ဓမၼ သုေတသီDecember 23, 20121min1824
“လူတွေဟာ ပေးတော့ ပေးကြပါတယ်၊ ဒါပေမယ့် တစ်ချို့လူတွေက ယူဖို့ပေးကြ တယ်။ တစ်ချို့လူတွေက ပူပြီးပေးကြတယ်။ တစ်ချို့လူတွေက စွန့်ပြီးပေးကြတယ်။ တစ်ချို့လူတွေက ကူဖို့ပေးကြတယ်။ သင်ဟာ ပေးနေသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ယူဖို့ပေးတာလား၊ ပူပြီးပေးနေ တာလား၊ စွန့်ပြီးပေးနေတာလား၊ ဒါမှမဟုတ် ကူဖို့ပေးနေတာလား……..” ဖြောင့်ချက်…… ‘ထောင်မြင်လို့ ရာစွန့်၊ ဒီယုံမြင်လို့ ဒီချုံထွင်၊ ဆူးလိုချင်လို့ ဆူးနဲ့ထွင်’ ဆိုသလို သိ သိသာသာ ရလိုမှု၊ တောင်းလိုမှု၊ မသိသော ရလိုမှုတွေနဲ့ ယူဖို့၊ ရဖို့ပေးတဲ့ ဒီလိုပေးခြင်း မျိုးဟာ စီးပွားရေးဆန်ဆန် ပေးခြင်းမျိုးဖြစ်လို့ မသန့်ရှင်း၊ မဖြူစင်တဲ့ ပေးခြင်း၊ မိမိရဲ့အ ကျိုးစီးပွားကို ရှေ့တန်းတင်လွန်းတဲ့ ပေးခြင်းလို့ ဆိုရမှာပါ။ တစ်ဖန် ကိုယ့်ကိုယ်ကို အနစ်နာခံကာ ‘သူတစ်ပါးတွေတော့ ချမ်းသာစေ၊ မိမိမှာ […]


ဓမၼ သုေတသီDecember 14, 20121min1185
” လူတွေဟာ တစ်ခုခုအတွက် တစ်ခုခုကို လုပ်ကြပါတယ်။ တစ်ခုခုလုပ်ကြတာကြောင့် တစ်ခုခုတော့ ရသွားကြမှာပါ။ အဲဒီ တစ်ခုခုဖို့အတွက် တစ်ခုခုတော့ ပေးဆပ်လိုက်ရပါတယ်။ တစ်ခုခုပေးဆပ်လို့ တစ်ခုခုရသွားကြသလိုပဲ လူတွေဟာ အမြဲတမ်း တစ်ခုခုတော့ လိုနေကြစမြဲပါပဲ။ ဘာတွေပေးဆပ် ဘာတွေလုပ်လို့ ဘာတွေရပြီး ဘာတွေအမြဲတမ်း လိုနေကြတာလဲ။ ဘာ့ကြောင့်လဲ…. ”   ဖြောင့်ချက် – လူသားတွေဟာ ရွှေငွေစည်းစိပ်ဥစ္စာ၊ လက်နက်၊ ရာထူး၊ အာဏာ၊ ဘွဲ့ပါဝါ၊ ဂုဏ်အရှိန်အဝါ၊ အသက်ခန္ဓာနှင့် ငြိမ်းချမ်းခြင်း တစ်ခုခုအတွက် တစ်ခုခုကို အရင်းအနှီးပြု ပေးဆပ်ပြီး တစ်ခုခုကို လုပ်ကြပါတယ်။ လုပ်တဲ့အတိုင်း တစ်ခုခုတော့ ရသွားကြမှာပါ။ တစ်ခုခုရသွားတဲ့အတိုင်း လူသား တွေဟာ အမြဲတမ်း တစ်ခုခုလိုနေကြစမြဲပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လူသားတိုင်းမှာ ဘယ်လိုဖြည့် ဖြည့် […]


ဓမၼ သုေတသီDecember 12, 20121min1243
လူမိုက်တွေက သူတစ်ပါးတွေကို လက်ညှိုးထိုး၊ အပြစ်မြင်ကဲ့ရဲ့ တတ်ကြတယ်။ လူလိမ္မာတွေက ကိုယ့်ကိုယ်ကို လက်ညှိုးထိုး၊ အပြစ်မြင်ပြုပြင်တတ်ကြတယ်။ လူပညာရှိတွေကတော့ ဘယ်သူ့ကိုမျှ လက်ညှိုးမထိုးကြဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို ဆင်ခြင်ရှုြုမင်ပြီး အကြောင်းတရားတွေကိုသာ လက်ညှိုးထိုး အပြစ်မြင် ပြုပြင်တတ်ကြတယ်။ သင်ကော………. လူမိုက်လား၊ လူလိမ်မာလား၊ လူပညာရှိလား….. သင့်ရဲ့လက်ညှိုးတွေ ဘယ်ကိုထိုးနေတာလဲ…..   ဖြောင့်ချက်……. ” ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာမယူ မပြုပြင်တတ်ရင်..လူမိုက်၊ ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူလိမ်မာ၊ ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်းကနေ သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူပညာရှိ၊ ” _ အဆိုးတွေ ပြဿနာတွေနဲ့ တွေ့လာရင် လက်ညှိုးတွေက သူတစ်ပါးတွေကို ထိုးတတ်ကြပါတယ်။ အကောင်းတွေ အောင်မြင်မှုတွေနဲ့ တွေ့လာရင်တော့ လက်ညှိုးတွေက ကိုယ့်ကိုယ်ကို ထိုးတတ်ကြပါတယ်။ _ […]


ဓမၼ သုေတသီDecember 11, 20121min46413
မျဉ်းကြောင်းတစ်ချို့သည် ဖြောင့်သလိုလိုဖြင့် ကွေးကောက်၏၊ ကွေးကောက်သလိုလိုဖြင့် ဖြောင့်တန်း၏။ ထိုအတူ – ဘဝသည် ရိုးရှင်းဖြောင့်တန်းသလိုလိုဖြင့် ကွေးကောက် ရှုပ်ထွေး၏၊ ကွေးကောက်ရှုပ်ထွေးသလိုလိုဖြင့် ရိုးရှင်းဖြောင့်တန်း၏။ ထိုအတူ – လောကသည် ရှင်းလင်းဖြောင့်မတ်သလိုလိုဖြင့် ရှုပ်ထွေးကွေ့ ကောက်၏၊ ရှုပ်ထွေးကွေ့ ကောက်သလိုလိုဖြင့် ရှင်းလင်းဖြောင့်တန်း၏။ ထို့အတူ – လူသည် ရိုးသားဖြောင့်မတ်သလိုလိုဖြင့် လှည့်စားကောက်ကျစ်၏၊ လှည့်စားကောက်ကျစ်သလိုလိုဖြင့် ရိုးသားဖြောင့်မတ်၏။ ထို့အတူ – အယူဝါဒအမြင်ဓမ္မသည် မှန်ကန်ဖြောင့်မတ်သလိုလိုဖြင့် မှားယွင်းကွေ့ ကောက်၏၊ မှားယွင်းကွေ့ ကောက်သလိုလိုဖြင့် မှန်ကန်ဖြောင့်မတ်၏။ အကြောင်းမှာ……. ကမ္ဘာသည် လုံးဝန်း၍ ကွေးကောက်နေသော မျဉ်းဖြောင့်များဖြင့် ရိုးရှင်းရှုပ်ထွေးစွာ ယှက်နွယ်ရစ်ပတ် ပေါင်းစပ်တည်ဆောက်ထားသောကြောင့် ဖြစ်၏။ ဓမ္မသုတေသီ အရှင်ပညိန္ဒ (15-8-2011) အတွေးနက်နက် အဖြေခက်တဲ့အမေးများ..စာအုပ်မှ