Mr WorldWideAugust 13, 20131min3085
နှုတ်ခွန်းဆက်သလိုက်ပါ၏ သူကြီးနှင့်တကွ ရွာသူရွာသားများခင်ဗျာ။ ယခုအချိန်ကစပြီး ဘာသာပြန်သတင်းလေးများ ပြန်လည်ခံစားနိုင်ရန်စတင်လိုက်ပီ ဖြစ်ပါကြောင်း… အနာဂတ်ကာလတွင် ပင်လယ်သမုဒ္ဒရာထဲရှိ လျပ်စစ်စွမ်းအင်ထုတ် လေရဟတ်ကြီးများအတွက် အလုပ်ခေါ်စာများသည် အလုပ်သမားများအဖို့ အလွန်မျက်စိကျဖွယ်ရာခေါင်းစဉ်များ ဖြစ်လာပေဦးမည်။ ဘယ်လ်ဂျီယမ်ကုမ္ပဏီတစ်ခု၏ အဆိုအရ အလုပ်သမားများအတွက် အလွန်ခေတ်ဆန်၍ နေချင့်စဖွယ်နေရာများ တွဲဖက်ပါဝင် တည်ဆောက်ထားသည့် အလွန်ကြီးမားသော လေရဟတ်ကြီးများသည် အနာဂတ်ကာလ၌ အမှန်တကယ် ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။ ဥရောပ လေစွမ်းအင်ဆိုင်ရာအသင်းကြီး ( European Wind Energy Association ) ၏ အစီရင်ခံစာ၌ အဆိုပါ လေရဟတ်များမှာ ၂၀၃ဝ ခုနှစ်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃ သိန်းခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုလေရဟတ်ကြီးများတွင်နေထိုင်မည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သားများနှင့် ပညာရှင်များသည် တာဘိုင်များပေါ်၌ တွဲဖက်တည်ဆောက်ထားသောနေရာများ၌ နေထိုင်ရမည်ဖြစ်ကာ အတိုင်းအဆမရှိ […]


Mr WorldWideJuly 7, 20135min42311
ဗိုလ်ချုပ်သို့မဟုတ်…. နတ်မောက်… မင်းဘာမှထက်မလုပ်နဲ့ ထိန်လင်းကို..မင်းငါတို့ဆီပေးပြီးကတည်းက ဆယ်ကမ္ဘာလောက်တာဝန်ကျေပြီ။ ဒေါ်စု… သူ့အမေဆိုတဲ့အတိုင်း ခင်ဗျားစိတ်ဓတ်မာလှပါတယ် ခင်ဗျားငွေတိုးချေးသလို ခင်ဗျားဆီတွေလှောင်ထားသလို သူ့ကိုလည်း ခေတ်ကြီးထံအပြီးအပိုင်..ချေးလိုက်တယ်လို့မြင်ပါ ကျနော်တို့လည်း ရင်ထဲမှာ အမြဲသိုလှောင်ထားမယ်။ ခင်ကြည် ညည်းယောကျင်္ားကိုသေချာကြည့်ထား သမီးကလေး..ခမည်းပေးဖို့ ရွှေကလေးတစ်ပဲတစ်မူးတောင် အမေအိုဆီလက်ဖြန့်တဲ့လူသား နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက်  သမိုင်းကစိတ်မပျက်စေနဲ့။ ဗိုလ်ထွန်းလှ ခင်ဗျားဆရာကိုကြည့်ပြောထားဦး လမ်းဘေးမှာအကြော်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတက်အောင် ရှက်နေရှာဦးမယ်။ ဆရာတော်ဦးသောဘိတ ဒီတစ်ခါပဲကြမ်းတမ်းမိလို့ ဒီခလေးကိုမရိုက်ပါနဲ့ ရရင်ရ…မရရင်ချဆိုတာ ကျွန်တော်တို့အတွက်ပါ ဘုရား။ ရဲဘော်ကျော်စိန် ခင်ဗျား..ကားမောင်းရင် သတိကိုငယ်ထိပ်မှာကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့… အတိတ်ကြီး၊ပစ္စုန်ပန်ကြီး၊အနာဂတ်ကြီး။ ဟေ့လူ..ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ သူ့ဟာသူ ငါးမူးတန်းကကြည့်ကြည့်..တစ်မတ်တန်းကကြည့်ကြည့် သွားမတားပါနဲ့ ဘဝမှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ။ ဗိုလ်မှူးကြီး ဆူဇူကီး တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနုတ်ဆက်ရင်း ခင်ဗျားကိုတိုက်သင့်ရင် တိုက်ရမှာပဲလို့ပြောခဲ့တဲ့ […]


Mr WorldWideJune 28, 20131min2705
ဆမ်ဆောင်း  Ativ Q Tablet တွင် Windows 8 နှင့် Android OS  နှစ်မျိုးစလုံးအား ယှဉ်တွဲအသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ဆမ်ဆောင်းကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါသည်။Ativ Q Tablet သည် ှScreen အကျယ် ၁၃.၃ လက်မရှိကာ စာရိုက်ပြီးခေါက်သိမ်းထားနိုင်သော ကီးဘုတ်အမျိုးအစားလည်း ပါရှိမည်ဖြစ်သည်။ ထို့အပြင် စာရိုက်ရန်နှင့် အခြားကိစ္စများတွင် အသုံးပြုနိုင်ရန် ဘောပင်ကဲ့သို့ အချောင်းတစ်ချောင်း ပါရှိပါသည်။ ၎င်း Tablet သည် Microsoft စနစ်နှင့် Google စနစ် နှစ်မျိုးစလုံးကိုအသုံးပြုနိုင်သော Laptop နှင့် Tablet နှစ်မျိုးပေါင်းစပ်ထားသည့်အရာပင်ဖြစ်ပြီး အခြားကုမ္ပဏီများကလည်း ယခုကဲ့သို့ နည်းပညာများကို ကြိုးပမ်းပြုလုပ်ကြတော့မည်ဟု ယူဆရကြောင်း လေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ Ativ Q Tablet သည် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်မည့်နည်းလမ်းဖြစ်ပြီး အသုံးပြုသူများအတွက်မူ […]


Mr WorldWideJune 28, 20131min2053
စက်ရုပ်များအနေဖြင့် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း၌ ရောက်ရှိရန်ခက်ခဲသည့်နေရာဒေသများ၊ ပင်လယ်သမုဒ္ဒရာများနှင့် ဝေဟင်ထဲတို့သို့ သွားလာလှုပ်ရှားနိုင်တော့မည်ဖြစ်ကာ အခြားစက်ရုပ်များနှင့် ဆက်သွယ်ခြင်း၊ သိပ္ပံပညာရပ်ဆိုင်ရာပြဿနာများကိုဖြေရှင်းရန် ပူးပေါင်းလုပ်ဆောင်ခြင်းများကိုလည်း အုပ်စုဖွဲ့၍ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်ဟု ကနေဒါသိပ္ပံပညာရှင်တစ်ဦး၏အဆိုအရ သိရှိရသည်။ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့ရှိ McGill University ၏ စက်ရုပ်ဓာတ်ခွဲခန်းမှ သုတေသန ဒါရိုက်တာတစ်ဦးဖြစ်သူ ဂရီဂိုရီဒူးဒက်က လူသားတို့ရောက်ရှိရန်ခက်ခဲသည့် မြေအခြေအနေများ၌ဖြစ်စေ ၊သို့မဟုတ် လေထုထဲတွင်ဖြစ်စေ ၊သို့မဟုတ် ရေအောက်မှ သန္တာကျောက်တန်းများတွင်ဖြစ်စေ စူးစမ်း လေ့လာမှုများ ပြုလုပ်ရာ၌ စက်ရုပ်များအနေဖြင့် လက်ရှိစက်များကဲ့သို့ပင် အားထားလာရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စက်ရုပ်များအနေဖြင့် သတင်းအချက်အလက်အမြောက်အမြားကို ၎င်းတို့ဘာသာပင် ခွဲခြမ်းစိတ်ဖြာ နိုင်လိမ့်မည်ဖြစ်ကာ ခိုင်မာမှုအရှိဆုံးရလဒ်များကို လူသားများထံသို့ ဆက်သွယ်ပေးပို့မည်ဖြစ်သည်။ စက်ရုပ်တစ်ရုပ်ဟာ ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ရောက်နေပြီဆိုပါစို့၊ မြေမျက်နှာပြင်ပေါ်မှာပဲဖြစ်စေ၊ ရေအောက်မှာပဲဖြစ်စေ၊ လပေါ်မှာပဲဖြစ်စေ၊ ဘယ်နေရာကို ရောက်နေပါစေ၊ သူ တွေ့မြင်နေရတဲ့အရာတွေကို ကျွန်ုပ်တို့ကို […]


Mr WorldWideJune 27, 20131min2263
သံဖြူဖြင့်ဖုံးအုပ်ထားသော ငွေရောင်သစ်သားများဖြင့် သေးငယ်၍ကြာရှည်ခံပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သောဘက်ထရီကို ပြုလုပ်နိုင်ပါသည်။ မေရီလန်းတက္ကသိုလ်မှ သုတေသီများ စမ်းသပ်ထားသော ဘက်ထရီတွင်းရှိ အစိတ်အပိုင်းလေးများသည် စက္ကူတစ်ရွက်ထက် အဆပေါင်း ၁၀ဝ ပိုမိုပါးလွှားသဖြင့် ကျွန်ုပ်တို့အိမ်များတွင်မူ ကိုယ်တိုင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ လီသီယမ် (Lithium) အစား ဆိုဒီယမ် (Sodium) ကို အသုံးပြုထားခြင်းကြောင့် အကြိမ်ပေါင်းများစွာ အားသွင်းအသုံးပြုနိုင်ပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိနိုင်ကြောင်း သိရှိရပါသည်။ ဆိုဒီယမ်သည် လီသီယမ်နှင့် စွမ်းအင် သိုလှောင်ပုံချင်း မတူညီသည့်အတွက် ၎င်းဘက်ထရီကို ကျွန်ုပ်တို့၏ဆဲလ်ဖုန်းများ၌ အသုံးပြုနိုင်မည် မဟုတ်သော်လည်း ကုန်ကျစရိတ်သက်သာခြင်းနှင့် လွယ်ကူစွာရရှိနိုင်သော ဒြပ်စင်ဖြစ်ခြင်းကြောင့် ဆိုလာဆဲလ်များကဲ့သို့ ၁ ကြိမ်အားသွင်းထားရုံဖြင့် စွမ်းအင်ပမာဏများစွာကို သိုလှောင်ထားနိုင်မည်ဖြစ်သည်။  ယခုအသုံးပြုလျက်ရှိသော ဘက်ထရီများသည် တောင့်တင်းခိုင်ခံ့မှုကို အခြေခံပြီး ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ၎င်းဘက်ထရီများထဲတွင်ပါဝင်သည့် အီလက်ထရွန်များ ကျုံ့ခြင်း၊ ပွခြင်းကြောင့် အလွန်ပင် […]


Mr WorldWideJune 26, 20131min1813
ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုအများဆုံးဖြစ်သော တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာလုပ်ငန်းများကို ထိန်းချုပ်ရမည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည့်စီမံချက်ကို Shenzhen တွင် ပထမဆုံးအနေဖြင့် ရေးဆွဲခဲ့ပါသည်။ ၂၀၁၄ ခုနှစ်အထိ ပြည်နယ် ရ ခုတွင် စမ်းသပ်လုပ်ကိုင်မည့် ၎င်းစီမံချက်ကို ၂၀၁၅ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပေကျင်းအစိုုးရအနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၂ဝ ခုနှစ်အတွင်း ပြည်တွင်းရှိ စက်မှုလုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၄ဝ မှ ၄၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရေး မျော်မှန်းထားပေသည်။   ယခုအခါ အစိုးရအနေဖြင့်လည်း မြို့တော်အတွင်း လေထုညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ဖိအားများနှင့် ရင်ဆိုင်နေရလျက်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးစီမံချက်သည် ကုမ္ပဏီများကို ၎င်းတို့၏လုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုပမာဏအား အဆင့်လိုက်လျော့ချသွားစေရန် တွန်းအားပေးထားခြင်းဖြစ်သည်။ ကုမ္ပဏီများအား ကာဗွန်ထုတ်လွှတ်မှုပမာဏ ၁ နှစ်လျင် ၁ […]


Mr WorldWideJune 25, 20131min3208
စိတ်ဆင်းရဲစရာတွေ အမြဲလိုလို ကြုံတွေ့နိင်တာမျိုးတွေကတော့ ၁ ။ ကမ္ဘာကြီးကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ ဆုံးဖြက်ချက်မျိုး ရှိနေမယ်ဆိုရင် ၂ ။ လူတိုင်း ဘယ်လို ပြုမှုသင့်တယ်လို့ ဥပဒေသတွေ ချမှတ်ထားမယ်ဆိုရင် ကမ္ဘာကြီးက ခင်ဗျားချမှတ်ထားတဲ့ ဥပဒေသတွေကို မလိုက်နာတဲ့အခါ ခင်ဗျားစိတ်ဆိုးပြီး စိတ်မချမ်းမသာဖြစ်ပြီ… သူငယ်ချင်းတွေက ကိုယ့်အပေါ် အပြန်အလှန် ရှိသင့်တယ် လေယာဉ်ပျံတွေ အချိန်မှန် ဆိုက်သင့်တယ် လူတိုင်း ရိုးသားသင့်တယ် ယောကျင်္ားဖြစ်သူက ဒါမှမဟုတ် မိန်းမဖြစ်သူက ၊ ရည်းစားဖြစ်သူက ကိုယ့်မွေးနေ့ကို သတိရသင့်တယ်လို့ ခင်ဗျား မျှော်လင့်ထားတယ် ။ ဒီလိုမျိုး မျှော်လင့်ချက်တွေက ကျိုးကြောင်းဆီလျော်ညီပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်အလိုမကျတာတို့ ၊ စိတ်ပျက်တာတို့ ဖြစ်တက်ပါတယ်။ ဒီစိတ်မချမ်းသာမှုမျိုးတွေ မဖြစ်အောင် […]


Mr WorldWideJune 24, 20131min2887
    တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီဆမ်ဆောင်းမှ Samsung Galaxy S4 အား ပိုမိုလျင်မြန်လာအောင် အဆင့်မြှင့်တင်မည်ဖြစ်ပြီး ယခင်ကထက် ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ  J.K.Shin က ပြောကြားခဲ့ပါသည်။ ထိုသို့အဆင့်မြှင့်တင်ပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင်ပင် ထုတ်လုပ်ရောင်းချသွားမည်ဟုလည်း Reuters သတင်းဌာနသို့ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ စမတ်ဖုန်းတွင် LTE (Long Term Evolution) ဟုခေါ်သည့် အဆင့်မြင့်နည်းပညာအသုံးပြုထားသော Qualcomm Processorအသစ်ကို အသုံးပြုမည်ဖြစ်ကာ ယခုခေတ်စားနေသော 4G LTE  ဖြင့် သတင်းအချက်အလက်များ ပေးပို့ခြင်းထက် ၂ ဆ ပိုမိုလျင်မြန်စွာ ပေးပို့လုပ်ဆောင်နိုင်တော့မည်ဖြစ်ပါသည်။   Download ပြုလုပ်ရာတွင်လည်း ပိုမိုလျင်မြန်စွာ Download  ချနိုင်တော့မည်ဖြစ်ပြီး ယခင် Samsung Galaxy S4    ဖြင့် ဗွီဒီယိုဖိုင်တစ်ဖိုင်ကို Download […]


Mr WorldWideJune 24, 20131min60326
ပန်းသီး ( ဒါမှမဟုတ် ) ပေါင်မုန့် ၊ ကိတ်မုန့် တွေကို စားဖို့ စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။ သိပ်မကြာဘူး စားပွဲပေါ်က တင်ထားတဲ့ ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာ ဘာဖြစ်လို့လဲ။ ဘယ်သူမှ မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။ ပန်းသီး ( သို့မဟုတ် ) ကိတ်မုန့်က စားပွဲပေါ်မှာ ရှိနေတာကိုး။ နောက်ထပ် အဖြစ်မျိုး ခင်ဗျား ဒီလို ဖြစ်ဖူးပါသလား လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ် သုံးစရာ မလိုပေမယ့်လည်း သုံးလိုက်မိတယ်။ ဒါလည်း ဘာကြောင့်လည်း ဆိုတော့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ရှိနေတာကိုး။ တကယ်လို့များ ခင်ဗျားဟာ ကိတ်မုန့်ကို မနက်ဖြန်အတွက် […]


Mr WorldWideJune 21, 20131min27010
တယောပညာရှင်ကြီး ဖရစ်ဇ် ခရစ်စလာရဲ့ ဖျော်ဖြေတင်ဆက်မှု ပြီးတဲ့အခါ အမျိုးသမီးတစ်ဦးက သူ့ဆီ ချဉ်းကပ်ပြီး “ မစ္စတာ ခရစ်စလာ ၊ ရှင်တယော ထိုးတက်သလို ကျွန်မထိုးတက်မယ် ဆိုရင် ကျွန်မရဲ့ ဘဝကို ပေးဆပ်ပ့ါမယ် ” လို့ ပြောလိုက်တဲ့အခါ တယောပညာရှင်ကြီးက လှည့်ပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပုံက “ ဟုတ်တယ် ၊ ကျွန်တော့်ဘဝကိုလည်း ပေးဆပ်ခဲ့ရတယ် ” တဲ့။   ကျွန်တော်တို့ တခုခုမှာ တော်ချင်တယ် ဆိုရင် ဘဝတလျှောက်လုံး လေ့ကျင့်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒါမှ မဟုတ် ဆယ်နှစ် ၊ ဒါမှ မဟုတ် အနည်းဆုံး ၆ လပေ့ါ။ ဒါကို လူတော်တော် များများ ကလည်း […]


Mr WorldWideJune 20, 20131min2858
သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ဝမ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။ မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ မပျော်ရွှင်တဲ့လူကို မခေါ်ဘူး။ မပျော်တဲ့ လူကလည်း မပျော်တဲ့လူကိုပဲ ဆွဲဆောင်တယ်။တစ်ယောက်ယောက်က ကိုယ့်ကို ပျော်အောင် လုပ်ပေးနိင်တယ်ဆိုတဲ့ အတွေးမျိုး ဘယ်ကရသလဲ။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲက ရတာ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲမှာ “ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဟာ အထီးကျန် အရှုံးသမားပါ။ ဒါပေမယ့် မင်းက အရာရာကို ပြောင်းလဲပေးတယ် ” လို့ပြောကြတယ်။ အဲ…တကယ်တမ်း […]


Mr WorldWideJune 20, 20131min2575
မစ္စတာ ဒေးဗစ်စပါးကြီးရဲ့မျက်လှည့်ပွဲ ရထားကြီးတစ်စင်းလုံး ဖျောက်ပြတာလောက်လား ခေါက်ထား လစ်ဘာတီရုပ်တုကြီး ဖျောက်ပြတာလောက်လား ခေါက်ထား ငါတို့ရှေ့က မျက်လှည့်ဆရာ မျိုချပြနေတာက ကျောက်တောင်ကြီးတွေ တစ်တောင်ပြီးတစ်တောင် သစ်တောကြီးတွေ တစ်အုပ်ပြီးတစ်အုပ် ကုန်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း..ဘာကြီးဖြစ်ဖြစ် အကုန်မျိုပစ်လိုက်မယ် လာထား…. အသေးအမွှားတွေပါမချန် တောက်တဲ့တစ်ကောင် မကျန်စေရ ပါးစပ်ကလည်း မျိုချစရာ ဘာကျန်သေးလဲ တစ်မေးတည်းမေး ငါတို့မှာ ငေးနေရတုန်း နောက်ဆုံးပြကွက်အပြီးမှာ ဟာ…………မြစ်ကြီးတစ်စင်း ဘယ်လိုပျောက်သွားတာလဲ (မိုးသစ်ဝေ) ကဗျာဆရာ ဘာပြောချင်လဲဆိုတာတော့ အားလုံးလည်း သိမှာပါ။ မြစ်ကြီးတစ်စင်းလုံး ပျောက်သွားရတဲ့ အထိအောင်တော့ မျက်လှည့်အပြ မကြမ်းကြပါနဲ့လို့  ။


Mr WorldWideJune 19, 20131min3377
အာစရိယ ငါးခုံးမ နံနံခင်း စာသင်ကျောင်းမှာဆို ခေါင်းပဲကိုက်သလိုလို ရင်ပဲပြည့်သလိုလိုနဲ့ ချောင်းကလေး တဟွတ်ဟွတ်ဆိုးပြလိုက် ပါးစပ်နားကို လက်ကိုင်ပဝါလေး အုပ်ပြလိုက်နဲ့ အိုက်တင်ပေးအလွန်ကောင်းတယ် ညနေခင်း ကျူရှင်ကျောင်းလည်း ရောက်ကရော မော…မမောနိုင်ဘူး ပြောလိုက်တဲ့ ဆုံးမစကားတွေ ဖြေလိုက်တဲ့ မေးခွန်းတွေက ငွေသံကြေးသံ တချွင်ချွင် တတောက်တောက်မြည်တယ် နဖူးကစီးကျလာတဲ့ ချွေးပေါက်တွေကိုတောင် မသုတ်အားတော့ဘူး ကျေးဇူးတော်ကြီးမားလှပါပေတဲ့ (ကျွန်တော်တို့ခင်ဗျားတို့ရဲ့) တစ်လှေလုံးပုပ် အာစရိယ ငါးခုံးမတွေလေ အောင်ရဲ(၁) ကိုယ်လည်း အာစရိယဂိုဏ်းဝင်တစ်ယောက်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကဗျာဆရာကရေးထားတော့ ချီးကျူးမိပါတယ်။ကောင်းတဲ့လူလည်း ရှိသလို၊ မကောင်းတာလည်း ရှိတာပေ့ါ။ ဒါတွေဟာ ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်လာတာပါ။ ဝန်ထမ်းကိုလောက်အောင် မပေးနိုင်တဲ့ အစိုးရကို မျက်စောင်းထိုချင်မိတယ်။