ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန်သတိရသွားတယ်ဗျာ… ဟုတ်တယ်…… ကျွန်တော့်ရဲ့ ဘုရင်မ….. တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ဘုရင်မတစ်ပါးပေါ့………. ဒါပေမယ့် ကျွန်တော်က နန်းချခံလိုက်ရတဲ့ ဘုရင်တစ်ပါးမဟုတ်ဘူးဗျ……. နန်းတောင် တက်ခွင့်မရလိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပါ……. အတွေးတွေနဲ့ အတူ ကျွန်တော် ကြေကွဲစွာ ပြုံးလိုက်မိတယ်…….။ စိတ်တွေကတော့ အတိတ်တွေဆီသို့……… ကျွန်တော်သူမကို စတွေ့ခဲ့တာ တက္ကသိုလ်ပထမနှစ်မှာ…… အမြဲတမ်း တင်းတင်းစေ့ထားတတ်တဲ့ သူမနှုတ်ခမ်း… မာနရောင်ကြောင့် စူးရဲနေတဲ့ သူမမျက်ဝန်း… သူမရဲ့ ခြေလှမ်းတွေကအစ ရဲဝင့်တယ်… သူမကို စသတိထားမိတာ အနီရောင်ကြောင့်ဗျ.. သူမ စီးတဲ့ဖိနပ်က အနီရောင်.. သူမဆိုးတဲ့ နှုတ်ခမ်းနီက အနီရောင်.. အိုဗျာ..ကုန်ကုန်ပြောမယ်.. သူမ ကိုင်တဲ့ ဘာပစ္စည်း မဆို အနီရောင်တွေပဲလို့ပြောရလောက်အောင်ကိုပဲ နီနေခဲ့တာ. အဲတုန်းကတော့ အဲအနီရောင်တွေဟာ ကျွန်တော့် နှလုံးသွေးတွေ […]