ပိန္နဲသီးစားပြီးသူများပါးလက်သုပ်နေသောသံတွဲမြို့စည်ပင်သာယာရေးအဖွဲ့ ဈေးကော်မတီနှင့် ဈေးကန်ထရိုက်များ သံတွဲမြို့ဈေးမီးလောင်သွားပြီးအသစ်ပြန်လည်ဆောက်လုပ်သည့်အခါ ဈေးသူဈေးသားများမှ ထိုက်သင့်သည့်ငွေကြေးများကိုအပြည့်အဝပေးဆောင် ရသော်လည်းဈေးဆိုင်ခန်းများကို ပေ ခိုးပြီးအခန်းများစွာပိုထွက်အောင် ဆောက်လုပ်ပြီးသံတွဲစည်ပင်၊ဈေးအကျိုးဆောင်များ နှင့်ဈေးကန်ထရိုက်တို့အတွက်ကိုယ်ကျိုးရှားပြီးလွန်စွာစီးပွားဖြစ်ခဲ့ကြသော်လည်း ဈေးဆိုင်ခန်းများကိုပြီးစလွယ်ဆောက်လုပ်ထားပြီး ၊ရေထုတ်မြောင်းများမပါဘဲ ဆောက်လုပ်ထားပါသည် ။ အိမ်သာမှရေဆိုးထုတ်ရန်အတွက်လည်းရေဆိုးကန် တစ်ခုမှဆောက်လုပ်ထားခြင်းမရှိဘဲ အိမ်သာကိုလမ်းမကြီးရှေ့တွင်ဆောက် လုပ်ထားပြီး အိမ်သာမှထွက်ပေါက်မရှိသောရေဆိုးများကို ယခုအခါရေမြောင်းတစ်ခု ပြီးစလွယ်အနက်တူးပြီးအများပြည်သူသွားရာလမ်းမပေါ်တွင်မည်သည့်နေရာကို စီးဆင်းစရာမရှိဘဲ လမ်းဘေး၊စာသင်ကျောင်းဘေးရေဆိုးထုတ်ချထားပါသည်။ ရေဆိုးများနံစော်လျှံထွက်နေပါသည်။ ဈေးတစ်ဈေးဆောက်လုပ်ရာတွင်သင့်တော်သည့် ရေထုတ်မြောင်းများ၊ ရေဆိုးကန်များရေစီဆင်းရာရေထုတ်ပေါက်များထားရှိဆောက်လုပ်ရမည်ဖြစ်သော် လည် (၃)ယောက်ပေါင်း(၄)တန်မအောင်သူများဦးဆောင်ပြီး(ငါတို့ပင်ပန်းလို့သိန်း(၁၅၀)တန်တစ်ယောက်တစ်ခန်းအလကားယူတယ် တိုင်ချင်ရာတိုင်ဆိုသူများ) သက်ဆိုင်ရာအင်ဂျင်နီများမှဈေးဆောက်လုပ်ထားမှုသည်အဆောက်အဦးစည်းကမ်း နည်းလမ်းနှင့်မညီသောကြောင့် ခွင့်ပြုချက်လက်မှတ်မထိုး သော်လည်းငါတို့ဖွင့်ချင်တိုင်းဖွင့်လို့တယ်ဆိုသော ငါမိုကရေစီများ။အားထိရောက် စွာအရေးယူဆောင်ရွက်ပေးရန်နှင့် သံတွဲမြို့နယ်အတွင်း ကြီးလေးသောအိမ်ခွန်၊အမှိုက် မသိမ်းဘဲပေး နေရသောအမှိုက်ခွန်၊ ရေမလာဘဲပေးနေရသောရေခွန်နှင့်မီးခွန်နှင့် မည်သည့်ဘေးကိုဖြစ်စေသည်မသိဘဲမိမိအိမ်တွင်မိမိဈေးရောင်း နေသော်လည်းစည်ပင်အားပေးနေရသောဘေးအန္တရယ်အခွန်များ ကိုကြီးလေးစွာမှာ ကောက်ခံပြီး စည်ပင်အားပေးနေရသော်လည်းယခုအခါ လူထုနှင့်မသက်ဆိုင်ဘဲစည်ပင်မှတာဝန်ရှိသည့် ရေမြောင်းကိုအတင်းအားဓမ္မပြည်သူလူထုအားလုပ်ပေး ခိုင်စေကာ ရေမြောင်း ပေါက်ခိုင်းနေပါသည်။ ဈေးရေမြောင်းကိုကိုစနစ်တကျမပြုလုပ်ဘဲရေဆိုးများအပြင်သို့ထွက်ကာ လမ်းဘေးနှင့်ဆိုင်များနံစော်နေပါသည်၊ဈေးမှရေဆိုးစနစ်ကိုစနစ်တကျမပြုလုပ်ဘဲ ကန်ထရိုက်နှင့်ဈေးကော်မီတီပေါင်းကာမိမိတို့လုပ်ချင်သလိုလုပ်ဆောင်နေပါသည်၊ […]