(၁)             နဖူးပေါ် လက်တင်ပြီး သည်လိုနှင့်မိုးလင်းခဲ့ရတဲ့ ညပေါင်းများလှပြီ။ ညစဉ်ညတိုင်း တွေးလွန်လွန်းလို့လည်း ဦးနှောက်တွေခြောက်ရပြန်သေး။ နေ့စဉ်အမျှ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝလမ်းကိုပြန်တွေးရင် ရှေ့ဆက်ရမယ့်လမ်းတွေအတွက် ရင်လေးရပြန်သည်။ ဘာလိုလို်နဲ့ အိမ်ထောင်ဦးစီးနေရာကို ကျုပ်လက်လွဲခဲ့တာ ခုနှစ်နှစ်ကျော် ရှစ်နှစ်တွင်းရောက်လာခဲ့ပါပေါ့လား။ ဘဝကို အရက်နှင့်မျောနေတဲ့ ယောကျာ်းကို အပြစ်တွေတင်နေရုံနှင့် အိမ်ထောင်ရေးပြóနာတွေ ပြေလည်သွားမှာ မဟုတ်မှန်းသိလို့  ကျုပ်လွတ်ထားခဲ့တာပေါ့။ စိတ်သဘောထား ကြည်ဖြူလှတယ်ရယ်လို့ ဘယ်ဟုတ်ရမည်လဲ။ ပြောလို့မရလို့ လက်ပိုက်ကြည့်နေတာကို ဒင်းက “ အ ” တယ်များထင်နေလေရော့သလား။ ကျုပ်မှာတော့ ဒင်းအပြင်နောက်ထပ် ပါးစပ်ပေါက် သုံးပေါက်အတွက် တစ်နေ့ကုန် ခါးမဆန့်ရလေအောင် ရှာရ၊ ဖွေရ၊ လုပ်ရနှင့် အအားနေရသည်မရှိ။ ရှိတာလေးနှင့်စား တင်းတိမ်ရောင်ရဲနေရုံနှင့် ဘာမျှဖြစ်လာမှာမဟုတ်ဘူး။ သားသမီးတွေရဲ့ အလုံးစုံသော ဗာဟီရကိစ္စတွေနှင့်တင် မယားဝတရားဆိုတဲ့ ပညတ်ချက်တွေ […]


ပတ်ဝန်းကျင်တစ်ခုလုံးကို မှုန်မှိုင်းနေလောက်အောင် ဖုန်တွေ ထူနေသည်။ လေထုထဲတွင် ဖုန်မှုန်များ ပျံ့လွင့်နေသည်မှာ နီကျင်ကျင် ရောင်ပင် ပေါက်နေတော့သည်။ ကြည့်လေရာရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ခေတ်၏ ပြယုဂ်လေလား။ ကွေ့ကောက်စွာစီးဆင်းနေသော ဥရုချောင်းရေပြင်သည် ဟိုနား ရေကျဲကျဲ သည်နား ရေကျဲကျဲ။ နောက်ကျိနေသော ရေပြင်တွေ အမှိုက်သရိုက်များနှင့် ရောပြွန်းနေသည်။ ဥရုရေသည် သောက်သုံးရန် မသင့်ဟု သိရတော့ ဝမ်းနည်းချင်ချင်။ တစ်ချို့နေရာများတွင် လူအများဖြတ်ကူး၍ရလောက်အောင် ဒူးခေါင်သာသာ သာလျှင် အနက်ရှိသည်။ တစ်ချို့နေရာများတွေတော့ မြေသယ်ယာဉ်ကြီးများ ဥဒဟို ဖြတ်သန်းသွားလာနိုင်နေပြီ။ ဥရုချောင်းတစ်နေရာအား အပေါ်စီးမှကြည့်လျှင် ချောင်းနှင့်ပင်မတူတော့ပဲ မြောင်းတစ်ခုပမာ မြင်နေရသည်။ ဥရုချောင်း ဝဲယာတွင်တော့ ကျောက်စိမ်းထုတ်လုပ်ရေး ကုမ္ပဏီများ၏ မြေသယ်ယာဉ်များက လူးလားခေါက်ပြန် မြေစာသွန်နေကြသည်။ ထို မြေစာသယ်ယာဉ်တန်းကြီးကိုကြည့်ရသည်မှာ ပုရွက်ဆိတ်ကလေးများ စီတန်း သွားလာနေသကဲ့သို့ပင် […]


ခေတ်နှင့်အညီ တိုးတက်နေသော အချိန်တွင် အချိန်နှင့်တပြေးညီလှုပ်ရှားနေရသော သူများသည် အသေးအမွှားကိစ္စကိုပင် စိတ်မရှည်ကြဟုပြောလျှင် သူလက်ခံပါသည်။ သူလည်း နည်းနည်းလေးမျှ သည်းခံစိတ်မရှိပေ။ စောင့်ဆိုင်းရခြင်းဟူသည် သူ့အတွက်တော့ ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလွန်းလှသည်။ သို့သော် မစောင့်လျှင်မရဟူသော စကားတစ်ခွန်းက သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေသည်ကော။ မသေချာလျှင် မကြေငြာသည်ကပင်ပိုကောင်းသည်ဟု ဗျို့ဟစ်၍ပင်ပြောလိုက်ချင်နေတော့သည်။ ဖြစ်ပုံကို ပြောပါမည်။ သူသည် လွန်ခဲ့သော လ (တိတိကျကျ)ပြောရလျှင် သုံးလခန့်က ခုခေတ်စားနေပါသော ငါးသိန်းတန် CDM450 MHzတစ်လုံး ဝယ်ကိုင်မိသည်။ ထိုဖုန်းသည် သူ နှစ်လလောက်သာ ကောင်းကောင်းပြောလိုက်ရပြီး လက်ကမြင်းမိသောကြောင့် ကဒ်ပျက်သွားလေတော့သည်။ ရှိစုမဲ့စုလေးကို စုဆောင်းဝယ်ယူထားသော ဝန်ထမ်းဖြစ်သူ သူ့အဖို့ မီးခဲပေါ်ထိုင်မိနေသကဲ့သို့  ဟိုပြေးသည်ပြေးရတော့သည်။ နောက်ဆုံးတော့ ကဒ်ပျက်လျှောက်ရမည်ဆိုသော အချက်သာလျှင် ဝိုင်းဝန်းအတိပြုကြသောကြောင့် မူရင်းဝယ်ယူထားသော ဆိုင်သို့သွားရောက်၍ ကဒ်ပျက်လျှောက်ရန် […]


အနောက်တောင်ဆီမှာ မိုးတွေညို့နေသည်။ အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ သည်မြင်ကွင်းကိုကြည့်နေမိသည်မှာ နာရီဝက်လောက်တော့ အသာလေးရှိမည်။ တိမ်သား မည်းမည်းများသည် အလိပ်လိုက် အလိပ်လိုက်ဖြင့် ကောင်းကင်ကြီးတစ်ခုလုံးကို မည်းနက်သွားစေလေသည်။ နောက် လျှပ်ပန်း လျှပ်နွယ်များက ဟိုတစ်ချက် သည်တစ်ချက် ပြိုးခနဲ ပျက်ခနဲ လင်းလက်သွားကြသည်။ မိုးခြိမ်းသံများကလည်း ကြောက်မက်ဖွယ်ရာ မြည်ဟီးလာသည်။ မိုးစက်ကလေးများ တစ်ပေါက် နှစ်ပေါက်..။ ထို့နောက် မိုးစက်များ အိမ်ခေါင်မိုးပေါ်သို့ အဆက်မပြတ် ကျလာကြသည်။ သူမ နားတစ်ခုလုံး တဝေါဝေါဖြင့် ဆူညံ နေလေတော့သည်။ မိုးနှင့်အတူ လေပြင်းခပ်ကြမ်းကြမ်းပါ ဝှေ့ယမ်းတိုက်ခတ်လိုက်သောအခါ သစ်ပင်ကြီး ငယ်များ ဟိုယိမ်း သည်ယိမ်း..။ “မိုးတွေ ရွာလာပြီမောင်…” မျက်ရည် တစ်စက်..။ လေပြင်းပြင်းများကြောင့် သူမ၏ ရှည်လျားသော ဆံနွယ်များ ဖွာလန်ကျဲစွာလွင့်ပျံနေကြသည်။ ကောင်းကင်ပြင်ထက်တွင် လင်းခနဲတစ်ချက်…လျှပ်စီးလက်သွားပြန်သည်။ […]


(၁)           မကြာလှသေးတဲ့ အချိန်လေးအတွင်းမှာ ဖြစ်ပျက်မှုက မြန်ဆန်လွန်းလှတယ်လို့ ထင်မိတယ်။ မြန်လိုက်တဲ့အချိန်ကလေး။ အဲဒီအချိန်လေးအတွင်းမှာ အံ့ဩဘနန်းဖြစ်မှုတွေ၊ အားမလို အားမရဖြစ်မှုတွေ၊ စုပ်တသပ်သပ်ဖြစ်မှုတွေနဲ့ လူတိုင်းအလုပ်ရှုပ်သွားခဲ့တယ်။ စက္ကန့်ပိုင်းကလေး၊ မိနစ်ပိုင်းကလေးပါ။ အဲဒီအချိန်လေးမှာ ဖြစ်ပျက်သွားတာတွေကို ယုံကြည်နိုင်ဖို့ခဲယဉ်းပေမယ့် ယုံကြည်ဖို့ရန်အကြောင်းလဲ အခိုင်အမာရှိတယ်။ ဘယ်သူက ငြင်းရဲမလဲ။ ဒီလိုဖြစ်သွားတာ မယုံနိုင်ပါဘူးလို့ ဘယ်သူက ပြောဦးမလဲ။ လွတ်လပ်စွာ ငြင်းခုန်လို့ရပေမယ့် ငြင်းခုန်ခြင်းရဲ့နောက်ကွယ်မှာ တိကျသေချာလှတဲ့ အဖြစ်အပျက်ကရှိလေတော့ အမှားတစ်ခုကို သိသိရက်နဲ့ ဘယ်သူမှ အမှန်လို့မပြောရဲကြဘူး။ မြင်နေရတဲ့ မြင်ကွင်းတစ်ခုမှာ တစ်ခါဆို တစ်ခါဖူးမျှမရောက်ဖူးတဲ့ မြင်ကွင်းမို့ အတွေးထဲမှာ လှိုင်းဂယက်ကလေးတွေထသွားရတယ်။ ဘယ်သူမှ မပိုင်တဲ့မြေတစ်နေရာမှာ လူတွေ စုရုန်းကြပါတယ်။ လူတိုင်းရဲ့ မျက်နှာအောက်က မြုပ်ကွက်ကလေးတွေကို ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ အဖြေရှာစရာမလိုပါဘူး။ အထင်သားပေါ်နေတဲ့ မျက်နှာပေါ်က […]


တစ်ဦးတစ်ယောက်နဲ့ ဖော်ဆောင်လို့မရတဲ့ နေရာတွေမှာ ပေါင်းစည်းအားတစ်ခုအနေနဲ့ အဖွဲ့အစည်းလေးတွေဖွဲ့ပြီး လုပ်ငန်းပြီးမြောက်အောင် ဖော်ဆောင်လာရပါတယ်။ တစ်ယောက်အားနဲ့ အသေးအဖွဲလုပ်ငန်းငယ်လေးတွေကိုလုပ်နိုင်တယ်ဆိုတာ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးတွေမို့သာရတာပါ။ ကြီးကြီးမားမား လုပ်ငန်းကြီးတွေကိုတော့ လူများများနဲ့ တက်ညီလက်ညီလုပ်ကိုင်မှသာ အောင်မြင်မှုကိုရမှာပါ။ လူများများနဲ့ဆိုရာမှာ…ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီးဖော်ဆောင်မှရမှာပါ။ ထိုသို့ဖော်ဆောင်ရာမှာ သတ်မှတ်ချက် စံနှုန်းများ မည်သို့ပင်ရှိစေ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စိတ်ဓာတ်များဟာ ညီညွှတ်နေမှသာ အောင်မြင်နိုင်မှာပါ။ ဆိုကြပါစို့ အဖွဲ့အစည်းတစ်ခုမှ တစ်ဦးတစ်ယောက်က စိတ်ဓာတ်ရေးရာအရ ညံဖျင်းနေမယ်ဆိုရင် ကျန်လူများဟာ အဲဒီလူကြောင့် ပျက်စီးလာနိုင်တာကိုတွေ့ရမှာပါ။ တစ်ဦးတစ်ယောက်ကြောင့်ဆိုရာမှာ ထိခိုက်မှုနည်းနိုင်ပေမယ့် အုပ်စုလိုက်တစ်ခုချင်းဆီအလိုက် ညံဖျင်းလာရင်တော့ COMPANYတစ်ခုအတွက် နှစ်နာမှုတွေ ကြီးမားလာနိုင်ပါတယ်။ ဆိုကြပါစို့ COMPANYတစ်ခုမှာ ဆိုင်ရာဆိုင်ရာ ဌာနအလိုက် အုပ်စုတစ်စုချင်းဆီ ခွဲထားမယ်ဆိုပါစို့။ ထိုအုပ်စုများ ပေါင်းစည်းမှာသာ လုပ်ငန်းခွင်တစ်ခု အထစ်အငေါ့မရှိ အောင်မြင်ပြီးစီးနိုင်ပါတယ်။ အုပ်စု တစ်စုနဲ့တစ်စု၊ ဌာန […]


“ခွမ်း” ဖန်ခွက်ကို သူ့ခြေထောက်နှင့်တိုက်ချလိုက်မိတယ်။ ဒါဆိုရင်တော့ ကိုဩတို့ အော်တော့မယ်ဆိုတာ သိတယ်။ ကိုဩတို့အခန်းထဲကိုရောက်လာခဲ့တာကြာပြီ။ တစ်ခြားနေရာတစ်နေရာမှာနေတုန်းကဆိုရင် သူ ဝဝလင်လင် ပြည့်ပြည့်စုံစုံ မစား မသောက်ခဲ့ရဘူး။ ကိုဩတို့အခန်းမှာတော့ သူ့အတွက် နတ်ဘုံနတ်နန်းကိုရောက်နေရသလိုပဲ..။ သူကလည်း သူ့အပြင် အဖော်အပေါင်းတွေကိုပါ ကိုဩတို့အခန်းကိုခေါ်လာခဲ့တာ ခုဆိုရင် ပျော်စရာကြီး။ တစ်ခါတစ်ရံ ကိုဩတို့ သူငယ်ချင်းသုံးယောက် ငြင်းခုံနေတာကို ချောင်တစ်နေရာကနေ နားထောင်ပြီး နေရတာ ပျော်စရာကောင်းသလို တစ်ခါတစ်လေမှာတော့ ကိုဩတို့သူငယ်ချင်းတွေ စိတ် အခန့်မသင့်ဖြစ်ပြီး အော်ဟစ်ရန်ဖြစ်နေရင်တော့ သူလည်း ထွက်ပြေးရတာပါပဲ..။ သူက ကိုဩတို့အခန်းထဲမှာနေပေမယ့်လို့ စည်းမရှိ ကမ်းမရှိ မလုပ်ဘူး။ အဲ စည်းမရှိ ကမ်းမရှိနေရင်တော့ သူက ကိုဩတို့ သူငယ်ချင်းသုံးယောက်ကို ပညာပေးမိတာလည်းရှိတာပေါ့။ ကိုဩတို့က လူတွေကသာ ခန့်သန့်သန့်နေတာ။ ကိုဩဆိုရင် အနေအထိုင်သန့်တယ်..။ […]


သမုဒ္ဒရာ ဝမ်းတစ်ထွာ ဟူသော ဆိုရိုးစကားလေးတစ်ခုရှိသည်။ ကျယ်ပြောလှသော သမုဒ္ဒရာရေပြင်ကြီးနှင့်နှိုင်းယှဉ်ပြီး လူတို့၏ ဝမ်းစာရေးကို လွန်လွန်ကျူးကျူးဖွဲ့ဆိုထားသည့် ဆိုရိုးစကားတစ်ခု။ လူတိုင်းလူတိုင်း ဝမ်းစာရေးအတွက် ရပ်တည်ချက်အမျိုးမျိုးနှင့် ရှင်သန်ကြရသည်။ တစ်ချို့က သမာအာဇီဝကျကျ..။ သန့်ရှင်းသည် ရပ်တည်ချက်မျိုးဆိုသည်ကို သူမ နားမလည်။ သူမသည်ပင် ဝမ်းစာရေးအတွက် ရပ်တည်ခဲ့ရသည်ပင် သန့်ရှင်း၏လော….မသန့်ရှင်းသလော..ဝေခွဲမရသေး။ သို့သော် သူမလုပ်နေသော လက်ရှိအလုပ်သည် အများအမြင်၌ တင့်တယ်ခြင်းမျိုးမရှိသောအလုပ်ဟု တစ်ခါတစ်ခါ ထင်မိသေးသည်။ သူမသည် သမာအာဇီဝကျကျ ရပ်တည်နေခဲ့ပါသည်ဟုဆိုလျှင် အများက ရယ်ပင်ရယ်လေမလား။ သူမတွင် သားလေးတစ်ယောက်ရှိသည်။ ထိုသားလေးအပေါ်တွင် မိခင်မေတ္တာအပြည့်အဝမပေးနိုင်သေးသည်ကို သူမ ဝမ်းနည်းနေရသည်။ သူမဘဝ တစ်လျှောက်တွင် ရိုးသားစွာ ကျင့်ကြံနေထိုင်ခဲ့ပါလျှက်နှင့် ယခုကဲ့သို့သော ဘဝကို ဘာကြောင့်ပိုင်ဆိုင်ရပါသနည်းဟု ညတိုင်းနီးပါး သူမတွေးမိသည်။ သူမသည် ယုံလွယ်သူတစ်ယောက်လေလား။ ထိုယုံကြည်လွယ်သည့် စိတ်ကြောင့်ပင် […]


မကြာခင်လေးတင်မှာတင် “တောက်”ခေါက်သံကို ကြားလိုက်ရ၍ သူပြတင်းပေါက်မှ ချောင်းကြည့်လိုက်မိသည်။ ရုတ်တရက် လူအများ၏ အကြည့်များ ဘာကြောင့် ခက်ထန်သွားရပါလိမ့်။နဝေတိမ်တောင်ဖြစ်နေသော သူသည် ဘေးဘီဝဲယာကို ကြည့်၍ ဘာများဖြစ်သွားကြပါလိမ့်ဟု စူးစမ်းလိုက်ရသည်။ “ဘာဖြစ်တာလဲ..” “ကိုသော်ဇင်တို့ အဖွဲ့ ဒီည ပြဇာတ်မကတော့ဘူးတဲ့” “ဘယ်လို မကတော့ဘူး ဟုတ်လား တစ်ကုမ္ပဏီလုံး ကြေငြာပြီးနေပြီမဟုတ်လား ဘာကြောင့်ဖြစ်တာလဲ” “မသိဘူးဗျ ကိုသော်ဇင်ဘက်ကနေ လိုက်ပြီး လူတွေ စိတ်တိုနေကြတယ်” ကိုသော်ဇင်ကို သူသည်။ ဒီနှစ် ခရစ္စမတ်ပျော်ပွဲရွှင်ပွဲတွင် ခါတိုင်းနှင့်မတူ ထူးခြားစွား တစ်ခန်းရပ် ဟာသ ပြဇာတ်ကို စတင် ကပြဖို့ ဆော်ဩကြသူတွေ။ ကိုသော်ဇင်နှင့်အတူ ကိုဇော်သန့်ပါ ဦးဆောင်သည်ဟု သိရသည်။ ခါတိုင်းနှစ်များကဆိုလျှင် ခြင်းလုံး၊ ဘော်လီဘော၊ လွန်ဆွဲ၊ မာရသွန်နှင့်ကံစမ်းမဲနှိုက်ပွဲများနှင့်သာ ပျင်းခြောက်ခြောက်ပြီးခဲ့ရသည်။ ဒီနှစ်မှာတော့ ပြဇာတ်လေးပါ […]


အိပ်မပျော်နိုင်တဲ့ညမှာ အေးစက်ခြင်းတစ်ဝက် ပူပန်မှုတစ်ဝက်နဲ့ ဝေဒနာတစ်ချို့က ခေါင်းထဲ နေရာယူတယ်..။ ရပ်တန့်သွားတဲ့ အစိမ်းရောင်လွင်ပြင်တစ်ခုလုံး မနေ့တစ်နေ့ကလို စက်သံတွေ မညံဘူး ကားသံတွေ မစည်ဘူး… ဆိုင်ကယ်သံ မကြားရတဲ့ နီကျင်ကျင် လမ်းမထက်မှာ ကျိုးတိုးကျဲတဲ လူတွေ စိုးရိမ်စိတ်တွေနဲ့ လမ်းလျှောက်နေလေရဲ့… ငါတို့က နေရာတစ်ခုမှာ နားစွင့်ရုံလေးပါ….။ တစ်ချို့က မြင့်တက်သွားတဲ့ ဈေးနှုန်းအောက်မှာ ပြားပြားဝပ်လို့ ဆန်ဆီဆားဈေး မျှော်ကြည့် ဝယ်ချင်တိုင်းဝယ်မရတဲ့ ဒုက္ခနဲ့ ဝယ်စရာ အသပြာမရှိတဲ့ ဒုက္ခ နင်းပြားအောက်ခြေ လူတန်းစားတွေမှာ အိမ်ပြန်စရာ လမ်းက ဘယ်မှာလဲ….။ ငါတို့ ရဲ့ အိမ်ပြန်ချိန် မမျှော်လင့်သေး အလိုရမ္မက်ရဲ့နောက်မှာ ကပ်ငြိနေတဲ့စိတ်တွေက မိသားစုအရေးတွေ..၊ ဇနီးမယား သား မြေးတွေ ရည်ရွှယ်ချက်အပြည့်နဲ့ ခြေလှမ်းခါမှ ရှေ့တစ်လှမ်းမတိုးခင် နောက် ဆယ်လှမ်းမဆုတ်ခိုင်းလိုက်ပါနဲ့… […]


လွတ်လပ်ရေးနေ့၏ နောက်တစ်ရက်တွင် တိတ်ဆိတ်သွားခဲ့သော မှော်တစ်ခွင်လုံးကိုကြည့်ရင် း သူ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပေါ်နေ၏။ ၂၄နာရီပတ်လုံးနည်းပါး အလုပ်လုပ်နေသော မှော်သည် ယခုတွင် စက်သံ၊ကားသံ၊ မိုင်းခွဲသံများ မကြားရတော့ပဲ တိတ်ဆိတ်ခြင်း မင်းမူနေခဲ့ပြီ။ အနီးအပါးရှိ လုပ်ကွက်များသည်လည်း ရုတ်တရက် လုပ်ငန်းလည်ပတ်နေသည်များကို ရပ်ဆိုင်းလိုက်ကြသည်။ သူ လုပ်နေသော ကုမ္ပဏီသည်လည်း အများနည်းတူ လုပ်လက်စ လုပ်ငန်းခွင်ကို ရပ်ဆိုင်းလိုက်ရလေတော့သည်။ ကုမ္ပဏီဝန်းအတွင်းသို့ မြေစာသယ်ကားများ တစ်စီးပြီး တစ်စီးမောင်းဝင်လာနေကြသည်ကိုကြည့်ရင်း သူ မပျော်ချေ။ ဖားကန့်သည် ကျောက်စိမ်းထွက်ရှိရာ ဒေသ။ မြန်မာနိုင်ငံ၏ အားကိုးအားထားပြုရာ သယံဇာတ ရတနာသိုက်ကြီးတစ်ခု။ ယခုတော့ ထိုရတနာနယ်မြေတစ်ခုလုံး ရပ်တန့်နေရသည်။ မည်သည့်ကုမ္ပဏီမှ အလုပ်မလုပ်တော့။ တစ်ချို့က ကုမ္ပဏီသိမ်းနေပြီ။ သို့သော် နေရပ်သို့ပြန်၍လည်းမရ။ အဘယ်ကြောင့်ဆိုသော် ဖားကန့် -မိုးကောင်းလမ်းသည် မတည်မငြိမ်ဖြစ်နေသော အခြေအနေများကြောင့် […]


ကုမ္ပဏီအတွင်းမှာ ဒီသတင်းကိုကြားလိုက်ရသောအခါ အားလုံးက အံ့ဩကြသည်။ တစ်ခါမှ သတင်း သဲ့သဲ့ မကြားဖူးသော အဆောင်တစ်ဆောင်ဖြစ်သောကြောင့်လည်း ကုမ္ပဏီ ဝန်ထမ်းအားလုံး၏ ဂရုစိုက်ခြင်းကို ပိုမိုရရှိနေခြင်းလည်း ဖြစ်နိုင်သည်။ ခါတိုင်း ပြဿနာဖြစ်လိုက်လျှင် ယောကျာ်းသားများနေသော ကျင်းသားအဆောင်များသာ အဖြစ်များသောကြောင့် ထိုအဆောင်ကနေ ဒီလို သတင်းဖြစ်ပေါ်လိမ့်မည်ဟု မည်သူကမျှတွေးမိလိမ့်မည်မဟုတ်။ ခုတော့ ဖြစ်ပြီ။ ကိုယ်စားလှယ်ကြီး ဦးတင်အောင် အလုပ်ရှုပ်ရလေပြီ။ သူ၏ရှေ့တွင် ထိုင်နေကြသော မိန်းမတစ်စုထံမှ ညံစည်စည်အသံများ၊ တစ်ယောက်တစ်ပေါက်ပြောသံများကြောင့်လည်း ခေါင်းရှုပ်ပြီး ခေါင်းပါ ကိုက်ချင်လာသည်။ ရုံးအပြင်ဘက်တွင်လည်း သို့လော သို့လောနှင့် စပ်စုသူ ကျင်းသားများနှင့် အိမ်ထောင်သည် အမျိုးသမီးများကလည်း တရုံးရုံးနှင့်။ လူ ငါးရာကျော်ရှိသော ကျောက်စိမ်းကုမ္ပဏီဆိုဒ်တစ်ဆိုဒ်ဖြစ်သည်နှင့်အညီ ပြဿနာ သေးသေးမွှားမွှားမှအစ ကြီးကြီးမားမား ပြဿနာများကို ဦးတင်အောင်ဖြေရှင်းရလေ့ရှိသော်လည်း ဒီတစ်ကြိမ်တွင်တော့ အခက်တွေ့ရန်အကြောင်းရှိနေလေသည်။ ဖြစ်ပေါ်သည်ကလည်း […]


(၁) ပြောပြရရင်တော့ ကျုပ်ရဲ့အကြောင်းက ရယ်စရာလိုလို ဘာလိုလိုပေါ့။ ဒါပေမယ့်လို့ ကျုပ်ကတော့ တကယ်ခံစားလိုက်ရတာ ဆိုတာတော့ မယုံမရှိနဲ့ဗျ။ ကျုပ်လေ ကျုပ်ကိုယ် ကျုပ် အားမလို အားမရဖြစ်မိတာလည်း အမှန်ရယ်။ ကျုပ်လို ရပ်သိ ရွာသိ လူပျိုကြီးတစ်ယောက်အတွက်တော့ ခုကျမှ အရှက်တွေကို ဗျန်းဗျန်းကိုကွဲလို့ပေါ့။ သူ့ဘာသူ နေနေတဲ့ လူပျိုကြီးတစ်ယောက်ကို ခလုတ်တွေတိုက်ပြီး အသည်းတွေကွဲအောင် ဘာလိုများ လုပ်ရက်ကြပါလာလိမ့်။ ပြောပြရဦးမယ်။ ကျုပ်ကလည်း ရွာမှာဆို မသိသူမရှိလောက်အောင်ကို နာမည်ကျော်တာရယ်။ လယ်လေး၊ ယာလေးရှိတော့လည်း မပူရ မပင်ရ စားနိုင် သောက်နိုင် လှူနိုင် တန်းနိုင်တဲ့ အထဲမှာပါလေတော့ ရပ်ရွာက အားထားရတဲ့ လူတစ်ယောက်လို့ ပြောရင်လည်းရတယ်။ ကျုပ်လူပျိုကြီးဖြစ်ရတာလည်း တစ်ခြားတော့ ဟုတ်ဘူး။ အငယ်တွေကို ငဲ့ကွက်ရင်း တစ်နှစ်ပြီး တစ်နှစ် […]