မြသဲ ( 17082011 )February 13, 20121min108
ဟိုတနေ့ကရွာထဲမှာပြောနေကြတဲ့ရန်ကုန်မြစ်ထဲမှာ မော်တော်စီးချင်ကြတဲ့ရွာသူရွာသား အပေါင်းတို့ကိုဒီပိုစ့်ကလေးနဲ့ဆန္ဒ  ဖြည့်ပေးလိုက်ပါတယ်။ ဒီပုံလေးကတော့ ဟိုနေ့တုန်းက ဗိုလ်တထောင်ဆိပ်ကမ်းရောက်တုန်း ရန်ကုန်မြစ်ထဲမှာစီးလို့ရတဲ့ အပျော်စီးမော်တော်လေးကပ်ထားတာမြင်လို့ မေးကြည့်လိုက်တော့ မြစ်ဝကို အပျော်စီးတဲ့ဘုတ်ကလေးလို့သိရပါတယ်။ ၃ ထပ်ပါပါတယ်။ တပါတ်ကို ၃ ရက်ထွက်တယ်လို့သိရပါတယ်။ တယောက်ကို ၃၀၀ဝ ကျပ်ပေးရတယ်လို့လဲသိရပါတယ်။ ည ရ နာရီထွက်ပြီး ပင်လယ်ဝထိသွားတယ်လို့လဲသိရပါတယ်။ မြစ်ထဲ%E


မြသဲ ( 17082011 )February 9, 2012468min1562
ဖခင် ဦးဖါ..မိခင်ဒေါ်စု မီးရှုးသန့်စင် ဖွားမြင်ခဲ့ပေါ့    ဒီဇမ္ဗူမှာ  ရှာမှရှား    အောင်ဆန်းဇာနည် ပြည်ချစ်သား    တိုင်းသူပြည်သား  ဗိုလ်လူအများ    ရဟန်းရှင်လူ ပြည်သူအပေါင်း    အေးချမ်းသာယာ လွတ်လပ်ရေးကို ရရှိဖို့ရာ    သားကောင်း ရတနာ  မွေးဖွားခဲ့တာ    ဖေဖော်ဝါရီ ၁၃မှာ  ဗိုလ်ချုပ်မွေးနေ့ပါ    ပြည်သူ့ရင်ထဲ ယနေ့ထိရှိတယ်    ကဝိ်စာပေတတ်ကျွမ်းဘိ ဘိုးဘွားပုံပြင် သူရဲကောင်းအတိ    ဘယ်သူဖျောက်ဖျက် မပျောက်ပျက်နိုင်တယ်    သမိုင်းမှတ်တမ်း မော်ကွန်းအရှိ    လူတိုင်းရင်ထဲ စွဲမြဲတွယ်ငြိ    သူလိုလူမျိုး နောက်တစ်ယောက်မရှိ………    ဒီဇမ္ဗူမှာ နောက်ထပ်မရှိ….    ပြည်သူ့ရင်ထဲ အောင်ဆန်းဇာနည် ယနေ့ထိရှိ………..    […]


မြသဲ ( 17082011 )February 9, 20121min37117
ပုလည်းပု သိမ်လည်း သိမ်ပေမယ့် သွေးကတော့ မနည်းပါဘူး။ … ခေါက်ဆွဲမုန့်ဟင်းခါးဆိုတာ ပုသိမ်သားတွေ အသေကြိုက်ပေမယ့် ဘယ်အချိန်မှာ စားရမယ်၊ ဘယ်အချိန်မစားရဘူးဆိုတာလည်း သိပါတယ်။ ခေါက်ဆွဲမုန့်ဟင်းခါးလောက်နဲ့တော့မစည်းရုံးနဲ့လေ ဂျီသရီးနဲ့ပစ်မယ်ဆိုတုန်းကတောင် ကမ်းလုံးညွှတ်ကြိုခဲ့ကြတာ ပစ်မယ့်စစ်သားတွေ နောက်ဆုတ်သွားခဲ့ရတာ ပုသိမ်မြို့ရဲ့ ကမ်းနားလမ်းမှာ . . .။ ကားနဲ့မသွားရလို့ တားလို့ အမေစု စက်ဘီးနဲ့ထွက်တော့ စက်ဘီးတွေနဲ့ လိုက်ခဲ့ကြတာ နှစ် ၂ဝ ကြာခဲ့ပြီဆိုပေမယ့် မနေ့ကလိုပါပဲ . . .။ မြို့လယ်ခေါင် ကွင်းမရလို့ ကိုးသိန်းကွင်းဆိုတော့ ရန်ဆွယ်ကိုးသိန်း ကွင်းတာပေါ့လို့ ပုသိမ်သားတွေက လှည့်တွေးတတ်တယ်။ လူငယ်တွေက မအိပ်ကြဘူး။ မနက်မနိုးမှာစိုးလို့ . . .။ ဆိုင်ကယ်တွေကို ဓာတ်ဆီအပြည့်ဖြည့်ထားတယ် မိုင် ၂ဝ အဝေးကနေ ကြိုလို့ရအောင် […]


မြသဲ ( 17082011 )February 8, 20121min2499
Coffee ချစ်သူများအတွက်…. Valentine days အကြို…..လတ်ဆောင်ပို့ပေးလိုက်ပါတယ်နော်… coffee သောက်ချင်တဲ့သူများ….ဒီလင့်ကိုဖွင့်ပြီး…အကြွေစေ့ထည့်ပြီးရင်သောက်လို့ရပြီနော်… Coffee ချစ်သူများအတွက်…. Valentine days အကြို…..လတ်ဆောင်ပို့ပေးလိုက်ပါတယ်နော်… coffee သောက်ချင်တဲ့သူများ….ဒီလင့်ကို copy လုပ် new tab ဖွင့်ပြီး paste လုပ်…အကြွေစေ့ထည့်ပြီးရင်သောက်လို့ရပြီနော်… http://vn247.net/flash/Relax/drink-cafe.swf


မြသဲ ( 17082011 )February 7, 20121min38214
၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။ လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ် ရုပ်ရှင်ပိုးထသော […]


မြသဲ ( 17082011 )February 6, 20121min2037
မနေ့က ကိုအောင် က အမြီးပဲတင်လိုက်လို့ ဒီနေ့အရည်လေးပါတွဲတင်ပေးလိုက်ပါတယ်။ ဒီပိုစ့်အားရပါးရ သောက်ပြီး ဟိုဖက်ပိုစ့်မှာမြီးလိုက်တော့နော်။ ဟိုပြေးဒီပြေးမို့နဲနဲတော့ပင်ပန်းမယ်နော်။


မြသဲ ( 17082011 )February 5, 20121min24411
ကျွန်မ မင်္ဂလာဆောင်တစ်ခု သွားတယ်။ ကမ္ဘ္ဘ္ဘ္ဘ  ာအေးဘုရားလမ်းပေါ်က နာမည်ကြီး ဟော်တယ်တခုပေါ့။ မင်္ဂလာဆောင်လဲရောက်ရော ရန်ကုန် မင်္ဂလာဆောင် တို့ထုံးစံ သီချင်းနာထောင်၊ ဟိုကြည့်ဒီကြည့်၊ တဝိုင်းထဲထိုင်တဲ့လူတွေကို မသိလဲပြုံးပြပေါ့။ ဒီလိုနဲ့အလုပ်ရှုပ်နေလိုက်တာ ၁ နာရီနီးနီးကြာတော့ မင်္ဂလာဆောင် တခုရဲ့ အရေးအကြီးဆုံးအပိုင်းနဲ့ မင်္ဂလာအရှိဆုံးအချိန်ရောက်လာတာပေါ့။ မင်္ဂလာအခန်းအနားမှုးက မင်္ဂလာအချိန်ကျရောက် ပြီဖြစ်ပါသောကြောင့် မင်္ဂလာမောင်နှံ ခမ်းမတွင်းကြွရောက်ပါဘာညာပေါ့။ အခါတော်ပေးသီချင်းကိုလဲ အဆိုတော်က မင်္ဂလာကျက်သရေအပေါင်းနဲ့ဆိုနေတာပေါ့။ ခဏနေတော့ ပန်းကြဲကောင်မလေး ဦးဆောင်လို့ ဗန်းကိုင်၊ သတို့သားသတို့သမီး၊ အရံ၊ နှစ်ဘက်မိဘစုံလင်စွာနဲ့ခန်းမတွင်းဝင်လာတာပေါ့။ ဒီအချိန်က မင်္ဂလာဆောင်တခုရဲ့ Tempo အမြင့်ဆုံး အချိန်ပေါ့။ အကုန်လုံးကလဲအာရုံစိုက်ပြီးဝိုင်းကြည့်။ သတို့သားသတို့သမီးကလဲအလှတွေအစွမ်းကုန်ပြပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့လျှောက်လာကြ တာပေါ့။ ဗွီဒီယို၊ ဓါတ်ပုံဆရာတွေကလဲတကွက်မှအလွတ်မပေးပဲအသေးစိတ်ရိုက်နေကြတာပေါ့။ အဲဒီအချိန်မှာပဲဗြုန်းဆိုမီးပျက်ပါလေရာ။ အဆိုတော်နဲ့တီးဝိုင်းက လဲတန်းလမ်း၊ ပန်းကြဲကောင်မလေးကလဲဆက်ကြဲရမှာလားမကြဲရဘူးလားပေါ့။ ဗွီဒီယို၊ ဓါတ်ပုံဆရာတွေရဲ့ မီးဆလိုက်တွေကလဲပျက်ပေါ့။ […]


မြသဲ ( 17082011 )February 4, 20121min31920
phone_kyaw says: ၁။ အခြေခံဥပဒေ ၂ဝဝ၈ ကို ဘယ်သူရေးတာလဲ။ တရားရဲ ့လား။ ဘယ်လိုပုံစံနဲ ့အတည်ပြုခဲ့လဲ။ ၂။ ၂ဝ၁ဝ-ရွေးကောက်ပွဲကို ဘယ်လိုလုပ်ပြီး နိုင်ခဲ့လဲ။ သိရဲ ့လား။ ၃။ ဒီမိုကရေစီစစ်စစ်ကို သုံးခဲ့ဘူးလား။ ၄။ ဒီနေ ့သုံးတဲ့ စနစ်က ကိုယ့်ပြည်သူတွေ လိုလားနေတဲ့စနစ်လား။ ၅။ အင်ဒိုနီးရှားကို မကြည့်နဲ ့။ သူတို ့တောင် လူကြားတိုးရဲ ့လား။ ချမ်းသာလာပြီလား။ ၆။ ဘာ့ကြောင့် ဒီမိုကရေစီနိုင်ငံဘိုအေးကြီးတွေရဲ ့အတုကို မယူရဲတာလဲ။ မြန်မာပြည်မှာနေတဲ့ ဗဟုသုတမရှိ မမြင်ဘူးမတွေ ့ဘူး မနာလိုစိတ်များတဲ့ ပညာမတက်တောသားများ ဖြေပေးကြပါ။   ပိုစ့်ကဟိုဘက်စာမျက်နှာမှာကျန်ခဲ့ပြီ။ မမြင်လိုက်တဲ့လူများရှိမှာစိုးလို့ကူးပြီးပြန်တင်ပေးလိုက်ပါတယ်။ တော်တော်လေးစော်ကားတယ်လို့ထင်လို့ပါ။ ဘိုးတင်ထားတဲ့စာကိုမကျေနပ်လို့ပါ။