ဂ်စ္စူNovember 5, 20101min2588
A popular Myanmar Director U Tin Than Oo (တင်သန်းဦး) passed away this morning (around 2am) on November 5, 2010 at the Mingaladon Military Hospital, Yangon, Myanmar. One of his latest movies was အရုဏ်ဦးမှာ ဖူးသည့်ကြာ, roughly translated to Lotus at Dawn, featuring a total of 68 actors and actresses. You can read the interview about the […]


ဂ်စ္စူNovember 5, 20101min40411
မြန်မာအချင်းချင်းပေမဲ့ ယုတ်မာပြီး အနိုင်ကျင့် ထားသည့် လူသတ်မှုသတင်းလေးဖြစ်ပါတယ်။ကြားရတာတော့ စိတ်ဆင်းရဲစရာပါပဲဗျာ။တစ်ကယ်ဟုတ်မဟုတ်တော့ မလေးကလူတွေပဲ သိပါလိမ့်မယ်။ဒါပေမဲ့ လူသတ်မှုနဲ ့ပတ်သတ်ပြီး ဖြစ်နိုင်ခြေတော့ တော်တော်များတယ်ခင်ဗျာ။ဒါကြောင့် ကူညီနိုင်ရင် ကူညီလို ့ရအောင် ကျနော် နေ ့သစ် သတင်းဋ္ဌာနမှ ကူးယူဖြန် ့ဝေလိုက်ပါသည်။ လေးစားရပါသော online မှသူငယ်ချင်းများ၊ မလေးရှားမှာရှိသောလူမှုအဖွဲ့အစည်းမှ လူကြီးလူကောင်းများ၊ မလေးရှားနိုင်ငံအတွင်းရှိ Johor ပြည်နယ်မှသူငယ်ချင်းများကို အဓိကထားပြီး အကူအညီတောင်းခံလိုပါတယ်။ ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ရွှေဇင်မျိုးပါ။ နှင်းနုအေးနဲ့ တမြို့တည်းနေထိုင်သူတစ်ယောက်ပါ။ မလေးရှားကိုထွက်လာတော့လည်း အတူတူ၊ အလုပ်တော့လည်းအတူတူ၊ အိပ်တော့လည်းအတူတူဆိုတော့ သူ အကြောင်းတော်တော်မျုားများကို ကျွန်မကို အသိပေးတိုင်ပင်ပါတယ်။ ဒါကြောင့် ကျွန်မသူငယ်ချင်းအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် သူငယ်ချင်းများနဲ့ သက်ဆိုင်ရာလူကြီးများကို အသိပေးပြီး လုပ်သင့်တာကိုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်မတို့အကြောင်း နည်းနည်းပြောပြပါရစေ။ မလေးရှားကိုရောက်ပြီး […]


ဂ်စ္စူNovember 4, 20101min2533
အန္ဒိယ နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက နအဖ၏ ၂၀၁ဝ ရွေးကောက်ပွဲနှင့် နိုင်ငံတော်အလံသစ်အား အောက်ပါအတိုင်း သောင်းသောင်းဖြဖြ ကြိုဆို မေတ္တာပို ့ ခဲ့ကြပါသည်။အခုလို မေတ္တာပို ့သတဲ့..အခုလိုကြိုဆိုကြပါတယ်။Photo news။ ။ Ap / ဒီမိုဝေယံ အိန္ဒိယနိုင်ငံရှိမြန်မာ့ဒီမိုကရေစီအင်အားစုများကနယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံအနီးတွင်နအဖ၏ အတုအယောင်၂၀၁ဝရွေးကောက်ပွဲအားအလိုမရှိ။ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ကြွေးကျော်သံများဖြင့် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်….. ထိုဆန္ဒပြပွဲတွင် တိဘက်ဘုန်းကြီးများလည်းပါဝင်ပြီး လူပေါင်း (၇၀၀) ကျော် တက်ရောက်ပါဝင်ခဲ့ကြောင်း လာမည့်နိုဝင်ဘာလ (၇)ရက်နေ့တွင်လည်း ထပ်မံပြုလုပ်သွားမည်ဟုုသတင်းရရှိပါသည်။ အပြည့်အစုံသို ့..


ဂ်စ္စူNovember 3, 20101min2427
ပေါ်ပျူလာမြန်မာ သတင်းဂျာနယ်မှာ ဖော်ပြထားတဲ့ ဦးထွန်းလွင်၏ ကိုယ်တိုင်ရေးပို ့စ် လေးတစ်ခုဖြစ်ပါတယ် မိုးလေဝသ သတင်းဆိုဒ်လေး တည်ထောင်ခြင်းနဲ ့ပတ်သတ်ပြီး သူ၏ ရင်တွင်းဖြစ်ခံစားချက်များကို ဖော်ပြထားတဲ့ ပို ့စ်လေးလဲ ဖြစ်ပါတယ်။ရတနာပုံမှာ လာရေးနေရရင် ပင်ပန်းမှာဆိုးလို ့ စေတနာဗလပွနဲ ့ ခိုးတင်..အဲ…အဲ….ဆရာဦးထွန်းလွင်အစား ကျနော်က လာဖော်ပြပေးတာပါလို ့။ နာဂစ်ကစခဲ့တဲ့ ရင်ထဲကရောဂါ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ပတ်သက်ခဲ့ရ။ မိုးလေဝသအခြေ အနေခန့်မှန်းခြင်းနဲ့ ပတ်သက်ခဲ့ရ။ ကိုယ်ပိုင ်Website တစ်ခုတော့ လုပ်ဖို့လိုနေပြီလို့ ဌာနကအငြိမ်းစား ယူပြီးစကတည်းက သတိထားခဲ့မိ ပါတယ်။ အကြောင်းကတော့ ၂ဝဝ၈ မေလကကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် ကျွန် တော်တို့ နိုင်ငံသူ နိုင်ငံသားတွေဟာ awareness တွေ ဘယ်တုန်းကမှ နဲ့ကိုမတူအောင်တိုးမြင့်လာခဲ့ပါတယ်။ နာဂစ်နဲ့ကိုယ်တိုင် […]


ဂ်စ္စူNovember 3, 20101min1673
ယနေ့နံနက် ၃ နာရီခန့်က မြစ်ကြီးနားမြို့ မင်းရပ် သမာဓိလမ်း မွေ့ယာနဲ့ ဝါဂွမ်းဆိုင်မှ မီးလောင်မှု စတင်ခဲ့ပြီး အိမ် ၅လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင် သက်သေတဦးကပြောပြပါတယ်။ မီးလောင်ပြီး နာရီဝက်ခန့်ကြာမှ မီးသတ်ကားရောက်လာပြီး ငြိမ်းသတ်ခဲ့တယ်လို့ အဆိုပါ ကိုယ်တိုင်မြင်တွေ့ သူက ပြောပြပါတယ်။ မြစ်ကြီးနားမြို့မှာ  မီးသတ်ကား ၃-၄  စီးရှိသော်လည်း တစ်စီးသာ မီးသတ်နိုင်သည့် အနေအထားဖြစ်ပြီး ဝိုင်းမော်ဘက်မှ မီးသတ်ကားကို အကူအညီလှမ်းတောင်း နေရတာကြောင့် နောက်ကျပြီးမှ ရောက်ရတာလို့လည်း မြို့ခံများက ပြောပါတယ်။ မီးသတ်ကားအပြင် စည်ပင်ရေသယ်ကားများက မီးသတ်ကားအတွက် လိုအပ်တဲ့ရေသယ်ပေးတာကိုတော့ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ မီးဟာ နံနက် ၆နာရီလောက်ထိ ၃ နာရီကြာ လောင်ကျွမ်းခဲ့ပြီး နံနက် ၉နာရီ ၁ဝ နာရီဝန်းကျင်မှာ မီးခိုးငွေ့တွေ […]


ဂ်စ္စူNovember 3, 20101min1170
နိုဝင်ဘာ ရ ရက်သို့ မကြာမီ ရောက်တော့မည်။ ရွေးကောက်ပွဲ ဝင်ပါတီများ၏ မဲဆွယ်စည်းရုံးရေး က မကြာမီကုန်ဆုံးတော့မည်။ ပါတီများ၏ အသက်က များသော အားဖြင့် လသားအရွယ်၊ သွေးနု သားနု၊ စည်းရုံးရေးကာလက သိပ် တော့မရှိလှ။ စည်းရုံးရေးသည် ရွေး ကောက်ပွဲအောင်နိုင်ရေးနှင့် ဆက် စပ်မှုရှိသည်။ ထို့ကြောင့် မဲဆွယ် စည်းရုံးရေးကျေနပ်အားရမှုရှိ မရှိ ကျွန်တော်တို့ မေးမြန်းခဲ့မှုအပေါ် ပြန်လည်တင်ပြလိုက်ပါသည်။ ဦးမောင်အေးဒီမိုကရက်တစ်ပါတီ (မြန်မာ) ရန်ကုန်တိုင်းစည်းရုံးရေးမှူး စည်းရုံးရေးအတွက် အားရမှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က ပြည်သူလူထုမှာ အ ကြောက်တရားတွေရှိနေတယ်။ နိုင်ငံ ရေးနဲ့ပတ်သက်တဲ့ စာရွက် စာတမ်း တွေ့ရင် ကြောက်နေကြတာ။ အခုတော့ ပါတီတွေကနေ ကား တွေနဲ့ နေရာတကာတွေ့နေတာ တော့ […]


ဂ်စ္စူNovember 2, 20101min1433
မည်သည့်နိုင်ငံတွင်မဆို မော် တော်ယာဉ်များမောင်းနှင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင် ခွင့်ပါမစ် (International Driving Permit)များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားနိုင်သည်ကို သိရှိသူ နည်းပါးလျက်ရှိ ကြောင်းသိရသည်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး  ကော်မတီမှ နည်းပညာဆိုင်ရာ အကြံပေးဖြစ်သူ ဦးအောင်မြင့်က မြန်မာနိုင်ငံအတွင်း ယာဉ်မောင်း လိုင်စင်လက်ဝယ်ရှိထားသူများအနေ ဖြင့် အပြည်ပြည်ဆိုင်ရာ ယာဉ် မောင်းနှင်ခွင့်လက်မှတ်အား က-ည-န ရုံးများတွင် လာရောက် လျှောက်ထားနိုင်သည်ကို သိရှိသူ နည်းပါးကြောင်း၊ အဆိုပါ လက်မှတ် ကိုင်ဆောင်ထားပါက မည်သည့် နိုင်ငံတွင်မဆို ယာဉ်မောင်းနှင်ခွင့်ရရှိ မည်ဖြစ်ကြောင်း၊ အာဆီယံ ယာဉ် မောင်းလိုင်စင်နှင့် ကွာခြားချက်မှာ အာဆီယံယာဉ်မောင်းလိုင်စင်သည် အာဆီယံဒေသတွင်းနိုင်ငံများတွင် သာ ယာဉ်မောင်းနှင်ခွင့်ရှိပြီး အာဆီ ယံ ပြင်ပနိုင်ငံများတွင် မောင်းနှင်ခွင့် မရှိကြောင်း ပြောသည်။ […]


ဂ်စ္စူNovember 2, 20101min1280
နိုင်ငံတော်အလံသစ် အဓိပ္ပာယ်ဖွင့်ဆိုချက် လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာ၌ အစားထိုး သင်ကြားသွားမည် ”နိုင်ငံတော်အလံသစ် စလွှင့်တဲ့နေ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ညွန်ကြားချက်ဝင်တာ ရှိတယ်။ လာမယ့်နှစ်ကစပြီး သင်ကြားဖို့ ရှိပါတယ်။ နဂိုရိုက်ပြီးသား ပုံနှိပ်စာအုပ်တွေကတော့ ပြင်လို့မရတော့ဘူး။ အဲဒါကြောင့် အချပ်ပိုသဘောမျိုးနဲ့ ထည့်ဖြစ်ဖို့များမယ်ထင်တယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂၅ တွင် ပြောသည်။ သင်ရိုးပြုစုရေးအဖွဲ့အနေနှင့်လည်း သင်ကြားမည့် သင်ခန်းစာနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်က စတင်လွှင့်ထူလိုက်သော ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင် အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ၅ ခု […]


ဂ်စ္စူNovember 1, 20101min1844
ပုံထဲက ဘွားတော်က အဖမ်းခံရတာတောင် အပြုံးမပျက်ပါလားခလေးငယ်လေးတွေလဲပါတယ်။ကောင်မလေးတွေလဲပါတယ်ဗျ။ဘာသွားလုပ်ကြမလို ့တုန်း သိပါဘူး။စိတ်ဆင်းရဲပါတယ်။(ဓာတ်ပုံ – မန်နေဂျာ အွန်လိုင်း) ထိုင်းနိုင်ငံ ဘန်ကောက်ကို ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၅၈ ယောက်ကို ရဲနဲ့ စစ်တပ် ပူးပေါင်းပြီးတော့ ဒီနေ့ ဖမ်းဆီး လိုက်တယ်လို့ ထိုင်းသတင်း တပုဒ်မှာ ဖတ်ရပါတယ်။ မြန်မာနိုင်ငံသားတွေက ထိုင်း-မြန်မာ နယ်စပ် ကနေ မဲဆောက်မြို့ကို ၁ဝ ဘီးကားနဲ့စီးလာတာဖြစ်ပြီးတော့ စစ်ဆေးရေး ဂိတ် တနေရာမှာ အဖမ်းခံလိုက်ရတာပါ။ အဖမ်းခံရတဲ့သူတွေက အမျိုးသား၂ရ ယောက် အမျိုးသမီး ၃၁ ယောက် ဖြစ်ပါတယ်။ သူတို့ကို မဲဆောက် ရဲစခန်း အချုပ် ကို ပို့ပြီး အရေးယူမယ်တဲ့။ ကားမောင်းသမားကတော့ ထိုင်းနိုင်ငံသား ဖြစ်ပါတယ်။ အဲဒီ ကားမောင်းသမား […]


ဂ်စ္စူOctober 31, 20102min29410
McWiLL (Multi Carrier Wireless information Local Loop) Yatanarpon Teleport Co., Ltd မှ McWiLL (Multi Carrier Wireless information Local Loop) ဆိုသည့် မိုဘိုင်းတယ်လီဖုန်းမျိုးဆက် 3.5 Generation (3.5G) ကြိုးမဲ့ Wireless တယ်လီဖုန်းစနစ်ကို အများပြည်သူတို ့ အား ကျပ်ငွေ ငါးသိန်း (၅၀ဝ ဝ၀၀) ဖြင့် မကြာမီချထားပေးတော့မည်ဖြစ်သည်။ အဆိုပါစနစ်သည် Voice နှင့် Internet အား အဓိကဝန်ဆောင်မှုပေးမည့် မိုဘိုင်းတယ်လီဖုန်းစနစ် ဖြစ်ပြီး 400 MHz frequency ကို အသုံးပြုထားပြီး ITU – M1801 ရရှိထားသောစနစ်ဖြစ်ပါသည်။ အဆိုပါစနစ်တွင် Internet […]


ဂ်စ္စူOctober 31, 20101min1582
အင်တာနက်သုံးစွဲနိုင်မည့် ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟတ်ဇ်ဖုန်းများကို ယခုလ ၂၃ ရက်မှစတင်၍ နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများသည် ဝ၆ရ နံပါတ်ဖြင့် စတင်သည့်ဖုန်းများဖြစ်ပြီး EVDO (Evolution Data Optimized) စနစ်ဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့သုံးမြို့လုံးသို့ သယ်ဆောင်သုံးစွဲနိုင်မည်ဖြစ်သည်။ “ဒီဖုန်းတွေက EVDO စနစ်နဲ့ Data service ကိုသုံးစွဲနိုင်မှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ နေပြည်တော်အတွင်းမှာပဲ ဒါကိုသုံးလို့ရဦးမယ်။ ရန်ကုန်နဲ့ မန္တလေးမှာတော့ စက်တွေစမ်းတုန်း၊ ပစ္စည်းတွေတပ်တုန်းဆိုတော့ ဒီဇင်ဘာလောက်မှပဲ Data service ကိုသုံးလို့ရမယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ထိုဖုန်းများတွင် အင်တာနက်ချိတ်ဆက်သုံးစွဲလိုသူများအနေဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး ကနဦးမှတ်ပုံတင်ကြေးမှာ ကျပ် ၃၀,၀၀ဝ နှင့် […]


ဂ်စ္စူOctober 27, 20101min1851
ကမ္ဘာ့အဆိုးရွားဆုံး အကျင့်ပျက်အစိုးရနှင့် ဝန်ထမ်း တွေ လာဘ်အစားဆုံးနိုင်ငံမှာ ဆိုမား လီးယားနိုင်ငံဖြစ် ပြီး အဲဒီနောက်က အာဖဂန်နစ္စတန်နိုုင်ငံ၊ မြန်မာနိုင်ငံနဲ့ အီရတ်နိုင်ငံတို့ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာ အကျင့် ပျက်မှု ဖေါ်ထုတ်စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာအကျင့်ပျက်မှု ဖေါ်ထုတ်ရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဒိန်းမတ်နိုင် ငံ၊ နယူးဇီလန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာ အကျင့်ပျက်မှုဟာ အနည်းဆုံး နိုင်ငံတွေစာရင်း ထဲ ထိပ်ဆုံးမှာရှိတယ်ဆိုတာ နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ မနှစ်က ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း နိုင်ငံအချို့မှာ အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့လို့ အဆင့်လျော့ကျမှု ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဂရိ၊ အီတလီတို့မှာ အဆင့်လျော့ကျခဲ့ ပြီး၊ အမေရိကန်နိုင်ငံတောင် အဆင့် ၂၂ ကနေ အဆင့် ၁၉ ထိ လျော့ကျခဲ့တယ်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှာ အကျင့်ပျက်အဆိုးဝါးဆုံးနိုင်ငံများမှ အနည်းဆုံးနိုင်ငံ များသို့ […]


ဂ်စ္စူOctober 26, 20101min1870
နိုင်ငံတော် အလံသစ် များ ဝင်းသူဇာ အရောင်းဆိုင် များတွင် ရောင်းချ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသစ် ပြင်ဆင် သတ်မှတ် လိုက်သည့် မြန်မာနိုင်ငံတော် အလံ အသစ်ကို ဝင်းသူဇာ အရောင်းဆိုင် များတွင် အောက်တိုဘာ ၂၁ ရက်မှ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။ အလံတော် အသစ် များကို ခြောက်ပေ၊ လေးပေ အရွယ် နှင့် ကိုးပေ၊ ခြောက်ပေ အရွယ် ဟူ၍ နှစ်မျိုး ခွဲခြား ထားပြီး ပိတ်သားကို ဖဲသားနှင့် ရိုးရိုး ပိတ်သား နှစ်မျိုးဖြင့် ရောင်းချ သည်။ ဈေးနှုန်း များမှာ ခြောက်ပေ၊ လေးပေ […]