သူရႆဝါMarch 16, 20116min1110
“ကျွန်တော်နှင့် Teen Magazine ၏ Cyber Bullying အကြောင်း အင်တာဗျူး” ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းက ကျွန်တော့်ရုံးကို Teen မဂ္ဂဇင်းက သတင်းထောက် နေလွင် ဖုန်းဆက်လာပါတယ်။ Teen’s Opinion ကဏ္ဍအတွက် အင်တာဗျူးလုပ်ချင်ပါတယ်တဲ့။ သူဆွေးနွေးချင်တဲ့ ခေါင်းစဉ်က Cyber Bullying ပါ။ အဲဒီ အကြောင်းကို ဒီနိုင်ငံမှာ လူသိပ်မသိကြ သေးပါဘူး။ ဖြေပေးရမယ့် ကျွန်တော် ကိုယ်တိုင်တောင် ဇဝေဇဝါနဲ့။ Cyber Bullying အကြောင်းကို သေချာဖြေနိုင်ဖို့ စာတွေပြန်ရှာဖတ်လိုက်ရ ပါသေးတယ်။ တစ်နေ့က မဂ္ဂဇင်းထွက်လာပါတယ်။ ဒါကြောင့် ကျွန်တော် အခုအဲဒီပိုစ့်ကို ပြန်တင်ပေးလိုက်ပါတယ်။ ၂၀၁၁ ခုနှစ် ၊ မတ်လထုတ် Teen Magazine ရဲ့ Teen’s […]


သူရႆဝါFebruary 23, 20111min1380
အပတ်စဉ်ထုတ် နည်းပညာဂျာနယ် တစ်စောင်ဖြစ်သည့် Net Guide ဂျာနယ်၏ စာမျက်နှာ ၄၂ ကို မောင်ပိုင်စီး၍ သရော်တော်တော်၊ ကလိတိတိ၊ ရိတိတိ စာပေများကို လူအမြင်ကပ်လောက်အောင် ရေးသားနေသည့် ကျွန်တော် သူရဿဝါသည် ယနေ့တွင်လည်း လာမည့် အပတ်စဉ်အတွက် စာမူပေးရမည်ဖြစ်၍ နဂိုကတည်းကမှ အကြံတုံး ဉာဏ်တုံး ငနဲတစ်ကောင် ဖြစ်သည့်အားလျော်စွာ “ဒီတစ်ပတ်ရော ဘာများရွှီးရပါ့မလဲ” ဟု ခေါင်းခြောက်အောင် စဉ်းစား၍ လွန်စွာမှ စိတ်နှလုံး မသာမယာ ရှိလှသည်ဖြစ်ရာ ဘာမှရေး၍မရသည့်အဆုံး ဆက်မရေးတော့ပြီဟု စိတ်ဒုံးဒုံးချမိလေ၏။ ဒါဖြင့် ဘာလုပ်ရမည်နည်း။ ထိုသို့ စဉ်းစားသောအခါ ပျော်စရာများလှသော နေရာတစ်ခုအား ရှာဖွေတွေ့ရှိ ပါလေသည်။ အားအားရှိ ထိုင်ခုံတွင် ဖင်သံမှိုရိုက်၍ ထိုင်ချက်မလား၊ ဒါမှမဟုတ် လူမှုရေးကွန်ယက်ဆိုက်များတွင် ပေါက်ကရ လေးဆယ် […]


သူရႆဝါFebruary 16, 20111min1682
အင်တာနက် လောကထဲ ကျင်လည်သည့် သက်တမ်းကလေး လေး၊ ငါး၊ ခြောက်နှစ်ခန့် ရှိလာချိန်တွင် ကျွန်တော်လည်း အတော်အတန် အွန်လိုင်းပါးဝ လာသည့်အလျောက် အွန်လိုင်းကမ္ဘာကြီး၏ ကောင်းဆိုး ကြောင်းကျိုး တို့ကို ခရေစေ့တွင်းကျ သိရှိလာရပေပြီ။ သို့ဖြစ်သောကြောင့် မိမိကျင်လည် ကျက်စားရာ အွန်လိုင်း ကမ္ဘာကြီးထဲမှ ကျွန်တော်တို့၏ ဒုက္ခ သုက္ခနှင့် ကြုံတွေ့ရသော အဖြစ်သနစ် ပေါင်းစုံတို့အား ဖတ်ရှုသိရှိ နိုင်ကြ စေရန် ရည်သန်၍ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း လိုက်ရပေသည်။ လူသားတို့၏ ဒုတိယကမ္ဘာဟု တင်စားအပ်သော အင်တာနက် လောကကြီးအတွင်း ဆယ့်ရှစ်တောင် မျှမက ဆယ့်ကိုးတောင်လောက် ဝတ်ကြသော မင်းယောင်္ကျားကြီး အဖြစ်မှ ဘုန်းကညာတစ်ပါး လုံးရာကပြားပြီး မိန်းမ ဟန်ဆောင်၍ အွန်လိုင်းတက် ကြခြင်းကို လည်းကောင်း၊ လှေကား အထစ်ထစ်ဆင်း၍ […]


သူရႆဝါFebruary 9, 20111min1512
ကျွန်ုပ်သည်ကား ငယ်စဉ်အခါကတည်းက ဗေဒင်ပညာကို ဝါသနာပါသည့် အားလျော်စွာ ကမ္ဘာအရပ်ရပ်ရှိ နာမည်ကျော် ဝေဒပညာရှင်ကြီးများထံမှ လက္ခဏာ ခြေခဏာ ဟိုခဏာ ဒီခဏာ နိမိတ်ဟော ရှေ့ဖြစ် နောက်ဖြစ် မှစ၍ တားရော့ကဒ်ဟောနည်း၊ ခေါင်းပန်းလှန်ဟောနည်း၊ နံကြားထောက်ဟောနည်း အစရှိသည့် ဗေဒင်ဟောနည်း ပေါင်းစုံကို အွန်လိုင်းမှတဆင့် မေးလ်ပေးမေးလ်ယူ (Mail To Mail) စနစ်ဖြင့် သင်ကြားတတ်မြောက်ပြီး သကာလ ကျက်သရေမင်္ဂလာ သာမက စိန်ခြူးကြာညောင်အပေါင်းနှင့်ပါ ပြည့်စုံပြီး ထူးချွန်ထက်မြက် ဉာဏ်ရည်တက်သည့် အမျိုးကောင်းသားတစ်ဦး ဖြစ်သည်နှင့်အညီ မည်သူမှ စိတ်မကူးမိသေးသော အိုင်တီ၊ အင်တာနက် လောကအတွက် ရှေ့ဖြစ်ဟောစာတမ်းကြီး တစ်စောင်ကို ရေးသားဟောကြားပြုစု၍ နောင်ဖြစ်လာလတ္တံ့သော ရှေ့ဖြစ်ဇာတ်ကြောင်းများအား နောင်လာ နောက်သားတို့ ဖတ်ရှုလေ့လာနိုင်ရန် အလို့ငှာ နာမည်ကျော် နည်းပညာဂျာနယ်တစ်စောင်ဖြစ်သော Net […]


သူရႆဝါFebruary 5, 20111min1943
“လတ်တလော (၁)” ကောင်းကင်မိုးသားဟာ ငါ့လောက်အရပ်မရှည်ဘူးဖြစ်နေတယ် ရန်ကုန်ဆောင်းကို အပိုင်ဝယ်သိမ်းထားလိုက်နိုင်တယ် ငါ့လက်တွေ မြန်မြန်ဆန်ဆန် ပြန်ပြီးရွေ့လျားလာတယ် ငါလည်း ကိုလံဘတ်စ်တစ်ယောက်ပဲလို့ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တယ် လူငယ်ပီသနေတုန်းပဲ၊ အချစ်ရေးလည်းအဆင်ပြေတယ် သူမဟာ ငါ့ရဲ့ “ဧဝ” ဖြစ်တဲ့အကြောင်း သက်သေပြချက်အသစ်တွေ ထပ်တွေ့တယ် အရင်လိုမဟုတ်ဘူး ၂၀၁၂ ကမ္ဘာပျက်သွားမှာကို သိပ်ကြောက်နေမိ ။ သူရဿဝါ ရသစာပေအနုပညာဘလော့ဂ် ဖေဖော်ဝါရီလ ၅ ရက် ၊ ၂၀၁၁ ခုနှစ်


သူရႆဝါFebruary 2, 20111min2568
ဂမ္ဘီရစာရေးဆရာများ သုံးနှုန်းရေးသားလေ့ရှိသော တစ်နေ့သ၌ အင်တာနက်လောကရှိ Social Network Website များအနက်မှ အယုတ်အလတ်အမြတ်မရွေး လူသုံးအများဆုံးဖြစ်သော Facebook အမည်ရှိ ဝက်ဘ်ဆိုက်ကို တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် ၎င်းလက်ဆော့ခြေဆော့ လုပ်ခဲ့သည့် ဝက်ဘ်ဆိုက်ကြီးအား မည်သည့်နိုင်ငံမှ လူဦးရေ မည်မျှသုံးစွဲပါသနည်းဟု စစ်တမ်းကောက်၍ ၎င်း၏ Facebook အား သုံးစွဲမှုအများဆုံးနိုင်ငံသို့ အလည်အပတ် လေ့လာရေး ခရီးသွားရောက်ကာ ၎င်း၏အရှိန်အဝါဩဇာကို ပိုမိုတိုးတက်အောင် မားကက်တင်းဆင်းရလျှင် သင့်မြတ်လှပေမည်ဟု တွေးတောမိလေသည်။ ထိုငတိသည် ဉာဏ်များသည့်အလေ့အထ ရှိသည့်အတိုင်း ရှေးဦးမဆွကလည်း ထိုသို့ ထူးခြားဆန်းပြားသော လုပ်ရပ်မျိုးကို လူစိတ်ဝင်စားအောင် ခဏခဏ ပြုလုပ်လေ့ရှိသူတစ်ဦးလည်း ဖြစ်၏။ ဥပမာဆိုရလျှင် တလောက ၎င်းလူသုံးအများဆုံး ဝက်ဘ်ဆိုက်ကြီးကို တည်ထောင်ခဲ့မိသဖြင့် ၎င်း၏ လူပျိုလှည့်ချိန်များ၊ ဈေးဝယ် ထွက်ချိန်များ၊ နိုက်ကလပ်တက်ချိန်များ […]


သူရႆဝါJanuary 28, 20111min2115
မထင်မှတ်တဲ့လမ်းတစ်နေရာမှာ လွန်ခဲ့ပြီးတဲ့နှစ်ကာလအချို့က ငါ့ကိုဆူးတွေလိုလာငြိတယ် နင်တော်တော်ပိန်သွားတယ် ဇင်၊ နေရောကောင်းရဲ့လား၊ ဆံပင်တွေလည်း တိုသွားတယ် ဘာမှတော့မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ တစ်ခုခုတော့ဖြစ်သွားတယ် ဇင်။ ကဗျာဆရာဆိုတာ ဖြစ်ရိုးဖြစ်စဉ်လူ့ဘဝဒုက္ခကို အဆပေါင်းများစွာ ကြီးကျယ်ကြောက်လန့်သွားအောင် ပြောပြတတ်တဲ့သတ္တဝါတစ်မျိုးပဲ။ တကယ်ပါ ဇင် … ကျွန်တော်အခု ဒုက္ခရောက်နေတယ် လွန်ခဲ့တဲ့ သုံးနှစ်ကအတိုင်းပဲ၊ မိုးရေတွေထဲမှာ မြုပ်နေခဲ့တဲ့ နင့်ခြေသန်းလေးကို ငါပြန်ရှာမရတော့သလိုပဲ အခုလည်း ငါ့ရှေ့တည့်တည့်ကနင့်ကို ငါပြန်ရှာမရဘူး၊ ငါ့ကိုယ်ငါလည်း ရှာမရဘူး ငါသိပ်ကြောက်ခဲ့တဲ့ မှော်ဆရာမ .. ဇင်၊ အခုထိလည်း နင့်ကိုငါ ကြောက်နေတုန်းပဲ ငါ့စိတ်ကိုငါ ပျော်ရွှင်မှုထဲ ပို့ကြည့်တယ်၊ မရောက်ဖူးတဲ့ Disney Land ကို စိတ်နဲ့သွားကြည့်တယ်၊ ငါရုပ်ရှင်ဝင်ကြည့်တယ်၊ ငါသိပ်သွားချင်တဲ့ နယူးယော့ခ်ဆင်ခြေဖုံးရပ်ကွက်လေးဆီ စိတ်ကူးကြည့်တယ်၊ မရဘူး ဇင်၊ […]


သူရႆဝါJanuary 25, 20111min1906
လက်ထဲကဓါးကို ချွန်မြိနေအောင်သွေးထား လက်လေးသစ်စာလောက်ပဲဖြစ်ဖြစ် လွတ်သွားတာနဲ့ အခွင့်အရေးတွေပေါ်လာမှာ ၊ ထိုးချပစ်လိုက် ။ အံ့ဩတဲ့အမူအယာမဆုံးခင် ပြုတ်ကျသွားလိမ့်မယ် ဒါ .. ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်ကိစ္စကြီးပဲ ၊ မဟာအောင်ပွဲပဲ ၊ ဒါကိုလိုချင်တာမဟုတ်လား ဒီလိုဖြစ်စေချင်တာမဟုတ်လားလို့ မေးစရာမလို ။ စားပွဲခင်းကို ဆွဲလှန်ပစ်လိုက်ပြီ ၊ ရင်ဝကိုပုလင်းကွဲနဲ့ ထိုးစိုက်လိုက်ပြီ ၊ သွေးထွက်သံယိုဖြစ်နေတာကို အေးခဲနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီ ။ ဘာသဘောလဲဆိုတော့ ဒီသဘောပဲပေါ့ကွာ ဘာဖြစ်ချင်လဲဆိုတော့ ဒါဖြစ်ချင်တယ်ကွာလို့ မိုက်ကြေးခွဲလိုက်ပြီ ။ ဒီခြုံထဲမှာ ဒီယုန်တွေရှိတယ် ၊ ပစ်ကွင်းတည်တယ် ၊ တောခြောက်ခံရတာသေချာတယ် … ဒါမျိုးတွေက အံတိုနေပြီလို့ပြောတယ် ။ ခပ်တည်တည်လှည့်ထွက်ခဲ့တယ် ၊ မထီတရီပြုံးတယ် ။ သူရဲကောင်းလား ၊ မုဆိုးလား ၊ လူမိုက်အထာလား […]


သူရႆဝါJanuary 21, 20111min27711
“စိုးရိမ်တတ်သော သူရဿဝါနှင့် ကွန်ပျူတာလောက၊ အိုင်တီလောက” လူတစ်ဦးလျှင် ဝါသနာတစ်မျိုးစီ ရှိတတ်ကြသည့်အထဲတွင် ကျွန်တော် ထက်ထက်သန်သန် ဝါသနာပါသော အလုပ်မှာ စိုးရိမ်ကြောင့်ကြခြင်းဖြစ်သည်။ ဘာပဲလုပ်လုပ် စိုးရိမ်ပူပန်စိတ်က ရှေ့ကနေ ကာဆီးကာဆီး လုပ်တတ်သဖြင့် ကောင်းကျိုးလည်း များခဲ့ပါ၏။ ဆယ်တန်းစာမေးပွဲဖြေစဉ်က သချာင်္နေ့တွင် တစ်ပုဒ်တွက်လိုက် “ငါ့အဖြေက မှန်မှ မှန်ရဲ့လား” ဟု စိုးရိမ်စိတ်ဖြင့် နှစ်ခေါက်လောက် ပြန်စစ်လိုက်၊ တစ်ပုဒ်တွက်လိုက် နှစ်ခေါက် သုံးခေါက် စစ်လိုက်ဖြင့် ဖြေချိန် သုံးနာရီမှာ နှစ်နာရီလောက် ပြန်ပြန်စစ်နေမိသဖြင့် သချာင်္အမှတ် မကောင်းခဲ့သည်က တစ်ခါ၊ အသက်ကလေး ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်ရောက်၍ လူပျိုပေါက်သဘာဝ ရည်းစားသနာ ထားချိန်တွင် ကိုယ့်ရည်းစားက ကိုယ့်ကိုမှ ချစ်ရဲ့လားဟု တွေးတွေးပြီး စိုးရိမ်နေတတ်ပြီး ကိုယ့်ကိုမချစ်ချစ်အောင် စကားအထုပ်ဖြင့် ချုပ်ရင်းပွားရင်းက […]


သူရႆဝါJanuary 20, 20111min1360
အခုရေးချလိုက်တာ ကဗျာမဟုတ်ဘူးလို့ ဘယ်သူပြောမလဲ ဘယ်သူပြောမှာလဲ ဟုတ်တယ် ၊ ကျွန်တော်ပြောမယ် ဒါ … ကဗျာမဟုတ်ဘူး သောက်ပြီးသားစီးကရက်အတိုတွေ ၊ အရည်တစ်စက်မှ မကျန်တော့တဲ့ ဖန်ခွက်တွေ ၊ ထွေးထားတဲ့ကွမ်းတံတွေးတွေ ၊ အခွံတွေ “ဟံလင်း” မွေးနေ့မှာ ကဗျာဆရာများ စွန့်ထုတ်လိုက်တဲ့ အနိဋ္ဌာရုံတွေ … ကျွန်တော် ထပ်ပြောမယ် ဒါ … က ဗျာ မှ မ ဟုတ် တာ ကျွန်တော်က ပြုံးပြုံးလေးနေတတ်တဲ့ အဆိုးမြင်ဝါဒီ ပဲ “ကောင်းသောရှင်သန်ခြင်းဖြစ်ပါစေ ဟံလင်း” ကဗျာ “သေ” နေတဲ့ကြားက ခင်ဗျားအတွက် ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့တယ် ။ ။ သူရဿဝါ ဇန်နဝါရီလ ၂ဝ ရက် ၊ ၂၀၁ဝ […]


သူရႆဝါDecember 24, 20101min1751
Mysuboo Fanclub ရဲ့ သုံးနှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေမယ့် နှစ်ပတ်လည် မဂ္ဂဇင်းအတွက် စာမူတွေ ပေးပို့လို့ ရတယ်ဆိုတဲ့ အကြောင်းကို တလောက ကျွန်တော် Post တစ်ခုတင်ပြီး စာမူရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော် စာမူဖိတ်ခေါ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Online Writer များ၊ စာရေးဆရာများ၊ Blogger များဆီက ပေးပို့တဲ့ စာမူတွေ အများအပြားရောက်လာလို့ ဝမ်းသာရပါတယ်။ ရောက်လာတဲ့ စာမူထဲမှာ ကဗျာစာမူတွေ အရမ်းများပြီး ဝတ္ထုတို အနည်းငယ်လည်း ရခဲ့ပါတယ်။ ကာတွန်း၊ ဟာသ၊ ဆောင်းပါး၊ ရသစာတမ်း (Essay) တို့ကိုတော့ ဘယ်သူမှ ပေးပို့ခြင်း မရှိသေးပါဘူး။ ပထမတုန်းက ကျွန်တော်ပြောထားတဲ့ အတိုင်းပဲ ဒီဇင်ဘာလကုန် ၃၁ ရက်နေ့မှာ စာမူတွေ […]


သူရႆဝါNovember 27, 20101min1090
မစ္စတာဘီးန်ရဲ့ဟာသတွေလည်း မရယ်ရတော့ပါ။ လွန်လေပြီးသောခုနှစ်တစ်ခု မျက်စိရှေ့မှာ ခပ်တည်တည် ပြန်ရောက်လာပြီးနောက် … ကီးဘုတ်မှတဆင့် ကွန်ပျူတာမျက်နှာပြင်ပေါ်သို့ ပို့လွှတ်သော ကိုယ်/ ဟာသ၊ ကိုယ် (ကိုယ်တိုင်) ဟာသ၊ အထွေအထူးတော့ မဟုတ်ပါဘူး။ “မတွေ့ကြတာအတော်ကြာပြီနော်” ဆိုတာက အရမ်းကိုရယ်ရတာ။ ဒီလိုလေ … မစ္စတာဘီးန်က မရယ်ရတော့ဘူး၊ ဆိုပြီးတော့ ကျွန်တော် ဟာသတစ်ခုပြောပြလိုက်တယ်။ “ဒီမယ် မမခရေရဲ့ … အချစ်ဆိုတာ ရိတ်ချင်တိုင်းရိတ် နှုတ်ချင်တိုင်းနှုတ်ရအောင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မဟုတ်ဘူး” ဘယ်လိုလဲ မမခရေ … ရယ်ရတယ်မဟုတ်လား။ တွန်းကန်လိုက်တဲ့ကောင်က ပြန်ပြီး လွင့်   လွင့် လ ွ င ် ့ စ ဥ  ် လ ာ ။ […]