စကားလုံးများရဲ ့ ရာဇဝင် (၂)

TTNUNovember 24, 20112min1669

စကားလုံးများရဲ ့ ရာဇဝင် (၂)

ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.

 

ဒီတစ်ခေါက် ပြောပြချင်တဲ့ စကားလုံးတွေကတော့…..

(6) Back to square one

(7) Baker’s dozen

(8) Bald as a coot

(9) Barbecue

(10) Bare-faced

 

စကားအသုံးအနှုံး (၅) ခုဖြစ်ပါတယ်။

 

(6) Back to square one

တိုးတက်မှုမရှိဘဲ ဒုံရင်း ကို ပြန်ဆိုက်တယ်။

 

E.g. That idea hasn’t worked, so we’re back to square one.

ဒီအကြံ သိပ်အဆင်မပြေဘူး။ ဘာမှမတိုးတက်ဘူး။ဒါကြောင့် ဒုံရင်းပြန်ရောက်တာပဲ။

 

ဒီအသုံးအနှုုံးလေးစတင်တာကတော့ ဘောလုံးပွဲတွေ ကစားပုံကို ကြေညာတာက

စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေဒီယိုက ကြေညာတဲ့ အခါ အစကတည်းက ပရိုဂရမ်

စာရွက်တွေ ထုတ်ဝေပေးထားတယ်။ ဒီစာရွက်ပေါ်မှာ ဘောလုံးကွင်းပုံစံ ထဲမှာ နံပါတ်

ထိုးထားတဲ့ လေးထောင့်ကွက်ကလေးတွေပါတယ်။ ဆိုတော့ အစီအစဉ်ကြေညာသူက

သောတရှင်တွေ အာရုံမှာမြင်သာအောင် ဒီလေးထောင့်ကွက်လေးတွေကို ကိုးကားပြော

လေ့ရှိတယ်တဲ့။

ဒီတော့ (go back to square one) ဆိုရင် စခဲ့တဲ့ နေရာ ပြန်ရောက် သွားတာ

(return to where one started) လို့ဆိုပါသတဲ့။

 

 (7) Baker’s dozen

(၁၃) တစ်ဆယ့်သုံး

E.g.  In old-fashioned English, they used baker’s dozen instead of 13.

ရှေးသုံး အင်္ဂလိပ်စာမှာ တစ်ဆယ့်သုံး လို့ မသုံးဘဲ ဘေ့ခါစ်ဒါဇင် လို့ သုံးကြတယ်။

 

တစ်ခေတ်က ပေါင်မုန့်ဖုတ်သမားတွေဟာ အလေးချိန်လျော့တဲ့ ပေါင်မုန့်ထုတ်ရင်

ဒဏ်ကြေးပေးဆောင်ရတယ်။ ဒါကြောင့်မို့ အပိုတစ်လုံးထည့်ပေးလေ့ရှိကြတယ်။

ဒီတစ်ဆယ့်သုံးခုမြောက်ပေါင်မုန့် ကို (The vantage loaf) လို့ခေါ်ကြတယ်။အခွင်ထူး

ရတယ်လို့ ယူမှတ်နှိုင်တဲ့ ပေါင်မုန့်လို့ အနီးဆုံးဘာသာပြန်နှိုင်ပါတယ်။

 

(8) Bald as a coot

လုံးဝထိပ်ပြောင်သော

E.g. He started going bald, and getting bald and bald as a coot in a year.

သူထိပ်ပြောင်လာပြီး ပိုပိုပြောင်လာလိုက်တာ တစ်နှစ်အတွင်း လုံးဝ ပြောင်သွားတာပဲ။

 

ကု(ထ်)လို့ခေါ်တဲ့ ရေကြက်/ ဒုံးကြက် တစ်ကောင်ကို ကြည့်လိုက်ရင် နှုတ်သီးနှင့်ရှေ ့မျက်နှာ

ပိုင်းဖြူနေတာဟာ အမွှေးတုံးပြောင်နေသလိုဖြစ်နေသတဲ့။ ဒါကြောင့်ထိပ်ပြောင်တာကို

(Coot)နဲ့ တင်စားခဲ့ကြပါတယ်။

 

(9) Barbecue

(က) အိမ်အပြင် အသားကင်ရန် သံမီးဖို

E.g. I put another steak on the barbecue.

သံကင်ပျစ်ပေါ်မှာ နောက်ထပ် အသားထပ်ကင်ထာတယ်။

 

(ခ) အိမ်ပြင်ချက်ပြုတ်စားသောက်ရန် ကျင်းပသောပါတီ

E.g. Let’s have a barbecue party at Ko Thit Min’s house.

ကိုသစ်မင်းတို့ အိမ်မှာ ဘာဘီခရူးပါတီ ကျင်းပကြရအောင်။

 

ဒီစကားလုံးလေးရဲ ့ ရာဇဝင်ကတော့ မူရင်း Spanish  စကားလုံး Barbacoa

မှလာတယ်လို့ဆိုပါတယ်။ (ခုံနဲ့တည်ဆောက်ထားသော ထင်းမီးဖို) လို့ အဓိပ္ပာယ်

ရပါတယ်။ ထိုမှဆက်သုံးလာကြရာ အသား ငါးများကင် တဲ့ သံမီးဖို အကင်ပျစ်ကို

လည်း ဘာဘီခရူး လို့ ခေါ်ဝေါ် သုံးစွဲ လာကြပါတယ်။  ထိုချက်ပြုတ်ရာသုံး ပစ္စည်း

အဖြစ်မှ အိမ်ပြင်ပ ကျင်းပတဲ့ ပါတီများမှာ  ဘာဘီခရူးမီးဖိုကို အသားကင်ဖို့ သုံးကြရင်းနဲ့

ထို ကျင်းပတဲ့ပါတီကိုလည်း ဘာဘီခရူးပါတီလို့ ခေါ်လာကြပါတယ်တဲ့။ ဘာဘီခရူးပါတီမှာ

သူတို့ဓလေ့ ကတော့ အမျိုးသားတွေက အသားကင်ပေးရပါတယ်တဲ့။

 

(10) Barefaced

မျက်နှာပြောင်တိုက်သော

E.g. I hate someone who is always telling lies, especially barefaced lies.

ညာတတ်တဲ့သူဆိုရင် သိပ်မုန်းတာပဲ။ အထူးသဖြင့် မျက်နှာပြောင်တိုက်ပြီးဗြောင်ညာ

ရင် ပိုမုန်းတယ်။

 

ဒီစကားလေးရဲ ့ လာရာလမ်းကို ကြည့်ကြရအောင်။

မျက်နှာပေါ်မှာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး မရှိရင်၊ ဒီမျက်နှာမျိုးကို (bare face)

လို့ခေါ်ပါတယ်။  အခု barefaced အသုံးမှာ  ဆိုလိုတာက မျက်နှာပေါ်မှာ

လုံးဝရှင်းနေပြီးတော့ ဘာမှဖုံးကွယ်ထားလို့ မရနှိုင်တဲ့ အဓိပ္ပာယ်ကိုယူပြီး  ရှေးသုံး

မှာတော့ ပွင့်လင်းခြင်း၊ ရိုးရှင်းခြင်း လို့ ဖွင့်ဆိုခဲ့ကြပေမဲ့ ယခုအခါမှာ မနှစ်မြို ့တဲ့အခါ

သုံးတဲ့ စကားလုံးဖြစ်လာခဲ့ပါတယ်။

 

နိဂုံးချုပ်ကတော့…..

အဆင်မပြေဒုံရင်းပြန်ရောက်တော့ ..back to square one

ဆန်းဆန်းပြားပြား (၁၂)ခု အစား ..baker’s dozen ကို (၁၃)ခု ထားပြီး

ကိုပြောင်ကြီး  ပြောင်နေမှုကို .. bald as a coot လို့ တင်စား

အိမ်အပြင် အကင်စားပါတီ  …barbecue  ကျွေးမွေးနေပြီ

ဒါကိုစားမကောင်းဘူးလို မျက်နှာပြောင်တိုက်ပြီး ..barefaced နဲ့ ပြောရင်တော့

( ဂဇက် ကို လာမလည်တော့ဘူးနော်… Shhh! That’s a barefaced lie.)

 

ကျမရဲ ့ချစ်မိတ်ဆွေလေး ကိုဝင်းထောလခါ က ပြောဖူးတယ်။ စာလုံးရေ (၁၅၀၀)ရှိရမယ်တဲ့။

ကျမ စာလုံးရေ များများ မရေးနှိုင်တော့ တဲ့အခါတွေမှာ သူမျက်နှာကို မြင်ယောင်နေမိပါတယ်။

ကိုဘလက်ချောလေးလို အများ…..ကြီး ရေးနှိုင်ချင်လိုက်တာ။ အုပ်ချုပ်သူ ကိုခိုင်ရေ ဒီ အဘွားကိုတော့

စာလုံးရေနည်းပေမဲ့  သည်းခံပါနော်။ အခုတလော အချိန် ရှားပါးနေလို့ပါ။

ဂဇက် မိတ်ဆွေတို့ရေ….

ဒီ(၅)ခုလေးကိုပဲ စိုက်ကြည့်ထားလိုက်ပါဦးနော်။

 

9 comments

  • Gipsy

    November 24, 2011 at 2:00 am

    အား… ဟုတ်ကဲ့ဗျ….၊
    စိုက်ကြည့်ထားလိုက်ပါပြီ….။
    နက်ဖန်မှ ဆြာကြီးများ မန်းပုံတွေကို လေ့လာမှတ်သားပါမယ်…။

  • kai

    November 24, 2011 at 7:13 am

    တီချယ်ရေ..
    (9) Barbecue ကို.. အခုတချို့ ဆိုင်တွေ.. BBQ လို့တောင်သုံးကြတယ်..။
    ယူအက်စ်မှာ.. ( နွေရာသီ.) အိမ်တွေမှာ ကင်စားဖို့ဖိတ်ရင်… ဘာဘီကျူးသွားစားမယ်ပြောသေးတယ.်..။
    အသားကင်သွားစားမယ်ပေါ့..။ 🙂
    သူများကင်တာ မစောင့်တော့ပါဘူး.. ကိုယ်တိုင်ပဲ ကင်စားလိုက်တော့တယ်..။

    စပိန်က စတာမှန်း..အခုမှသိတယ်..။

  • MaMa

    November 24, 2011 at 8:50 am

    တီချယ်နုရေ- တန်ဖိုးရှိတဲ့ စကားလုံးနည်းနည်းလေးမို့ လေ့ကျက်သင်အံနေပါတယ်။ ပိုစ့်နဲ့ မဆိုင်ပေမယ့် အင်္ဂလိပ်စာ စာလုံးဆက်ရေးနည်းလေးလည်း သင်ပေးစေလိုပါတယ်။ (တီချင်အဆင်ပြေမယ်ဆိုရင်ပေ့ါ။) ခုတော့ ရွာထဲမှာ ဆရာဆန်နီရဲ့ စာတွေဖတ်လိုက်၊ တီချယ်ကြီးသင်တာမှတ်လိုက်နဲ့ အတော့်ကို ကျေးဇူးတင်မိပါတယ်။

  • Moe Z

    November 24, 2011 at 10:45 am

    တီချယ်ရဲ့ အတန်းကိုမပျက်မကွက်တက်သွားပါကြောင်း ..

  • ကြောင်ကြီး

    November 24, 2011 at 11:00 am

    NLD hasn’t got the job done, so we’re back to square one. တီချယ်ကြီး သားရေးတာ ဟုတ်ရား။ တူမလေးကိုယဲ သဒိယဒယ် ပေါပြေးဘာ။ 😳

  • pooch

    November 24, 2011 at 12:28 pm

    တီချယ်ရေ ဆွဲထားတယ်နော် .. အနော် ဒီရက်ပိုင်း နေမကောင်းလို့ရွာထဲ မဝင်နိုင်တာ ဒီနေ့မှ ဝင်ဖြစ်တယ်
    တီချယ်က တော့ မနက်ဆို လမ်းလျှောက် ၊ ပြန်လာတရားထိုင် စာဖတ်၊ စာသင် နဲ့ အသက်ကြီးလေ ကျန်းမာလေ ပဲ ..

    အားကျလိုက်တာ .. အနော့်မှာ တော့ ခဏခဏနေမကောင်းဖြစ်တယ် နည်းနည်းလောက်ပင်ပန်းတာနဲ့ ချက်ချင်းထိတော့တာပါပဲ.. နည်းနည်းမှ အမှားမခံဘူး.. 🙁

  • Sonny

    November 24, 2011 at 12:42 pm

    DearTTNU ,
    I am getting older and older up to over 40 now. My aging makes me bald as a coot now.
    I have been trying to make my lost hair regrow well with the help of HAIR GROWTH LOTION , but all in vain, it came back to square one. There were a baker’s dozen of HAIR GROWTH LOTION bought and it wasted my money. Stressed as ever for the hair-loss, I went to a barbecue being barefaced and embarrassed.
    အဆင်မပြေဒုံရင်းပြန်ရောက်တော့ ..back to square one
    ဆန်းဆန်းပြားပြား (၁၂)ခု အစား ..baker’s dozen ကို (၁၃)ခု ထားပြီး
    ကိုပြောင်ကြီး ပြောင်နေမှုကို .. bald as a coot လို့ တင်စား
    အိမ်အပြင် အကင်စားပါတီ …barbecue ကျွေးမွေးနေပြီ
    ဒါကိုစားမကောင်းဘူးလို မျက်နှာပြောင်တိုက်ပြီး ..barefaced နဲ့ ပြောရင်တော့
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • windtalker

    November 24, 2011 at 9:08 pm

    ကဲ ရွာသူား တို ့
    Let’s have a barbecue party at ဆရာမကြီး’s house အပ် ဟက်ပီးနွားရူး ရီးယား .

  • TTNU

    November 24, 2011 at 9:45 pm

    ွGipsy… စိုက်ကြည့်ပြီးမှတ်ထားပြီးပြီလား။
    ကိုခိုင်ရေ…U.S မှာ Barbecue Party ဖိတ်ရင် ဧည့်သည်က ဘာလက်ဆောင်
    ယူသွားပေးတဲ့ အစဉ်အလာရှိသလဲဟင်။ တီချယ်တို့ ဆီမှာ ( မြို့တွေမှာတော့ ဒီဓလေ့ မရှိတော့ဘူး
    နယ်တွေမှာ အလှူ ကူငွေဆိုတာ ထည့်ကြသတဲ့။ မင်္ဂလာဆောင်လက်ဖွဲ့နဲ့လည်း သဘောတရား
    မတူဘူး။)
    မမရေ… လက်ရေးဆက်ရေးနည်းတွေကို superteachersworksheet.com မှာ cursive handwriting
    ဝင်ကြည့်ပြီး Worksheet ထုတ်လို့ရပါတယ်။
    မိုးစက်ရေ… ကူးထားလိုက်နော်။
    ကိုကြောင်ကြီး… Very Good. ဆက်ကြိုးစားပါနော်။
    Pooch ရေ… ပင်ပန်းလို့နေမကောင်းတာနေမှာ။ မိဘုရားဘွားစောရေးပြီးရင် နေကောင်းသွားမယ်။
    Sonny ရေ… A+ ခဏယူထားပါ။ အရင်(၅)ခုပြန်ရေးနှိုင်မှ Excellent ရမယ် သားရေ။
    ကိုဝင်းထော်လခါရေ… Yeah, we’re having a Barbecue Party in MG village.
    ဖတ်ပေးသူ မန်းပေးသူ အားလုံးကျေးဇူးပါနော်။

Leave a Reply