teekockFebruary 17, 20122min71217
ခုတလောလေးမှာ သူငယ်ချင်းအများစုက တီးကော့ခ်ဆီမှာ ယုန်မွေးဖို့အကြောင်းတိုင်ပင်ကြတာ မေးမြန်းကြတာရှိလာတယ်။ တိရိစာ္ဆန်ဆေးကုဆရာဝန်တစ်ယောက်ဖြစ်လို့မေးတယ်ဆိုတာထက် ယုန်ကို ကိုယ်တိုင်ကိုယ်ကျမွေးနေသူ၊ ယုန်များရှင်တစ်ယောက်အနေနဲ့ စနည်းနာတဲ့အနေနဲ့ မေးကြပြုကြတယ်ပေါ့။ ဒီတော့ တီးကော့ခ်ရဲ့ နေ့စဉ်အတွေ့အကြုံ၊ ဖတ်ဖူးသမျှ သိထားသမျှဗဟုသုတလေးတွေကို အရင်းအတိုင်း ဒီမှာပဲ ဖောက်သည်ချပါရစေ။ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်သွားမှာစိုးတဲ့အတွက် အများကြီး Detail ကြီးတော့မဟုတ်ပါဘူး။ အတိုချုံးပြီး လိုအပ်မယ်ထင်တာလောက်ပါပဲ… အဓိကအချက်အနေနဲ့ ပထမဆုံးပြောချင်တာလေးကတော့ ယုန်မွေးမယ်ဆိုရင် ယုန်မွေးချင်စိတ် တကယ် ရှိရဲ့လား လို့ ကိုယ့်ဟာကိုယ်ပြန်မေးပေးပါ။ ဘယ်လောက်ထိ အနွံတာခံနိုင်မလဲ၊ ဘယ်လောက် စိတ်ရှည်နိုင်မလဲ၊ ဒီယုန်လေးကို ဘယ်အချိန်ကာလအထိမွေးထားနိုင်မလဲ၊ ဒီယုန်လေးအတွက် အနာဂတ် ဘယ်လိုစဉ်းစားထားသလဲ… စသဖြင့်ပေါ့။ ယုန်နဲ့ပတ်သတ်တဲ့ မိမိရဲ့စိတ်ကိုယ် မိမိသေချာအောင်အရင်လုပ်စေချင်ပါတယ်။ (ဟေမာနေဝင်းရဲ့ မောင်…ဘယ်လောက်ထိချစ်မှာလဲ? မောင်..ဘယ်အထိဆက်ချစ်နိုင်မလဲ? မောင်… တစ်သက်လုံးပဲချစ်မှာလား… ကျွန်မကမလှရင်ရော….ဆိုတဲ့သီချင်းလေးအမြဲညည်းပါ။ မောင်… နေရာတွင် “ယုန်” […]


teekockJanuary 18, 20121min61222
စိတ်ထဲရှိတာပြောရမယ်ဆိုရင်တော့ တီးကော့ခ်အိမ်က house mate တွေကို စိတ်ရှိလက်ရှိ လက်ပိုက် မတ်တပ်ရပ်ခိုင်းပြီး ခေါင်းခေါက်ပြီး သွန်သင်ဆုံးမချင်တယ်။   ဘယ့်နှယ့်ဗျာ….. ငတီးကော့ခ် ဝင်ငွေမရှိတဲ့ ကျောင်းသားလေး။ တူတူနေတာ အသက် ၁၅နှစ်လောက် ကွာတဲ့ ကိုယ့်ဆရာမတွေ။ စကောလားရှစ်ကိုယ်စီနဲ့ ဒူးနှန့်ပြီးတက်ရတဲ့သူတွေ။ ကပ်စေးနဲလိုက်ကြတာလဲ လွန်ပါရော…. ဘာသွားရည်စာမှမစားကြဘူး။ မကြိုက်ဘူးများလားလို့။ ဘယ်ဟုတ်မလဲ….. ခြွေတာကြတာဗျို့…။ ငတီးကော့ခ် ဈေးဝယ်ရင် အသုံးကြမ်းသတဲ့။ လက်ဖွာသတဲ့။ ဟော… ကြည့်ပါဗျာ… ကျုပ်ဝယ်ထားတဲ့ဟာတွေ ဖြုတ်ကနဲ ကုန်ပါလေရော…. ဆန်ဆီဆား ငရုပ် ကြက်သွန် ဆိုတာ သော့ခတ်ထားလို့ရတာမျိုးမဟုတ်ဘူး။ အိပ်ခန်းထဲ ထည့်ထားပြန်တော့လဲ… ဘာလဲ တို့ယူစားမှာစိုးလို့လားဆိုပြန်ရောဗျို့ ဘယ့်နှယ့်ဗျာ။ ကျုပ်တို့အိမ်မှာနေတာ လူ ၃ယောက်။ ကျုပ်တစ်ယောက်တည်း လူငယ် ယောက်ျားလေး။ ကျန်တာတွေက ကိုယ့်ကျောင်းတုန်းက […]


teekockJanuary 17, 20121min55431
အမှတ်တရအကြောင်းလေးရေးပါဦးမယ်။ ကျွန်တော်အခုနေထိုင်ရာအရပ်ဆီကနေ မိဘများနေထိုင်ရာဒေသဆီကို အများအားဖြင့်တော့ express ကားတွေစီးပြီးပဲသွားလေ့ရှိပါတယ်။ ရထားနဲ့တစ်ခါသွားတာ လမ်းမှာ ရထားပျက်လို့ စိတ်ပျက်တာနဲ့ မသွားဖြစ်တော့ပါဘူး။ အမှတ်တရခရီးကတော့ လေယာဉ်နဲ့သွားမိတဲ့အခေါက်ပါပဲ။ တီးကော့ခ်က လေယာဉ်စီးရတာ သိပ်ကြိုက်တယ်။ လေယာဉ်ကွင်းတွေက သားနားတော့ လေယာဉ်နဲ့သွားရင် အဆင့်မြင့်တယ်လို့ ယူဆပြီး ဘဝင်လေဟပ်လေ့ရှိတယ်။ အဲ့ဒီ့နေ့ကဖြစ်ချင်တော့ တီးကော့ခ်ကျောင်းမှာ presentation ပေးရပါတယ်။ နေ့လည် ၁နာရီခွဲမှပြီးလို့ နေ့လည်စာလဲမစားရသေး… လေယာဉ်ကွင်းချိန်းကလဲ ၃နာရီဖြစ်လို့မို့ မမှီမှာစိုးရိမ်တာနဲ့ အိတ်ကိုဆွဲလို့ တန်းပြီးလစ်ပါတယ်။ တက္ကစီနဲ့သွားရင် မိနစ် ၃ဝသာကြာတဲ့ခရီးဝေးကို ရထားတစ်တန်ကားတစ်တန်နဲ့သွားမိလို့ ၂နာရီကြာပါတယ်။ လေဆိပ်ကိုရောက်ဖို့ ကျောင်းထဲကနေ ကျောင်းထိပ်ကို အထုပ်ကြီးဆွဲ၊ ကျောင်းထိပ်ကနေရထားဘူတာကို ဘတ်စ်ကားစီး ။ ရထားဘူတာကနေ မြို့လည်ဘူတာကြီးကို ရထားစီး။ ဘူတာကြီးကားဂိတ်ကနေ LCCT လေဆိပ်ကို express bus တစ်ခါစီးနဲ့… […]


teekockJanuary 16, 20121min2999
ကျွန်တော်သည် ကျွန်တော်တို့မိသားစုတွင် အလတ်ကောင်ဖြစ်ပါသည်။   အားလုံး၏ချစ်ခင်ဂရုစိုက်မှုတွေပိုရသည်ဟုဆိုကာ ညီလေးကို ကျွန်တော် မနာလို။ အားလုံး၏ကိုးစားမှုတွေရသည်ဆိုကာ အကိုကြီးကို မကျေနပ်။ ဤသို့ဤနှယ် ဖြင့် အလတ်ဘဝကို ကျွန်တော်ဖြတ်သန်းလာခဲ့သည်။ တခါတရံ မေမေ့ကို ရန်လုပ်တတ်သလို ပါပါ့ကိုလည်း နှုတ်လှန်ထိုးရဲသည်။ ကျောင်းစာမှာလဲ မတော်သဖြင့် ဆရာမများ၏ငြိုငြင်မှုကိုကလဲ ခံရပြန်ပါသေးသည်။ အသက်တောင်ပုံမှန်မရှူချင်လောက်အောင် ပျင်းသဖြင့်လည်း အမေ့အဆူအဆဲကို အမြဲခံယူရသည်။ ထုံထိုင်းညံ့ဖျင်းလွန်းသဖြင့် အဖေ့အရိုက်အမောင်းလည်း သေရာပါဒဏ်ရာရအောင် အရိုက်ခံရဖူးသည်။ အိမ်စာပေးလျှင် ဘယ်တော့မှလုပ်လေ့မရှိဘဲ နောက်နေ့ကျမှပဲ အရိုက်ခံလိုက်တော့မယ် ဟု ခပ်ပေါ့ပေါ့တွေးတတ်သော ကျောင်းသားပျင်းဖြစ်သည်။ မုန့်ဖိုးများအားမသုံးဘဲ ကျစ်ကျစ်ပါအောင် စုထားတတ်သဖြင့် ဒီကောင် ငကျစ် ဟု အကိုနှင့်ညီက စွပ်စွဲသည်။ စကားသယ်ယူပို့ဆောင်ရေးတွင် တစ်ဖက်ကမ်းခတ်သဖြင့် နှုတ်မလုံဟုဆိုကာ မည်သူမျှကျွန်တော့်အား မနှစ်သက်ကြ။အဖေနှင့်အမေသည် ဤကဲ့သို့သော ဥပုပ်သားမျိုးကို ဘယ်လိုထွန်းပေါက်ပြီးများ […]


teekockJanuary 15, 20121min37512
ဈေးဝယ်ဖို့အတွက် ကျွန်မအမြဲရွေးခြယ်တဲ့ supermarket ကတော့ City Mart ပါပဲ။ ကျွန်မအိမ်နဲ့လဲ သိပ်မဝေးတဲ့အပြင် ဝယ်သူကိုအမြဲ အပြုံးနဲ့ဝန်ဆောင်မှုပေးပြီး ပစ္စည်းမှန်ဈေးမှန်ကိုသာ ရောင်းချတဲ့ဆိုင်ဖြစ်လို့ပါ။ အပ်ကစလို့ လျှပ်စစ်ပစ္စည်းအထိ အကုန်အစုံလဲရ စားစရာ ဟင်းချက်စရာပါဝယ်လို့ရလို့ ကျွန်မ အထူးပဲနှစ်ခြိုက်မိပါတယ်။ “နွားနို့တောင်ကုန်နေပြီ” “ညဘက်စားဖို့ ပေါင်မုန့်လေးဖြစ်ဖြစ်ဝယ်ခဲ့ပါဦးကွယ်” “သတင်းကျွတ်အတွက် လက်ဆောင်ခြင်းတွေ သမီးတွေ့ခဲ့တယ်မေမေ” “မင်္ဂလာဆောင်လက်ဖွဲ့ဖို့ အိပ်ယာခမ်းနားလေးဖြစ်ဖြစ် မီးပူလေးဖြစ်ဖြစ် ကြည့်ခဲ့ရမလား” ဒါတွေက ကျွန်မမနက်ရုံးမသွားခင် မေမေနဲ့အမြဲပြောဖြစ်နေကြပေါ့။ ညနေတိုင်း ကျွန်မပုံမှန်ထမ်းဆောင်ရတဲ့တာဝန်ကတော့ မေမေမှာလိုက်တဲ့ပစ္စည်းစာရင်း ကျွန်မလိုအပ်တဲ့ပစ္စည်းစာရင်းစာရွက်လေးကိုင်ရင်း ဈေးဝယ်ခြင်းလေးလက်ကချိတ်လို့ City Mart မှာအဝယ်တော်ဆင်းရတာပါပဲ။ လိုအပ်တာလေးတွေလဲဝယ်ရင်း promotion လေးတွေလဲ စပ်စုရင်းနဲ့ နေ့စဉ်နဲ့အမျှသွားဖြစ်တာ အရောင်းဝန်ထမ်းကလေးမလေးတချို့နဲ့တောင် ရင်းနှီးနေပါပြီလေ။ အသက်၄ဝနားချဉ်းကပ်နေပြီဖြစ်တဲ့၊ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာမမတစ်ယောက်အတွက် တခြားလဲ အပျော်အပါးသွားစရာမရှိပါဘူး။ သူတစ်ပါးကိုအားကိုးဖို့မလိုအပ်တဲ့ အခြေအနေအဆင့်အတန်းတစ်ခုမှာရှိနေတဲ့… […]


teekockJanuary 15, 20121min40329
အခုတလော အမြဲအမှတ်ရမိနေတာကတော့ ကျွန်တော်ငယ်ငယ်က ပတ်သက်ခဲ့ဖူးတဲ့ ငှက်ကလေးတွေအကြောင်းပါပဲ။   အတောင်ပံလေးတွေတဖျပ်ဖျပ်နဲ့ လေမှာပျံဝဲနေတဲ့ ငှက်ကလေးတွေကို ကျွန်တော်သဘောကျတယ်။ အရောင်စုံ အသွေးစုံနဲ့ သိပ်လှတဲ့ ငှက်ကလေးတွေကို ကျွန်တော်ချစ်တယ်။ ကျွန်တော်နှစ်သက်တဲ့ငှက်ကလေးတွေက ကျွန်တော့်ဘဝသက်တမ်းတစ်လျှောက်မှာ အစိတ်အပိုင်းလေးတွေအနေနဲ့ ပါဝင်ခဲ့တယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့တယ်ပေါ့…။   ——————————————————————————-   ငှက်ကလေးတွေနဲ့ပက်သတ်ပြီး အစောဆုံးမှတ်မိနေတာကတော့ အပျံသင်စ စာကလေးလေးတွေအကြောင်းပါပဲ။ ကျွန်တော့မှာ မကောင်းတဲ့ဗီဇတွေထဲက မကောင်းဆုံး ဗီဇရှိတယ်။ အဲ့ဒါက ငှက်ပေါက်စလေးတွေကို စောင့် ဖမ်းတာပဲ။ အိမ်ရှေ့သရက်ပင်ကြီးပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်ပြီဆို ကျွန်တော် ချောင်း နေတယ်။ ဥကပေါက်လာရင် ကျွန်တော် သွားကိုင်ကြည့်ချင်လို့။ ငှက်ကလေးတွေ ပေါက်လာရင် ကျွန်တော်ပျော်တယ်… အပျံသင်ရင် ကျွန်တော် ဖမ်း မလို့။ ဘာရယ် ညာရယ်လဲ […]