thura.ng2September 24, 20101min960
ရှက်ဖို့ ကောင်းလှသည် . . . ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။ မြန်မာ လူမျိုးများ ကမာ္ဘတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဉာဏ် ပေးသံများ၊ […]


thura.ng2September 24, 20101min690
တစ်ခါက တိုင်းပြည်ကြီးတစ်ခုမှာ ပန်းချီ အနုုပညာကို ဝါသနာကြီးပြီးတော့ ပညာရှင်တွေကို ချီးမြှင့် မြောက်စားလေ့ရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိပါတယ်.. တစ်ရက်မှာ ဘုရင်ကြီးဟာ တိုင်းပြည်တွင်းမှာရှိတဲ့ ပန်းချီပညာရှင်တွေကို နန်းတော်တွင်းသို့ ဖိတ်ခေါ်ပြီးတော့ ပန်းချီပြိုင်ပွဲတစ်ခု ပြုလုပ်စေပါတယ်.. ယှဉ်ပြိုင်ရမဲ့ ပန်းချီကားရဲ့ ခေါင်းစဉ်က ငြိမ်းချမ်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်.. ပြိုင်ပွဲကို အနယ်နယ် အရပ်ရပ်က ပန်းချီပညာရှင်ကြီးတွေ လာရောက်ကြပြီး သူ့ထက်ငါ အကောင်းဆုံး ပန်းချီကားများကို ရေးဆွဲကြပါတယ်.. မြောက်မြားလှစွာသော ပန်းချီကားတွေကိုှ ဘုရင်ကြီးက ကြည့်ရှုစစ်ဆေးပြီး အကောင်းဆုံး ပန်းချီကား၂ချပ်ကို သူအကြိုက်ဆုံး အဖြစ် လက်ရွေးစင် ရွေးချယ်လိုက်ပါတယ်.. အဲဒီ၂ကားထဲမှာမှ အကောင်းဆုံး တစ်ချပ်ကို ဘုရင်ကြီးက ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။ ပထမ ပန်းချီကားက သာယာလှပတဲ့ ကန်ရေပြင်ရဲ့ ပုံရိပ်ကို ဆေးခြယ်ထားတာဖြစ်ပြီး […]


thura.ng2September 24, 20101min1040
ကိုယ့်အားကိုယ်ကိုး သင့်အားမည်သူမျှ အပေါ်အမြင့်သို့ ရောက်အောင်ကြိုးဖြင့် ဆွဲမတင်နိုင် ကြိုးကို ကြာကြာကိုင်ဆုပ်မထားနိုင်သောကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်သည်။ သို့သော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍ တက်လျှင်ကား အမြင့်တောင်ထိပ်သို ့ ရောက်အောင်ပင်သင်တက်နိုင်မည်ဖြစ်၏။ ကောင်းလည်းကိုယ်ဆိုးလည်းကိုယ် လူသည်မိမိကိုယ်ကို ကောင်းအောင်လည်းဖန်တီးနိုင်၏ ၊ ဆိုးအောင်လည်းဖန်တီးနိုင်၏ ၊ ကောင်းလိုတိုးတက်လိုလျှင် မိမိစဉ်းစားတွေးတောမှု လမ်းကြောင်းကို ကောင်းမည် ့ဘက် တိုးတက်မည့်ဘက ်သို ့ ဦးလှည့်ပေးရလိမ့်မည် ။မိမိကိုယ်ကိုမိမိ ဘဝစွမ်းရည်တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့် ပါရဂူ အဖြစ်ခန့်အပ်နိုင်ပြီဆိုလျှင် တောက်လျှောက်တိုးတက်သွားမှာ သေချာသည် ။ ဖန်တီးသူမိမိ လောက၏မတူညီသော ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရှိခဲ့သူတို ့ တူညီစွာလက်ခံ ယုံကြည်ထားကြသည့် အချက်တစ်ရပ်ရှိသည၊် ယင်းကားမိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာဖန်တီးနိုင်သည် ဟူ၍ ဖြစ်ပါသည် ။ အလကားမရ သင့်အောင်မြင်မှု နှင့်စိတ်ချမ်းသာမှု […]


thura.ng2September 24, 20101min730
လူတွေတိုင်းမှာ အသက်ရှင်ကြီးပြင်းလာကြတဲ့ နေရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ ့အရေးပါမှု၊ စောက်ရှောက်မှုဟာ အမှန်တကယ်ပဲလိုအပ်လှပါတယ်။ ပတ်ဝန်းကျင် ဆိုတဲ့နေရာမှာ ကိုယ့်ရဲ ့မိဘ ညီအစ်ကိုမောင်နှမတွေလည်းဖြစ်ရင်ဖြစ်မယ်၊ သူငယ်ချင်းတွေ ၊ ဆရာသမားတွေနဲ ့မိတ်ဆွေအပေါင်းအသင်းတွေလည်းပါဝင်ပါတယ် ။ ဒီလို ရေခံမြေခံကောင်းတဲ့ ပတ်ဝန်းကျင်မှာ ရပ်တည်ရှင်သန်ခဲ့ရတဲ့ လူပုဂ္ဂိုလ်တစ်ချို ့အကြောင်းများကို ရေးသားတင်ပြဖို ့ကျွန်တော်ဖတ်ခဲ့ဖူးတယ် အကြောင်းအရာတွေထဲက တစ်ချို ့ကို တင်ပြလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖတ်မိတဲ့သူငယ်ချင်းတွေလည်း ကိုယ်ရပ်တည် ရှင်သန်နေတဲ့ ပတ်ဝန်းကျင်မှာ မိမိကိုယ်တိုင်လည်း ကိုယ်နဲ ့ပတ်သတ်ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကို ပြန်လည် အထောက်အကူပြု မျှဝေပေးနိုင်တဲ့ သူတစ်ဦးအဖြစ် အတွေးအမြင်အသိတစ်ခုရှိနိုင်စေဖို ့ပါ။ အမှန်တရားကို မြတ်နိုးတတ်ပြီး အမှန်ပြောဖို ့ကို ဝန်မလေးတတ်တဲ့ သားအဖနှစ်ဦး ဇာတ်လမ်းလေးပါ။ တစ်ခါက အမေရိကန်နိုင်ငံမှာ ဂျော့ ဆိုတဲ့ […]


thura.ng2September 24, 20101min780
မိမိကိုယ်သာ အကောင်းဆုံး ဖြစ်ပါစေ ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။ သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။ သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။ ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။ အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။ ကျွန်တော်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။ ဦးဆောင်ရသည် ဖြစ်စေ၊ […]


thura.ng2September 24, 20101min830
ပြည်သူလူထုအတွင်းအလွယ်တကူနှင့်ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော အယူအဆအမှားများမှ အချို ့ကိုဖော်ပြသွားပါမည်။ အင်္ဂလိပ်ဆေးနှင့်သံပုရာရည် အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို ့မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀ဝ တွင် လူ ၉ဝ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို ့ ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။ မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို ့ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။ ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို ့သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ ့အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိူးမျိူးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး […]


thura.ng2September 23, 20101min1332
ရုပ်မြင်သံကြားလှိုင်း CNBC က ကမာ္ဘ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့၊ ထောက်ပံ့ကြေးငွေပေါင်း သန်း(၃၁ဝ,၀၀၀) လှူဒါန်းခဲ့တဲ့ Warren Buffet ကို တွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Warren Buffet ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသော stockကို ဝယ်ခဲ့တယ်။ ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းက stock ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Warren Buffet ဟာ သတင်းစာပို့လို့ စုဆောင်းရရှိတဲ့ ဝင်ငွေနဲ့ ခြံတစ်ခြံဝယ်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့ အားပေးပါ။ Warren Buffet ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးက ဝယ်ထားတဲ့ […]


thura.ng2September 23, 20101min1192
သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။ အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို […]


thura.ng2September 23, 20101min1112
မတူတဲ့လူနဲ့ အတူနေရင် မတူတဲ့ဘဝကို ရမှာပဲ တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတစ်လျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အလုပ်ကြိုးစားသူနဲ့နေရင် သင်မပျင်းတတ်တော့ဘူး။ အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။ အသိပညာရှိသူနဲ့နေရင် သင်အသိပညာတိုးမယ်။ မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။ သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ “လူဆိုတာ သွယ်ဝိုက်ပြီးပြောတဲ့စကားတွေကို နားလည်တဲ့ တစ်မျိုးတည်းသော သတ္တဝါဖြစ်တယ်။ အကောင်းဘက် သွယ်ဝိုက်တဲ့စကားတွေက လူတွေရဲ့ ခံစားချက်နဲ့ စိတ်အခြေအနေကို အကောင်းဘက် သက်ရောက်စေတယ်။ ကိုယ်ရေကိုယ်သွေးတွေကို လှုံဆော်ပေးတယ်။ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရှေ့သို့တက်လှမ်းစေတယ်၊ ကြိုးပမ်းအားထုတ်စေတယ်” အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ […]


thura.ng2September 23, 20101min800
တက္ကသိုလ်တစ်ခုက ဟောပြောပွဲတစ်ခုမှာ ရိုးရှင်းတဲ့ ကိန်းဂဏန်းကစားနည်းကို ဟောပြောသွားတယ်။ အဲဒီကစားနည်းက ၁ × ၁ ဖြစ်တယ်။ ၁×၁ကို ၁ဝကြိမ်မြှောက်ရင် အဖြေဘယ်လောက်ရသလဲ? ရှင်းပါတယ်.. အဖြေက ၁ ပဲဖြစ်တယ်။ ဒါပေမယ့် ၁.၁×၁.၁ ကို ၁ဝကြိမ်မြှောက်ရင် အဖြေဘယ်လောက်ရသလဲ? အဖြေက ၁×၁လောက် မလွယ်တော့ဘူး။ ကျောင်းသားတချို့က ၁ဝလို့ ဖြေကြတယ်။ တချို့က ၈ လို့ဖြေကြတယ်။ တကယ့်အဖြေမှန်က ၂.၈၅..ဖြစ်တယ်။ ဝ.၉ ကို ၁ဝကြိမ်မြှောက်ကြည့်ပါ။ အဖြေဘယ်လောက်ရသလဲ? တချို့က ဝ.၈လို့ဖြေတယ်။ တချို့က ဝ.ရ လို့ဖြေတယ်။ ကိုယ်တိုင်ချတွက်ကြည့်ပါ။ ဒါမှအဖြေကို သင်မှတ်မိလိမ့်မယ်။ တကယ့်အဖြေမှန်က ဝ.၃၁ဖြစ်တယ်။ တကယ်လို့ နေ့တိုင်း နည်းနည်းလေးစီ ကြိုးစားကြည့်မယ်၊ ပြုပြင်မယ်၊ အခြေအနေကို ဖြေးဖြေးချင်း တိုးတက်အောင်လုပ်မယ်ဆိုရင် […]


thura.ng2September 23, 20101min1112
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။ တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။ မိန်းမကောင်းဆိုတာ […]


thura.ng2September 23, 20101min1476
တက်ကျိူးပေမယ် ့လက်ထိုးလှော်မယ်… လက်ခြေများပြတ်ခဲ ့ရသည် ့ပြင်သစ်အမျိူးသားတစ်ဦးဟာ အင်္ဂလိပ်ရေလက်ကြားကို အောင်မြင်စွာရေကူး ဖြတ်သန်းနိုင်ခဲ ့ပါတယ်…( ရေလက်ကြားဆိုလို ့ကျဉ်းကျဉ်းလေးမထင်ပါနဲ ့ဗျာ…၂၂ မိုင်ကျယ်ပါတယ်…) အသက် ၄၂ နှစ်ရှိ ဖိလစ်ခရွိုင်ဇွန် ဟာ ကင် ့အရပ် ဖို ့စတုန်းနေရာကနေ ကက်ပ်ဂရီးနက်ဇ် နေရာကို ၁၃ နာရီအကြာ ကူးဖြတ်အပြီးရောက်ရှိခဲ ့တယ်လို ့ဘီဘီစီသတင်းမှာဖေါ်ပြခဲ ့ပါတယ်… လက်ခြေတွေပြတ်ခဲ ့ပေမယ် ့ခြေထောက်အတုနဲ ့ရေယက် တပ်ပြီးဖြစ်အောင်ကူးနိုင်ခဲ ့ပါတယ်… ၎င်းက သူ ့အနေနှင် ့၂၄ နာရီ အတွင်းဖြတ်ကူးနိုင်ဖို ့သူ ့ကိုယ်သူစံချိတ်သတ်မှတ် မျှော်လင် ့ထားခဲ ့ပြီး၎င်း ရဲ ့အသင်းကတော ့ယခုလို ကူးဖြတ်နိုင်တာကိုက မသန်မစွမ်းသူရေကူးသမားတစ်ဦးအတွက် စံချိန်သစ်တစ် ခုဖြစ်လိမ် ့မယ်လို […]


thura.ng2September 23, 20101min1112
ကျင်းနှင့် ၃ကိုက် အကွာ သဲပြင်ပေါ်မှာ ဂေါက်သီးလေးကို ပါတာဖြင့် ကျင်းလေးထဲသို့ ချိန်သားကိုက် ရိုက်သွင်းလိုက်သည်။ ဂေါက်သီးလေးက တစ်လိမ့်လိမ့်နှင့် ကျင်းထဲသို့ လှလှပပလေး ကွက်တိ လိမ့်ဆင်းသွားတော့ ရိုက်ဖော်ရိုက်ဖက်တို့ဆီမှ လက်ခုပ်သံများ တစ်ဖြောင်းဖြောင်း ထွက်လို့လာသည်။ လုံးခင်းရဲ့ မြစိမ်းမြေဂေါက်ကွင်းဆိုတာ ရန်ကုန်၊ မန္တလေးတို့လို မြက်ခင်းစိမ်းနဲ့ကျင်းများ မဟုတ်ပါ။ ကိုးကျင်းလုံးက သဲကျင်းတွေသာဖြစ်ပြီး ၁၈ကျင်းပြည့်ဖို့ဆိုတာ ၉ကျင်းကို ၂ကျော့ ရိုက်ရပါသည်။ ဒီနေ့ ပြုလုပ်တဲ့ မြစိမ်းမြေဂေါက်ကလပ်ရဲ့ နှစ်ပတ်လည် ဖလား ပြိုင်ပွဲမှာ ၁၈ကျင်းကို ပါ ၅ကျင်းနှင့် ဘာဒီ ၂ကျင်းဖြင့် သူ ပထမရသွားပြီ မဟုတ်လား။ ဒီလိုဘဲ ဖြစ်ရမည်လေ။ ကျောက်စိမ်းတွင်းဒေသရဲ့ မြစိမ်းမြေ ဂေါက်ကလပ်ဆိုတာ နှယ်နှယ်ရရ မဟုတ်… မြန်မာပြည်ရဲ့ အကျော်ကြားဆုံး ကျောက်စိမ်းသမား […]