ဘဝ… တစ်ခါ… တစ်ခဏတာ……။ နေရာမှန်…မာန အတ္တ…ဆိုစေက…ဆို လိုရင်သာ လိုနေလိမ့်မပေါ့…….တဲ့…….။ အဲ့သလို…ခပ်ဖေါ့ဖေါ.့…အတွေးနဲ့ လောကအလယ် ဆော့ကစားရင်း သက်ပြင်းသံ…အကြိမ်ကြိမ် သိမ်ငယ်မှု…အခါခါ ပျော်စရာ…အဆက်ဆက် မက်စရာ…အဖုံဖုံ ယုံစရာ….ခပ်များများ…မှာ သွားရင်း..မျှော်လင့် ထိုင်းရင်း…တောင့်တ ကြောင့်ကျရင်းလည်း …. ကျေနပ်နေခဲ့လိုက်တာ…။ ငါ………..လေ……. ခုတော့……….. တွယ်တာခဲ့တဲ့….မာန (ကိုယ်တိုင်) ခဝါချလိုက်ချင်ပေမယ့် (ကိုယ်တိုင်ပဲ)..မတတ်သာခဲ့……။ ခုလည်း….ကြည့် အသိမှောက်စွာ… မြှောက်တာနဲ့ကြုံရင် မှုန်နေအောင် ‘ က ’ ချင်သလို ပင့်သာ….ပေးလို့ကတော့ ‘ ဟင့် ’ ကနဲနေအောင်..ထောင်ချင်နေသေးတဲ့…..လက်မတွေ…..။ ဆိုတော့…… အမောင်…သာလိကာရေ ( ဗျာ) လောကဇာတ်ခုံမှာ ပျော်လိုက်စမ်း…တစ်ခါ ငိုလိုက်စမ်း…ဟဲ့….တစ်လှည့်ကို ဒဲ့..တစ်မျိုး…တွတ်..တစ်သွယ် ဒီလိုရယ်…. ရှိခဲ့တာပဲ……လေ….။ ဒါပေမယ့်……. မင်းရွေးမယ့်…လမ်း မင်းလှမ်းရာဝယ်….မှာ ငါရယ်… သူတစ်ပါးရယ် ယောက်ကျားရယ် […]