တရုတ်နိုင်ငံသည် လူမောင်းနှင်သောအာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့သဖြင့် ၂၀၂ဝ ခုနှစ်တွင် အာကာသစခန်းတစ်ခုအား အပြီးတည်ဆောက်မည့် ၎င်းတို့ရည်မှန်းချက်နှင့် ပိုမိုနီးကပ်လာပြီဖြစ်သည်။ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသည့် အာကာသယာဉ်ကို ဇွန်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီ ၃၈ မိနစ်တွင် မွန်ဂိုလီးယားအတွင်းပိုင်းရှိ Jiuquan မှ လွှတ်တင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီး အာကာသယာဉ်မှူးဖြစ်သော Wang Yaping၊ အခြားအာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် Zhang Xiaoguang နှင့် ဗိုလ်ချုပ် Nie Haisheng တို့သည် လူလိုက်ပါမောင်းနှင်မှု အကြာဆုံးခရီးအဖြစ် ၁၅ ရက်ခရီးစဉ်အတွင်း၌ Tiangong-1 သုတေသနအာကာသယာဉ်နှင့် ထိန်းချုပ်ချိတ်ဆက်မည်ဖြစ်သည်။ ၎င်းခရီးစဉ်အား Shenzhou-10 ဟု နိုဝင်ဘာလက ကြေငြာခဲ့ပြီး တရုတ်နိုင်ငံ၏ ၅ ကြိမ်မြောက်လူလိုက်ပါသော အာကာသခရီးစဉ်လည်းဖြစ်ပါသည်။ Shenzhou-10 သည် အလျား ၁၀.၅ မီတာရှိ […]