တရား ဥပဒေ စိုးမိုးမူ မဲ့နေပြီ ဖြစ်သော မောင်တောတွင် ညဉ့်ကာလတွင် အခြေအနေ အထူးဆိုးရွားနိုင်ကြောင်း သတင်း ရရှိသည်။ ယခုအခါ အခြေအနေကို အာဏာပိုင်များက ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ကြောင်း မောင်တောက လာသော သတင်များတွင် ဖေါ်ပြသည်။ ဗိုလ်မှူးရွာမှ ရခိုင်အိမ် ၃ဝ ခန့် မီးရှို့ခံရပြီး လူများလည်း သေဆုံးမူ ရှိကြောင်း သိရသည်။ ဒေါက်တာ ခင်မောင်လှ လင်မယား ဓါးခုတ်ခံရပြီး မိန်းမ ဖြစ်သူ သေဆုံးသွားပြိဆိုသော သတင်းလည်း ထွက်ပေါ်နေသည်။ သို့သော်လည်း ရဲကို ဖုံးဆက်မရသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ယခုအခါ မောင်တော တယ်လီဖုံးလိုင်းများအား ဖြတ်တောက်ထားလိုက်ပြီ ဖြစ်ကြောင်း၊ ဘင်္ဂလာဒေချ့်မှ လက်ကိုင်ဖုံးများကိုသာ အသုံးပြုနေကြရသည်ဟု သိရသည်။ ဘင်္ဂလာဒေချ့်မှ အများစု တယ်လီဖုံးများမှာလည်း […]