အချိန်ကားးးးးး … ၁၁ ရက် စက်တင်ဘာလ ၂၀၁၃ …. ခုနစ်စင်ကြယ်ပြောင်အမြီးထောင်သည့်ညသန်းကောင်ကျော် ….. ဂဇက်ရွာတစ်ရွာလုံးသည် အထူးပင်တိတ်ဆိတ်လျှက် အိပ်မောကျနေလေသည်။ တချက်ချက် ဆွဲဆွဲငင်ငင် အူလိုက်သောခွေးအူသံမှတပါး ဆိတ်ငြိမ်လျက် ………. ရွာတောင်ပိုင်းမှ အဘဖော၏ချောင်းဟန့်သံပင် ယနေ့ည မကြားမိချေ။ ထိုအခိုက်……….. ရွာပြင်စည်းရိုးစပ်မှလူရိပ်သဏ္ဍန်တစ်ခုသည် ရွာဆီသို့ဦးတည်၍တရွေ့ရွေ့ဖြင့်ချည်းကပ်လာခဲ့သည်။ ထိုလူရိပ်သဏ္ဍန်အား အနီးကပ်ကြည့်မည်ဆိုပါက …. လွယ်အိပ်ဟောင်းကြီး တစ်လုံးက်ုစလွယ်သိုင်းထားပြီးလျှင် လက်တစ်ဖက်က ဓတ်မီး ၊ ကျန်သောလက်၌ ခွေးရိုက်တုတ်ကိုကိုင်၍ ပုခုံးထက်တွင် ကြက်ဆင်တံဆိပ် ထီးကောက်ကြီးကိုချိတ်ထားသည်ကိုတွေ့ရပေလိမ့်မည်။ ထိုသူကားးး…. တစ်လှမ်းခြင်းအေးဆေးစွာ ရွာလည်လမ်းတစ်လျောက် ဝင်ရောက်လာခဲ့လေသည်။ ထိုသူသည် မည်သူဖြစ်မည်နည်း။ ပုံပြင်ထဲက ကျိကုန်းဘိုးတော်ပင်လော …။ ဖြစ်နိုင်သည်မှာ အိမ်ခြေရာမဲ့ ခရီးသွားတစ်ဦးသာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည် ။ ထိုလူစိမ်းအား မည်သူမျှ မမြင်ဖူးလိုက်ပေ။ […]