိမ်မလျှောက်ချင်ဘူး””  “ဒါကတော့လွယ်ပါတယ်၊ ဘုန်ကြီးသောက်နေကျဗမာဆေးကုန်လို့သွားဝယ်မယ်ပြောလိုက်ပေါ့၊ခါတိုင်းလဲမြို့ပေါ်တက်ဝယ်နေ ကြ၊ဆရာတော်ကြီးလွှတ်မှာပါ။”ဦးဇင်းကြီးမှခဏတွေဝေသွားပြီး”ကပ်ပိရကြီးရဲ့ဆေးတွေကကုန်မှ ှမကုန်သေးတာ” ..“ရပါတယ်ဦးဇင်းရယ်ဒါကတော့တပည့်တော်တာဝန်ထားပါ၊လက်ကျန်ဆေးတွေကိုသင့်တော်တဲ့သူကိုလှုလိုက်တာပေါ့။”၎င်းမှပိုင်နိုင်သောလေ သံနှင့်ပြောနေသော်လည်းဦးဇင်းကြီးမှာအနည်းငယ်ကြောက် သောအမူအရာဖြစ်နေသည်။၎င်းမှပင်ဆက်၍တပည့်တော်အားလုံးစီစဉ်ပေးရင်ဦးဇင်းလိုက်မယ်မဟုတ် လား”ဟုမေးရာဦးဇင်းမှာကြောက်ကြောက်နှင့်ပင်ခေါင်းညှိတ်လိုက်တော့သည်။ မောင်မောင်ဗျော့အလွန်သွားချင်သောအင်တာနတ်ဆိုင်လေးကိုရောက်ပါပြီ.။ဦးဇင်းကြီးကတော့တွန့် ဆုတ်တွန့်ဆုတ်နဲ့ပေါ့။ဆိုင်ထဲဝင်ထိုင်တော့ဆိုင်စောင့်တဲ့ကောင်လေးကမေးပါပြီ“အကိုထိုင်မှာလား” မောင်မောင်ဗျော့မှဟန်ကိုယ့်ဖို့ဆိုသောအမူအရာဖြင့်“အေးညီလေး  တို့နှစ်ယောက်တစ်လုံးထဲအတူထိုင်မယ်ကွာ”ဆိုင်စောင့်ကောင်လေးမှ၎င်းတို့နှစ်ဦး ကိုကြောင်ပြီကြည့်သည်တအောင့်ကြာမှနားလည်သွားဟန်ဖြင့် “နံပါတ်နှစ်အလုံးမှာထိုင်လိုက်ပါ”ဟုပြော၍လက်ညှိုးညွှန်ပြသဖြင့်နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။ဆိုင်စောင့်ကောင်လေးဖွင့်ပေးလိုက်သော်လည်းသူတို့ ်နှစ်ဦးမှာဘာမှမလုပ်တက်ဘဲဖြစ်နေသည်။ဆိုင်စောင့်ကောင်လေးကြည့်လိုက်တော့လဲသူ့ခုံမှာပင်ထိုင် လျှက်တဂျောက်ဂျောက်နှင့်စာရိုက်နေသည်ကိုတွေ့ရသည်။မောင်မောင်ဗျော့ထိုင်ရာမှထ၍ကောင် ်လေးရှိရာသို့သွား၍“ညီလေးအကိုတို့ကအခုမှစထိုင်တာကွ၊ဘာမှကိုမလုပ်တက်သေးဘူး၊နဲနဲသင် ပေးပါကွာတို့ကချက်ချင်လို့မင်းသင်ပေးမယ်ဆိုရင်တို့ကမင်းကိုဆရာတင်မှာပါ၊ဉာဏ်ပူဇော်ခကတော့ တို့တက်နိုင်သလောက်ပေးမယ်ကွာ”ဟုပြောရာကောင်လေးကပြုံးစိစိဖြင့်မောင်မောင်ဗျော့ကိုကြည့်၍ “ရတယ်အကိုကျတော်လုပ်ပေးမယ်ကျတော့်အကောင့်တခုကိုယူသုံးလိုက်။လာအကိုကျတော် ဖွင့်ပေးမယ်။”မောင်မောင်ဗျော့ချက်ချင်သည်ဆိုသဖြင့်ဆိုင်စောင့်ကောင်လေးမှသူဧ။်အကောင့်ဖွင့်ပေး ပြီးအပြန်အလှန်ဆက်သွယ်ပုံစာရိုက်နည်းပြ၍snowqueenဆိုသောကောင်မလေးတစ်ယောက်ဧ။်အ ကောင့်တွင်အပ်ပေးလိုက်သည်။ဦးဇင်းကြီးမှာမောင်မောင်ဗျော့ဧ။်ဂနာမငြိမ်ဖြစ်နေသောအမူအရာကို မနစ်ှမြို့ဟန်ဖြင့်ကြည့်နေလိုက်သည်။ဦးဇင်းကြီးကြည့်နေသည်ကိုမောင်မောင်ဗျော့သိသွားပြီးမျက်နှာချိုသွေး၍“ဦးဇင်းအရင်စမ်းရိုက်ကြည့်ပါလား” ဟုပြော၍နောက်သို့ဆုတ်သွားလေသည်။ဦးဇင်းမှစမ်း ကြည့်တာပေါ့ဟူသောအမူအရာဖြင့်လက်ကွက်နှိပ်ရန်ပြင်တော့သည်။ ဇင်း။    ။နေ…ကောင်း…တယ်…နော်….မိသားစု…..တွေကျန်းမာကြ…တယ်…နော်။ Snow။  ။youနောက်နေတာလား?တို့နဲ့“ချက်တင်”ထိုင် ်တာလချီနေပြီအခုထက်ထိyouကနောက်နေတုန်း၊youကိုအပြင်မှာမြင်ဘူးချင်တယ်၊youနံမည်အရင်းကိုလဲသိချင်တယ်၊ပြောပြပါလား? ဦးဇင်းမှာတဖက်မှရိုက်လိုက်သောစာကြောင့်အခက်တွေ့နေပြီ။ဘာဆက်ပြောရမည်မသိဖြစ်နေသည်။ Snowမှပင်ဆက်၍  “ဟိတ်youနံမည်မေးနေတယ်လေ၊နာမည်အရင်းလေးတော့သိခွင့်ပေးပါကွယ် Youနဲ့“ချက်တင်”ထိုင်ရတဲ့အချိန်တွေနာရီပေါင်းရာချီနေပြီ၊တို့ကိုခင်တယ်ဆိုရင်youနာမည်အရင်း လေးပြောပါကွယ်။ ဦးဇင်းမှာလက်များပင်တုန်လာခဲ့ချေပြီ။ဒါကိုရိပ်မိသောမောင်ဗျော့က  “ပြန်ဖြေလိုက်လေ၊ပြန်ရေးလိုက်၊ ကိုယ်ကိုသူသိတာမှမဟုတ်တာ”  ဟုအားမလိုအားမရဟန်ဖြင့်မြှောက်ပေးလိုက်သောကြောင့် ဇင်း။    […]


silver heroJuly 9, 20121min3469
ကြောင်တောင်တော်x x x ကို“ရွှေရောင်” ရယ်အလုပ်မရှိသူအားတယ် x x x ဗိုလ်မထားပါတဲ့ စာပေအရာ     x x x ကညာပွေစရာx x x ဇရာထွေလာတဲ့ သူအသက်ရယ်ကြောင့် x x x မျှော်မြင်ကာလိုင်းပြောင်းပါတဲ့ x x x “မီဒီယာ” x x x ဇမ္ဗူတခွင်မှာ x x x တူညီယှဉ်ပြိုင်စရာတွေ x x x မရှိစေချင်တာကြောင့် x x x ပေးလိုက်ပါတဲ့အဓိပဓိ မောင် x x x အောင်မြင်ရာ x x x အောင်မြင်ရာထက်ကောင်းကင်နဲ့ဝေးခဲ့တာကြောင့် x x x မောင်“ဗေထိ” […]