thura.ng2September 23, 20101min1251
ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ကိုယ်တစ်ပိုင်းကို ချောင်းရေထဲစိမ်ရင်း လက်ထဲမှာ သစ်သားအင်ပြားကို ဝေ့ကာ ဝိုက်ကာ ရေပေါ်လှုပ်ခါရင်း ဒေါ်သန်းဆင့် ရွှေကျင်နေသည်။ သူမ၏ ၁၃နှစ်အရွယ် သမီးလေး အေးဆင့်က ချောင်းကမ်းစပ်မှ မြေကြီးများ တူရွင်းပြားအတိုလေးဖြင့် တူးဆွကာ ရလာသော မြေကြီးများကို ဒေါ်သန်းဆင့်၏အနီးနား မြေပြင်ပေါ်တွင် ဂေါ်တောင်းနှင့်သယ်သယ်လာပြီး ပုံကာထားပေးနေသည်။ နွေရာသီ ကျောင်းပိတ်ရက်မို့ အားလပ်နေသော သမီးအေးဆင့်က ဒေါ်သန်းဆင့်ရွှေကျင်ရာတွင် တတပ်တအား ကူညီနိုင်ခွင့် ရနေလေသည်။ ဥရုချောင်းဆိုသည့် နံမည်ကျော်ချောင်းကမ်းဘေးမှာ သူမတို့ သားအမိနှစ်ယောက် မိန်းမသားတို့အင်အားလေးနှင့် ချောင်းကမ်းစပ် အပေါ်ယံမြေကြီးများကို တူးဆွကာ အင်ဟုခေါ်သော သစ်သားအပြားဝိုင်းဖြင့် မြေကြီးများကို တဖြေးဖြေး ဖယ်ရှားပစ်ပြီး ရွှေမှုန်ကလေးများကို ကဲ့ယူသော နည်းဖြင့် ရွှေကျင်နေကြခြင်းဖြစ်သည်။ မနက်စောစော ထမင်းချက်ပြီး သားအမိ၂ယောက်သား ထမင်းကို ဆားဖြူး၍ […]


thura.ng2September 23, 20101min951
ဘီစီ 469-399 တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဂရိပညာရှင်ကြီး ဆိုခရေးတီစ်းဟာ သူ့ရဲ့ ပညာဉာဏ်ထက်မြက်မှု၊ အတွေးအခေါ် ကြီးမားရင့်သန်မှုတွေကြောင့် နိုင်ငံအဝှန်းက ချီးကျူးလေးစားခြင်း ခံရသူ ဖြစ်ပါတယ်.. တစ်ရက်တော့ ပညာရှင်ကြီး ဆိုခရေးတီးစ်နဲ့ အလွန်ကို ခင်မင်ရင်းနှီးတဲ့ သူတစ်ယောက်ဟာ သူ့ဆီကို အပြေးအလွှား ရောက်လာပြီး ရေးကြီးသုတ်ပြာနဲ့ “ဆိုခရေးတီစ်း…. အသင်ရဲ့ တပည့်တစ်ယောက်အကြောင်း ကျွန်ပ် ကြားခဲ့တာလေး တစ်ခုကို ပြောပြချင်လို့” လို့ ပြောပါတယ်. ဒီတော့ ပညာရှင်ကြီး ဆိုခရေးတီးစ်က “ခနလောက် စောင့်ပါဦး.. အသင် မပြောခင် ကျွန်ပ် အရင်ပြောပါရစေ” လို့ ပြန်ပြောလိုက်ပြီး “တကယ်လို့ အသင့်အနေနဲ့ ကြားခဲ့တဲ့ စကားကို ကျွန်ပ်ကို ပြောမယ်ဆိုရင် မပြောခင်မှာ ရေစစ်သုံးခုနဲ့ စစ်ထုတ်တဲ့နည်းကို သုံးပြီး အသင်ရဲ့ […]


thura.ng2September 23, 20101min2218
သင့်ရဲ့ ခါးအဝန်းကို တိုင်းတာကြည့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သတ်မှတ်ပေးထားတဲ့ ခါးအဝန်းထက် တစ်လက်မလောက် ပိုရုံနဲ့တင် အူမကြီးကင်ဆာ ဖြစ်ရန် အန္တရာယ်ရှိကြောင်း နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက်များ အရ သိရပါတယ်။ ခါးပေါ်က အဆီပို တစ်လက်မလေးဟာ သင့်ရဲ့ ကျန်တဲ့ နေရာတွေက ခန္ဓာကိုယ်အချိုးအစား သိပ်မဆိုးတောင် အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အခွင့်အလမ်းရှိကြောင်း ဆရာဝန်များက သတိပေးပြောကြား လိုက်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခါးအဝန်းကို အမျိုးသမီးတွေအတွက် ၃၁ လက်မခွဲ (၈ဝ စင်တီမီတာ)၊ ဥရောပသားနဲ့ လူမည်းအမျိုးသားတွေအတွက် ၃ရ လက်မ (၉၄ စင်တီမီတာ)၊ အာရှသား အမျိုးသားများအတွက်တော့ ၃၅ လက်မ (၈၉ စင်တီမီတာ) အဖြစ် ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက အတိအကျ သတ်မှတ်ထားပါတယ်။ […]


thura.ng2September 23, 20101min770
ဒီစာကတော့ ရန်ကုန်ဆေးရုံကြီး အဆောင်(၁၂) ကုတင်နံပါတ်(၁၂) ဆောင်းပါးကို ဖတ်ရပြီးတဲ့နောက် ပြောပြ ချင်တာလေးတွေ ရှင်းပြချင်တာလေးတွေကို မစုမြတ်မိုမှ ဟောက်ဆာဂျင် ရှုထောင့်ကနေ တစ်ဆင့်ရှင်းပြထားတာဖြစ်ပါတယ်။ ဆရာဝန်သည်လူဖြစ်သည်.. အသွေးအသားနှင့်ဖွဲ့စည်းထားပါသည်.. အလုပ်သမားများအနက် အလုပ်ချိန် အများဆုံး အလုပ်သမားသည် ဆရာဝန်ဖြစ်သည်.. duty ချိန်သည် တသမတ်တည်းမရှိပါ.. လူနာအရေးကို လိုက်ရျ်ု ဆေးရုံတွင် အချိန်ပြည့်နေသင့်လျှင်နေရသည်။ထို့ပြင် ဆေးရုံတစ်ရုံတွင် အနိမ့်ဆုံးလစာသာရပြီး တာဝန်အကြီးဆုံးအလုပ်များ(လူ့အသက်နှင့်ဆိုင်သောအလုပ်) ကို အိပ်ချိန်တန် မအိပ် စားချိန်တန်မစားရဘဲ နေ့ရောညပါ ထမ်းဆောင်နေရသည်မှာ အလုပ်သင်ဆရာဝန်များဖြစ်သည်.. အနိမ့်ဆုံးလစာ မည်မျှဆိုသည်ကို သိပါသလား.. သန့်ရှင်းရေးအလုပ်သမားထက်နိမ့်သည်။ တစ်လမှ ၁၁၇၅ ကျပ်သာရပါသည်.. သို့သော် ပညာသင်ယူစဉ်ကာလဖြစ်သည့်အတွက် မည်သူတစ်ဦးကမှ complaint မတက်ပါ.. လူနာများဧ။် လာသမျှ complaint ကိုသာ ဒိုင်ခံရှင်းရသော သူလည်းဖြစ်ပါသည်.. […]


thura.ng2September 23, 20101min1241
ဒီခေတ်မှာ လူငယ်တွေ နိုင်ငံရပ်ခြားကို အရောက်အပေါက် များတယ်။ မျက်စိပွင့်၊ နားပွင့် ဖြစ်စေနိုင်လို့ ကောင်းတယ်။ အားပေးရမယ်။ ဒီ အခွင့်အရေးမျိုးရတဲ့ လူငယ်များ အင်မတန် ကုသိုလ်ကောင်းကြတယ်ဆိုတာကို မမေ့သင့်ကြဘူး။ အသက်ကို ဖက်နဲ့ထုပ်သွားရ ဒိလို သွားလာနိုင်တဲ့လူဟာ တကယ်တော့ လက်တစ်ဆုပ်စာလေးလောက်ပဲ ရှိတယ်။ လူဦးရေ အများစုကြီးဟာ ဒီလို အခွင့်အရေးမျိုး မရကြဘူး။ တချို့ဆို အခြေအနေအရ ပတ်စ်ပို့လေးကိုင်ပြီး ကြော့ကြော့ကလေး မသွားနိုင်ရှာကြဘူး။ အသက်ကို ဖက်နဲ့ထုပ်ပြီး တောင်တွေကျော်၊ တောတွေဖြတ် သွားကြရတယ်။ နယ်စပ်ကို နောက်ဖေးပေါက်က ခိုးဝင်ဖြတ်ကျော်ပြီး အထဲရောက်သွားပေမယ့်လည်း စိတ်ချလက်ချ မနေနိုင်ဘူး။ အလုပ်ရှင်မျက်နှာ ကြည့်ရ၊ ပုလိပ်ကြောက်ရနဲ့ အမြဲတမ်း ရင်တမမ နေကြရတာ။ အချုပ်ခန်းထဲရောက်ပြီး ဒုက္ခခံရတာတွေလည်း အကြိမ်ကြိမ်။ တချို့ဆို ညစ်ပတ်တဲ့ […]


thura.ng2September 23, 20101min620
တစ်ခါက နာမည်ကြီး မိန့်ခွန်းပြောသူတယောက်က သူ့ရဲ ့ ဟောပြောပွဲကို ဒေါ်လာ ၂ဝတန်ကိုင်ပြီး “ဘယ်သူ ဒီဒေါ်လာ ၂ဝတန်လိုချင်လဲ” လို့ မေးကာစတင်ခဲ့တယ်… ထိုအခါ … လူတိုင်းရဲ ့လက်တွေမိုးပေါ်ထောင်ပြီး လိုချင်ကြကြောင်းပြတယ်… သူကထပ်ပြီး “ဒီဒေါ်လာ ၂ဝတန်ကို ခင်ဗျားတို့ထဲက တယောက်ယောက်ကို ပေးမှာပါ… ဒါပေမယ့် ကျွန်တော်ကို ဒီလိုလုပ်ခွင့်တော့ ပြုဦး” ဆိုပြီး ဒေါ်လာ ၂ဝတန်ကို လက်ထဲမှာ လုံးချေလိုက်တယ်… နောက်တော့ သူထပ်မေးတယ်… “ဒါကို ဘယ်သူလိုချင်သေးလဲ” တဲ့… လူတိုင်းရဲ ့ လက်တွေမိုးပေါ်ထပ်မြှောက်ကြပြန်တယ်… “ကောင်းပြီ”လို့ သူပြောလိုက်ပြီး “အကယ်၍ ကျွန်တော် ဒီလိုလုပ်လိုက်ရင်ကော” ဆိုကာ ဒေါ်လာ၂ဝတန်ကို မြေကြီးပေါ်ပစ်ချပြီး ဖိနပ်နဲ့ နင်းချေလိုက်တယ်… ပြီးတော့ တွန့်ကြေညစ်ပတ်နေတဲ့ ဒေါ်လာ၂ဝတန်ကို ကောက်ကိုင်လိုက်ပြီး […]


thura.ng2September 23, 20101min830
စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြော ရေးသားနေသည့် ပုဂိ္ဂုလ်တဦးဖြစ်သည်။ အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင် အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာရေး ဆရာကြီး ဦးအောင်သင်းအား ခေတ်ပြိုင်ဂျာနယ် အယ်ဒီ တာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။ ဖြေ။ ။ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမဩဝါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘဝကိုတည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် […]