မောင်ကျောက် သူတပါးကို စရ နောက်ရ ကြပ်ရတာ အတော်ဝါသနာထုံပါသည်။ တက္ကသိုလ် တက်ရတော့လဲ ဘူမိကျောင်းတော်သားဆိုတော့ မောင်ကျောက် တို့အဖွဲ့သည် အလွန်ဗရုတ်ကျပါ၏။ မောင်ကျောက် တို့ခေတ်က ဘူမိဗေဒမေဂျာကို ရန်ကုန် မန္တလေး တောင်ကြီး နဲ့ မော်လမြိုင် တို့မှာဘဲဖွင့်ပါတယ်။ အတန်းထဲမှာလဲ ယောက်ျားလေးကအများစုပါ၊ မိန်းခလေးက ဘယ်အခါမှ ၁၅ ယောက်ထက်မပို ဆိုတော့ RC-2 မှာတုန်းက Eco ၊ Main ထဲရောက်တော့ သိပံ္ပဆောင်တွေဖက် သွားပွေးကြတာပေါ့ အဟဲ ဒါပေမဲ့ Eco က မဒီများနဲ့ တော့ ဇတ်လမ်း အတော်ဖြစ်ခဲပါတယ်။ မောင်ကျောက် တို့က ပေပေစုတ်စုတ် ဗရုတ်သုက်ခ ဆိုတော့ YIT ကမောင်ရင်တွေကို ကျတာလဲမဆန်းဘူးပေါ့ အို…ဘဲ့……. ဝမ်းမနဲပေါင်၊ မယောင်မလည်နဲ့ […]