(၁) နဖူးပေါ် လက်တင်ပြီး သည်လိုနှင့်မိုးလင်းခဲ့ရတဲ့ ညပေါင်းများလှပြီ။ ညစဉ်ညတိုင်း တွေးလွန်လွန်းလို့လည်း ဦးနှောက်တွေခြောက်ရပြန်သေး။ နေ့စဉ်အမျှ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝလမ်းကိုပြန်တွေးရင် ရှေ့ဆက်ရမယ့်လမ်းတွေအတွက် ရင်လေးရပြန်သည်။ ဘာလိုလို်နဲ့ အိမ်ထောင်ဦးစီးနေရာကို ကျုပ်လက်လွဲခဲ့တာ ခုနှစ်နှစ်ကျော် ရှစ်နှစ်တွင်းရောက်လာခဲ့ပါပေါ့လား။ ဘဝကို အရက်နှင့်မျောနေတဲ့ ယောကျာ်းကို အပြစ်တွေတင်နေရုံနှင့် အိမ်ထောင်ရေးပြóနာတွေ ပြေလည်သွားမှာ မဟုတ်မှန်းသိလို့ ကျုပ်လွတ်ထားခဲ့တာပေါ့။ စိတ်သဘောထား ကြည်ဖြူလှတယ်ရယ်လို့ ဘယ်ဟုတ်ရမည်လဲ။ ပြောလို့မရလို့ လက်ပိုက်ကြည့်နေတာကို ဒင်းက “ အ ” တယ်များထင်နေလေရော့သလား။ ကျုပ်မှာတော့ ဒင်းအပြင်နောက်ထပ် ပါးစပ်ပေါက် သုံးပေါက်အတွက် တစ်နေ့ကုန် ခါးမဆန့်ရလေအောင် ရှာရ၊ ဖွေရ၊ လုပ်ရနှင့် အအားနေရသည်မရှိ။ ရှိတာလေးနှင့်စား တင်းတိမ်ရောင်ရဲနေရုံနှင့် ဘာမျှဖြစ်လာမှာမဟုတ်ဘူး။ သားသမီးတွေရဲ့ အလုံးစုံသော ဗာဟီရကိစ္စတွေနှင့်တင် မယားဝတရားဆိုတဲ့ ပညတ်ချက်တွေ […]