Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


မြသဲ ( 17082011 )February 27, 20121min67734
၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည် း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။ တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် […]


မြသဲ ( 17082011 )February 24, 20121min36111
အခုတလောရွာထဲမှာကျောင်းကိစ္စတွေ ဆူနေတာနဲ့ ဒီပိုစ့်ကလေးကိုရေးဖြစ်တာပါ။ ကျွန်မတို့ငယ်ငယ်တုန်းက အစိုးရကျောင်း ဆိုတာဘာရှော့မှမရှိခဲ့ပါဘူး။ ရှိသူကော၊ မရှိသူကော သာတူညီမျှစိတ်အေးချမ်းသာတက်ခဲ့ရတာပါ။ တခြားရွေးချယ်စရာလဲ မရှိခဲ့ပေမဲ့ရှိခဲ့ရင်လဲ အစိုးရကျောင်းကိုပစ်ပယ်မယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ခေတ်ကဆရာ၊ ဆရာမတွေဟာ တကယ်ကို နာသုံးနာနဲ့ပြည့်ဝကြပါတယ်။ အသပြာ ဆရာ၊ ဆရာမတွေ မရှိဘူးလို့တော့ပြောလို့မရပေမဲ့ အင်မတန်နဲ ပါးသော ရေအတွက်ပါ။ တယောက်စ၊ နှစ်ယောက်စပါ။ အဲဒီဆရာမတွေဟာမြို့မှာနာမည်ပျက်ပါတယ်။ နယ်မြို့ဆိုတော့ပိုဆိုးပါတယ်။ သူတို့ကလဲ စီးပွားကတော့သတ် သတ်ရှာတာ၊ နာမည်တော့ပျက်မခံဘူးဆိုပြီးကျူရှင်မသင်တဲ့ဆရာမတွေထက်မနိမ့်တဲ့စေတ နာနဲ့သင်ကြပါတယ်။ ကျွန်မ စတိတ်ကျောင်းသူဘဝမှာ ကျူရှင်ဆိုတာ ၉ တန်းရောက်မှာစယူတာပါ။ ကျွန်မတို့တုန်းက ၈ တန်းမှာ ဝိဇ္ဇာ ၊ သိပံ္ပခွဲတဲ့စနစ်ဆိုတော့ သိပံ္ပတွဲပါလို့ကျူရှင်ယူရတာပါ။ ကျွန်မတို့ကလေးဘဝက နွေရာသီဆိုလဲ ၃ လလုံး အ ပြည့်အဝနားရပါတယ်။ မေလကုန်ခါနီးကျောင်းအပ်မှ စာဆိုတာခေါင်းထဲရောက်တာပါ။ အကြိုကျူရှင်၊ ဘာသင်တန်း၊ […]


မြသဲ ( 17082011 )February 24, 20121min48420
ကျွန်မငယ်ငယ်က ရှမ်းပြည်နယ်ရဲ့တောင်တွေကြားကမြို့လေးမှာနေခဲ့ရတာပါ။ တောင်တွေကြားထဲမှဆိုတော့တော်တော်ကိုအေးပါတယ်။ နေဆိုတာကလဲ မနက် ၉ ညနေ ၃ ပဲရပါတယ်။ နောက်တောင်ကြားထဲလဲဖြစ်၊ အနားမှာတောတွေတောင်တွေပဲရှိပြီးတခြားရှမ်းရွာတွေနဲ့အဆက်သွယ်ပြတ်ပါတယ်။ နယ်မြေကလဲမအေးချမ်းသေးပါဘူး။ မြို့  ဖြစ်လို့အမဲရောင်နယ်မြေတော့မဟုတ်ပေမဲ့အညိုရောင်အဆင့်တော့ရှိပါသေးတယ်။ အနားကရှမ်းရွာတွေကိုသွားမလည်ရဲပါဘူး။ လုံခြုံရေးစိတ်မချရလို့ပါ။ အခုတော့ အနားကရှမ်းရွာတွေကိုသွားလည်နေကြတာတွေ့ရတော့ကျွန်မငယ်ငယ်ကအဖြစ်အပျက်ကိုပြန်ပြီးသတိရမိပါတယ်။ ကျွန်မတို့မြို့ကလေးဟာ မြို့ထက်စာရင် စစ်တပ်ကပို များပါတယ်။ မြို့ပြင်မှာဆိုရင်စစ်တပ်ချည်းပါပဲ။ စစ်တပ်များတော့ ရှေ့တန်းပြန်ကလဲ တလတခါလောက်ကြိုရပါတယ်။ အဲတုန်းကကျွန်မတို့ကစစ်သားတွေကို တအား ချစ်ပါတယ်။ မြို့ကလဲစစ်သားဆိုရင်အစစ အရာရာကူညီပါတယ်။ ရှေ့တန်းပြန်ဆိုလဲ မြို့လုံးကျွတ်သောင်းသောင်းဖြဖြကြိုကြပါတယ်။ ပျော်စရာကြီးပေါ့ရှင်။ စစ်တပ်တခုခု ကများအကျများပြီဆိုရင်ကိုယ့်သွေးသားပါသလိုတမြို့လုံးစိတ်မကောင်းကြပါဘူး။ အေးချမ်းတဲ့မြို့လေးပေါ့ရှင်။ အညိုရောင်နယ်မြေဆိုပေမဲ့ဘာအနှောက်အယှက်မှမ ရှိပဲအေးအေး ချမ်းချမ်းနေလာရာကနေ တရက်တော့ဘယ်ကနေဘယ်လို သတင်းတွေထွက်လာတယ်မသိဘူး။ မြို့ကတပ်တွေကလဲတပြိုင်နက်လိုလိုရှေ့တန်းထွက်နေ တဲ့အချိန်ပေါ့။ မြို့ကို သူပုန်ဝင်မယ်ဆိုပြီးသတင်းတွေတော်တော်ထွက်နေတာပေါ့။ မြို့ကလဲကြောက်တာပေါ့။ ညဆိုတမြို့လုံးခြောက်ကပ်ပြီးလူသွားလူလာလဲမရှိ။ အ သံတောင်မထွက်ရဲ ဘူးပေါ့။ ကျွန်မတို့ကအမဲရောင်နယ်မြေကပြောင်းလာပြီး ကိုယ်တိုင်လဲတိုက်ပွဲတွေကြုံခဲ့ဖူးတော့ပိုကြောက်တာပေါ့။ အဲလိုနဲ့ ည ကိုခြောက်ခြောက် […]


မြသဲ ( 17082011 )February 23, 20121min48621
တိုင်းပြည်တိုးတက်အောင်၊ တိုင်းပြည်တာဝန်ကို စွမ်းစွမ်းတမံ ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ ထမ်းဆောင်နေကြတာတွေ့ရတော့ ကျွန်မမလဲ အမတ်လောင်းဖြစ်အောင် လုပ်ရင်ကောင်း မလားလို့ စဉ်းစားမိပါတယ်။ သူတို့တွေတော်တော်လေး ပင်ပန်းနေကြပုံလဲရတယ်နော်။ ဘာအိပ်မက်တွေများမက်နေလဲလို့ သိချင်စိတ်ကလဲဖြစ်နေမိ တယ်။ နေ့မအားညမနားများလွတ်တော်ညီလာခံလုပ်နေကြလို့ပါလား။ သိသူများရှိရင်လဲဖြေပေးကြပါအုံး။ တိုင်းရေးပြည်ရာဆိုတာ တော်တော်ရှုပ်ထွေး ပင်ပန်းမှန်းသူတို့ ကိုကြည့် မှ ပဲသိတော့တယ်။ လွှတ်တော်အမတ်တွေသနားပါတယ်နော်။


မြသဲ ( 17082011 )February 23, 20121min41015
Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်.. hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ […]


မြသဲ ( 17082011 )February 22, 20122min47525
ဘေဘီပင်ဂွင်းနဲ့ဘေဘီလင်းပိုင်လေးတို့မိတ်ဆက်ပွဲ ဇီးကွက်ပေါက်လေး စပျစ်သီးကမှသူ့ထက်ကြီးသေး ရှက်လို့ပါ ထိပ်ကွက်လေးပါရှင် လက်အေးမှာစိုးလို့ သများရေချိုးနေတယ် ကျွန်မကလေးပါရှင်


မြသဲ ( 17082011 )February 21, 20121min41311
အလှုအတန်းရက်ရောတဲ့ ဦးဇော်ဇော်၊ ပိုက်ဆံတွေ အုပ်လိုက်ဝေတဲ့ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးဥက္ကဋ္ဌဦးဇော်ဇော်။ ဒီလိုဂုဏ်ပုဒ်တွေပြည့်စုံတဲ့သူဟာ ဒဏ်ရာရနေ တဲ့ ဘောလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနိုင်ခဲ့ပါဘူး။ မောရဝတီနှင့် ကမော္ဘဇ အသင်းတို့၏ ပဒုမ္မာကွင်း ပွဲစဉ် ဒုတိယပိုင်းတွင် မောရဝတီ ကစားသမား အောင်ဌေးဦးသည် ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ ဆေးရုံကား မရှိခဲ့၍ ၁၅မိနစ်ကြာခန့် စောင့်ဆိုင်းခဲ့ရကာ အဆုံးတွင် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည် ဟု သိရသည်။ ကမော္ဘဇ အသင်းက ၆ – ၂ ဖြင့်အနိုင်ရရှိခဲ့သည့်အဆိုပါပွဲစဉ်တွင် ဒုတိယပိုင်းပွဲချိန် ၆၃ မိနစ်ခန့် တွင် မောရဝတီ ကစားသမား အောင်ဌေးဦး သည်ဘောလုံး ယှဉ်လုရင်း ဒူးတွင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ အောင်ဌေးဦး ကို ထူးကျော်နှင့် လူစားလဲပြီး […]


မြသဲ ( 17082011 )February 20, 20121min85536
ဒီတခါတော့ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရတဲ့ နည်းလေးတွေအကြောင်း ရေးချင်လို့ပါ။ သိတဲ့သူများလဲရှိမှာဖြစ်သ လို မသိတဲ့သူများအတွက်လဲ တန်ဖိုးမနဲစေတာမို့ ဒီပိုစ့် ကလေးကိုရေုးလိုက်တာပါ။ ကျွန်မတုံးကတော့ဒီနည်း တွေမသိခင်တော်တော်ခက်ခဲခဲ့ရပါတယ်။ သိသွားတော့လဲအမြဲအသုံးဝင်နေတာမို့ ဝေငှချင်စိတ်ပေါက်လာ လို့ရေး လိုက်တာပါ။ ဒီထဲမှာမပါတဲ့နည်းတွေရှိလို့ သိတဲ့သူများရှိရင်လဲမန့်တဲ့ထဲမှာ ရေးပေးလို့ရပါတယ်။ အိမ် သုံးပစ္စည်းတွေနဲ့မို့လိုချင်တဲ့အချိန်တိုင်း လွယ်တကူလုပ်လို့ရသလို မှတ်မိလဲလွယ်ပါတယ်။ နည်းလေးတွေက တော့   ၁။ မိမိအိမ်က whiteboard တွေ စွန်းထင်းညစ်ပတ်နေတာတို့၊ permanent marker နဲ့မှားရေးမိပြီး ဖျက်မရ ဖြစ်နေတာတို့ဆိုရင် သွားတိုက်ဆေးကို အဝတ်ထဲညှစ် ထဲ့ပြီး ဖိပွတ်ပေး၊ ပြီးရင်ရေလေးနဲ့ပြန်တိုက်လိုက် ရင် whiteboard  တွေဖြူဖွေးသွားစေပါတယ်။ ၂။ ခေါင်းလျှော်ရည်ပုလင်းတွေကုန်သွားလို့ ပြန်သုံးချင်တယ်၊ အနံ့ကလဲမပျောက်ဘူးဆိုရင် ပုလင်းထဲကိုရေ အပြည့်ထည့်၊ ဆားလေးထည့်ပြီး တညလောက်စိမ် ထားလိုက်ရင် ဘာနံ့မှမကျန်တော့ပါဘူး။ […]


မြသဲ ( 17082011 )February 20, 20121min42222
၅၀၀ဝ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည် ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ငွေကျပ် ၅၀၀ဝ တန်ဖုန်းများ ခွင်ပြုပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ပေါင်းတစ်သောင်းကျော် ရရှိ နေပြီ ဖြစ်သည့်အတွက် ယခုလအတွင်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ထံ ပေးပို့သွားမည်ဟု အသင်းဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်ထံမှ သိရှိရသည်။ ´´လက်မှတ်တော်တော်များများ ရနေပြီမို့ ပို့တော့မလို့ဘဲ၊ တချို့နယ်က လူတွေက ဖုန်းဆက်ပြီးပြောတယ်။ ဒီလကုန်ထိတော့ စောင့်ပေးပါ ဆိုတာနဲ့၊ ဒီလ ၂ဝရက်နေ ့နောက်ဆုံးထားပြီး လက်မှတ်တွေကိုလက်ခံသွားမယ် ဒီလအတွင်းတော့ပို့ သွားမှာပါ´´ဟု အသင်းဥက္ကဌက  the messenger သို့ ပြောသည်။ယင်းသို့ပေးပို့ရာ တွင် စာတိုက်မှ တစ်ဆင့်မဟုတ်ဘဲ၊ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်ပေးပို့သွားမည်ဖြစ်ကာ၊ သမ္မတရုံးသို့ လက်မှတ်မူရင်းများ […]


မြသဲ ( 17082011 )February 14, 20121min92834
ကားရပ်ပြီးဒီလိုလဲကွမ်းယာဝယ်ပါတယ်။   ဒီလိုလဲလမ်းနှစ်ဖက်လုံးအပြည့်ရပ်ပါတယ် သူတို့ကိုဒီလိုလဲရပ်စောင့်ရပါတယ် ဟိုတနေ့ကကျွန်မတို့အပြင်သွားတော့ နာနတ်တောလမ်းနဲ့အရိုးဆေးရုံလမ်းကိုဆက်ထားတဲ့ လမ်းသွယ်လေးကနေသွားမိပါတယ်။ မနက် ၈ နာရီလောက်ပေါ့။ အဲဒီလမ်းထဲမှာက Star အအေး ဂိုဒေါင်ရှိပါတယ်။ အအေးပို့မယ့်ကားတွေက အဲဒီမှာမနက်ဆိုရင် အအေးပုလင်းတွေလာထုပ်ရပါတယ်။ ပုံပါအတိုင်းလမ်း ကို နှစ်ဖက်လုံးအပြည့်ရပ်ပြီး အအေးပုလင်းတွေတင်လိုတင်၊ လမ်းထိပ်မှာရပ်ပြီး ကွမ်းယာဝယ်လိုဝယ်နဲ့ စည်းပျက်ကမ်းပျက်လုပ်ချင်တိုင်းလုပ်နေတာတွေ့ လို့ဓါတ်ပုံရိုက်ယူလာခဲ့ပါတယ်။ လမ်းကျဉ်းလေးမှာတဖက်ကလာတဲ့ကားတွေက ရပ်စောင့်ရပါတယ်။ သူတို့စက်ရုံပိုင်လမ်းလိုပဲ ထင်သလိုလုပ်နေကြပါတယ်။ စိတ်ပျက်စရာပါ။


မြသဲ ( 17082011 )February 13, 20121min73928
ဟိုတနေ့ကရွာထဲမှာပြောနေကြတဲ့ရန်ကုန်မြစ်ထဲမှာ မော်တော်စီးချင်ကြတဲ့ရွာသူရွာသား အပေါင်းတို့ကိုဒီပိုစ့်ကလေးနဲ့ဆန္ဒ  ဖြည့်ပေးလိုက်ပါတယ်။ ဒီပုံလေးကတော့ ဟိုနေ့တုန်းက ဗိုလ်တထောင်ဆိပ်ကမ်းရောက်တုန်း ရန်ကုန်မြစ်ထဲမှာစီးလို့ရတဲ့ အပျော်စီးမော်တော်လေးကပ်ထားတာမြင်လို့ မေးကြည့်လိုက်တော့ မြစ်ဝကို အပျော်စီးတဲ့ဘုတ်ကလေးလို့သိရပါတယ်။ ၃ ထပ်ပါပါတယ်။ တပါတ်ကို ၃ ရက်ထွက်တယ်လို့သိရပါတယ်။ တယောက်ကို ၃၀၀ဝ ကျပ်ပေးရတယ်လို့လဲသိရပါတယ်။ ည ရ နာရီထွက်ပြီး ပင်လယ်ဝထိသွားတယ်လို့လဲသိရပါတယ်။ မြစ်ထဲကိုလှေစီးချင်ကြတဲ့ သူများစုပြီးအပျော်စီးလို့ရပါတယ်။ ဆိပ်ကမ်းရုံးမှာလက်မှတ် ဝယ်လို့ရတယ်လို့လဲ သိရပါတယ်။ အသေးစိတ်သိရရင်တော့ ထပ်ပြောပေးပါ့မယ်။ ဇင်ယော်လေးတွေလဲအစာကျွေးလို့ရပါတယ်။