thuyamonFebruary 21, 20112min23510
(၆၄)ကြိမ်မြောက်မွန်အမျိုးသားနေ့အခန်းအနားကို တပို့တွဲလပြည့်ကျော်(၁)ရက်နေ့(၁၉-၂-၂၀၁၁) ရက်နေ့ စနေနေ့တွင် မွန်ပြည်နယ် ရှိမြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာ အသီးသီးနှင့် အဝေးရောက်ပြည်ပရှိ မွန် အမျိုးသားများနေထိုင်ရာ နေရာအသီးသီးတို့တွင်လည်း ကျင်းပခဲ့ကြ သည်ကိုတွေ့ရပါတယ်… (၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပသည့် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ကို် ထွက်ခွါ လာရာမှာ ဖြတ်သန်းခဲ့ရတဲ့ မွန်ပြည်နယ် တစ်ခွင်မှာ ကျေးရွာဆိုရင်ကျေးရွာအလျှောက် ၊ မြို့နယ်ဆိုရင်လည်း မြို့အလျှောက် အကျင်္ီအဖြူ ၊ လုံချည်(ပုဆိုး)အနီ ဝတ်ဆင်ထားသောမွန်လူမျိုးများ စည်းလုံးညီညွတ်စွာဖြင့် မွန် အမျိုးသားနေ့အခန်းအနားကျင်းပနေကြတာကို မင်္ဂလာရှိစွာတွေ့ကြရရင်ပဲ အတိုင်းမသိကို ဝမ်းမြောက် ကြည်နူးမိပါတယ်… ကြက်သီးမွေးညှင်းများထမတတ်အောင် ရင်ထဲမှာ တလှပ်လှပ်နဲ့ခံစားရပါတယ်… အိပ်ရေးပျက်ခဲ့ရတဲ့ညတွေများခဲ့ရပေမဲ့.. အဲဒီမြင်ကွင်းမြင်လိုက်ရတာနဲ့…မောတာပန်းတာ နွမ်းတာ လျတာ တွေဟာ ပိန်းကြာပင်ရေမတင်သလို ပျောက်ကွယ်သွားပြီး စိတ်အစဉ်သည်လည်းကြည်လင်အေးချမ်းကာ ခွန်အားတွေလည်း […]


thuyamonOctober 10, 20101min680
ဗျာ…. ကြားရတဲ့သတင်းကအမှန်ပဲလား…လက်ခံရမလား ဟင့်အင်း….မဖြစ်နိုင်ဘူး ဘာတွေလာပြောနေကြာတာလည်း….. သွားဗျာ အခြားတစ်နေရာမှာသွားပြောကြပါ….မကြားချင်ဘူး.. တကယ်ပဲလား…..တကယ်ပြောနေကြတာလား….. မျက်လုံးတွေလည်း မျက်ရည်တွေနဲ့ဝေဝါးလာပြီ…..ရင်ထဲမှာဟာနေသလိုပဲ လေဟာနယ်ထဲရောက်နေတာလားမှတ်ရတယ်…. မှတ်ဉာဏ်တွေလည်းမငြိမ်ချင်တော့ဘူး…အတွေးတွေလည်း လွဲချော်နေသလိုပဲ ဪ……..ဒါတွေဟာတကယ်ဖြစ်ခဲ့တာပေါ့ ဟုတ်လား နားကိုပိတ်ပြီး အဝေးကိုထွက်ပြေးသွားချင်လိုက်တာ…မပြောပါနဲ့တော့ ဖုန်းလိုင်းရဲ့အမှားကြောင့်လို့ပဲထင်လိုက်ချင်တယ်…ထင်လည်းထင်နေမိသေးတယ် ဒါပေမဲ့ တကယ်ပြောနေတာပဲ….. ဖုန်းကိုင်ရင်းနဲ့ အရိုးပျော့တဲ့လူလို လဲပြိုကျမတတ်ပဲ….ရင်ထဲမှာလည်းတလှပ်လှပ်နဲ့ နောက်ထပ်ပြောနေတဲ့စကားသံတွေ ကြားနိုင်စွမ်းမရှိတော့ပေမဲ့ အဲဒီစကားလေးတစ်ခွန်း ကိုတော့ ထပ်ခါတလဲလဲ ကြားနေမိတယ်…. ““ သူ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ် ”” တဲ့ ဪ…..ကြိုသိနေတဲ့အဖြေတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားပေမဲ့ အချိန်ကပဲ မလုံလောက်တာလား…သမားတော်ကပဲခေတ်မမှီတာလားတော့ မသိ ဆေးမနိုင်တော့တဲ့ဝေဒနာသည်လိုပါပဲလား…. ဝမ်းနည်းတာလား မကျေနပ်တာလား ဝမ်းနည်းတာက ကိုယ့်ကိုယ်ကိုပါ…အရှုံးသမားအဖြစ်နဲ့အဆုံးသတ်ခဲ့ရတာကိုး မကျေနပ်တာက ကံကြမာကိုပါ…..ကိုယ့်ကိုမှ ဖန်လာရက်တယ်လေ လူသားသန်းပေါင်းများစွာထဲက ကိုယ့်ကိုမှ ရွေးပြီး ရက်စက်စေတာလား ည ……..ခြောက်လှန့်ခဲ့တဲ့ညတွေလည်းများနေပြီ မျက်စိအစုံကိုမှိတ်လိုက်ရင် ချစ်ရတဲ့သူနဲ့ […]