than shweJune 7, 20121min22913
တောင်ကုတ်မြို့မှာအစ္စလာမ်ဘာသာဝင်(၁၀)ဦးအသတ်ခံရမှုနှင့် မြန်မာပြည်တွင်ရှေးယခင်ကဖြစ်ခဲ့သောဗလီများနှင့်အစ္စလာမ်ဘာသာဝင် များပိုင်ဆိုင်သောအိမ်များကိုဖျက်ဆီးခဲ့ခြင်းနှင့်ပက်သက်ပြီးဝန်ကြီးချုပ် ဟောင်းဦးခင်ညွန့်၏်ကြိုးကိုင်မှုဟုတ်မဟုတ်နှိုင်းယှဉ်ပြမည်။   သံသယရှိစရာအချက်(၃)ချက်   ၁။ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်ထောက်လှမ်းရေးပညာရပ်ကို် အစ္စရေးနိုင်ငံသို့သွားရောက်ပြီးအစ္စလာမ်ဘာသာကိုမုန်းတီးသော ဂျူးလူမျိုးများထံတွင်သင်ကြာဖူးသည်ဟုသိရှိရပါသည်။ထိုသို့သင် ယူရာတွင်အစ္စလာမ်ဘာသာဝင်များကိုကမ္ဘာမြေမှဖျောက်ဖျက်ပစ် ရမည်ဟုဂျူးလူမျိုးများထံသစ္စာခံယူထားရသည်ဟုသိရှိရခြင်း ၂။သူ၏သားဖြစ်သူတစ်ဦးမှာလည်းမလေးရှားနိုင်ငံသူအစ္စလာမ် ဘာသာဝင်အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ဖက်ပြီ်းအစ္စလာမ် ဘာသာသို့ကူးပြောင်းသွားသောကြောင့်အစ္စလာမ်ကိုမုန်းတီး သည့်စိတ်ဓါတ်ကိန်းအောင်းနေကြောင်းလည်းသိရှိရခြင်း ၃။ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်တောင်ကုတ်အကြမ်း ဖက်မှုမဖြစ်ပွားမီရက်ပိုင်းအတွင်းရခိုင်ပြည်နယ်ဘက်သို့ခရီးသွား ခဲ့သည်ဟုလည်းသိရှိရခြင်း   သုံးသပ်ချက်   ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်သည်ဝန်ကြီးချုပ်တာဝန်နှင့် စစ်ထောက်လှမ်းရေးတာဝန်ကိုပါပူးတွဲကိုင်ထားပြီးနိုင်ငံရေးကိုဦးဆောင် နေသောကာလအတွင်းအစ္စလာမ်ဘာသာဝင်များကိုမုန်းတီးစေနိုင် သောစာအုပ်ဖြစ်သည့်(အမျိုးပျောက်မှာစိုးကြောက်စရာ)ဟူသော စာအုပ်များကိုလည်းတွင်တွင်ကျယ်ကျယ်ဖြန့်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်းပြည်၊ပဲခူး၊မြင်းခြံ၊တောင်ငူ၊ကျောက်ဆည်၊ ချောက်………….အစရှိသောမြို့များတွင်သံဃာတော်အသွင်ဆောင် ထားသူများမှဦးဆောင်ပြီးဗလီနှင့်အိမ်များကိုဖျက်ဆီးခြင်းများကိုပြု လုပ်ခဲ့ပါသည်။ထိုသို့ပြုလုပ်ရာတွင်အချို့သံဃာတော်များတွင် အိုင်ကွန်စကားပြောစက်များကိုင်ဆောင်ထားသည်ကိုလည်းတွေ့ရှိ ရပါသည်။(ထိုအချိန်ကာလမှာအိုင်ကွန်စကားပြောစက်များကို စစ်ထောက်လှမ်းရေးမှအပအခြားအဖွဲ့အစည်းများကိုင်ဆောင် ခွင့်မရှိသောအချိန်ဖြစ်ပါသည်။) ထိုအချိန်တွင်စစ်ထောက်လှမ်းရေးမှာအလွန်တရာမှ ထောက်လှမ်းမှုကောင်းပြီးထိုအရေးများကိုမဖော်ထုတ်နိုင်သည် မှာဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကြိုးကိုင်ခဲ့သည်မှာပေါ်လွင် ထင်ရှားနေပါသည်။ထိုသို့ဖျက်ဆီးနေစဉ်တွင်လက်နက်ကို်င် အာဏာပိုင်များမှစောင့်ကြပ်ကြည့်ရှုနေသော်လည်းမည်သို့မှ တားဆီးမှုမလုပ်ခဲ့သည်ကိုလည်းထင်ရှားစွာတွေ့ရှိခဲ့ရပါသည်။ (ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်အမိန့်အာဏာရှိစဉ်ကာလ) ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်အကျယ်ချုပ်ခံရစဉ်ကာလ ကဖြစ်ပွားခဲ့သောရွှေဝါရောင်တော်လှန်ရေးတွင်စစ်မှန်သော သံဃာတော်များကိုလက်နက်ကိုင်အာဏာပိုင်များကရက်စက်စွာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ ၎င်းဖြစ်ရပ်နှစ်ခုကိုနှိုင်းယှဉ်ခြင်းအားဖြင့်ပထမဖြစ်ရပ်တွင် အာဏာရှင်ဦးခင်ညွန့်၏ညွှန်ကြားမှုဖြစ်သည်ဟုတထစ်ချယုံကြည် ရပါသည်။ ဦးခင်ညွန့်ရာထူးမှပြုတ်ပြီးအကျယ်ချုပ်ခံရသည့်ကာလနှစ် များအတွင်းဘာသာရေးအဓိကရုဏ်းဖြစ်ရပ်များလုံးဝမဖြစ်ပွားခဲ့ ကြောင်းအားလုံးအသိပင်ဖြစ်ပါသည်။ ယခုဦးခင်ညွန့်အကျယ်ချုပ်မှလွတ်မြောက်ပြီးနှစ်ဝက် အတွင်းဖြစ်ပွားခဲ့သော(ကံမမြို့ရှိဗလီနှင့်အိုးအိမ်စီးပွားရေးများ အဖျက်ခံရခြင်း)၊ဖားကန့်ဆိုင်းတောင်ရွာရှိအစ္စလာမ်ဘာသာ […]