TTNUFebruary 3, 20121min147183
“ရောင်စုံ မုသားလေးများ” ကျမတို့တွေငယ်ငယ်ကတည်းက မိဘများဆုံးမစကား နားဝယ်ထားခဲ့ကြတာ “ လိမ်ညာမပြောရ” ။ လိမ်ပြောရင်လျှာမှာ အနာပေါက်တတ်တယ်၊ သွားကျိုးတတ်တယ်။ စတဲ့သတိပေးချက်တွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ လိမ်ပြောရမှာကိုကြောက်ခဲ့ကြတယ်။ ရိုးရှင်းစွာပြောရရင်တော့ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာကြောက်ကြခြင်းဖြစ်ပါတယ်။ ကြီးလာတော့မှ လျှာမှာ အနာပေါက်မှာ၊ သွားကျိုးမှာ တွေဆိုတာဟာ လိမ်ပြောတာနဲ့ မဆိုင် ဘူးဆိုတာရယ်၊ လူကြီးတွေက ငါတို့ကိုလိမ်ထားတာပဲ လို့ သဘောပေါက်လာခဲ့တယ်။ ဒါပေမဲ့ လိမ်ညာပြောရင် အပြစ်ရှိကြောင်းကိုတော့ လက်ခံခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာတာမို့ ငါးပါးသီလစောင့်ထိန်းရာမှာ “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ သိက္ခာပုဒ်ကိုနားလည်လာပြီး လိမ်ညာပြောမိတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်မလုံသလိုခံစားမိတတ်လာကြပါတယ်။ သူတစ်ပါးထိခိုက်အောင် လိမ်ညာ ပြောတာဟာ မှားတယ်လို့ လည်း လက်ခံလာကြပါတယ်။ အထူးသဖြင့် ကိုယ့်ကို လာညာရင် အခံရခက်တယ်မဟုတ်ပါလား။ […]


TTNUJanuary 25, 20121min75228
ကျန်းမာပါရဲ ့လားမိတ်ဆွေ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုစကားရှိပါတယ်။ နေမကောင်းထိုင်မသာဖြစ်တော့မှ ကျန်းမာခြင်းရဲ ့တန်ဖိုးကို ကျမတို့ သိလာကြတယ်။ နေကောင်းနေလို့ကတော့ အစားအသောက်လည်းမရှောင်၊ ရေချိုးမိုးချိုးလည်းမရွေး၊ အိပ်ရေးပျက်တာလောက်ကတော့ အေးဆေးပါ ဆိုပြီး ပေါ့ဆတတ်ကြပါတယ်။ ကျမတို့လို အရွယ်လွန်တွေ … အထူးသဖြင့် ကျမပါ၊ (ငါ မအိုသေး..) စိတ်နဲ့ မာန်တင်းနေသလားပါပဲ။ မနှစ်ကအထိကျုံးတစ်ပါတ်စက်ဘီးစီးကောင်းတုန်း။ နောက်ပိုင်း ဟိုနားက ဝှီးခနဲ ဆိုင်ကယ်တစ်စီးဖြတ်၊ ဒီနားကဝှီးခနဲကားတစ်စီးကျော်နဲ့ ကြာတော့ စက်ဘီးလက်ကိုင်လေးယိုင်တိုင်တိုင်ကိုင်ရင်း ဖြစ်သေးပါဘူးလေ ဆိုပြီး ကျမစက်ဘီးလေး ကို ခဏအနားပေး၊ လမ်းလေးပဲလျှောက်နေတာပါ။ ကျမတို့တွေ တကယ်သရိုးသရီနေမကောင်းပြီဆိုမှ ဆရာဝန်ဆီပြေးတတ်ကြပါတယ်။ ခေါင်းလေးအုံတုံတုံ လောက်ဆိုရင် ပရုပ်ဆီဟိုပွတ်ဒီပွတ်နဲ့ ပျောက်သွားပြီလို့ ထင်နေတာ။ ဆက်ကိုက်ခဲဖျားနာတော့မှ ဆရာဝန်ဆီပြေး၊ သွေးချိန် ဘာညာချိန်တော့မှ သွေးတိုးနေပြီ၊ […]


TTNUJanuary 19, 20121min129153
အလုပ်နှင့် စရိုက် လူတို့၏ စရိုက်အမျိုးမျိုး စိတ်နေပုံစံ အသီးသီးတို့ကို ဖော်ပြသော စကားလုံးများအနက် အောက်ဖော်ပြပါ စကားလုံးအချို ့ကို သင့် မိတ်ဆွေများထံတွင်၎င်း ၊ သင့်ထံတွင်၎င်း တွေ့ရမည်ဟု ယူဆမိပါသည်။ (၁) ဖန်တီးတတ်သော (creative) (၂) ဝေဖန်နှိုင်းဆတတ်သော (critical) (၃) စိတ်ပုတ်သော (bad-tempered) (၄) ဖရိုဖရဲနှိုင်သော (disorganized) (၅) တိတိကျကျ ကြိုတင်စီမံထားတတ်သော (well-organized) (၆) ကျွမ်းကျင်သော၊ ကျင်လည်သော (efficient) (၇) မေ့တတ်သော (forgetful) (ဂ) သတိရှိသော (careful) (၉) သတိမမူသော (careless) (၁၀) နမောနမဲ့နှိုင်သော (reckless) (၁၁) ရက်ရောသော (generous) (၁၂) အလုပ်ကြိုးစားသော (hardworking) […]


TTNUJanuary 3, 20121min73345
“အကျင့်ဆိုးလေးတွေ” လူတိုင်းကိုယ်စီ ကိုယ့်အကျင့်နဲ့ကိုယ်ရှိကြတယ်။ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့အကျင့်၊ သူလိုကိုယ်လိုပုံမှန်အကျင့်၊ အမျိုးမျိုးပါပဲ။ ကောင်းတဲ့အကျင့်လေးတွေက မိသားစု ဆွေမျိုး ဝန်းကျင် အလုပ်ခွင် ဆက်ဆံရေးတွေ အတွက် အားသာချက်ဖြစ်ပေမဲ့ အကျင့်ဆိုးလေးတွေကတော့ ဒုက္ခပေးတတ်တဲ့ အားနည်းချက်တွေ ဖြစ်နေတတ်တယ်ဆိုတာ မငြင်းသာပါဘူး။ ဒီအကျင့်ဆိုး စရိုက်ဆိုးလေးတွေ တန်းစီရေးရရင်တော့ မဆုုံးနှိုင်ပါဘူးလေ။ဒီတော့ အုပ်စု(၃)စု ခွဲကြည့်ရအောင်။ (၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့ (၂) သိလား၊ ငါဘာကြားခဲ့သလဲ သိလား (၃) နောက်ကျတာတောင်းပန်ပါတယ် (၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့ ဒီနေ့ ဖြေရှင်းရမဲ့ကိစ္စကိုမဖြေရှင်းဘဲ မနက်ဖြန်မှ (နောက်မှ) ကြည့်လုပ်ကြတာပေါ့ လို့ ရွှေ ့ဆိုင်းတတ်တဲ့ အကျင့်ဆိုးလေးပါ။ (Procrastination) လို့ခေါ်ပါတယ်။ ဒီအကျင့်လေး ကလည်း စွဲမိရင် မလွယ်ဘူး။ အမြဲ အချိန်ဆွဲလုပ်ချင်နေရောပါလား။ လုပ်ငန်းတစ်ခုပြီးအောင်လုပ်ရမှာကို နေ့ရွှေ […]


TTNUDecember 27, 20111min48917
“လှိုုင်းလေကထန်” ပင်လယ်ကမ်းစပ်မှာ လူတွေကို ဖွေးဖွေးလှုပ်နေတာပဲ။ Weekend တိုင်းမှာ ဒီလို လာနားတတ်ကြတာပဲလေ၊ ဘာဆန်းပါ့မလဲ။ လူတွေလေ အဖွဲ့လိုက်၊ မိသားစုလိုက်၊ စုံတွဲလိုက်၊ တစ်ဦးချင်း၊ အို .. အများကြီးပါ့။ ကလေးတွေ… ဘောလုံးကန်သူတွေ ကန်၊ ပုတ်တဲ့သူတွေ ပုတ်၊ သဲအိမ်ဆောက်သူတွေ ဆောက်၊သူတို့ ကမ ္ဘာလေးနဲ့ သူတို့ ပျော်စရာကောင်းမှာပဲ။ ကျုပ်တွေး နေမိသေးတယ်ဗျ။ သူတို့ Sandcastle လေးတွေ ထဲမှာတော့ သူတို့ ကိုယ်တိုင် ဘုရင်တွေ ဘုရင်မတွေ မင်းသားတွေ မင်းသမီးတွေ ဖြစ်နေကြမှာ ဧကန်ပါပဲ။ ဟောဟိုက မိန်းမပျိုလေးတွေ ကြည့်စမ်းပါဦး။ အလိုဗျာ.. ရောင်စုံပန်းလေးတွေ ပွင့်နေ သလားအောက်မေ့ရပါတယ်။ ဘီကီနီ ရောင်စုံ ပုံစံ အမျိုးမျိုး၊ နေကာမျက်မှန် အကြီး […]


TTNUDecember 23, 20111min76330
ကျုပ်ဘယ်သူလဲ … ဟုတ်လား? ကျုပ်နာမည်က အော်စကာ … နေတာကတော့ ဆေးရုံတစ်ရုံမှာ။ ဒီလိုဗျ..ဒီဆေးရုံက လက်လွှတ်ရတော့မဲ့ဆဲဆဲ.. နာမကျန်းရောဂါသည်တွေကို ကုသပေးတဲ့ ဆေးရုံငယ်လေးပါ။ ဒီလူနာတွေ ဝေဒနာသက်သာအောင် ဆရာဝန်တွေ သူနာပြုတွေက စောင့်ရှောက်ကြတယ်ဗျာ။ စေတနာ အပြည့်နဲ့နော်။ ဆေးရုံကလူနာတွေ ကြည့်ရတာ အားမရလိုက်တာ.. သက်သာတဲ့လူကို တယ်မရှိလှပါဘူး။ နေဝင်ချိန်ကို စောင့်နေသလိုပါပဲ။ ကျုပ်လား? အင်း..ကျုပ်ကလေ ဒီလိုပါပဲ၊ လူနာတွေ တစ်ယောက်စီ တစ်ယောက်စီ တိုင်း ဆီကို သွားလည်တာပါပဲ။ သူတို့ကိုလည်း အားပေးရင်း၊ သူတို့ ဝေဒနာတွေကိုလည်း အကဲခတ်ရင်း လေ့လာရင်းပေါ့ဗျာ။ ပြောရဦးမယ်ဗျ၊ သူနာပြုတွေကလည်း ကျုပ်ဆို ခင်မင်နေကြပါပြီ၊ သူတို့က ကျုပ်ကို ခင်ကြလို့ ကောင်းကောင်းမွန်မွန်ကျွေးကြပါတယ်။ ကျုပ်နေရထိုင်ရတာ အဆင်ပြေပါတယ်။ ကျုပ်မို့လို့ လူနာမိတ်ဆွေတွေအနားမသွားလိုက်နဲ့ သူတို့အချင်းချင်းပြောနေကြတာ […]


TTNUDecember 21, 20111min38916
ခရီးဆက်နှင် ဦးမည့် အတွေးစများ အတွေးစများ(၃) 2011 August Reader’s Digest ဖတ်ရင်းနဲ့ အတွေးစလေး ခရီးစထွက်ခဲ့ပါတယ်။ ဖတ်မိတဲ့ ခေါင်းစဉ်ကလေးက “Can you say awesome?” တဲ့။ လူတွေဟာဘဝမှာဆောင်ရွက်မိတဲ့ တစ်ခုခု ကြောင့် သဘောကျပြီး “ ဟာ.. မိုက်တယ်ဟေ့ ” ဆိုတဲ့ ခံစားချက်မျိုး ရသ တစ်မျိုး မျိုး ရတတ်ကြပါတယ်။ စိတ်ထဲမှာ ကျေနပ်သွားတာမျိုးလေး ပေါ့။ ကျမတို့ Word Power Game ကစားတဲ့ အခါ စာလုံးတွေ အများကြီးဆက်နှိုင်ရင် “Awesome!!!” လို့ အော်သံလေး ထွက်လာသလိုပေါ့နော်။ Neil Pasricha က ဒီ ဘလော့ကို (၂၀၀၈ ဇွန်လ) မှာ […]


TTNUDecember 15, 20111min47615
ဆက်ပျံ ့နေဦးမည့် အတွေးစများ….. “ကောင်းလိုက်တဲ့ စေတနာတွေ ……ဦးအေး၊ ဒေါ်မြင့် မိသားစုက အလှူတော်ငွေကမှ ငါးရာကျပ်ပါခင်ဗျား………… သဒ္ဓါပေါက်၍ လာရောက်လှူဒါန်းသွားပါတယ် ခင်ဗျား……. ကောင်းလိုက်တဲ့ စေတနာတွေ ပါခင်ဗျ။” လော်စပီကာမှ အလွန်အမင်း ကျယ်လောင်စွာ ပေါ်ထွက်လာတဲ့ အသံကြောင့် ကျမရဲ ့ နေ့ခင်း တစ်မှေးလေး ဖျောက်ခနဲ ပျောက်သွားပါပြီ။ ကျမတို့ အိမ်နဲ့ တစ်အိမ်ပဲ ခြားတဲ့ အိမ်ရဲ ့ရှေ ့တည့်တည့် လမ်းကိုတစ်ဝက်သာသာ ကျူးကာကျော်ကာ နဲ့ တည်ဆောက်ထားတဲ့ ဓမ္မ တရားမဏ္ဍပ် (သူတို့ အခေါ်) မှ လာတာပါလား။ အလို …သူတို့ သံဃိက ဒါန ဘုံဆွမ်းလောင်း အသင်းကြီးက (၅) ရက်တိုင်တိုင် ကျင်းပမယ် ဆိုပါလား၊ ဘုန်းတော်ကြီးဟောကြားတာ […]


TTNUDecember 13, 20111min68322
စကားလုံးများရဲ ့ ရာဇဝင် (၄) ကျမ်းကိုး Lock, Stock and Barrel: Past Times Oxford. (16) Black sheep (17) Blowing hot and cold (18) Born with a silver spoon in your mouth (19) Box and Cox (20) Brand-new (16) Black sheep မိသားစုကို အရှက်ရစေ၊ ဂုဏ်သိက္ခာ ကျစေသူ E.g. I don’t want to be regarded as the black sheep of my […]


TTNUDecember 11, 20111min62519
ဤခရီး အတော် နီးလှပြီ….   သင့်ဘဝလက်ရှိ အချိန် နှင့် လက်ကျန် အချိန် ကိုကြည့်၍              သံဝေဂ ပွားရန် အချိန်ဇယား (သက်တမ်း ၇၅ နှစ်)   သင့် အသက် …………………… သုံးပြီးသောအသက် …………………. လက်ကျန်ရက်     (၁) ၁၀-နှစ် ………………………     ၃၆၅ဝ (ရက်) ………………………၂၃၇၂၅ (ရက်)   (၂) ၁၅-နှစ် ………………………     ၅၄၇၅ (ရက်) ………………………၂၁၉၀ဝ (ရက်)   (၃) ၂၀-နှစ် ………………………     ၇၃၀ဝ (ရက်) ……………………..၂၀၀၇၅ (ရက်)   (၄) ၂၅-နှစ် ………………………      ၉၁၂၅ (ရက်) […]


TTNUDecember 6, 20111min59917
  အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ…. ဒီနေ့ သတင်းစာလာတာနောက်ကျပါလား။ ဟော လာပြီပဲ ..သတင်းစာသမား သတင်းစာလိပ်ကို ခြံတံခါးပေါ်က ဝှီးခနဲပစ်ထည့်လိုက်တယ်။  အိမ်ရှေ ့မြောင်းကရေကောင်းကောင်းမစီးတာမိ်ု့ ခြံဝင်းအစပ်မှာ ရေ နည်းနည်းဝပ်နေတဲ့နေရာ ၊ စိုတိုတိုဖြစ်နေတာ၊ ဒီပုဂ္ဂိုလ် စွတ်ပစ်ထည့်လိုက်တာ ရေအိုင်အစပ်မှာ သတင်းစာကလေးဂျွမ်းပစ်ကျသွားပါရော။   ကိုယ့်မှာ အမြန်ပြေးကောက် အဝတ်စုတ်နဲ့ သုတ်ရင်း ခွင့်လွှတ်တွေးလေးတွေးပေးရတယ်။ အေးလေ..သူ့ခမျာ တစ်အိမ်ချင်း ဘယ်ဆင်းပေးနှိုင်ပါ့မလဲ…ဒီလိုပဲ လှမ်းပစ်ရမှာပေါ့.. သံပြားဝိုင်းပစ် လှံတန်ပစ် လက်ရွေးစင်မှ မဟုတ်တာ… အဝေးကြီး ဘယ်ပစ်နှိုင်ပါ့မလဲ… ရှိစေတော့.. ရှိစေတော့..   သတင်းစာလေးအေးအေးဆေးဆေး ဖတ်မလားစိတ်ကူးနေတုန်း… “ ကလင်… ကလင်…. ကလင်” “ ဟယ်လို” “ ဟေ့.. မိနန်း..ခေါ်ပေးစမ်း” […]


TTNUDecember 3, 20112min2464
စကားလုံးများရဲ ့ ရာဇဝင် (၃) ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.     ဒီတစ်ခေါက် ပြောပြချင်တဲ့ စကားလုံးတွေကတော့…..   (11) Bark up the wrong tree (12) Bear the palm (13) Beat about the bush (14) Below the belt (15) Bigwigs   စကားအသုံးအနှုံး (၅) ခုဖြစ်ပါတယ်။   (11) Bark up the wrong tree လမ်းမှားသည်။ လမ်းလွဲလိုက်သည်။   E.g. If […]


TTNUNovember 24, 20112min3619
စကားလုံးများရဲ ့ ရာဇဝင် (၂) ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.   ဒီတစ်ခေါက် ပြောပြချင်တဲ့ စကားလုံးတွေကတော့….. (6) Back to square one (7) Baker’s dozen (8) Bald as a coot (9) Barbecue (10) Bare-faced   စကားအသုံးအနှုံး (၅) ခုဖြစ်ပါတယ်။   (6) Back to square one တိုးတက်မှုမရှိဘဲ ဒုံရင်း ကို ပြန်ဆိုက်တယ်။   E.g. That idea hasn’t worked, so we’re […]