ဂ်စ္စူDecember 18, 20103min600
အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံးအကြိမ် အဖြစ်တယ်လီဖုန်းကတဆင့် တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သောကြာနေ့ မနက်ပိုင်းက တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရခဲ့ချိန်မှာ၊ လူသားတွေ လွတ်လပ်ခွင့်အတွက် စေ့ဆော်ပေးနိုင်သူအဖြစ် ခိုင်မာပြီး ခွန်အားထက်သန်တဲ့ အသံကို ကြားရတဲ့အတွက် ဝမ်းမြောက်မိတဲ့အကြောင်း အမေရိကန် သမ္မတ ကတော်ဟောင်းက ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံအဖြစ် ယုံကြည်မှုတွေ ရပ်တန့်မသွားသလို၊ မျှော်လင့်ချက်တွေလည်း ရှိနေဆဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး သူနဲ့ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ လွတ်မြောက်စေရေးအတွက် ဆက်လက် ကြိုးပမ်းနေတဲ့ အတွက်လည်း အားရမိတယ်လို့လည်း ဆိုပါတယ်။ တယ်လီဖုန်းစကားပြောဆိုမှုကိုတော့ ကြားဖြတ်နားထောင်နေပုံ ရတယ်လို့လည်း သမ္မတကတော်ဟောင်းက […]


ဂ်စ္စူDecember 18, 20105min1653
ကျနော်တို့ အားလုံး မျက်စိတွေ နားတွေ ဖွင့်ထားလိုက်ကြရအောင်ဗျာ…….ကျနော်တို့တွေ အားလုံး မျက်စိတွေ နားတွေ ဖွင့်ထားကြလိုက်စိုုု့ ဆိုတာ က လည်း ပြည်တွင်းမှာ ငါးမင်းဆွေ၊ မြန်မာအီးဂရက် အစရှိတဲ့ သတင်းအမှောင်ချခံထားရတဲ့ မြန်မာပြည်သူတွေကို မှိုင်းတိုက်နေတဲ့ စစ်အစိုးရ အလိုတော်ရိ သိစ္စာခံ တစ်ဘဝစံတွေလို လက်ကိုင်တုတ်တွေရဲ့ လူမဆန်တဲ့ အကြံယုတ်တွေ၊ သတင်းစာ ကိုင်လိုက်ရင် ဓာတ်လိုက်နိုင်တဲ့ ဆိုတဲ့ အဝေးမှုန်၊ မြန်မာ့အမှောင် အစရှိတဲ့ အတင်းစာတွေ (သတင်းစာ မဟုတ်ပါ) ကလည်း၊ တပ်ချုပ်ကြီး ဦးဆောင်တဲ့ စစ်အာဏာရူးတစ်သိုက်က မြန့်မာ့တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီး အတင်းရော အဓမ္မ အကြမ်းဖက်ကာ မြန်မာပြည်ကို မဖွံ့ဖြိုးတဲ့ ကဏ္လမရှိတော့အောင် အဲ့ဒီ့ အတင်းစာတွေထဲမှာ ပဲ အောင်မြင်စွာ တည်ဆောက်နေကြောင်း ( အပြင် […]


ဂ်စ္စူDecember 17, 20102min1361
‘အကြွင်းမဲ့ ပွင့်လင်း ပရိယာယ်ကင်းရေး’ဟူသည့် ရည်ရွယ်ချက်ဖြင့် ရရှိထားသမျှလျှို့ဝှက်ချက်များကို အများပြည်သူရှေ့ မှောက်ချပြနေသော ဝီကီလိခ်စ် အင်တာ နက် ဝက်ဘ်ဆိုက်နှင့်ပတ်သက်၍ အမေရိကန် သံတမန်ဆိုင်ရာ လျှို့ဝှက်ကြေးနန်းများ ပေါက်ကြားမှုအပေါ် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကီဗင်ရပ်ဒ်က အမေ ရိကန်နိုင်ငံကိုသာ ပြစ်တင်ဝေဖန်လိုက်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ တာဝန်အရှိဆုံးမှာမူ ယင်းသို့ ဆိုလိုက်ခြင်းသည် ဝီကီလိခ်စ် အင်တာနက်ဝက်ဘ် ဆိုက်ထူထောင်သူ ဂျူလီယာအက်ဆင်းကို ထောက်ခံပြောဆိုခြင်း မဟုတ်ဘဲ ဥပဒေကြောင်းအရ မူလ ပေါက်ကြားသူသာလျှင် တာဝန်အရှိဆုံးဟု ဆိုလိုခြင်းသာဖြစ်ကြောင်း ကီဗင်ရပ်ဒ်က ပြောသည်။ သို့ရာတွင် ယင်းဆိုလိုချက် သည် ဩစတြေးလျအစိုးရ၏ သဘော ထားတော့ မဟုတ်ပါချေ။ ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကမူ သူတို့နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျူလီယာအက်ဆင်း၏ လုပ်ရပ်သည် တာဝန်မဲ့ လှကြောင်း အပြစ်တင်ပါသည်။ လောလောဆယ်အားဖြင့် […]


ဂ်စ္စူDecember 17, 20101min912
စစ်အစိုးရကကျင်းပခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ တော်တော်များများဟာ ပါတီရေရှည်ရပ်တည် နိုင်ရေးအတွက် စီးပွားရေးလုပ်ဖို့ ပြင်ဆင်လာကြပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ အရင်ခေတ်တွေကလို နိုင်ငံရေးပါတီတွေအနေနဲ့ အလှူငွေနဲ့ရပ်တည်ဖို့ မလွယ်ဘူးနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ ပါတီတွေက ပြောဆိုပါတယ်။ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲမှာ ၅ရ နေရာ အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ပထမဆုံးအကြိမ် ညီလာခံခေါ်ယူပြီး စီးပွားရေးလုပ်ဆောင်ဖို့ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ပါတီတွေနဲ့ ဆက်သွယ်မေးမြန်းထား တဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာပြုလုပ်တဲ့ ပထမဆုံးအကြိမ် ညီလာခံမှာ အချက် ၅ ချက်ကို ချမှတ်ခဲ့ပြီး ဒီအထဲမှာ ပါတီရေရှည် ဆက်လက် ရပ်တည်နိုင်ရေး […]


ဂ်စ္စူDecember 14, 20103min671
စစ်အာဏာရှင် စနစ်ဆိုးအောက်မှ လွတ်မြောက်လိုကြသော မြန်မာပြည်သူပြည်သားများ ခင်ဗျား- ကျွန်တော်တို့ Blinkhackergroup မှ ကမကထပြုလုပ်ပြီး စစ်အာဏာရှင်နှင့် ၎င်းတို့ကို ကျားကန်ပေးနေသော ဒေါက်တိုင်မီဒီယာများကို အင်တာနက်စစ်ပွဲတရပ်ဆင်နွဲသွားပါမည်။ ကျွန်တော်တို့ BHG အုပ်စုသည် ရတနာပုံဝက်ဘ်ပေါ်တယ် ( Yatanarpon Web Portal) အပါအဝင် စစ်အုပ်စု ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်လျက်ရှိပါသည်။ ဤကဲ့သို့တိုက်ခိုက်နေရာတွင် ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို မုန်းတီးသူတိုင်း ပါဝင်နိုင်ရန်အတွက် အထက်ပါအစီအစဉ်ကိုချမှတ်ခဲ့ကြ ပါသည်။ မိမိတို့အိမ်မှနေပြီး ချွေးတစက်မထွက်ဘဲ အထိရောက်ဆုံးနည်းလမ်းဖြင့် နအဖစစ်အာဏာရှင်တို့ကို ကောင်း ကောင်းဒုက္ခပေးနိုင်သည့် အစီအစဉ်တွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ကျွန်တော်တို့၏ ညီညွတ်မှုအားဖြင့် နအဖစစ်အာဏာရှင်တို့ကို အင်တာနက်ပေါ်တွင် တိုက်ခိုက်ကြပါစို့။ စစ်အာဏာရှင်တို့၏ ဒေါက်တိုင်များကို တခုပြီးတခု ဖြိုချသွားကြပါစို့။ ဤနည်းလမ်းဖြင့်တိုက်ခိုက်ခြင်းသည် သင့်ကို […]


ဂ်စ္စူDecember 10, 20101min1355
ကာရာအိုကေဆိုင်သို့ အပန်း ဖြေလာရောက်ကြရန်အတွက် ကာရာအိုကေဝန်ထမ်း အမျိုးသမီး များသည်စားသောက်ဆိုင်များသို့ ပရိုမိုးရှင်း ဆင်းလာကြကြောင်း သိရသည်။ယင်းအမျိုးသမီးများသည် စားသောက်ဆိုင်တွင် ထိုင်နေသူ များကို လိပ်စာကတ်ပေးကာ လာ ရောက်ရန် ဖိတ်ခေါ်ကြပြီး ၁ နာရီ ကို ငွေကြေးမည်မျှ ပေးရသည် သိလိုပါက ပြန်လည်ဖြေကြားပေး ကြောင်း သိရသည်။”တခြားကုန်ပစ္စည်းတွေအ တွက် ပရိုမိုးရှင်းဆင်းတဲ့ ကောင်မ လေးတွေ ထင်နေတာ။ ကိုယ့်ကို လိပ်စာလာပေးပြီး မိတ်ဆက်မှKTV က ဝန်ထမ်းလေးတွေမှန်းသိ တာ” ဟု ပန်းဆိုးတန်းစားသောက် ဆိုင်တွင် စားသောက်နေသူ တစ် ဦးက ပြောသည်။ကာရာ အိုကေ အမျိုးသမီးဝန် ထမ်းများမှာ တစ်လလျှင် လစာ ကျပ် ၃ သောင်းမှ ၅ သောင်းဝန်း ကျင်ထိနှင့် ၎င်းတို့ […]


ဂ်စ္စူDecember 9, 20103min1235
မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူးဗိုလ်မှူးချုပ်ရဲအောင် နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥဩမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ လောင်ကျွမ်းချိန်တွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင် မရှိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ခံက“တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီးကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာ သူမရောက်သေးခင် လောင်တာပေါ့”ဟု ဆက်လက် ပြောဆိုသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုပေ။ Source:Irrawaddy’s Bloghttp://www.irrawaddyblog.com/2010/12/blog-post_6507.html


ဂ်စ္စူDecember 9, 20103min710
Operation PayBack က အမေရိကန် ခရက်ဒစ် ကဒ် ကုမ္ပဏီများ ကို စတင် တိုက်ခိုက်နေပြီဖြစ်ရာ ထိုကဒ်များ ၏ ဝန်ဆာင်မှု များ ရပ်တန် ့ကုန်ပြီ ဖြစ်သည်။ ဝီကီလိခ် ၏ ငွေကြေးများ ကို လွှဲပြောင်းမပေး ဘဲထိန်းချုပ် ထားသည့် မာစတာ နှင့် ဗီဇာ ခရက်ဒစ် ကဒ်များ ကို DDoS တိုက်ခိုက်မှု အား ဂျူလီယန် အဆန်း အား ထောက်ခံသူများ က ယနေ ့မနက် လင်းအားကြီး အချိန် မှ စ၍ အကြိမ် တစ်သောင်း ကျော် တိုက်ခိုက် ခဲ့ရာ အမေရိကန် အွန်လိုင်း ငွေကြေးဝန်ဆောင်မှုသမိုင်း တစ်လျှောက် အဆိုးရွား ဆုံး […]


ဂ်စ္စူDecember 8, 20103min1105
အားတော့နာပါတယ်..ဒီပို ့စ်လေးထဲမှာပဲ နောက်ထပ် Latest News လေးတွေ ဖော်ပြခွင့်ပြုပါ။တိုလီမုတ်စ သတင်းများဖြစ်ပါတယ်။ချင့်ချိန်စဉ်းစားပြီး ယုံချင်ယုံ၊မယုံချင်လဲနေကြပါခင်ဗျာ။ယုံပါလို ့လဲ ပြောဘူး၊မယုံနဲ ့လို ့လဲ ပြောချင်ဘူးနော်။ကိုယ့်ဦးနှောက်နဲ ့ကိုယ်၊ကိုယ့်ခံယူချက်နဲ ့ကိုယ်ပါခင်ဗျ၊ 1-ဝီကီလိခ် တာဝန်ခံကို လန်ဒန်မှာ ဖမ်းဆီးလိုက်ပြီ ဆွီဒင်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ ဝီကီလိခ် (WikiLeaks) ဝက်ဘ်ဆိုက် စာမျက်နှာကို တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ကို ဒီကနေ့ ဗြိတိန်နိုင်ငံမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို မုဒိမ်းမှု၊ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်မှုနဲ့ အတင်းအဓမ္မ ဖျားယောင်း သွေးဆောင်မှုတွေအတွက် ဆွီဒင်အစိုးရက အလိုရှိနေတာ ဖြစ်ပါတယ်။ သူကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။ အခုလို သူ့ကို ဖမ်းဝရမ်းထုတ်တာနဲ့ […]


ဂ်စ္စူDecember 7, 20105min30618
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏သား ( ဗိုလ်ချုပ် အောင်ဆန်း၏ ကိုထိန်လင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရာတွင် မင်္ဂလာဒုံ လေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဟောလိဝုဒ် မင်းသမီး ( ဟောင်ကောင်ဂျက်မ ) မလေးရှားဖွား မစ်ရှဲယိုး နှင့် မင်္ဂလာဒုံလေဆိပ်မှာ တွေ့ဆုံကြကြောင်းသိရှိရပါသည်။ မြန်မာ့သူရဲကောင်း ဗိုလ်မင်းရောင် ( မြန်မာ့သွေးစစ်စစ် ) ဗိုလ်မင်းရောင်၏ မြေးအရင်း ဗိုလ်ချုပ် အောင်ဆန်း ( မြန်မာ့သွေးစစ်စစ် ) ဗိုလ်မင်းရောင်၏ မြစ် ဒေါ်အောင်ဆန်းစုကြည် ( မြန်မာ့သွေးစစ်စစ် ) ဗိုလ်မင်းရောင်၏ တီ ကမ်အဲရစ် ( ခေါ် ) မောင်ထိန်လင်း ဗိုလ်မင်းရောင်၏ မြေး ( ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ) ဗိုလ်ချုပ်အောင်ဆန်း […]


ဂ်စ္စူDecember 7, 20104min1233
ယနေ့နံနက်က ရန်ကုန်လေဆိပ်တွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ သား ကင်အဲရစ်။ AP Photo 33 minutes ago Myanmar’s pro-democracy leader Aung San Suu Kyi, left, smiles to supporters as she sees off her younger son Kim Aris, right, at Yangon International Airport, Tuesday, Dec. 7, 2010, in Yangon, Myanmar. ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းနှုတ်ဆက်ညစာစားပွဲကို ယမန်နေ့ညက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်ကျင်းပခဲ့ရာ ဆရာတင်မျိုးဝင်းမိသားစု၊ ဦးဝင်းထိန်၊ ဦးနီ၊ သုံးရောင်ခြယ်လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်ဆွေမျိုးများနှင့် မိတ်ဆွေများ တက်ရောက်ခဲ့ကြပါသည်။ […]


ဂ်စ္စူDecember 6, 20103min22815
မကျနော်က အင်တာနက်အသုံးပြု၍ ကုသိုလ်ယူလိုက်ပါတယ်ဗျာ။ မြန်မာတွေကူညီကြမည်ဟုလဲ ယုံကြည်၍ ဖော်ပြအပ်ပါသည်ခင်ဗျား။ အမြင်အာရုံများစူးရှထက်မြက်စေရန်၊ အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်၊ အမြင်အာရုံများအေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အားကုသခွဲစိပ် ပေးခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီးကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါကသက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်းစရိတ်များကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသောလမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါကသက်ဆိုင်ရာဆေးခန်းဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။ ထို့ကြောင့် […]


ဂ်စ္စူDecember 6, 20101min30718
ဟုတ်တာပဲလုပ်လုပ်.မဟုတ်တာပဲလုပ်လုပ်ပေါ့ဗျာ..ဒီအောက်က သတိပေးစာလေးကိုတော့      လျစ်လျူရှုထားလို့မရတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်။အီးမေးလ်မှ ရောက်လာတာကို မြတ်လေးငုံဘလော့ဂ် (http://myatlayngon.blogspot.com/2010/12/blog-post_929.html)မှပြန်ဖော်ပြထားတာလဲဖြစ်ပါတယ်။ အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။ keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၎င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ […]