မှားယွင်းမှု၏ရလဒ်” မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင်အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ ” ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး” ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာမဟုတ်ဘူး။ တက္ကစီသမားကိုကွ ” သူ့လက်ရာ ” ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင်” “ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ ” “မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာချဉ်စပ်လို့ရေးထားတယ်ရှင့် တစ်ယောက်တစ်လှည့် “ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ်ဟန်းနီးမွန်းထွက်ချင်လို့ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ ” “အင်း ….. ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက်မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြဝန်ထမ်းတွေဆိုတော့ခွင့်မပေးနိုင်ဘူးလို့လည်းမပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့မေတ္တာရပ်ခံပါရစေကွာ ” သူ့နေရာသူပြန်သွား “ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ “” ဪ ….. အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီဆရာမ “” ဟောတော်ဒုက္ခပါပဲ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် […]