ThekkaJuly 2, 20121min24812
ဟိုတလောက ကမာ့္ဘခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်ပြန်လာတဲ့ ခရီးစဉ်မှာ လူတွေအများကြီး ကြိုဆိုကြတယ်လို့ သိရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မကြာသေးမီက ဖတ်ထားတဲ့ အရှင်ဇနကဘိဝံသရဲ့ အနာဂတ်သာသနာရေး ဆိုတဲ့စာအုပ် ဖတ်ထားမိတာကလည်း မကြာသေးပါဘူး။ အခု လာကြိုတဲ့လူတွေရဲ့ ချီးမြောက်သင့်သူကို တန်ဖိုးထားတတ်မှု၊ နိုင်ငံအရေးကို စိတ်ပါဝင်စား လှုပ်ရှားမှုတွေကို ဂုဏ်ယူ အားကျမိသလို သတိမူသင့်တဲ့ အကြောင်းလေးကို ဆရာတော့်စာအုပ် နိဂုံးမှာပါတဲ့ စာပိုဒ်လေးနဲ့ ပြောပြချင်ပါတယ်။ ဒီစာအုပ်ထုတ်ဝေတဲ့အချိန်က မြန်မာနိုင်ငံက ပူပူနွေးနွေး လွတ်လပ်ရေး ရထားတဲ့အချိန်ပါ။ အဲဒီခေတ်က အခြေအနေကို ရေးထားတာဖြစ်ပေမယ့် ဒီနေ့ခေတ်မှာလည်း အသုံးဝင်နေဆဲဖြစ်တဲ့ ဆရာတော့်ရဲ့ လမ်းညွှန်ချက်လေးကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ဆရာတော်က အဲဒီခေတ်က ဂျပန်၊ အင်္ဂလိပ်တွေနဲ့ ဆက်ဆံခဲ့ရတဲ့ အခြေအနေအရ သေနတ်၊ သင်္ဘောတွေ ဝယ်ဖို့ […]