မောင်ကျောက် ရဲ့ ကြပ် သမိုင်း
မောင်ကျောက် သူတပါးကို စရ နောက်ရ ကြပ်ရတာ အတော်ဝါသနာထုံပါသည်။
တက္ကသိုလ် တက်ရတော့လဲ ဘူမိကျောင်းတော်သားဆိုတော့ မောင်ကျောက် တို့အဖွဲ့သည် အလွန်ဗရုတ်ကျပါ၏။
မောင်ကျောက် တို့ခေတ်က ဘူမိဗေဒမေဂျာကို ရန်ကုန် မန္တလေး တောင်ကြီး နဲ့ မော်လမြိုင် တို့မှာဘဲဖွင့်ပါတယ်။
အတန်းထဲမှာလဲ ယောက်ျားလေးကအများစုပါ၊ မိန်းခလေးက ဘယ်အခါမှ ၁၅ ယောက်ထက်မပို ဆိုတော့
RC-2 မှာတုန်းက Eco ၊ Main ထဲရောက်တော့ သိပံ္ပဆောင်တွေဖက် သွားပွေးကြတာပေါ့
အဟဲ ဒါပေမဲ့ Eco က မဒီများနဲ့ တော့ ဇတ်လမ်း အတော်ဖြစ်ခဲပါတယ်။
မောင်ကျောက် တို့က ပေပေစုတ်စုတ် ဗရုတ်သုက်ခ ဆိုတော့ YIT ကမောင်ရင်တွေကို ကျတာလဲမဆန်းဘူးပေါ့
အို…ဘဲ့……. ဝမ်းမနဲပေါင်၊ မယောင်မလည်နဲ့ အနားသွားပြီး “လင်ကောင်း သားကောင်း မလိုချင်တော့လဲ ဒို့ဘာတတ်နိုင်မလဲ”
လို့ပြောပြီး လစ်သပေါ့ဗျာ…..
ထားပါလေ မောင်ကျောက် ကြပ်ခဲ့တဲ့အထဲက ဇတ်လမ်းထဲကတစ်ပုဒ်တော့ ပြန်ပါရစေ……….
မောင်ကျောက် တို့ကျောင်းနေစဉ်အခန်းထဲမှာ ကိုးကွယ်ရာဘာသာစုံ၊ တိုင်းရင်းသားမျိုးစုံ ရှိပါတယ်
တယောက်နဲ့တယောက်လဲ ပြောမနာဆိုမနာတွေပါ။
ကျောင်းပြီးပြီတော့ တစ်ရက်သား တောင်ငူကန်တီးထဲက “အရှည်ကြီး” ဆိုင်မှာထိုင်ပါလေရော
Singapore မှာ အလုပ်လုပ်ရင်း ခွင့်နဲ့ပြန်လာတာဆိုတော့ Quality Time ပေါ့
အဲသည်မှာ ကျောင်းနေဘက် သူကောင့်သားက “သစ်တိုသီးပင်” အောက်ကခုံမှာ မောင်ကျောက် ကိုတွေ့တော့ တန်းလာသပေါ့ဗျာ
“ဟာ ကုလားလေး၊ ခွီး ကျောင်းပြီးထဲက မတွေ့တာ၊ ဘာတွေလုပ်နေတုံး?”
“Brunai မှာ ကျောင်းဆက်တက်ရင် ကောင်းမလားလို့ အမှတ်စာရင်း လာထုတ်တာ”
“ကောင်းပါ့ကွာ၊ ဒါနဲ့မင်းမိန်းမရော?”
“အ ဟီး၊ ငါခလေးအဖေ ဖြစ်တော့မယ်၊ ကိုဝန် သုံးလတဲ့ကွ”
“ကောင်းသပေါ့ ကုလားလေးရာ၊ ကဲ…. ဘာသောက်မတုန်း?”
“No.ပါ…သူငယ်ချင်း၊ ငါတို့ဥပုဒ်လ ဝင်နေပြီ”
မောင်ကျောက် ရဲ့ကြပ်ညဏ်တော်မှာလင်းကနဲ ဖြစ်သွားတာမို့
“ဟေ…..ဒါဆို မင်းတို့လင်မယား ဘယ်လိုနေသတုံး?”
“ဟ…..ဥပုဒ်လ မထွက်မချင်း ဒိုအာ(လိုချဉ်သောဆု)တောင်းပြီး သန့်သန့်ရှင်းရှင်း နေတာကွ”
“အေး…..မင်းအတွက်တော့ကောင်းပေါ့ကွာ၊ ဒါပေမည့် ဗိုက်ထဲက ခလေးတော့ ဒုက္ခရောက်ပြီ ကုလား”
“ဟမ်…..ဘာဆိုင်လို့တုံး?”
“ဒီလိုကွ…ဗိုက်ထဲက သဒ္ဓေသားလောင်းက၊ ခြေကလေး လက်ကလေးဖြစ်ဖို့၊ ဖွံ့ဖြိုးဖို့ ဖခင်ဆီက အားလိုသကွ”
“ဟေ………… မင်းဘယ်သူပြောတုံး? သေချာလို့လား?”
“ဒီမှာ..ကောင်လေး၊ Singpore ခဏပြန်ကွ၊ International ဗဟုသုတလဲ ရှိတယ်ကွ။
မယုံလဲ မင်းအကြောင်းနဲ့မင်းဘဲ၊ ငါကတော့ အင်ဂါမစုံတဲ့ ခလေး ဖြစ်မှာစိုးလို့ ပြောနေတာ”
ကုလားလေးလဲ အသံတိတ်ပြီး၊ တရုပ်ဆိုင်က ကြက်လို လည်လိမ်သွားလေ၏ ။
မောင်ကျောက် လား? အဲဒီတပတ် သောက်ကြာညနေက ကုလားလေးရဲ့
ဒေါသကထာကို စပ်ဖြီးဖြီးနဲ့ ကျေနပ်စွာ ခံယူလိုက်သည်ပေါ့
18 comments
မောင်ပေ
July 25, 2012 at 8:40 pm
ဟားဟား
ဟုတ်ပဗျာ
သေချာတွေးရင်လဲ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒီအချိန်ဆိုရင်
ဘယ်နှယ့် လုပ်ကြလဲ မသိ..
ဦးကျောက်ခဲစာဖတ်မှပဲ တွေးကြည့်မိတော့တယ်
ဖတ်လို ့ကောင်းဗျာ
နောက်ထပ် ကြပ်ဇါတ်လမ်းများကိုလဲ မျှော်နေပါတယ်ဗျို ့
cobra
July 25, 2012 at 8:52 pm
ဟားဟားဟား
တစ်ကယ်ရယ်ရတယ်ဗျာ
အကိုကကြပ်ပေးလိုက်တော့
သူကအိမ်လဲရောက်ရော
မိန်းမကလည်း သူပြောတာမဟုတ်ဘူးဆိုပြီးငြင်း
သူကလည်းဟုတ်တယ်ဆိုပြီးအတင်း
နောက်တော့ဘာဖြစ်သွားလဲ
ဦး ကျောက်ခဲ
July 25, 2012 at 9:21 pm
ဦးကျောက် မှာ မြန်မာလက်ကွက် မရှိသမို့ (ရိုက်လဲမရိုက်တတ်)
စာလုံးပေါင်း မှားတာ ခွေးလွှတ်ကြပါ စာရှူသူတို့!
Burglish ပဲကျေးဇူးတင် နေရတာ။
ဦး ကျောက်ခဲ
July 25, 2012 at 9:28 pm
ဆရာပေ နဲ့ ကိုမြွေပွေး ရေ၊ ကျွန်တော့ရဲ့ ပေါက်ကရ စာလာဖတ်တာ ကျေးဇူးတင် သဗျိုး!
pazflor
July 25, 2012 at 11:08 pm
နောက်ထပ် ကြပ်တဲ့ အကြောင်းတွေရေးပါဦး ဦးလေးရေ…
ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်
July 25, 2012 at 11:22 pm
ကြပ်သာကြပ်ပါ ကိုကျောက်ခဲ ၊ ဖတ်လို့ကောင်း ၊ တွေးလို့ကောင်း ။
အရီးခင်လတ်
July 26, 2012 at 5:25 am
{ ဒါပေမဲ့ Eco က မဒီများနဲ့ တော့ ဇတ်လမ်း အတော်ဖြစ်ခဲပါတယ်။
မောင်ကျောက် တို့က ပေပေစုတ်စုတ် ဗရုတ်သုက်ခ ဆိုတော့ YIT ကမောင်ရင်တွေကို ကျတာလဲ မဆန်းဘူးပေါ့}
ဟားတိုက်လို့ဘဲ ရီနေပါတော့ တယ်။
ကျွန်မ တို့ ခေတ်တုန်းက တော့ ဒင်း တို့ကို မကျတာ သေချာပါတယ်။
ဆက် မပြောတော့ပါဘူး။ 😆
laypai
July 26, 2012 at 9:32 am
သူတို့ ကို မကျ ပေမဲ့ ကျခဲ့ ရတဲ့ သူတော့ ရှိပုံပဲ။ ဇာတ်လမ်းလေးက စိတ်ဝင်စား စရာ ဆိုရင် ပို့တခု တင် လိုက်လေ။ အားပေးရတာပေါ့။
ဦး ကျောက်ခဲ
July 26, 2012 at 9:35 am
အို…ဘဲ့……. ဝမ်းမနဲပေါင်၊ “…………. မလိုချင်တော့လဲ ဒို့ဘာတတ်နိုင်မလဲ” အ ဟိ လစ်ပြီ ဗျို့…..
Solid_Sn@ke
July 26, 2012 at 9:43 am
အူးလေးရေ ….
ကျုပ်တို့ ခေတ်မှာတော့ နတ်သမီးကျွန်းဟာ
ဝိုင်ယူအက်ဖ်အယ်လ် ခည ….
(အဲ့တုန်းက အဝတ်အစား မတင်းကျပ်သေး…)
ခိခိ
သဒိယသွားပြန်ဘီ …..
အိုဘယ့် ချိုင်းနိစ့်မေဂျာ ကွင်းကလေးရယ်….
😀
မိုက်ကယ်ဂျော်နီအောင်ပု
July 26, 2012 at 10:55 am
ကြုံလို့ပြောတာပါ
အချို့တွေ သားယောက်ျားလေး အတော်လိုခြင်ကြရှာတယ်
မွေးလာတော့ သမီးမိန်းကလေးချည်းဘဲဖြစ်နေလို့
မိန်းကလေးမှမွေးရသလားဆိုပြီး မိန်းမကိုပြဿနာရှာတဲ့ ဘော်ဒါတစ်ပွေကို
သားယောက်ျားလေးလိုခြင်ရင်
( ဒါကတော့ ယောက်ျားသားခြင်းပြောတဲ့စကားဆိုတော့ မရိုသေ့စကားပေါ့ဗျာ )
ခြင်ထောင်ထဲဝင်ခါနီးကြရင် လက်ခမောင်းခတ်ပြီး လက်ဝှေ့ယိမ်းပြာရတယ်
ပြီးမှ ( ……………………ဆင်ဆာ )
အဲ့လိုနဲ့မကြာပါဘူး ကလေးတစ်ယောက်ထပ်ရတယ်
မောင်ရင်လေး ပေါ့
ကိုယ့်လူဖြင့်ဝမ်းသာလွန်းလို့ သူ့သားလေးနာမည်ကို ကျုပ်နာမည်နဲ့ပေးမယ်တကဲကဲ
မနည်းတားထားရတယ်
မှတ်ချက်။ ။ အတည်
P chogyi
July 26, 2012 at 12:04 pm
ကုလားလေးကိုသွားကြပ်လို့ပေါ့
တရုတ်ကိုကြပ်ကြည့်ပါလား ပြတ်ထွက်သွားမယ်။
တရုတ်မူလီပြောတာပါ အရမ်းအကြပ်လွန်ရင်
မူလီခေါင်းပြတ်ထွက်သွားရော။
Khaing Khaing
July 26, 2012 at 1:02 pm
မတက်လိုက်ရတဲ့ တက္ကသိုလ်ကျောင်း အကြောင်းဆိုတော့ ဘယ်ရမလဲ အငမ်းမရကိုဖတ်လိုက်တယ် ..
ကိုယ်တွေကအဲသလို ကဲချင်တာ မကဲလိုက်ရဘူး …. ဒါတောင် လယ်ကွင်းထဲကတက္ကသိုလ်နယ်မြေမှာ အတန်အသင့်ကဲလိုက်သေးတယ် …… ဟဲ ဟဲ
ကြောင်ကြီး
July 28, 2012 at 11:14 am
ငယ်စဉ်က အားကစားလုပ်တဲ့အခါ မှန်ထဲကိုယ့်ဗလကိုယ်ကြည့်ပြီး ဒီနေရာတော့ အဖေလုပ်ပေးတာ နှေးသွားလို့ ကြွက်သားနည်းနေတာလို့ ပြောင်ပြောင်နောက်နောက် ပြောသံကြားဖူးတာ သွားသတိရတယ်။ 😀
ခင်ဇော်
April 13, 2015 at 3:08 pm
အဟီးဟီးးး
သူငယ်ချင်း မ တစ်ယောက်။
သူက အိမ်ထောင်ကျတော့ ၂၄ လောက်ပဲ ရှိဦးမယ်။
ဘယ်သူက ကျပ်ပေးလိုက်မှန်းမသိ။
သူငယ်ချင်းအဖွဲ့တွေ စကားပြောနေတုန်းးး ….
ဘာတဲ့။
ကိုယ်ဝန်ရှိတုန်း အတူနေရင် အမွှာရတယ် ဆို တဲ့။
သူကအမွှာရူး ကိုးးး
မြစပဲရိုး
April 13, 2015 at 3:23 pm
ဘယ်က ဘယ်လို ရှာဖွေ ပြီး သမိုင်း ကို တူးလာသလဲ ကျုပ် တူမ ရဲ့။
တကယ် က ကလေး မွေးဖို့ အင်မတန် လွယ်ချင်ရင် အဲဂလို လုပ် ကြတယ် ပြောတယ်။
ဟုတ်မဟုတ် ပို့စ် ပိုင်ရှင် ကို မေးကြည့်ကြစို့။
lol:-)))
ခင်ဇော်
April 13, 2015 at 3:52 pm
ပျင်းလို့ အရီးရေ။
ပို့(စ) အသစ်တွေ မတက်တော့ ဒီနှစ်တော့ ကျောက်တူးမဲ့ လောပန်ပေါ့။
:k:
ဦးကျောက်ခဲ
April 14, 2015 at 9:08 am
ဟမ်မယေး အရီး … ရှူး တိုး တိုး …
ဒီမှာ ၁၅-မိနစ်အတွင်း မွေးသွားပါတယ်ဆိုမှ ချောက်ချပြီ ….
:k: