ဦးကောက်April 7, 20111min1414
အေးစက်စက် …. ရန်ကုန်သင်္ကြန် မကြာမီ သင်္ကြန်ကာလ ရောက်တော့မည်။ သို့သော် ရန်ကုန်သင်္ကြန်၏ လှုပ်ရှားမှုများကတော့ လက်ရှိ အချိန်ထိ အေးစက်စက် ဖြစ်နေဆဲ. . .။ ဧပြီလပထမပတ်မှ စတင်ကာ မဏ္ဍပ်နေရာများ စတင်ထုတ်ပြန်ခဲ့ခြင်း၊ ယခုနှစ်သင်္ကြန် ကာလ၌ လိုက်နာ ဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ အသစ်ထုတ်ပြန်ခြင်း နှင့် ဧပြီလဒုတိယပတ်တွင်မှ မဏ္ဍပ်တည်ဆောက်ခွင့် ပါမစ်များကို စတင် ချထားပေးခဲ့သည်။ ရန်ကုန်၌ မဏ္ဍပ်တွင်းထားရှိရမည့် သတ်မှတ်ချက်များအရ မဏ္ဍပ်တည်ဆောက်မည့် သူများမှာ ယမန်နှစ် ကနှင့်မတူဘဲ ကုန်ကျစရိတ် မြင့်မားနေခြင်းကြောင့် ၎င်းတို့မှာ မဏ္ဍပ်များ လုပ်ခွင့်ရလျှင်လည်း အမြတ်ရရန် မသေချာမှုများကြောင့် အရာရာချင့်ချိန်နေရသည့် အနေအထားသာ ဖြစ်နေကြောင်း ယမန်နှစ်က သင်္ကြန်မဏ္ဍပ် စီစဉ်ခဲ့သူများက ဆိုပါသည်။ “မနှစ်က […]


ဦးကောက်March 31, 20111min1601
စတေကာကပ်ယာဉ်များကို စစ်ဆေးနေစဉ် ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များ၏ ကားမှန်များတွင် စတေကာများကပ်၍ မောင်းနှင်သွားလာနေသော မော်တော်ယာဉ်များအား အမြင့်ဆုံးစီမံချက် ဒဏ်ကြေးငွေ ကျပ်သုံးသိန်းအထိ တိုးမြှင့်ကာ ပိုမို တင်းကြပ်စွာ အရေးယူနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။ မော်တော်ယာဉ်များ၏ ကားမှန်များတွင် စတေကာကားများကပ်ခြင်း၊ လေစုပ်ခွက်များကပ်ခြင်း၊ လိုက်ကာများ ကာရံခြင်း တို့ကို တားမြစ်ထားရာ လိုက်နာမှု မရှိသည့်အတွက် စီမံချက် ဒဏ်ကြေးငွေများ တိုး မြှင့်၍ အရေးယူမှုများကို တိုးမြှင့် ဆောင်ရွက်နေသည်ဟု သိရသည်။ ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်မတော် တပ်ထိန်းတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူလျက် ရှိပြီး ပထမအကြိမ် စစ်ဆေးတွေ့ရှိ ၍ အရေးယူခံရသော ယာဉ်သည် ဒဏ်ကြေးငွေကျပ် ၁၀၁၅၀ဝ အပြင် အဆိုပါယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းကို […]


ဦးကောက်March 31, 20111min1330
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကြိုးဖုန်းနံပါတ်များ ဂဏန်းခြောက်လုံးမှ ခုနစ်လုံးသို့ ပြောင်းလဲမည် ဖြစ်သော်လည်း ကြိုးဖုန်း ခေါ်ဆိုခ နှုန်းထားများကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။ မြို့နယ်အချို့၌ အော်တိုအိတ်ချိန်းစနစ်များ ပြောင်းလဲမှုကြောင့် ကြိုးဖုန်းနံပါတ် အရေအတွက်ကို ယခင် ကြိုးဖုန်းနံပါတ်များ၏ ရှေ့တွင် တစ်လုံး ပိုမိုတိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ”မတ်လအတွင်းမှာ မြောက်ဥက္ကလာပ အိတ်ချိန်းစနစ် ပြောင်းလဲမှုကြောင့် မြောက်ဥက္ကလာပမြို့နယ် အတွင်းမှာရှိတဲ့ ကြိုးဖုန်းတချို့ ဂဏန်း ခြောက်လုံးကနေ ခုနစ်လုံးကို ပြောင်းသွားပါတယ်။ ယခင်နံပါတ်ရဲ့ရှေ့မှာ ၉ ဂဏန်းတစ်လုံးခံပြီး ဖုန်းခေါ်ဆို မှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ၆၉ နံပါတ်နဲ့စတဲ့ ကြိုးဖုန်းအလုံးရေ ၁၅၀ဝ လောက်မှာ ဂဏန်းတစ်လုံးစီ တိုးသွားတာ ဖြစ်ပါတယ်။ တခြား မြို့နယ်တွေမှာလည်း […]


ဦးကောက်March 31, 20111min1280
ယမန်နှစ် သင်္ကြန်အတက်နေ့က ကန်တော်ကြီးကန်ပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ် အချို့ကို တွေ့ရစဉ် ယခုနှစ်ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်အား ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်း စသည်တို့တွင် ခွင့်ပြုပေးသွားရန် စီစဉ်လျက်ရှိကြောင်းနှင့် အင်းလျားလမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုကြောင်း သတင်းရရှိသည်။ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းအပြင် ပါရမီလမ်း၊ စက်မှု ၁ လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဝေဇယန္တာလမ်း၊ ဘုရင့်နောင်လမ်း၊ ဆရာစံလမ်း၊ အလုံလမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ ၃၁ နေရာတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ယခုနှစ်၌ ရေကစားမဏ္ဍပ်များ ကို နေရာကျဲကျဲချထားပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ရေကစားမဏ္ဍပ် အသေးများလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။ “ဒီနှစ်လည်း ပြီးခဲ့တဲ့နှစ်သင်္ကြန် မဏ္ဍပ်ချထားပေးခဲ့တဲ့နေရာတွေမှာပဲ ချပေးမယ်လို့စီစဉ်ထားပါတယ်။ လုံခြုံရေးပိုင်းကို ပိုပြီးတော့ […]


ဦးကောက်March 30, 20111min1427
ရန်ကုန်မြို့တွင်း ညအချိန်များ၌ ကားပြိုင်မောင်းနှင်နေခြင်း၊ အရှိန်ပြင်း မောင်းနှင်နေခြင်းတို့ကိုစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ရန်ကုန်မြို့တွင်း အထူးသဖြင့် ညအချိန် ယာဉ်အသွားအလာရှင်းသော လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်များ တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်နေခြင်း၊ အရှိန်ပြင်းမောင်း နှင်နေခြင်းများရှိနေသည့်အတွက် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားရန် နယ်မြေများအား ညွှန်ကြားထားသည်ဟု သိရှိရသည်။ “ကားပြိုင်မောင်းတာ၊ အရှိန်ပြင်းမောင်းတာတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ယာဉ်ထိန်း နယ်မြေတွေအားလုံးကို ထပ်မံညွှန်ကြားထားပါတယ်။ လိုင်းကားတွေ ပြိုင်မောင်းနေတာ၊ အရှိန်ပြင်းမောင်း နေတာကော၊  ကိုယ်ပိုင်ယာဉ်ငယ် လေးတွေ အပြိုင်မောင်းနေတာကိုပါ အရေးယူသွားမှာပါ”ဟု ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မော်တော်ယာဉ် တစ်စီးနှင့်တစ်စီး အပြိုင်အဆိုင် မောင်းနှင်နေကြရာတွင် ပြိုင်ကားကဲ့သို့ကားများလည်း ပါဝင်နေပြီး အခြားသော အိမ်စီးကား အမျိုးအစားများလည်း ပြိုင်မောင်းမှုများရှိနေကြောင်း သိရသည်။ […]


ဦးကောက်March 30, 20111min20112
ရန်ကုန်မြို့ကမာရွတ်မြို့နယ် ထန်းတစ်ပင်လမ်းရှိ နေအိမ်တစ်အိမ် မှ ပစ္စည်းများ အလိုအလျောက် မီးလောင်ကျွမ်းသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နေအိမ်ဘေးပတ်ဝန်းကျင်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် အချို့နှင့် သက်ဆိုင်ရာ ရ.ယ.ကရုံး မှ တာဝန်ရှိသူအချို့က စောင့်ကြည့်ပေးနေကြောင်း သတင်းရရှိသည်။ ထူးခြားဖြစ်စဉ် ထပ်မံဖြစ်ပွားမှုရှိမှသာ သက်ဆိုင်ရာ မီးသတ်ဌာနသို့  ရ.ယ.ကရုံးမှတစ်ဆင့် အကြောင်းကြားရန် ညွှန်ကြားထားသည်ဟု သိရှိရသည်။ “လောလောဆယ်တော့ ထူးခြားဖြစ်စဉ်အနေနဲ့ ထပ်ဖြစ်တာ မရှိသေးပါဘူး။ ၂၆ ရက်နေ့မှာ လောင်ပြီးတဲ့နောက်ပိုင်း အခုချိန်ထိ ထပ်လောင်တာမျိုးတော့ မကြုံရသေးဘူး။ ၂၄  ရက်နေ့ကတော့ မြို့နယ်အဆင့် မီးသတ်အရာရှိ ကိုယ်တိုင်လာပါတယ်။ သူတို့ ကိုယ်တိုင်လည်း ကိုယ်တွေ့ တွေ့သွားတဲ့အတွက် ထူးခြားဖြစ်စဉ် အနေနဲ့ မှတ်တမ်းရေးယူသွားပါတယ်။ ကျွန်မတို့ ကိုယ်တိုင်ကတော့ လောလောဆယ် ထိတ်လန့်တာရယ်၊ ပစ္စည်းတွေဆုံးရှုံးတာကြောင့် စိတ်ညစ်တာရယ်ပဲ ရှိပါတယ်။ ဘေးပတ်ဝန်းကျင်က […]


ဦးကောက်March 28, 20111min28912
မှတ်ဉာဏ်ကောင်းချင်ရင် နေ့လယ်တစ်ရေးအိပ်   သင့်အနေနဲ့ သတင်း အချက်အလက် အသစ်တွေ မှတ်သားဖို့ လိုလာပြီ ဆိုရင် ပထမ ဦးစွာ နေ့လယ် နေ့ခင်းမှာ တစ်ရေး လောက် မှေးပြီး အိပ်စက် လိုက်ပါတဲ့။   အမေရိကန် သိပ္ပံ ပညာရှင် တစ်စု လေ့လာ တွေ့ရှိချက် အရ ဦးနှောက် အတွင်းမှာ ရှိတဲ့ ဟစ်ပို ကမ်းပတ်စ် (Hippo- campus) လို့ ခေါ်တဲ့ နေရာသည် သတင်း အချက်အလက် အတွေ့ အကြုံ အမြင်အကြား အသစ် တွေကို လက်ခံ ပေးတဲ့ နေရာ ဖြစ်ကြောင်း၊   တစ်နေ့တာ ကာလ အတွင်း သတင်း အချက်အလက် အသစ်များ […]


ဦးကောက်March 26, 20111min1484
ယခင်နှစ် သင်္ကြန်ကာလက ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းတစ်နေရာကို တွေ့ရစဉ် ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော် အတွက် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်ကို စတင်ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ စည်းကမ်းချက်များအရ သင်္ကြန် မဏ္ဍပ်အကြီးများတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ပြီး မသင်္ကာဖွယ်ရာများကို အနီးကပ်မှတ်တမ်းတင်နိုင်ရန် သီးခြားဓာတ်ပုံရိုက်သူများ ထားရှိရမည်ဟု သတ်မှတ်ထားကြောင်း စည်းကမ်းချက် ထုတ်ပြန်မှုများအရ သိရှိရသည်။ မဏ္ဍပ်များအတွက် လုံခြုံရေး ဆိုင်ရာစည်းကမ်းချက်၂၅ ချက်ကို  သင်္ကြန်မဏ္ဍပ်များအား နေရာမချထားမီ ဦးစွာထုတ်ခဲ့ခြင်းဖြစ်ပြီး စည်းကမ်းချက်အများစုမှာ ယခုနှစ်တွင်မှ အသစ်ထပ်တိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ပြီးခဲ့ သည့်နှစ် သင်္ကြန်ကာလအတွင်းက ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှု […]


ဦးကောက်March 26, 20111min1362
၂၀၁၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်အချိန် ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း ဒလဆိပ်ကမ်းအနီး ကမ်းနားလမ်းမပေါ်တွင် သစ်လုံးတင်ယာဉ် အပါအဝင် ယာဉ်လေးစီးဆင့် ယာဉ်တိုက်မှုတစ်ခု ဖြစ် ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက် ၁ဝ နာရီ ၁ဝ မိနစ်ဝန်းကျင် အချိန်ခန့်တွင် ဗိုလ်အောင်ကျော်လမ်းဘက်မှ မောင်းနှင်လာသော သစ်လုံးတင်ယာဉ်မှာ အရှိန်မထိန်းဘဲ ပန်းဆိုးတန်းကမ်းနားလမ်း မီးပွိုင့်တွင် ရပ်ထားသော အိမ်းစီးကားတစ်စီးကို တိုက်မိရာမှ လေးစီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ”မီးပွိုင့်မှာ ကားတွေရပ်ထားတုန်း သစ်လုံးကားကြီးက အရှိန်မထိန်းနိုင်ဘဲ နစ်ဆန်းဆလွန်းကားကို ဝင်တိုက်မိတာ။ ကားက အရှေ့က ဒိုင်နာကို ဝင်တိုက်မိတယ်။ ပြီးတော့ […]


ဦးကောက်March 25, 20111min1391
၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ည ၈ နာ ရီ ၂၉ မိနစ် ၃ဝ စက္ကန့်၊ မန္တလေးမြို့မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀ဝ ခန့်အကွာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်အကွာ၊ လွိုင်မွေရွာအနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကာ အင်အား ရ ဒသမ ဝ ရှိကြောင်းထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါငလျင်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများသာမက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင်ပါ ငလျင်၏သက်ရောက်မှုကို သိရှိခံစားခဲ့ရကြောင်းသိရသည်။ (နောက်ဆက်တွဲသတင်းများ) တာချီလိတ်မြို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် “တာချီလိတ်မြို့မှာ ည၈နာရီကျော်ကျော်လောက်က ငလျင်လှုပ်တာ ရ ခါလောက် ရှိတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကတော့ တော်တော်ပြင်းတယ်။ တစ်မြို့လုံးက လူတွေလည်း အိမ်ထဲမှာမနေရဲကြပဲ အိမ်အပြင်ထွက်နေကြရတယ်။ […]


ဦးကောက်March 23, 20111min1161
ထိုင်းနိုင်ငံသို့ အလည်အပတ် ဗီဇာကြေး ကင်းလွတ်ခွင့်အစီအစဉ်မှာ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ၍ ထိုင်းနိုင်ငံသို့ အလည်အပတ်သွား ရောက်ပါက ဗီဇာကြေးများကို ပြန်လည်ကောက်ခံ သွားမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ကြေညာချက်အရ သိရှိရသည်။ ထိုင်းနိုင်ငံသို့ အလည်အပတ် ဗီဇာကြေးအဖြစ်(တစ်ဦး/တစ်ကြိမ်လျှင်) ၃၅ ဒေါ်လာဖြစ်ပြီး ထိုင်း အလည်အပတ်ဗီဇာ၏ သက်တမ်းမှာ ဗီဇာလျှောက်ထားသည့်နေ့မှစ၍ ၃ လအတွင်းဖြစ်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်အား ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ သတ်မှတ် ပေးမည်ဖြစ်ပြီး ယေဘုယျအားဖြင့် ဗီဇာတစ်ကြိမ် ဝင်ရောက်လျှင် ရက် ၃ဝ ခန့်ရရှိမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ကြေညာချက်တွင် ပါရှိသည်။ ထိုင်းနိုင်ငံအလည်အပတ်ဗီဇာ လျှောက်ထားသူများအနေဖြင့် လေယာဉ်လက်မှတ် (အသွား/အပြန်)ကို […]


ဦးကောက်March 23, 20112min22412
တစ်သိန်းပြည့်ပြီ       ၂၁.၃.၂၀၁၁ (တနင်္လာနေ့) နံနက် (၈းဝ၀) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပနလမ်းကြောင်းလက်ခံရာ ရုံးခန်းတွင် ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ ဝတ်ရွတ်အဖွဲ့၊ ဓါတ်ပုံပညာရှင်များတို့သည် တယ်လီဖုန်းမြည်သံကိုနားစွင့်နေကြသည်။ နံနက် (၉းဝ၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၉ ရပ်ကွက်၊ ငုဝါမြိုင်(၁)လမ်းနေဦးချစ်ဟန် အသက် (၇၈) နှစ်၏ နာရေးလမ်းကြောင်းအကူအညီတောင်းခံလာခဲ့သည်။ဦးချစ်ဟန် အသက် (၇၈) နှစ်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးကူညီမှုပေါင်း (၁) သိန်းတိတိပြည့်သောနာရေးလမ်းကြောင်းပင် ဖြစ်တော့သည်။   နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပနအဖွဲ့၊ မော်တော်ယာဉ်အဖွဲ့၊ ဓါတ်ပုံပညာရှင်အဖွဲ့တို့သည် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများအတိုင်း လုပ်ဆောင်ကြပြီးသည့်နောက် သုခအာဟာရစားသောက်ဆိုင်တွင် နံနက်စာထမင်းသုံးဆောင်ပြီးမွန်းလွဲ (၁၂းဝ၀) နာရီအချိန်တွင် ကွယ်လွန်သူဦးချစ်ဟန်၏ နေအိမ်သို့ သွားရောက်၍ ကူညီဖေးမမှုများပြုလုပ်ရန် အသင့်အနေအထား ဖြစ်နေသည်။ […]


ဦးကောက်March 21, 20111min1757
ယဉ်ကျေးလိမ္မာတရားစခန်းဖွင့်မည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၌   ၂၀၁၀-၂၀၁၁တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများအတွက်သာ ယဉ်ကျေးလိမ္မာတရားစခန်းကိုဖွင့်လှစ်မည်ဖြစ်ရာဧပြီလ ၄ရက်မှ ရရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲ ၁နာရီအရောက် လာကြရမည်ဖြစ်သည်။ တရားစခန်းသို့ဝင်ရောက်လိုသူများသည် ၂၀၁၁ခုနှစ် မတ်လ ၂၁မှ ၂၅ရက်အတွင်း အောက်ဖော်ပြပါ email လိပ်စာသို့မိမိ၏ ပညာအရည်အချင်း၊ အမည်၊ မိဘအမည်၊ နေရပ်လိပ်စာနှင့် email လိပ်စာ    တို့ကို အချက်အလက် ပြည့်စုံမှန်ကန်စွာ အင်္ဂလိပ်လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။   dhammadutajetavana@gmail.com   လက်ခံနိုင်သည့် အရေအတွက်ထက်ပိုနေပါက ကွန်ပျူတာမဲစနစ်ဖြင့် ရွေးချယ်လက်ခံပါမည်။ ဝင်ခွင့်ရသူများစာရင်းကိုတရားစခန်းဝင်ရောက်ရမည့်ရက်မတိုင်မီ အကြောင်းပြန်ကြားပါမည်။ ဝင်ခွင့်ရသူများသည်…….. ပတ်စ်ပို့ဓာတ်ပုံနှစ်ပုံ  နှင့် ကျောင်းသားကတ်(သို့မဟုတ်)မှတ်ပုံတင်မိတ္တူ တစ်စောင်စီ ယူဆောင်လာကြရန်ဖြစ်သည်။ ဓမ္မပူဇာအစီအစဉ် များကိုပူဇော်ထားပါသည်နှိပ်ကြည့်နိုင်ပါသည်။ နှစ်သစ်မှာပျော်ရွင်ချမ်းမြေ့ကြပါစေ