U Hla MgApril 24, 20121min1708
ကျွန်တော်သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင်နေထိုင်ပါသည်။ ကျွန်တော်၏ တူတော်မောင် က ကိစ္စတစ်ခုရှိ၍ ဖိတ်ခေါ်သဖြင့် ဇာတိ ချက်ကြွေ မွေးရပ်မြေ အိမ်မဲမြို့ကလေးသို့ မောင်မျိုးမင်း ၏ကောင်းမှုဖြင့် ရောက်ခဲ့ရသည်။မြို့ကလေးကား အဆောက်ဦး အသစ်များဖြင့် ၊ ဆိုင်ကယ်မြို့တော်လေးဖြစ်နေခဲ့ပြီ။ လူတိုင်းနီးပါးဖုန်းကိုယ်စီဖြင့် ကျွန်တော်တို့ ငယ်ငယ်တုန်းကလို မဟုတ်တော့။ကျွန်တော် တူတော်မောင်လည်း အိမ်ထောင်ကျလို့ အစိုးရ ဋ္ဌာနတစ်ခု၌ တာဝန်ထမ်းဆောင်လျှက်ရှိသည်။ တစ်နေ့ တူတော်မောင်ရုံးသွား ချိန်မိတ်ဆွေတစ်ယောက်အိမ် အိမ်လည်သွားရန် ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်ခဲ့သည်။တူမောင်က ထွေ/အုပ်သို့ စာဝင်ပေးစရာရှိသည် ခေတ္တလိုက်ခဲ့ပါရန် ခေါ်သဖြင့် ၎င်းနောက် လို်ခဲ့ရာ တူမောင်က ထွေအုပ် ရုံးထဲဝင်သွားခဲ့လေသည်။ ကျွန်တော်က ဟိုငေး ဒီငေးဖြင့်ပင်။ ထွေအုပ်ရုံးဝင်းထဲတွင် တရားရုံး ဥပဒေရုံး ရှိသည်။ကျွန်တော်လည်း တရားရုံးရှေ့ မတ်တပ်ရပ်လိုက်မိကာ ရှေ့နေနှစ်ယောက် ငြင်းခုန်နေသည်ကို နားထောင်မိသည်။အမူဖြစ်သည်ကို […]