Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


thit minSeptember 23, 20111min3979
ရှောင်တခင်စစ်ဆေးခြင်း အလုပ်ရှင်တယောက်ဟာသူ့ဂိုဒေါင်ကအလုပ်သမားတွေအလုပ်၊လုပ်မလုပ်သိရအောင် ရှောင်တခင်စစ်ဆေးဖို့လာခဲ့ပါသတဲ့။ ဂိုဒေါင်ကိုရောက်ရောက်ချင်းပါပဲ၊ဂိုဒေါင်ဘေးကအရိပ်အောက်မှာဂိုဒေါင်ကိုမှီပြီးအိပ်နေတဲ့ အလုပ်သမားတရောက်ကိုတွေ့လို့ဒေါပွသွားလို့၊နှိုးလိုက်ပြီး”ဟေ့ကောင် မင်းရဲ့တပတ်လုပ်စာ ဘယ်လောက်လဲ”လို့မေးလိုက်တယ်။ ဟိုအိပ်နေတဲ့ကောင်ကလဲအိပ်ချင်မူးတူးနဲ့ “၁၀ဝဒေါ်လာ”ပါခင်ဗျာလို့ဖြေတယ်။ အဲဒါနဲ့ဒေါပွနေတဲ့သဌေးက၂ဝတန်ငါးရွက် (ဒေါ်လာ၁၀၀) ထုတ်ပေးလိုက်ပြီး “မင်းထွက်သွား    နောက်ဘယ်တော့မှမလာနဲ့တော့”လို့ပြောလိုက်တယ်။ ဟိုကောင်ကလဲဘာမှမပြောပဲအိပ်ထဲပိုက်ဆံလေးထဲ့ပြီးထွက်သွားတယ်လေ။ အနားမှာကြောင်ပြီးကြည့်နေတဲ့ဂိုဒေါင်မန်နေဂျာကိုအလုပ်ရှင်က”ပြောစမ်း  ဒီကောင်ဒီမှာလုပ်တာကြာပီလား” လို့လဲမေးလိုက်ရော၊ မန်နေဂျာ ဖြေလိုက်တာက “သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ” တဲ့ဗျား။   အဝတ်ဗီရိုရဲ့အစောင့် လူနာရှင်။    ။ကျနော့မိန်းမစိတ်ရောဂါရှိနေလို့ပါဆရာ၊သူ့အဝတ်အစားတွေအခိုးခံရလိမ့်မယ်ဆိုပြီး အရမ်းစိုးရိမ်နေရှာတယ်ခင်ဗျ။ ဆရာဝန်။     ။ဘယ်လိုဖြစ်လို့လဲ၊ခင်ဗျားကရောဘယ်လိုလုပ်သိတာလဲ? လူနာရှင်။      ။ဒီလိုပါဆရာ၊တနေ့ကကျနော်အိမ်ကိုခါတိုင်းထက်၂နာရီစောပြီးပြန်ရောက်လာပါတယ်။ အဲဒီအချိန်မှာကျနော်မိန်းမနဲကျနော့တိုရဲ့အိပ်ခန်းထဲကဗီရိုဘေးမှာယောက်ကျားတယောက်ကိုတွေ့ပါတယ်။ကျနော့မိန်းမကိုမေးကြည့်လိုက်တော့အဲဒီလူကကျနော်မိန်းမသူရဲ့အဝတ်အစားတွေခိုးမှာစိုး လို့စောင့်ခိုင်းထားတဲ့အစောင့်ပါတဲ့ဆရာ၊ကျနော့မိန်းမကိုကုပေးပါအုန်းဗျာ။   မစောင့်ရတော့ပါဘူး စားစရာတွေမှာထားပြီးအချိန်တော်တော်ကြာအောင်စောင့်နေရလို့စိတ်မရှည်တော့တဲ့ဧည့်သည်က “ဟေ့ စားပွဲထိုး ငါဘယ်လောက်ထပ်စောင့်ရအုန်းမှာလဲကွ” လို့ဒေါသတကြီးအော်မေးလိုက်တယ်။ စားပွဲထိုးကခုလိုပြန်ဖြေပါတယ်၊ “မစောင့်ရတော့ပါဘူးဆရာ၊ကျနော်တို့ဆိုင်ကကိုးနာရီဆိုပိတ်ပါတယ်၊ခုကိုးနာရီထိုးဖို့၁မိနစ်တောင်မလိုတော့ဘူးဆိုတော့ဆရာမစောင့်ရတော့ပါဘူး” ဟူသတတ်။   သူလိမ်ကိုယ်လိမ် အမျိုးသားတယောက်နှင့်အတူထိုင်နေရာမှအမျိုးသမီးကဖုန်းလာသဖြင့်ထိုင်ရာမှထသွားပြီးကိုင်လိုက်သည်။ စကားအနည်းငယ်ပြောပြီးပြန်လာထိုင်သောအမျိုးသမီးကိုအမျိုးသားကမေးသည်၊”ဘယ်က ဖုန်းလဲ” အမျိုးသမီးက “ကျမ ယောက်ျား” အမျိုးသားက “ဟေ ဒါဆို […]


thit minSeptember 22, 20111min48610
ဆရာကလွဲရင် တစ်ခါတုန်းကတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို လူတစ်ယောက်ဆေးခန်းလာပြပါတယ်။ လူနာ။            ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော် ကိုယ့်ကိုကိုယ်ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်။            ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း ဆိုင်ကဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။ လူနာ။                   မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်။               ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။ လူတွေကိုကျွန်တော် မကု ပါဘူး ခင်ဗျ။ လူနာ။             ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်။          မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က ကျွန်တော့်လို စကားပြောတယ်၊ ကျွန်တော့် […]


thit minSeptember 22, 20111min2352
ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သော.တီဘီရောဂါကဲ.သို. ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ.ရှိရကြောင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်သူ့ကျန်းမာ       ရေးအင်စတီကျူရဲ့မိုက်ကခရိုဇီဝနည်းပညာဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ(microbiological laboratory testsat the Institute of Public Health (IPH)) စူးစမ်းရှာဖွေလေ.လာသူသုတေသီပညာရှင် များကတွေ.ရှိခဲ့ကြောင်း သိရှိရ သည်.”The indenpendence” သတင်းစာမှာပါတဲ့ သတင်းလေးတစ်ခုပြန်တင်ပြချင်ပါတယ်…. သူတို.ရဲ.ရှာဖွေလေ.လာတွေ.ရှိချက်အရဟောင်းနွမ်းနေတဲ.ငွေစက္ကူများဟာ ကိုင်တွယ်သုံးစွဲနေတဲ.လူတွေကိုကူးစက်နိုင်တဲ.ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို.အတွက်အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီပိုးမွှားတွေကြောင်.ဖြစ်နိုင်တဲ.ရောဂါတွေကတော.တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို.ခေါ်တဲ.အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ.လူကိုသေစေနိုင်လောက်တဲ.ရောဂါများဖြစ်ပါတယ်။ ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာငွေစက္ကူမှာပါတဲ.ဆယ်လူလွိုက်လို.ခေါ်တဲ.ဓါတ်တစ်မျိူးကိုဖေါ်ပြပြီးဘက်တီးရီးယားရောဂါပိုးမွှားတွေကိုလက်ခံသယ်ဆောင်စေနိုင်တယ်လို.သုတေသီပညာရှင်ကဆိုပါတယ်… အခြေအနေကတော.အတော်.ကိုဆိုးရွားပါတယ်၊အထူးသဖြင်.လူတွေအများဆုံးသုံးနေကြတဲ.တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ.ရပါတယ်လို. လည်းအဲဒီပညာရှင်ကဆက်ပြောပါတယ်။ငွေစက္ကူအကြွေတွေရှားပါးလာလိုအဲဒီငွေစက္ကူတွေပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီးအနားတွေဖွာလာတာတို.ဆုတ်ပြဲလို.တိပ်နဲ.ကပ်ထားတာတို.ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို.ပိုဖြစ်စေတယ်လို.ဆိုပါတယ်။ အထူးသဖြင်.ကုန်စိမ်းဈေးနဲ.သားငါးဈေးတွေမှာတွေ.ရတဲ.ငွေစက္ကူတွေမှာအထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ.ရတယ်လို.ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲလက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ ကူးစေဖို.အကြောင်းတစ်ခုဖြစ်ပါတယ်။အဲဒီကမှတစ်ဆင်.ရေတွက်တဲ.သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ.တဲ.ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇ဝ ရဲ. ၈ဝရာခိုင်နှုံးကျော်မှာတီဘီရောဂါဖြစ်စေတဲ.ပိုးမွှားတွေတွေ.ရပြီး ၆၅ ရာခိုင်နှုံးကတော.အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ.အစာအိမ်ရောဂါတို.ဖြစ်ပွားစေတဲ.ပိုးမွှားတွေ တွေ.ရပါတယ်တဲ. … တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို.တန်ဖိုးကြီးတဲ.ငွေစက္ကူတွေမှာတော.မပါနိုင်ဘူးလို.မဆိုလိုပါဘူးလို.လည်းပညာရှင်တွေကဆိုပါတယ်။သူတို.ကငွေစက္ကူအဟောင်းအနွမ်းတွေကိုအချိန်ကြာမြင်.စွာမကိုင်တွယ်ထားသင်.ပါဘူး၊ပြီးတော.လက်မှာပြည်တည်နေတဲ.အနာ၊ဒဏ်ရာရှိတဲ.သူတွေအနေနဲ.လည်းငွေစက္ကူတွေကိုမကိုင်တွယ်သင်.ပါဘူးလို.အကြံပြုခဲ.ကြပါတယ်။ (ခုတော့မြန်မာပြည်မှာအရွက်သေးတွေထုက်ပေးနေပြီဆိုတော့အရင်ကထက်တော့တော်ပါသေးရဲ့ ဗျာ……) မြန်မာပြည်သူပြည်သားများဘေးအန္တရယ်ကင်းဝေးကြပါစေလို့ …………….


thit minSeptember 21, 20111min2985
ကဲ ………..လေ တခါကအိမ်တအိမ်မှာထမင်းလာစားဖို့ဧည့်သည်၃ ယောက်ဖိတ်ထားတယ်တဲ့။ တကယ်တမ်းမှာတော့ဧည့်သည် ၁ ယောက်ကလုံးဝမလာပဲ၊ ၂ ယောက်ပဲလာပါတယ်တဲ့၊ အိမ်ရှင်ကအဲဒီမှာ “ဟင်း လာသင့်တဲ့လူကမလာဘူး” လို့ပြောလိုက်တယ်တဲ့။ အဲဒီလိုပြောလိုက်လို့ ဧည့်သည် ၂ ယောက်အနက်တယောက်က “ဪ ငါကမလာသင့်တဲ့ လူပေါ့” လို့တွေးမိလို့စိတ်ဆိုးပြီးချက်ချင်းပဲထပြန်သွားတယ်တဲ့။ဧည့်သည် ၁ ယောက်ပဲကျန်တော့တာပေါ့။ အဲဒီမှာအိမ်ရှင်က “ဟာ မပြန်သင့်တဲ့သူကပြန်သွားပြီ” လို့ပြောလိုက်ပြန်ပါသတဲ့။ အဲဒီအခါ ကျန်နေတဲ့တယောက်ကလဲ “ဪ ငါကို ပြန်သင့်တဲ့လူလို့ပြောတာကိုး” လို့စဉ်းစားပြီး၊စိတ်ဆိုးပြီးပြန်သွားပါလေရောတဲ့။ စားမယ် တခါကလူတယောက်ကအိမ်တအိမ်ကိုအိမ်ရှင်တွေထမင်းစားချိန်မှာရောက်သွားတယ်တဲ့၊ ထုံးစံအတိုင်းထမင်းစားနေတဲ့အိမ်ရှင်ကထမင်းစားခေါ်ပါသတဲ့ အဲဒီလူကဗိုက်တော်တော်ဆာနေပေမဲ့အားနာလို့နေပါစေ၊မဆာလို့ပါဆိုပြီးငြင်းသတဲ့။ အိမ်ရှင်ကနောက်တခါထပ်ခေါ်တယ်။ အဲဒီလူကလဲနောက်တချိန်ထပ်ငြင်းပြန်တယ်။ ငြင်းသာငြင်းလိုက်ရတာဗိုက်ကတော်တော်ကိုဆာနေပြီလေ။ ဒါနဲ့ နောက်တခါခေါ်ရင်တော့မငြင်းတော့ဘူး၊ဝင်စားလိုက်မယ်လို့စိတ်ထဲမှာတွေးနေသတဲ့၊ ဖြစ်ချင်တော့အိမ်ရှင်ကလဲ ၂ ခါ ခေါ်ပြီးသွားပြီး၊နောက်ထပ်မခေါ်တော့ဘူးတဲ့။ ဟိုလူကလဲအိမ်ရှင်ခေါ်တာနဲ့စားမယ်လို့ပြောဖို့စိတ်ကူးနေတဲ့အချိန်မှာဗြုံးဆို မျက်နှာကြက်ပေါ်ကအိမ်မြှောင်တကောင်ကဧည့်သည်အဲဒီလူရဲ့ပုခုံးပေါ်ပြုတ်အကျ၊ အိမ်ရှင်ခေါ်မှာကိုအာရုံပြုနေတဲ့အဲဒီလူကလန့်သွားပြီးအော်လိုက်တာကတော့ “စားမယ်”  ……………………………………….ပါတဲ့ဗျား ရပါတယ် အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။ […]


thit minSeptember 20, 20111min33812
(ကဗျာအစ) စားပွဲပေါ်ကအတွေးတွေ အောက်မကျသေးခင် ကဗျာတပုဒ်ဆင်ခဲ့တယ်။   (ကဗျာအလယ်) ဒိုက်လိုရှုပ်တဲ့စိတ်ကနေ အမှိုက်လိုမဟုတ်တဲ့ ကဗျာတွေမွေး အဝေးအနီး အသေးအကြီးနဲ့ပြ ပန်းချီကားတချပ်လို ဆေးစိုစိုနဲ့စိတ်ကချယ် နမိတ်ပြသွယ်ထား နယ်ထားတဲ့စကားလုံးများနဲ့ဘောင်ခပ် အတောင်တပ်ပြီးပျံတော့မတတ် တဖျပ်ဖျပ်လန်းနေတဲ့ကဗျာလေး မဟာသွေးကင်းကင်း ဘယာဘေးရှင်းရှင်း အပြစ်ကင်းစွာ ချစ်ခြင်းဖြာတဲ့ အို…. ဗျ ကျနော်သစ်မင်းရဲ့ကဗျာ…………..က   (ကဗျာအဆုံး) မသွားလဲရောက်..သွားလဲရောက် ဘဝခရီးတွေပေါက်ခဲ့ပြီ မတွေးလဲဆွေး..တွေးလဲဆွေး ငိုကြွေးခြင်းတွေစုံခဲ့ပြီ လိုလဲမရ..မလိုလဲရ ဒုက္ခတွေလဲကြုံ ခဲ့ပြီ မမှားလဲခံမှားလဲခံ “ဝဋ်ကြွေးပြန်”လဲဆပ်ခဲ့ပြီ…….မို့ လေညှင်းဆော့သွေး ငှက်ကတေးဆို ပင်ညောင်ညိုအောက် ရေချမ်းသောက်ပြီး ဒီခရီးဆုံး အမုန်းဇာတ်သိမ်း ငြိမ်းချမ်းရေးလေး ပေးပါနော်။။။။။။။ (TM)


thit minSeptember 17, 20111min3326
(၁၉၈၄ခုနှစ်)ကဆရာကြီးဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)ကျောင်းအုပ်တာဝန်နဲ့ရှိနေတဲ့မော်လမြိုင်ဒီဂရီကောလိပ် (ယခုမော်လမြိုင်တက္ကသိုလ်)ကိုရောက်ခဲ့ပါတယ်။ ကိုယ်ကအသက်ငယ်သေးတာကတကြောင်း၊ စာဖတ်များစပြုလာပေမဲ့ အချစ်နဲ့ပတ်သက်ပြီးရေးထားရင်ဘာစာအုပ်မှဖတ်လေ့မရှိလို့ ဆရာကြီးရဲ့စာအုပ်တအုပ်မှကိုမဖတ်ဘူးပါ။ ရုပ်ရှင်ဖြစ်လာတော့ကြည့်ဖြစ်ပါတယ် ။တော်တော်လဲကြိုက်ပါတယ်။အဲဒါကနောက်ပိုင်းမှပါ။ (၂၀၀၂ခုနှစ်အသက်၇၂နှစ်မှာဆရာကြီးကွယ်လွန်ခဲ့ပါပြီ၊ ဆရာကြီးလိုလူမျိုးဟာကောင်းရာ ဘုံဘဝရောက်မှာမလွဲပါဘူး၊ ဆရာကြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတော်တော်များသိကြပါတယ်။) အဲဒီအရင်မှာမော်လမြိုင်ဒီဂရီကောလိပ်ရောက်တုန်း ဆရာကြီးရဲ့ကျောင်းသားကျောင်းသူတွေ အပေါ် ရင်ဝယ် သားသမီးလိုဆက်ဆံတတ်တာတွေ၊ ဝန်ထမ်းတွေအပေါ်ညှာတာစွာ အုပ်ချုပ်ဆက်ဆံတတ်တာတွေ၊ ဆရာ ကြီးရဲ့နူးညံ့သိမ်မွှေ့တဲ့အနေအထိုင်တွေရဲ့မွှေးပျံ့တဲ့ဂုဏ်သတင်းတွေကြောင့်”သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်”တွေ “တပြည်သူမရွှေထား”တွေ”သူကျွန်မခံပြီ”တွေမသိသေးတဲ့အဲဒီအရွယ်မှာ ကထဲကဆရာကြီးကိုလေးစားမိလိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲဒီရောက်တုန်းစာအုပ်တအုပ်လက်ဆောင်ရပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်းပါ။ အဲဒီစာအုပ်မှာဆရာရဲ့ဓာတ်ပုံပါပါတယ်။ ခပ်သေးသေးကိုယ်လုံးနဲ့ ဆံပင်တွန့်တွန့်လေးတွေကကောလိပ်ကျောင်းအုပ်ဆရာကြီး တယောက်အနေအထားနဲ့ရောနိုင်ငံကျော် စာရေးဆရာကြီး တယောက်အနေနဲ့ ပါလိုက်ဖက်လှပါဘိတယ်။ ဆရာကြီးတည်းဖြတ်တဲ့အဲဒီနှစ်လည်မဂ္ဂဇင်းဟာဖတ်လို့မငြီးနိုင်အောင်အကောင်းဆုံးကဗျာတပုဒ်ကိုအ လွတ်ရနေခဲ့ပါတယ်။ဆရာကြီးတည်းဖြတ်ခဲ့လို့ထင်ပါရဲ့။တော်တော်ကောင်းပါတယ်။(ပျဉ်းမငုတ်တိုတို့သိကြားလိမ်တို ့ရှေးခတ်ပုဂံပြည်တို့အစရှိတဲ့ကဗျာတွေဦးကြော့၊ဘိုးသူတော်ဦးမင်းလူဦးမင်း ဆရာကြီးဇော်ဂျီဆရာကြီးမင်းသုဝဏ် ဆရာကြီးတင်မိုးကဗျာတွေနဲ့ကြီးပျင်းခဲ့ရတော့တော်တန်ရုံကဗျာကျနော်စိတ်ကိုမ”တိုး”ပါဘူး။ ခုကဗျာလေးကြတော့ကာရံလဲလှအဓိပ္ပာယ်လဲရှိလွန်းလို့ခုထိမမေ့နိုင်ပါဘူး။ ပြီးတော့၁၉၈၄ခုနှစ်ကကဗျာတပုဒ်ဟာ ဒီကနေ့ လက်ရှိအနေအထားတခုကိုဖြစ်တဲ့“စပွန်စာ”ညီမလေးတွေ၊ မမတွေကိုများရည်ညွန်းနေသယောင်ယောင်ဖြစ်နေလို့ သတိတရတင်ပြလိုက်ရပါတယ်။ ကလောင်ရှင်က “စောမင်းဝေ”လို့မှတ်သားမိပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်း(၁၉၈၄)ရဲ့အဖွင့်ကဗျာတွေထဲကတပုဒ်ပါ။(၁၉၈၄-၈၅…လို့ရေးထားသလားမမှတ်တော့ပါ၊ သိသူများရှိခဲ့ရင်ကျေးဇူးပြုပါ။) ခံစားကြည့်ကြပါအုန်းဗျာ။   လေလိုလျှင်လှ–သမင်မ တအိုင်ကိုနင်း–တအင်းကိုချောက် တချောက်ကိုခုန်–တခြုံကိုနှိပ် တရိပ်ကိုဝင်–တပင်ကိုမေ့ […]


thit minSeptember 14, 20111min2402
အင်းလေဘယ်သူပဲဖြစ်ဖြစ်ပါတယောက်မကတော့….. ခုလောလောဆယ်အနေအထားကလီယိုတော်လ်စတွိုင်းရဲ့ နဂါးခံတွင်းပုံပြင်နဲ့ကိုက်ညီနေမှာပါ.. ကြားဘူးကြမှာပါ… လူတယောက်ဟာတဲ့ တွင်းနက်ကြီးထဲကျတော့မလိုလိုဖြစ်နေတုန်းနွယ်ကြိုးတပင်ကိုတွယ်ထာရ ပါတယ်တဲ့တကယ်လိုနွယ်ကြိုးကိုလွှတ်ချလိုက်မယ် ဒါမှမဟုတ်လွတ်သွားမယ်ဆိုရင်အောက်မှာ နဂါးကြီးတကောင်ကပါးစပ်ကြီးဟပြီးစားဖို့စောင့်နေတာတဲ့။အဲဒီအချိန်မှာပဲခိုထားရတဲ့နွယ်ကြိုး ကြွက်ဖြူနဲ့ကြွက်မဲနှစ်ကောင်ကောင်ကတလှဲ့စီကိုက်နေပါတယ်တဲ့။အင်း..အဆိုးထဲကအကောင်းတ ခုကတော့အဲဒီနွယ်ကြိုးရဲ့အပေါ်ဘက်နွယ်ကြိုးစထွက်ရာေ နရာလောက်မှာပျားအုံတခုရှိပြီးတခါ တရံပျားရေလေးတစက်နှစ်စက် ကျလာတာမျိုးရှိတတ်လို့အောက်ကလူကပါးစပ်ခံပြီးစားရ ရက်ရရှိတတ်ပါတယ်တဲ့။ပြန်ပြီးရှင်းပြတာကနဂါးကြီးက”သေချင်းတရား”ပါ။ နွယ်ကြိုးကိုကိုက်နေတဲ့ကြွက်ဖြူကြွက်မဲနှစ်ကောင်က”နေ့နဲ့ည”ကြိုးကိုခိုထားတဲ့လူက “လူ့ဘဝတခု”။ပျားရည်စက်လေးတွေကတော့တခါတခါရတတ်တဲ့”စိတ်ချမ်းသာမှူ”ပါတဲ့။ သူကအဲဒီမှာပြီးပေမဲ့ကျနော်ဆက်စဉ်းစားမိတာက…………….. အဲဒီလူကနွယ်ကြိုးကိုကိုင်ပြီးငြိမ်နေရတာမဟုတ်ဘူးဆိုတာပါဘဲ။အဲဒီတွင်းကြီးရဲ့လေးဘက် နံရံကအပေါက်တွေရှိပြီး အဲဒီအပေါက်တွေကနေ အဆိပ်ရှိမြွေတွေကင်းတွေထွက်ထွက်လာတတ်လို့ အသက်ရှင်ရေးအတွက်ကြိုးကိုခိုရင်းတွင်းကိုပတ်ပြေးနေရတယ်ဆိုတာပါဘဲ။မိုးဒဏ်လေဒဏ်ဆိုတာ လဲရှိသေးနော်။ဘဝရပ်တည်ရေးပူရ..စားဝတ်နေရေးပူရ…လူတွေအတွက်ဟိုပူရဒီပူရ…. ခုဆိုဧရာဝတီအတွက်ပူရ…………………..စုံပါပေ့”အဆိပ်ရှိမြွေ”တွေ “ကင်း” တွေ အင်း………နဂါးကလဲငြိမ်မနေဘူးဗျနော်အငွေတွေလွှတ်တာလွှတ်တာ ဝက်တုတ်ကွေးကြက်တုတ်ကွေး တဲ့နာဂစ်တဲ့ဂီရိတဲ့။စဉ်းစားကြည့်နော်အများကြီး။ပတ်ပြေးနေရတယ်ဆိုတဲ့စကားလေးရေးရင်းနဲ့ နောက်တပုဒ်ဆက်စဉ်းစားမိပြန်ရော။လီယို်တော်လ်စတွိုင်းပါပဲ။ “၆-ပေ ၃-ပေတဲ့” တခါကမြေတွေအများကြီးပိုင်တဲ့မြေပိုင်ရှင် တဦးကပြိုင်ပွဲတခုလုပ်တယ်တဲ့။သူပိုင်တဲ့ မြေပေါ်တွေမှာမနက်နေထွက်ကနေညနေနေဝင်တဲ့အထိပြေးရမယ်။နေဝင်ချိန်မှာပထမ ကိုယ်”စ”ပြီးပြေးခဲ့တဲ့နေရာပြန်ရောက်”ရ”မယ်။အဲဒီလိုဆက်မိအောင်တပတ်ပတ်၊နိုင်ရင်အဲဒီ ပတ်ထားတဲ့မြေကွက်အဝန်းအဝိုင်းအတိုင်း”အဲဒီပတ်ပြေးခဲ့တဲ့လူကို”အပိုင်ပေးမယ်လို့”ဆု” ကိုသတ်မှတ်ပါတယ်။ လူတွေအများကြီးပြေးကြပေမဲ့”နေ”စထွက်ကထဲကပြေးကြတာဆိုတော့တဖြည်းဖြည်း လူတွေလက်လျှော့ကုန်ကြလို့နောက်ဆုံးတယောက်ပဲကျန်ပါတော့တယ်တဲ့။ အဲဒီတယောက်ကလုံးဝအလျှော့မပေးပဲပြေးလိုက်တာ”နေ”ကလဲအဝင်၊သူလဲ..သူ”စ”ပြေးခဲ့တဲ့နေရာ ရောက်ပါရောတဲ့။.။ အဲဒီလိုဩဘာပေးပြီးတဲ့နောက်မြေပိုင်ရှင်သူဌေးကြီးကကိုယ်တိုင်ပဲ အဲဒီလူရှိရာသွားပြီး”ခင်ဗျားတော်ပါပေတယ်၊ဒီတပတ်ပတ်မိထားပြီဖြစ်တဲ့ဒီမြေကွက်ကြီး ခင်ဗျားပိုင်ပါပြီ”…လို့ပြောလိုက်ပါတယ်။ အင်း…….. အဲဒီလိုပြောပေမဲ့၊လူတွေဆူညံနေပေမဲ့ဟိုလူကတော့တုတ်တုတ်မျှမလှုပ်လို့ သေသေချာချာလဲကြည့်လိုက်ရောအမောဆို့ပီး”သေ”နေပါပြီတဲ့။ ဒါနဲ့ဘဲသူပိုင်သွားပြီဖြစ်တဲ့အဲဒီမြေကွက်ပေါ်မှာပဲသူကိုမြေမြုပ်  သင်္ဂြိုဟ်လိုက်ကြရပါတယ်တဲ့။ အဲဒီနောက် မြေပိုင်ရှင်ကြီးက”ဪ..တကယ်တော့လူတွေဟာ”သေ”အောင် ကြိုးစားပြီးနောက်ဆုံးရတာကတော့”၆-ပေ ၃-ပေ”မြေကွက်လေးပါပဲလား”တဲ့။ […]


thit minSeptember 14, 20114min2634
တချိန်ကစက်အရမ်းလေးလို့ကျနော်ကိုယ်တိုင်ပြဿနာမျိုးစုံကြုံခဲ့ဘူးလို့စက်လေးတဲ့”သိုင်းတွေ”(သူငယ်ချင်းတွေ)ကိုလုံးဝကိုချင်းစာပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။ ပထမတင်တုန်းကကျန်တဲ့အပိုင်းလေး”ဖြည့်ထဲ့”ပေးလိုက်ပါတယ်။ VisualEffect ကိုလျှော့ပေးခြင်း .. ( ဒါကပြောင်းလိုက်ရင်စကရင်ကမြင်နေကြနဲ့မတူလို့ကျနော်မလုပ်ဘူး လူကြီးလူကောင်းသဘောနော်ကြိုက်ရင်လုပ်ပေါ့) (၁ ) My Computer ပုံလေးပေါ်မှာ Right Click လုပ်ပြီး Properties ကို Click လိုက်ပါ။ ( Short Cut Key ကတော့ Window + Pause ဖြစ်ပါတယ် ) ( ၂ ) System Properties ဆိုတာလေးပေါ်လာပါလိမ့်မယ်။ အဲဒီထဲက Advanced ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ ( ၃ ) Performance ဆိုတဲ့ ခေါင်းစဉ်အောက်က Setting ဆိုတာလေးကို Click လိုက်ပါ။ ( ၄ ) […]


thit minSeptember 13, 20113min2674
(ရီစတတ်လုပ်ရန်လို  Need to restart) နည်းလမ်း နည်းလမ်း(1) Start Menu ကို ပိုမိုမြန်ဆန်စေဖို့…. Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကိုု Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။ […]


thit minSeptember 13, 20114min2663
ပေါ့ပေ့ါပါးပါးလေးသုံးကြတာပေါ့ .. အဓိကတော့XPအတွက်ပဲနော် (Window7 မှာလဲလုပ်လို့ရတာတွေအများကြီးရှိပေမဲ့အကုန်မရဘူးဗျ) ကျနော်သိထားတာလေးတွေပါအကုန်လုပ်လို့ကတော့ပေါ့သွားမယ်။ သတိမထားမိသေးသူများ အတွက် တင်ပေးလိုက်တာပါဗျာ.. (ရီစတတ်လုပ်ရန်မလိုNoneed to restart)နည်းလမ်း  (1)မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။ – Start ကိုသွားပါ။ – Run box ကိုဖွင့်ပါ။ – “gpedit.msc” ဆိုပြီး ရိုက်ပါ။ – ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။ – “Administrative Templates” ကိုရွေပါ။ – “Windows components” ကို ရွေးချယ်ပါ။ – “Terminal services” ကိုရွေးချယ်ပါ။ – ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not […]


thit minSeptember 10, 20111min40311
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကြီးကကောင်းတာတွေတော်တော်များပါတယ်။ကုန်သွယ်ရေးတွေဆက်သွယ်ရေးတွေအစုံတိုးတက်လိုက်တာကောင်းပါတယ်။ မကောင်းတာက”မလိုက်နိုင်သူများနောက်ကျကျန်နေသူများခေတ်နဲ့ရင်ဘောင်မတန်းနိုင်လို့ ကျန်ခဲ့သူထဲကအများစုမှာတော့မပြည့်စုံမှူတွေနဲ့လူမှူဒုက်ခတွေ”လုံးလားထွေးလားပေါ့ဗျာ။ ပြောရရင် ခုခတ်စာတတ်မြောက်မှူဆိုတာကိုယ်ဘာသာစကားတတ်ရုံနဲ့မလုံလောက်တော့ဘဲကွန်ပြူတာနဲ့ အင်းဂလိတ်စာပါတတ်ရပါမယ်လို့ဆရာမောင်စူးစမ်းရဲ့စာတတပုဒ်မှာဖတ်ဖူးပါရဲ့။။ (အင်း.မြန်မာပြည်လိုဆိုရင်”တော်သုံးတော်”တို့ဘာတို့ခေါ်,ထင်ပါရဲ့။အဲဒါပါစာတတ်မြောက်ရေးထဲ ဆွဲထဲ့ရမလားလို့ဂယောင်ခြောက်ခြားတွေးမိသေးဗျ) ပြောလိုရင်းက “ပညာ”(ကျောင်းပညာကိုဆိုလိုပါတယ်)နဲ့လုပ်စားမှာလား “အတတ်”(အတတ်ပညာတခုခုု)နဲ့လုပ်စားမှာလား ဆိုတာကလေးများကိုလမ်းကြောင်းပြပေးဘို့တော့လိုပါတယ်။ (အကပ်နဲ့လုပ်စားတာတော့ကျနော်မသိပါ) အဲဒီအပေါ်မှာမှဘာသင်ပေးသင့်တယ်ဆိုတာစဉ်းစားရမှာပေါ့။ ကျောင်းမသွားချင်တဲ့ကလေးကဂိမ်းဆော့တာကတော့မကောင်းတာပါဘူး။ အဲဒါကလဲဂလိုဘယ်လိုက်ဇေးရှင်းရဲ့တိုးတက်မှူလမ်းကြောင်းပေါ်ကအသိညဏ်နူနယ်သေး တဲ့ကလေးများအတွက်လမ်းလွဲတခုလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(လူကြီးများကိုမဆိုလိုပါ) ဖြစ်နိုင်ရင်လူကြီးကကလေးကိုတခြားအတတ်ပညာတခုခုမှာစိတ်ဝင်စားတာမျိုး ဖြစ်အောင်လုပ်ပေးသင့်တာပေါ့။ ကျောင်းစာသင်တာနဲ့ပတ်သက်တဲ့ဇတ်လမ်းလေးတပုဒ်ဖတ်ဖူးပါတယ်။ တချို့ကြားဘူးကြမှာပါ။ တခါကရွာတရွာမှာဘုရားကျောင်းသင်းအုပ်ဆရာလိုလို့တာဝန်ရှိသူများက အလုပ်ခေါ်တယ်တဲ့။အဲဒီမှာလူတယောက်လာလျှောက်တယ်တဲ့။ လိုတာကတယောက်လာလျှောက်တာကလဲတယောက်ထဲဆိုတော့”ရ”ပီပေါ့လေ။ ဒါပေမဲ့အင်တာလဲဗျူးရောတာဝန်ခံများကမင်းဆယ်တန်းအောင်ပီးပီလားလို့မေးတယ်တဲ့… ဖြစ်ချင်တော့အဲဒီလာလျှောက်တဲ့သူက “ကျနော်ကဒီရွာမှာတော့စာအတတ်ဆုံးပါကိုးတန်းပဲအောင်ပါတယ်”လို့ပြောရှာသတဲ့။အဲဒီတော့ “ဟာ”ဒါဆိုမဖြစ်နိုင်ဘူးကွ။သင်းအုပ်ဆရာဆိုတာအနဲ့ဆုံးတော့ဆယ်တန်းအောင်လောက်မှခန့်မယ်လို့တို့တွေသဘောတူထားတာကွ။။မင်းကိုမခန့်နိုင်းပါဘူးကွာ”လို့ငြင်းလိုက်တယ်တဲ့။ဒါနဲ့ဒီလူလဲစိတ်ပျက်လက်ပျက်ဖြစ်ရွာမှာလဲမနေချင်တော့လို့တခြားအရပ်ကိုထွက်လာရင်းစီးပွါးရှာလိုက်တာ အရမ်းချမ်းသာတဲ့သူဌေးကြီးဖြစ်သွားပါတယ်တဲ့။ တနေ့ကိုယ်ရွာလေးဆီပြန်ပီးအလည်အပတ်လာ ခဲ့ပါတယ်တဲ့။ပီးတော့ဘုရားကျောင်းကိုသွားပါတယ်။ အလှူငွေထဲ့ဖို့ပေါ့နော်။အဲဒီမှာသူနဲ့သက်တူရွယ်တူဘုရား ကျောင်းသင်းအုပ်ဆရာနဲ့တွေ့ပါတယ်။။မြင်မြင်ချင်းပါ ပဲသင်းအုပ်ဆရာကသူ့ကိုတရင်းတနှီးနှုတ်ဆက်ပါတယ်။ ဪခင်ဗျားပြန်လာပီလားလို။သင်းအုပ်ဆရာကသူ့ကိုမေးတယ်တဲ့။ ဒါနဲ့ဘဲကျနော်ကိုသိလို့လားဗျလို့ပြန်မေးတာပေါ့နော်။. အဲဒီမှာသင်းအုပ်ဆရာကဟုတ်ကဲ့သိပါတယ်။ ကျနော်ကအရင်ကဟိုဘက်ရွာကပါ။.ခင်ဗျာသင်း အုပ်ဆရာမဖြစ်ရလို့စိတ်ပျက်ပီးရွာကထွက်သွားတဲ့ နောက်ရက်မှာကျနော်အလုပ်လာလျှောက်လို့ ကျနော်ကိုအလုပ်ခန့်လိုက်တာယနေ့အထိပေါ့ဗျာလို့ပြောလိုက်ပါတယ်တဲ့ ။ဒါနဲ့သူက “ဪဒါဆိုနောင်ကြီးကဆယ်တန်းအောင်တယ်ပေါ့နော”်လို့ပြန်မေးလိုက်တော့ ဟိုက” ဟုတ်ကဲ့အောင်ပါတယ်”လို့ပြန်ဖြေသတဲ့။.။အဲဒီမှာသူက “အေးဗျာ ကျနော်သာဆယ်တန်းအောင်ရင်ခုလိုသူဋ္ဌေးဖြစ်မှာမဟုတ်ဘူးဗျာ သင်းအုပ်ဆရာပဲဖြစ်မှာပေါ့ဗျာ”လို့လေးလေးနက်နက် ကြီးပြောရင်းနှုတ်ဆက်ထွက်ခွါလာခဲ့ပါတယ်တဲ့။ (မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်ဘို့နဲ့မခံချင်စိတ်နဲ့ကြိုးစားဘို့ကပဲ အရေးကြီးတာမဟုတ်ပါလား) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ တကယ်တော့လဲ……. ကိုယ်ဘဝကိုတရားမျှတစွာအသက်မွေးပီးလူ့လောကကိုတထောင့်တနေရာကနေအကျိုးပြုမယ်ဆိုရင် သင်းအုပ်ဆရာပဲဖြစ်ဖြစ်သူဋ္ဌေးပဲဖြစ်ဖြစ်လောက”လေညှင်းမှာမွှေးရနံ့သင်း”မှာပါဘဲ။ […]


thit minSeptember 7, 20111min34511
ဒီလိုရှိတယ်ဗျ။ ခင်ဗျားကျန်းမာရဲ့လား။ ကိုယ်တွေလက်တွေမျက်စိနားတွေအားလုံးအိုကေတယ်နော်။ အဲဒါဘီး၁လုံးဗျာ။(Natural resources=သဘာဝအရင်းအမြစ်လို့မှတ်ထားပေး) ကွန်ပြူတာကျွမ်းတယ်? ဂွဒ်တယ်ဗျာ။အဲဒါနောက်ဘီး၁လုံးပဲ။(Human resources=လူသားအရင်းအမြစ်လို့သီးခံပီးမှတ်ပေးအုန်းနော်) ဗျာ?………..ကွန်ပြူတာလေးတွေဝယ်ထားတာရှိတယ်လား။စုထားတဲ့ပိုက်ပိုက်လေးလဲရှိပြန်တယ်။ ကောင်းပဗျာ…အဲဒါကိုတတိယဘီး(Capital formation=အရင်းအနှီးလို့ခေါ်ဗျာ။ခင်ဗျားသိပီးသားပါ) နောက်ဆုံးဘီးကတော့ခင်ဗျားလုပ်ငန်းလုပ်ဘို့စီမံတတ်ဘို့ပဲကိုယ်ဆရာရေ။ (mangerial skills=လုပ်ငန်းကျွမ်းတာမျိုး..စီမံမှူကျွမ်းကျင်တာမျိုး  ဗျ)အရေးသိပ်ကြီးတဲ့ဘီးဗျနော်။ အဲဒီဘီးလေးလုံးဟန်ချက်ညီညီမောင်းနှင်နိုင်ရေးကဘဝကိုတိုးတက်စေတာပေါ့ဗျာ။ လူ၁ယောက်ချင်းစီရောနိုင်ငံ၁ခုချင်းစီရောဒီဘီးလေးလုံးဟန်ချက်ညီညီပြေးလွှားနိုင်ဘို့ပါပဲ။ ဘီး၁ခုခုလိုနေသေးလိုခင်ဗျားခရီးမတွင်တာနော်။ ဒီလိုဗျာ။ ခင်ဗျားကိုမိတ်ဆွေတစ်ယောက်ကပိုက်ပိုက်လာချေးနေပီဆိုပါတော့ဗျာ…… ခင်ဗျားမေးလိုက်စုံစမ်းလိုက်ဗျ(အရင်းအနှီးဘီးကလွဲပီး)… သူ့မှာကျန်တဲ့ဘီးတွေရှိမရှိ(အကျင့်ကောင်းမကောင်းတော့သိထားရမှာနော်.မမေ့နဲ့အုန်းဆရာလေးရေ့) အကျင့်လဲကောင်းတဲ့သူဖြစ်မယ်အဲဘီးသုံးလုံးလဲအိုကေတယ်ဆိုရင်စိတ်ချရပါတယ် (အတိုးတော့သိပ်မယူနဲ့ပေါ့ဗျာ..ချေးလိုက်ပါ) ခင်ဗျားကိုတိုင်လုပ်မယ်ဆိုရင်လဲအဲဒီလိုသူများလာချေးသလိုစဉ်းစားဘို့ပါပဲ။ မရှိတဲ့ဘီးတွေရှိအောင်လုပ်နိုင်ဘို့က အရေးကြီးတယ်ဆိုတာခင်ဗျားလဲသိမှာပါ။ နဲနဲရှည်အုန်းမယ်ဗျာ။ပုံပြင်တပုဒ်ပေါ့နော်။ ကြားဘူးကြသူတွေများမှာပါ။ကျမ်းကိုးကတော့ရွှေသွေးစာစောင်ပါ။ငယ်ငယ်ကဖတ်တာပေါ့ဗျာ။ အတတ်ပညာသင်တဲ့ကျောင်းတကျောင်းမှာပေါ့ဗျာ။ကျောင်းသားတယောက်ကနှစ်တွေသာကြာလာတယ် ဟိုစပ်စပ်ဒီစပ်စပ်နဲ့ဘာမှကိုသေသေချာချာမတတ်ဘူးတဲ့ဗျ။ ဒါနဲ့သူတို့ရဲ့ဆရာကြီးကတနေ့မှာအဲဒီ တပည့်ကိုဝါးရုံ(ဝါးပင်တွေစုပေါက်နေတဲ့နေရာပေါ့ဗျာ)ပေါ်တက်ခိုင်းသတဲ့။ ဟိုငတိလဲဝါးရုံပေါ်ရောက်ရော ကျန်တဲ့တပည့်လူကုန်ဝါးရုံပင်ကိုလှုပ်ခိုင်းတာဗျ။ ဟိုကောင်လဲ”ဟ”ဘာလဲဟပေါ့ဗျာ။ပြုတ်မကျအောင်ဟိုဝါးပင်လှမ်းဆွဲဒီဝါးပင်လှမ်းဆွဲပေါ့ဗျာ။.။အဲဒီမှာဆရာကြီးက”ဟေးတပည့်ရေတပင်ပင်ကိုမြဲအောင်ကိုင်လိုက်ဖက်ထားလိုက်”လို့အော်ပြောလိုက်တယ်တဲ့။အဲဒီမှာဟိုဝါးပင်ပေါ်ကပြုတ်ကျတော့မလိုဖြစ်နေတဲ့ အကောင်ကဝါးတပင်ထဲကိုအတင်းဖက်ထားလိုက်တာဘယ်လောက်လှုပ်လှုပ်ပြုတ်မကျတော့ပါဘူးတဲ့ဗျာ။ ဟုတ်ပီနော် ဝါးပင်ကိုကိုင်နိုင်တာရယ်အော်ပြောတာကိုကြားနိုင်တာရယ်ကသဘာဝအရင်းအမြစ် ဘယ်လိုကိုင်မယ်..ဖက်မယ်ဆိုတဲ့စဉ်းစားနိုင်တဲ့အသိညာဏ်အရည်အသွေးကလူသားအရင်းအမြစ် အနားမှာရှိနေတဲ့ဝါးပင်တွေကအရင်းအနှီးရရှိနေမှူ ဘယ်အပင်ကိုရွေးပီးကိုင်ရမယ်ဆိုတာကစီမံခန့်ခွဲနိုင်မှူ ကဲ……..ကိုယ်လူရေဘယ်ဝါးပင်ကိုဖက်ထားလဲ? မဖက်ရသေးရင်လဲ….ဖက်နော်(ဝါးပင်ကိုပြောတာ). ဘီးတွေဆိုတော့လဲ”လေထိုးကျွတ်ဖာ”လိုတာလေးတွေလဲလုပ်ရမယ်နော်လေ။ လည်လွန်းတဲ့ဘီး”ဟိုဒင်း”မသင့်အောင်လဲဂရုစိုက်ဗျနော်။ ကဲဗျာ………4Wheel Driveနဲ့ အောင်မြင်ပါစေ။ (ကိုယ်တိုင်ရေးစာမူဖြစ်ပါသည်)