ဂ်စ္စူNovember 18, 20101min30512
ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ မိန်းကလေးငယ်တယောက်ကို ခလရ ၇ရ တပ်ရင်းက တပ်သား မောင်မောင်ချေ ကိုယ်ပိုင်အမှတ် (တ-၃၃၆၂၁၈) က အဓမ္မပြုကျင့်ခဲ့တာကို ဥပဒေအရ အရေးမယူပေးသေးဘူးလို့ မိသားစုဝင်တွေက ပြောပြပါတယ်။ မြို့ပြင်နွားစားကျက်မှာ တူမလေးတယောက်နဲ့ အတူတူနွားကျောင်းနေတုန်း တပ်သားမောင်မောင်ချေက အဓမ္မပြုကျင့်တာကို အော်ဟစ်အကူညီတောင်းတာကြောင့် ရပ်ကွက်ထဲက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းခေါ်သွားတဲ့အခါ၊ ရဲစခန်းမှာ အမှုဖွင့်နေတုန်း တပ်က အရာရှိတွေက သူတို့ တပ်သားကို ပြန်လာခေါ်သွားပြီး အခုထိ အရေးယူတာ မရှိသေးဘူးလို့ မိန်းကလေးရဲ့ အမက ပြောပါတယ်။ ဆေးရုံဆေးစစ်ချက်တွေအရ မုဒိန်းမှုမြောက်နေလို့ ပုဒ်မ ၃၇၆၊ ပုဒ်မ ၅၁၁ တို့နဲ့ […]


ဂ်စ္စူNovember 18, 20101min1572
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် ဘောလုံးကလပ်များသို့ နိုင်ငံ ပိုင်အားကစားကွင်း ၁၉ ကွင်းအား နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။”အဖွဲ့ချုပ်ကို ၁၁ ကွင်း၊ ကလပ်အသင်းတွေအတွက် ၈ ကွင်းပါ။ အဖွဲ့ချုပ်ကို လွှဲပေးတဲ့ ကွင်းတွေထဲမှာ ပဒုမ္မာ၊ ဗထူး၊ အောင်ဆန်း၊ သုဝဏ္ဏကွင်းတွေ ပါပါတယ်။ ကလပ်အသင်းတွေ အတွက်က သက်ဆိုင်ရာဒေသက တိုင်းဒေသကြီးကွင်းတွေပါ။ ဥဿာ တစ်သင်းကတော့ ပဲခူးတိုင်းဒေသ ကြီးအရှေ့နဲ့အနောက် နှစ်ကွင်းပါ” ဟု ¤င်းက ပြောသည်။ကလပ်အသင်းများအား ငှား ရမ်းရာ၌ ၃ နှစ် မည်သည့်အခွန်အခမှ မယူဘဲ ၃ နှစ်ကျော်ပါမှ ကွင်းငှား ရမ်းခပေး သွင်းရမည်ဖြစ်ကြောင်း၊ နှစ် ၃ဝ စာချုပ်ပြည့်ပါက […]


ဂ်စ္စူNovember 18, 20102min1610
ရ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။ ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။ အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော်ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခုနောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ […]


ဂ်စ္စူNovember 17, 20101min1461
Iron Cross တီးဝိုင်း ပြင်ဦးလွင် မီးပုံ ပွဲတော်တွင် ပထမဆုံး အကြိမ် ဖြော်ဖြေမည် ပြင်ဦးလွင် မီးပုံးပျံပွဲတော်တွင် Iron Cross တီးဝိုင်း ပထမဆုံး အကြိမ် သီဆို ဖျော်ဖြေမည် ဖြစ်ကြောင်း ပြင်ဦးလွင် မီးပုံးပျံ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ မှ ဦးကျော်ဌေးကို က ပြင်ဦးလွင်မြို့၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။ “ ပြင်ဦးလွင် မီးပုံးပျံ ပွဲတော်ကြီးကို နိုဝင်ဘာလ ၁၈ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ မဟာအံ့ထူးကံသာ ဘုရားကြီး အရှေ့မြောက်ဘက် မီးပုံးပျံ လွှတ်တင် ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ နိုဝင်ဘာလ ၁၉ […]


ဂ်စ္စူNovember 17, 20101min39315
ဂျာမနီနိုင်ငံတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင် ရေချခဲ့သော ခရီးသည်တင် ဇိမ်ခံ သင်္ဘောသစ်ကြီး “Disney Dream” (ဒစ်စနေး အိပ်မက်) သည် ဂျာမနီနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Papenburg မှ မြောက်ပိုင်းပင်လယ်သို့ စတင်ထွက်ခွာပြီ ဖြစ်သည်။ တစ်ချိန်က နာမည်ကျော် ခရီးသည်တင် သင်္ဘောကြီး တိုင်တန်းနစ် ထက် ပေ ၂၀ဝ ကျော် ပိုမိုရှည်လျားသော “Disney Dream” ခရီသည်တင် သင်္ဘောကြီ်းသည် အလျား ၃၄ဝ မီတာ (၁၁၁၅ ပေခန့်) ရှည်လျားပြီး လက်ရှိ ကမာ္ဘ့အကြီးဆုံး ခရီးသည်တင် သင်္ဘော Oasis of the Seas ထက် မီတာ ၂ဝ (၆၅.၆ ပေ) […]


ဂ်စ္စူNovember 17, 20101min1483
၂ဝ၁ဝခုနှစ် နိုဝင်ဘာလ(၃၃)ရက် ပတက – သန်းရွှေ နဝတတ – ရှစ်လုံး ထပ – အောင်သိန်းလင်း နံနက် ၂ း ၇၄ နာရီ လက်ရှိ ကောင်မလေးနဲ့ ပတ်သက်ပြီး ငါတု့ိ ဖက်က စီစဥ ်လုပ်ဆောင်မှု ကြပ်တည်း သွား နိုင်တယ်၊ ဒါကြောင့် လက်ရှိ နိုင်ငံရှေး လုံခြုံရေး တပ်ဖွဲ့များရဲ့ အခြေအနေကို အမြဲ တင်း ကြပ်ထားပါ၊ ရေပါတာပဲ လိုချင်တယ်၊ ရေဗူး ရောင်းစားလိုက်တာ ငါ မသိချင်ဘူး။ လက်ရှိ ကောင်မလေးရှိရင် အခြေခံဥပေဒအတိုင်းကို ငါတို့ ဆက်သွားဖို့ ခက်ခဲမယ်လို့ ရေဘဝဲက ပြောတယ်။ ရေဘဝဲပြောရင် မှန်တာချည်းပဲ။ မင်းတို့ ကမ္ဘာ့ဖလား တုန်းက သူ့ရဲ့ […]


ဂ်စ္စူNovember 16, 201013min1631
အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန် သည်။ Modern Messaging System ဟုတင် စား ထားသည့် Face Book သည် ယခုလ ၁၄ ရက်နေ ့မှ စတင် ၍ စမ်းသပ် သုံးစွဲ ၍ ရနေပြီ ဖြစ်ကာ မိမိ ၏  Face Book  ကွန်ယက် အတွင်းရှိ သူများ သာမက အခြား သူများ နှင့် […]


ဂ်စ္စူNovember 14, 20101min1732
စိတ် မသက်မသာ ဖြစ်ခဲ့ကြရတဲ့ မသမာမှုတွေနဲ့ ရွေးကောက်ပွဲ သတင်းတွေကိုလည်း အများကြီး ကြားခဲ့ မြင်ခဲ့ရပြီးပြီ။ စိတ်ချမ်းသာစရာ မင်္ဂလာ သတင်းဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းတွေလည်း ကြားခဲ့ မြင်ခဲ့ကြရပြီ။အခု ဒီနေ့မှာ ဖွင့်လှစ်တဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ အထင်ကရ ရိုးရာပွဲတော်တခု ဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲအကြောင်း တင်ဆက်နေတဲ့ အင်တာနက် စာမျက်နှာလေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။ တောင်ကြီးမြို့က ဝါသနာရှင် လူငယ်လေးတွေ စုပေါင်းပြီး ပြည်တွင်းပြည်ပက တောင်ကြီးသူ၊ တောင်ကြီးသားတွေ၊ မီးပုံပျံ စိတ်ဝင်စားသူတွေ၊ ပွဲခင်းထဲကို မလာရောက်နိုင်တဲ့သူတွေ ကြည့်နိုင်အောင် လုပ်ထားတဲ့ Website လေး တခုပါ။ ဒီနေရာလေးမှာ တောင်ကြီးမြို့ရဲ့ မီးပုံးပျံတွေအကြောင်း လက်လှမ်းမီသလောက် စုစည်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ […]


ဂ်စ္စူNovember 14, 20102min38112
ကိုကျော်သူက ဒေါ်စုအတွက်ရည်ရွယ်ရေးဆွဲထားတဲ့ ကိုယ်တိုင်ရေးပန်းချီကားကို မနေ့က သွားပေးခဲ့တဲ့ပုံပါ။ လူထုခေါင်းဆောင်နဲ့ အကယ်ဒမီသုဘရာဇာလို့ အမည်ပေးလိုက်တယ်ဗျာ။Ref:အညနွေတမာမြေ ဒါလေးဖတ်ကြည့်ပါဦး..နေ ့သစ် ကတင်ထားတာလေးပါ။ “မြန်မာပြည်သူတွေဟာ တယောက်နဲ့ တယောက် သည်းငြီးခံတတ်ကြတယ် ဟုတ်တယ် မလား” ပြည်သူများ “ဟုတ်ပါတယ်” အမေစု “တကယ်ရော ဟုတ်ရဲ့လား” ပြည်သူများ “ဟုတ်ပါတယ်” အမေစု “ဒါဆိုစမ်းကြည့်ရမလား” ပြည်သူများ “စမ်းကြည့်ပါ” အမေစု “ဒါဆိုရင် စမ်းမယ်နော် ဒီရှေ့က(စင်ရှေ့က) လူတွေက ကျမ အသံကို ထိုင်ပြီး တော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက် (ရွှေဂုံတိုင်ဘက်ခြမ်း) က လူတွေရယ် နောက်က လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ်ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား” “အရမ်းအံ့ဩဖို့ ကောင်းတယ်ဗျာ အမေစု အဲလိုပဲ […]


ဂ်စ္စူNovember 13, 20102min2425
ဓာတ်ပုံ-ဧရာဝတီ ရုပ်သံဖိုင်ကို  ဒေါင်းမာန်ဟုန် ဆိုဒ်တွင်သွားကြည့်ပါ ည (၆ နာရီ ၄၅) ဒေါ်အောင်ဆန်းစုကြည် စောင့်မျှော်နေသည့် ပြည်သူလူထုအား အိမ်ရှေ့ခြံဂိတ်ဝမှ ထွက်တွေ့နေစဉ်…။Ref;ဆုံစည်းရာ နိုဝင်ဘာလ ၁၄ရက်နေ့ (မနက်ဖြန်) နေ့လည် ၁၂ နာရီတွင် Nld ရုံးချုပ်ရှေ့တွင် အသံချက်စက်နှင့် ပြောမည်ဖြစ်ကြောင်း အန်တီစု ကိုယ်တိုင် ပြောကြားသွားပါတယ်။Ref:ဒေါင်းမာန်ဟုန် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။ ဗေဒါရောင် ဝမ်းဆက် ဝတ်ဆင်ထားသာ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်း ရှိသည်ဟု နားထောင်နေသူ တဦးက မဇ္ဈိမသို တယ်လီဖုန်းမှတဆင့် ပြောပါတယ်။ အနီရောင် ပန်းတပွင့်နှင့် အဖြူရောင် ပန်းတပွင့်တိုုကိုု ပရိတ်သတ်ထဲမှ ပေးလာ၍ ပန်ဆင်ထားသည်။—————ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပါပြီ။ မြန်မာစံတော်ချိန် […]


ဂ်စ္စူNovember 13, 20109min2513
ဒေါ်ဆု လွတ်မြောက်ပါပြီဗျာ.သတင်းနဲ ့ပတ်သတ်ပြီး..အင်တာနက်မှ လက်လမ်းမီသလောက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အားလုံးအတူတူ ကြိုးစားလုပ်ကြမယ်လို့ အန်တီစု ပြောသွားတယ် .. ref:အညနွေတမာမြေ Photo:နေ ့သစ် ူ ဒေါ်အောင်ဆန်းစုကြည်၏  နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ  ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း  ပါရှိသွားကြောင်း သိရသည်။သံဆူးကြိုးအတားအဆီးများကိုလည်း  ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း  ဝင်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။ ၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅:၂ဝ နာရီ တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD […]


ဂ်စ္စူNovember 13, 20101min2989
လန်ကြုတ်လား၊တစ်ကယ်လားတော့ မသိဘူး။ကွန်နက်ရှင် မကောင်းလို ့ အ.ထစ်…အ.ထစ် ဖြစ်နေလို ့ကွန်နက်ရှင် ကောင်းတဲ့ သူတွေနားထောင်ချင်ရင် ထောင်လို ့ရအောင် Youtube ကလင့်ခ်ပဲ ညွှန်ပြပေးလိုက်ပါတယ်။ ဒီကေဘီအေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် နအဖ စစ်တပ် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး သက်နိုင် နှင့် အင်တာဗျူးပါ။ youtube မှာ သွားကြည့်ပါ။


ဂ်စ္စူNovember 13, 20108min2589
ကုက္ကိုင်းထိပ်ကို သံရုံးကားတွေရောက်လာပြီလို့ သိရပါတယ်။ သံရုံးကား ၁၃ စီးနဲ့လာနေတာပါ။ အန်တီအိမ်နားမှာ လူ၃ထောင်ကျော်လောက်စုဝေးရောက်ရှိနေပါတယ်။ဘောက်ထော် မြို့နယ် စွန်းလွန်းဂူကျောင်းလမ်း လူအင်အား ၄၀ဝ ကျော်ကလည်း ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလမ်းလျှောက်နေပါတယ်။ သူတို့ဆိုင်းဘုတ်တွေမှာ ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်စေ့ပြီဟု ရေးထားတာတွေကိုင်ဆောင်ထားပါတယ်တဲ့အညာနွေ တမာမြေ သတင်းသမားတွေလဲ ဖုန်းဖိုးကုန်၊အာညောင်း ဖိနပ်ပါးဖြစ်နေလို ့ တစ်ချို ့တွေ စိတ်မရှည်ကြတော့ဘူးထင်ပါတယ်။ခုထိ ဘာမှန်း မသိကြသေးဘူးဖြစ်နေတယ်။တနားကြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရာမှ ဒီကနေ့ ပြန်လည် လွတ်မြောက်မှာ ဖြစ်လို့ သူမရဲ့ အိမ်ရှေ့မှာ ရာနဲ့ချီတဲ့ လူထုက နံနက် ရ နာရီလောက်ကတည်းက စုရုံးခဲ့ကြ ပါတယ်။ ဒီလူအုပ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေပါသလို အစိုးရသတင်းပေးတွေ၊ ရဲ အထူး သတင်း တပ်ဖွဲ့တွေပါ ပါဝင်တယ်လို့ […]