ကျွန်မဒီပို ့စ်ကိုရေးဖြစ်ရတဲ့အကြောင်းရင်းကတော့ ကျွန်မနေတဲ့ပတ်ဝန်းကျင်မှာ အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိတဲ့ လူငယ်တွေနေ ့စဉ်အရက်မူးမူးနေတာကိုကြည့်ပြီး ကျွန်မရေးဖြစ်ခဲ့တာပါ။ (လူငယ်တိုင်းကိုတော့မဆိုလိုပါ ) ။ ဒီတော့မှဘဲ ကျွန်မတို ့ရဲ ့ရပ်ကွက်လေးကို ပြန်ကြည့်လိုက်မိတယ်။အမယ်လေးလေးများလိုက်တဲ့အရက်ဆိုင်တွေ။အရင်တုန်းကဆိုရင် ရပ်ကွက်တစ်ခုမှာအရက်ဆိုင်ရှိဖို ့ အလွန်ရှားပါတယ်။အခုများပေါလိုက်တဲ ့အရက်ဆိုင်တွေ ဘယ်လိုများဖွင့်ခွင့်တွေရထားသလဲ မသိပါဘူးနော်။လက်ဘက်ရည် ဆိုင်တွေရဲ ့အနီးအနားတိုင်းမှာလိုလို အရက်ဆိုင်တွေဖွင့်လာကြတာကို တွေ ့လာရတယ်။ အဲ့ဒီတော့ လက်ဘက်ရည်ဆိုင်ထိုင်တဲ့ လူငယ်တွေကလည်း လက်ဘက်ရည်ဆိုင်အစား အရက်ဆိုင်တွေကို ပြောင်းပြီးထိုင်လာကြတယ် လေ။(လူ ့သဘာဝအရပြောင်းအလဲလေးဖြစ်အောင်လို ့လဲပါမှာပေါ့ )။ဒါပေမဲ့ အရက်ဆိုတာမျိုးက သောက်ပါများရင် စွဲလာတာ ပဲလေ။ဒီတော့ လက်ဘက်ရည်ဆိုင်မထိုင်ဖြစ်တော့ဘဲ အရက်ဆိုင်ကိုဘဲ ထိုင်လာကြတယ်လေ။ဒီနေရာမှာ ကျွန်မတစ်ခုပြောပြ ချင်တာက လက်ဘက်ရည်ဆိုင်ထိုင်တာလောက်က ဘာပြသနာမှသိပ်မရှိနိုင်ဘူးလေ။(လူငယ်သဘဝကို ) အခုအရက်ဆိုင်ကို ထိုင်လာကြပြီဆိုတဲ့နေရာမှာတော့ ပြသနာလေးတွေတွေ ့လာရပါတယ်။အရက်ဆိုတာမျိုးကလူကို ဘာကောင်းကြိုးမှပေးတဲ့ အရာမဟုတ်ဘူးလေ။ဒါကြောင့်လည်း ဘုရားဟောတရားထဲမှာတောင်မှ […]