အတာကူးချိန်လဲနီးလာပြီ ။ဘာာလိုလိုနှင်.နှစ်သစ်ကိုရောက်တော.မည်ဆိုတော.စိတ်ကူးလေးနှင်.ရူးချင်လာသည်။ သင်္ကြန်သီချင်းလေးတွေကြားတော. –သင်္ကြန်ပိုးလေးကကြွစောင်း ကြွစောင်း –။ဒီအသက်အရွယ်နှင်. ကဲ ဖို. မသင်.တော်လေပြီ ဟု ကိုယ်.ကိုကိုယ်ဆုံးမရင်း တစ်ခုခုတော. မဟုတ်တာလုပ်လိုက်ချင်သေးသည်—။ သို.နှင်.– ရွာထဲမှ ဦးဦး ၊ဒေါ်ဒေါ် ကိုကို မမ နှင်. ဘော်ဘာ်များကို နှစ်ဦးအကြို ပျော်စေလိုသောသဘောဖြင်.အမည်နာမ များကို ခွင်.မတောင်းပဲ အောက်ပါသင်္ကြန်စာကို ရေးသားလိုက်ပါသည် ။ခွင်.လွှတ်အပြုံးများနှင်.ပျော်ရွှင်နိုင်ကြပါစေ—-။ ဥုံ ————ရှရီ —-ရှရီ –နေဝန်းနီသည် အရှေ.မှထွက်၍ အနောက်ဘက်သို. ဝင်စေသတည်း—-။ အချိန်ကား ….မြန်မာသက္ကရဇ် ၁၃၇၃ နှင်. ၁၃၇၄ ကြား တန်ခူးလပြည်.ကျော် ၆ ရက်နေ.ည ၊ခုနှစ်စဉ်ကြယ်ပြောင် အမြီးထောင်သည်. သန်းကောင်ချိန်ဝယ် ခေါ်တော တစ်ထောင်အကြည်.ဆောင်သော ဂေဇက်ရွာသဂျီးမင်းသည် ပြာသော တန်ဆာတို.ကိုဝတ်ဆင်၍ပြာတီးပြာယာအမူအရာဖြင်. လက်တဖက်ကမီးဒုတ် လက်တဖက်ကဗျောက်အိုး တို.ကိုကိုင် […]