လက်ရှိ ကျနော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ ဝမ်းစာအတွက် ရုန်းကန်နေရသူများရှိသလို၊ ကျောင်းစာများနှင့် နပန်းလုံးနေရသည့်သူများ အစရှိသဖြင့် လူတန်းစား အလွှာ အမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးတွင်ကျင်လည်ပြီး ကိုယ်တတ်နိုင်သမျှ တာဝန်ကိုယ်စီဖြင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေကြရတဲ့လူငယ်တွေရှိသလို အင်တာနက်ဆိုင်၊ တီဗွီဂိမ်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ လိုမျိုးနေရာတွေမှာ ထိုင်ပြီး အချိန်ဖြုန်းနေကြတဲ့ လူငယ်တွေလည်း ဒုနှင့်ဒေး။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် လူငယ်များ၏အခန်း ကဏ္ဍကို ချန်ထားခဲ့ရန် မဖြစ်နိုင်ပေ။ နည်းပညာပိုင်းတွင်လည်း ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အညီ လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာပိုင်းများကိုလည်း လေ့လာဆည်းပူးရန်အခွင့်အရေး များပိုမိုများပြားလာသည့်အတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ သင်တန်း အစရှိသည့် သင်တန်း ပေါင်းများစွာ တတ်နေကြရသည့် လူငယ်တို့၏အနာဂတ်ခရီးမှာ သာယာဖြောင့်ဖြူးရန် အခွင့်အလမ်း များလည်း ပေါများလျက်ရှိပေသည်ဟု […]