TTNUNovember 18, 20112min30310
စကားလုံးများရဲ ့ ရာဇဝင် (၁) ကျမ်းကိုး         Lock, Stock and Barrel: Past Times Oxford.   ကျမတို့ တွေ နေ့စဉ် စကားတွေပြောကြတဲ့ အခါ မှာ စကားလုံးတွေ စကားစုတွေ များစွာ ကို အလျင်းသင့်သလို သုံးကြတယ်။ မိမိတို့နေထိုင်ရာဒေသအလိုက် ၊လူမျိုးအလိုက်၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအဆင့်အလိုက်၊ အဆင်ပြေသလိုသုံးကြတယ်။   ဒီစကားလုံးတွေ စကားစုတွေ ဟာ မိမိသုံးနေတဲ့ ဘာသာစကားထဲကို ဘယ်လို စတင်ရောက်ရှိ လာသလဲ၊ တကယ့်မူရင်းအဓိပ္ပာယ်ဘာလဲ၊ ဆိုတာတွေ မသိဘဲ မတွေးဘဲ  သုံးခဲ့ကြတာများပါတယ်။ ဘာသာစကားဆိုတာ အမြဲပြောင်းလဲရှင်သန်နေပါတယ်။ နေ့စဉ်သုံးကြတဲ့ စကားတွေထဲကို စကားလုံးအသစ်တွေ အဆန်းတွေ အမြဲ ရောက်လာနေကြတယ်။ ဒီစကားလုံးတွေဟာ ကျမတို့ ရှင်သန်ရာဘဝ၊ […]


TTNUNovember 16, 20111min34410
ကျမအမေ မပြောပြခဲ့တဲ့ ပုံပြင်များ ကျမမောင်အငယ်ဆုံးလေးက အမေရိကားမှာ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ပါတယ်။ ကျမတို့ မတွေ့ကြတာ နှစ်များစွာကြာပြီပေါ့။ သူက အမေ့ အချစ်ဆုံးသားထွေးလေးပါ။ မနေ့က Facebook ဝင်ကြည့်တော့ သူ့သမီးအကြီးမလေး Post တင်ထားတာ ဖတ်ရပါတယ်။ ကြီးဒေါ် အနေနဲ့ ပေမဲ့ သူတို့က ကျမရဲ ့ Facebook Friend တွေလေ။ Shwe Nemyo says: How Do yu expect Kids to Listen to their Paarents when Tarzan lives half Naked, Cinderella comes home at midniqht, Pinocchio lies all […]


TTNUNovember 7, 20111min36315
  အမေ့ကို လွမ်းလို့ ကျမ ဒီမှာလာပြီး စာတွေရေးပါတယ်။ ကျမအမေ ၂၀၀၃ ခုနှစ်မှာ ကျမတို့ကို ချန်ထားခဲ့ပြီး ဟိုးအဝေးကြီး…. ကို……….။ အမေ နေမကောင်းဘူး၊ အခြေအနေ သိပ်မကောင်းဘူးလို့ အဝေးရောက်နေတဲ့ ကျမဆီကိုဖုန်းသတင်းရောက်လာတဲ့ အချိန် ကျမ ရပ်နေတဲ့ မြေကြီး ပြိုကျသွားပြီလို့ ကျမခံစားလိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျမ ခင်ပွန်းရော သားရော ဆုံးပါးသွားကြပြီမို့လို့ ကျမ အတော်လေး ကြေကွဲ မိုးတိမ်ဖြစ်နေတဲ့ မျောလွင့်ကာလများပေါ့။ အမေ မမာဘူးဆိုတဲ့ သတင်း ဟာ ကျမ အတွက် သိပ်ပြင်းထန်လွန်းတဲ့ ရိုက်ချက်ဖြစ်ခဲ့ရတာပါ။ ကျမလေတစ်ညလုံးကားပေါ်မှာ ကျမ အိပ်လို့လည်းမရ၊ တတွေတွေကျနေတဲ့ မျက်ရည်တွေနဲ့ ၊ အမေ ရေ  ..လို့တမ်းတနေခဲ့မိပါတယ်။ ကျမတို့ မြို ့ […]


TTNUNovember 5, 20111min34614
အမေ့ခြေရာ ကိုးကွယ်စရာ အဖြစ်   ဆရာချစ်စံဝင်းရေးတဲ့ အမေ့ခြေရာ စာအုပ်ဖတ်ပြီးကတည်းက တို့တွေလည်း အမေ့ခြေရာ ယူထားကြရအောင်လို့ အစ်ကိုကြီးနဲ့တိုင်ပင်ခဲ့တယ်။ ဒါပေမဲ့မောင်နှစ်မတွေ တစ်ယောက်တစ်နေရာစီ ဆိုတော့ ဆုံဆည်းဖို့ ခက်နေကြတာ။ (၂၀၀၃) မှာ အမှတ်မထင် မောင်နှစ်မ (၇)ယောက်အနက်(၄) ယောက် အမေ့အိမ်မှာ ဆုံဖြစ်သွားတယ်။   အမေ့ခြေရာယူပွဲကို ဆရာချစ်စံဝင်း စာအုပ်ထဲက အတိုင်း စီစဉ်တယ်။ မောင်နှစ်မ အား လုံးအတွက် အမေ့ခြေရာနင်းဖို့ ပိတ်ဖြူစလေးတွေ အနားကွပ်ဖို့ ညီမလေးကတာဝန်ယူ တယ်။ ကျမက အမေ့ ခြေရာထင်အောင်နင်းချဖို့ သနပ်ခါး နံ့သာဖြူသွေးပြီးနနွင်းပျစ်ပျစ် ဖျော်ရတယ်။ အစ်ကိုကြီးနဲ့ မောင်အကြီးက အမေ့ ခြေကိုဆေးကြောပြီး နံသာနဲ့ နနွင်း ဖျော်ထားတာ သုတ်လိမ်းပေးကြတယ်။   “ ကျွန်တော် […]

mother-and-child-sketch1.jpg

TTNUNovember 4, 20111min38113
အမေနှင့် မိလ္လာလုပ်သားကြီး ဦးကျော်တင့် ဟိုတုန်းက ရေအိမ်သာ စံနစ် အတော် ဆိုးတယ်။ တွင်း အိမ်သာလည်းမဟုတ်ဘူး။ ပုံးသွန်အိမ်သာပေါ့။ ကျမတို့ မီးရထား အိမ်သာတွေကို မိလ္လာ လုပ်သားကြီးက တစ်ဘူတာ ပြီး တစ်ဘူတာ လိုက်သွန်ပေးရတာ။ သူ့နာမည် ဦးကျော်တင့် တဲ့။ မိလ္လာလုပ်သားပေမဲ့ သန့်ပြန့်အောင်နေတယ်။ အိမ်သာ ကိစ္စ ဝိစ္စ ပြီးရင် သူလက်ဆေးဖို့ စီစဉ်ပေးထားတဲ့နေရာမှာ ကျကျနန သန့်ရှင်းရေးလုပ်လေ့ရှိတယ်။ ရုံပိုင်ကြီးအိမ်၊ ရုံပိုင်လေးအိမ်၊ စသဖြင့် မီးရထားဝန်ထမ်းတွေ အိမ်တွေ မိလ္လာပုံးတွေ သွန်ပြီးရင် သူ နောက်ရထားတစ်စီးနဲ့ နောက်ဘူတာ ဆက်သွားရပြန်တယ်။ တစ်ရက်မှာတော့ သူ အလုပ်ပြီးလို့ လက်တွေခြေတွေဆေးမလို့ လုပ်မဲ့ အချိန်မှာ အမေလေ ရေဝင်ချိုးနေတာ။ တံခါး ချက်တော့ချတယ်။ မမိတမိ […]


TTNUOctober 31, 20111min3116
Best Teacher (20) ကံ့ကော်မြေမှ ထနောင်းတောသို့ ၂၂.၄.၁၉၇ဝ (ဗုဒ္ဓဟူးနေ့) သင်ကြားရေး အားဖြည့်မောင်းတင်ရန် ကျမတို့ နေ့ သင်တန်းများ စတင်ကြပါတယ်။ ည သင်တန်းသင်တဲ့နေရာက နေပူတာမို့ ရွာအနောက်ဖျား မယ်ဇယ်ပင်ကြီး အရိပ်မှာစာသင် ဖြစ်ကြပါတယ်။ ညသင်တန်းမှာ  မအားဘူး မတက်နှိုုင်ဘူး လို့ ငြင်းဆန်နေတဲ့ သူတွေ နေ့သင်တန်းလုပ်ပေး တော့ တစ်ချို ့ ဝမ်းသာ၊ တစ်ချို ့ မကြည်မလင်။  ဒီ မကြည်လင် အုပ်စုထဲမှာ ( ကို မြိုင်) ဆိုတဲ့ မြင်းလှည်းဆရာတစ်ယောက် ပါလာပါတယ်။ သူက ရွာ လူကြီးတွေနဲ့ မတည့်သူဆိုတော့ ဒီလူကြီးတွေစီမံတဲ့ ဘာကိစ္စ မဆို သဘောမတူပါဘူး။ ပြီတော့ တကယ်လည်း စာမဖတ်တတ် ပါဘူး။  […]


TTNUOctober 29, 20111min4009
Best teacher (19)  ထမင်းဆက်စားမှာလား၊  ထပြန်မှာလား ?   ၁၂.၄.၁၉၇၀   မှ   ၁၇.၄. ၁၉၇၀    သင်္ကြန်ရက်များတွင် လုပ်အားပေး ကျောင်းသူ၊သားများ အားလုံးအတွက် မန ္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ လေ့လာရေးခရီးစဉ်။   ၁၈.၄. ၁၉၇၀  (စနေနေ့) လေ့လာရေးခရီး မှ ရွာကို ပြန်လာကြပြီ၊ ဆွေတွေမျိုးတွေပြန်လာတဲ့ အတိုင်း ရွာအဝင်လမ်း ကကြို ဆီးလို့ ကြိုကြတာ မျက်ရည်တောင် လည်မိတယ်။ ရွာသူကြီးက စာတိုက်မှလာတဲ့ စာတွေ ထုတ်ပေးတယ်။ စာတွေကို သူ့ ဘုရားစင်ပေါ်မှာ တရိုတသေသိမ်းထားပေးတာနော်။ ကျမတို့ကို ဒီစာတွေ ထုတ်ပေးတဲ့ သူကြီး ပုံစံ အခုထိမြင်ယောင်ဆဲ။ အရေးကြီးတဲ့ အမွေ ဆက်ခံရမဲ့ ရုံးစာကို အမွေခံသူလက်ရောက် […]


TTNUOctober 26, 20111min74726
Best Teacher (18)   ဝ ထ က လ သ   ကျမတို့ သူငယ်ချင်း သုံးယောက် ကျောက်ဆည်မြို ့နယ် မယ်ဇယ်ပင် ရွာမှာတာဝန်ကျပါတယ်။ ရောက်ရောက်ချင်း တည်းခိုရမဲ့အိမ်မှာ ပစ္စည်းတွေ ချပေးပြီးနားခိုင်းပါတယ်။ ရွာထဲက အပျို ကြီးတစ်ယောက်အိမ်မှာ တည်းဖို့ စီစဉ်ပေးထားကြတာပါ။ ရေမိုးချိုး ပြီး ရွာလူကြီးများနဲ့တွေဆုံ ဆွေးနွေးကြမယ် ပြောပါတယ်။   ရေ ဘယ်လိုချိုးရမှာပါလိမ့် တွေးနေတုန်း ရွာအပျို မလေးနှစ်ယောက် ငှက်ပျောတုံးတွေနဲ့ ရောက်လာပါတယ်။ တမုတ်မြောင်းထဲမှာချိုးရမယ်။ ရေမနစ်အောင် ငှက်ပျောတုံးတွယ်ထား ရမယ်။ ရေစီးအောက်ဖက်မှာ သူတို့ ကာကွယ်ရပ်ထားပေးတယ်။ ကျမတို့ သုံးယောက်လုံး တက္ကသိုလ်ရေကူးကန် ထဲက ရေသူရဲတွေဖြစ်ကြသမို့  ဘာကြာသလဲမမေးနဲ့။ မြောင်းထဲမှာ ရေချိုးလို့ ကောင်းမှ ကောင်း။ […]


TTNUOctober 24, 20111min53011
Best Teacher (17)    ဆရာမလေးတို့ ပြန်တော့မယ်ဆို…(အခန်း ၁)   ကြားဘူးပြီးသားဖြစ်မဲ့ သီချင်းလေးတစ်ပုဒ်ပါ။ “ဆရာမလေးတို့ ပြန်တော့မယ်ဆို xxx ငိုမလို မျက်ရည်ဝဲ  xxx အသည်းမှာပျော်ရွှင် xxx သံယောဇဉ်ကြိုး xxx တိုးလို့နှောင်ခဲ့ပြီလေ xxx အမေတို့ရေ  xxx အဖေတို့ရေ  xxx ဘယ်ပြန်ချင်ပါ့မလဲ  xxx သမီးတို့လည်းကျောင်းနေဆဲမို့ xxx ကြိုးစားလို့ဖြင့် xxx သင်ရဦးမလေ နောင်နှစ်ခါလည်း လာဦးမယ်လေ  xxx  ရှေ ့နှစ်ကိုလည်း လာခဲ့မယ်လေ xxx ” စာမတတ်သူပပျောက်ရေး အ သုံးလုံး စီမံကိန်းတွေ မှာ ပါဝင်လှုပ်ရှားခဲ့စဉ်က ဆရာမ လောင်း ဘဝပုံရိပ် ထဲက ခရီးသည် တစ်ဦး အကြောင်း ရေးပြချင်ပါတယ်။ […]


TTNUOctober 20, 20111min47513
Best Teacher (16)   ဒါ ကျုပ်ဆရာမဗျ ကျမက ပဲခူးတိုင်းကနေ မန ္တလေးတိုင်း ကို ပထမဆုံး အလုပ်တာဝန်လာထမ်းဆောင်ရတာ ဆိုတော့ တစ်ကောင်ကြွက် ဆရာမလေးပေါ့။ ကျောင်းသူကျောင်းသားတွေကို သာ ကိုယ့် ဆွေမျိုးလုပ်နေခဲ့ရတာလေ။ အဲဒီခေတ်အခါက ကလေးတွေမှာ အခုခေတ်ကလေးတွေလို ကျူရှင်ပြီးကျူရှင် ပိမနေခဲ့ကြ ဘူး။ ကျောင်းစာသင်ပြီး အိမ်ပြန် အစာစား ကစား ရေချိုး မိဘကူ စသဖြင့်အေးအေးဆေးဆေး ဘဝတွေ ပါပဲ။ ဒီလိုနဲ့ ကျမ ငှားနေတဲ့ အိမ်နားက ကျမရဲ့ တပည့်လေးနှစ်ယောက်ဟာလည်း ညနေတိုင်ကျောင်းဆင်း အိမ်ပြန် ရေမိုးချိုးပြီးကြရင် ကျမဆီလာလည်ရင်း စာမေးကြ၊ ကူညီကြ နဲ့ နေပျော်စရာဘဝလေးများ ကျမတို့ ရခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က လှလှတဲ့။ အရပ်မြင့် မြင့် […]


TTNUOctober 14, 20111min46212
Best Teacher (15) အတန်းပိုင်ဆရာမ နှင့် ဒွေး အတန်းပိုင်ဆရာမ တစ်ယောက် ဘဝမှာ အင်မတန် မှတာဝန်ကြီးလှပါတယ်။ မိမိအတန်းရဲ ့ ကျောင်းခေါ်ကြိမ်စာရင်း၊ အချိန်ပိုင်း လူခေါ်စာရင်း၊ ကျောင်းလခစာရင်း၊ စာရင်းပြီး စာရင်း စာရင်းပုံထဲမှာနစ်နေမတတ်ပါပဲ။ ကျောင်းခေါ်ကြိမ်စာရင်း စာအုပ်ကို ကျောင်းအုပ်ကြီးဆီကို တစ်လတစ်ခါ တင်ရပါတယ်။ ဒီစာအုပ်ထဲမှာ ကျောင်းသားတွေရဲ ့ ကျောင်းဝင်အမှတ်၊ မွေးသက္ကရာဇ်၊ မိဘအမည်၊ နေရပ် လိပ်စာ၊ စသဖြင့် စုံလင်စွာ ရေးဖြည့် ထားရပါတယ်။ တစ်လကျောင်းတက်ရက် တွေ ကော်လံမှာ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ အတွက် အခြစ် နှစ်ခြစ် ခြစ်ရပါတယ်။ ခွင့်ဆိုရင် (ခ)၊ ခွင့်မတိုင်ရင် (ခမ)၊ ရေးရပါတယ်။ လကုန်တဲ့အခါ စာရင်းရှိ ဦးရေ၊ ပျက်ကွက်ဦးရေ၊ […]


TTNUOctober 13, 20112min3367
Spoken English Patterns (10) His chief handicap is that he + verb (Infinitive).        သူရဲ ့ အဓိကအားနည်းချက်ကတော့ ဒီလိုဖြစ်တာပါပဲ။   (1)  His chief handicap is that he comes from a broken family. သူ ရဲ ့ အဓိက အားနည်းချက်က တော့ သူက အိမ်ထောင်ကွဲ နေတဲ့ မိသားစု က ကြီးပြင်းလာတာဖြစ်တယ်။   (2)  His chief handicap is that he keeps on talking without […]


TTNUOctober 9, 20111min52314
Best Teacher (14)   ဗဟုသုတ ကို အထင်မသေးပါနှင့် အင်တာနက် ခနက်ရှင်တွေ အခုတလော တယ်မကောင်းလှဘူး။ ဘာမှသေသေချာချာ ဖွင့်မရချင်ဘူး။ စာအုပ်တွေမွှေနှောက်ရှာဖတ်ဦးမယ် ဆိုပြီး စာအုပ်တစ်အုပ် ဆွဲထုတ် ဖတ်မိ ပါတယ်။ မန ္တလေးတက္ကသိုလ်ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာဒေါ်ခင်ဝင်းကြည် ရဲ ့ ဒေါက်တာဘွဲ့ အတွက် တင်ပြခဲ့တဲ့ ကျမ်း( Burmese Philosophy as reflected in Caturingabala’s Loka Niti)  ကို အခြေပြုပြီးဆရာကြီးဦးတက်တိုး ဘာသာပြန်ဆိုပြုစု ခဲ့တဲ့ လောကနီတိ ဆိုတဲ့ (၁၉၉၅) ခုနှစ်ထုတ်တဲ့ စာအုပ်လေး ဖြစ်ပါတယ်။ သက္ကရာဇ် (၇၀၄) ခုနှစ်မှာ သီဟသူမင်းလက်ထက် အမတ်ပညာရှိကြီး (စတုရင်္ဂဗလ) ကကျမ်းအစောင်စောင်မှ သင့်နိုးရာရာ ကောက်နုတ်ပြင်ဆင်ပြီး […]