weiweiSeptember 17, 20112min28715
ဒီတစ်ခါချက်ပြထားတာက Uzbek ဥဇဘတ်လူမျိုး ကောင်မလေးတစ်ယောက်နဲ့ တစ်အိမ်ထဲ အတူနေခဲ့စဉ်က သူချက်လေ့ရှိတဲ့ ထမင်းဟင်းအရောချက်နည်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ချက်လေ့ချက်ထမရှိလို့ ဗဟုသုတရအောင် တကူးတကချက်ပြီး မှတ်တမ်းတင်ထားပြီး ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ဥဇဘတ်တွေက ထမင်းစားလေ့မရှိပဲ ဂျုံ အာလူးနဲ့ အသားတွေ စားကြပါတယ်။ ထမင်းနဲ့ဆိတ်သားကို အထူးဧည့်သည်လာမှ ချက်ကျွေးလေ့ရှိပါတယ်။ သူကတော့ ဆိတ်သားနဲ့ချက်လေ့ရှိပေမယ့် ကျွန်မက မြန်မာတွေအကြိုက် ကြက်သားကို အစားထိုးပြီး ချက်လိုက်ပါတယ်။ လွယ်လွယ်ကူကူချက်နိုင်လို့ စိတ်ဝင်စားရင် ချက်စားကြည့်ကြပါအုန်း … ပါဝင်သောပစ္စည်းများ ဆန် ၂ ဗူး (လူ ၄ ယောက်စာအတွက် ကြက်သား အတုံးကြီးကြီး ၄ တုံး (သို့မဟုတ်) အတုံးသေး ၈ တုံး ကြက်သွန်နီ …. အနေတော် ၈ လုံး မုန်လာဥနီ […]


weiweiSeptember 13, 20111min52224
ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး အကြောင်းတွေ သတင်းမှာကြားရ ဖတ်ရတာများနေပေမယ့် ဖာသိဖာသာပဲ နေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအနေနဲ့က ဆင်းရဲသားအခြေအနေထဲမှာမပါသလို ဆင်းရဲသားတွေကို ကူညီပေးနိုင်တဲ့ သူဌေးအခြေအနေထဲမှာလဲမပါဘူး။ ရာထူးအာဏာနဲ့ကူညီပေးနိုင်သူလဲမဟုတ်လေတော့ ဒီကိစ္စ ကျွန်မနဲ့မဆိုင်ဘူးလို့သာ သဘောထားခဲ့ပါတယ်။ ဒီအပတ် ဟင်းချက်စရာဝယ်ဖို့ ဈေးသွားတဲ့အခါမှာ အတွေးတစ်ခု တွေးမိသွားပါတယ်။ ကျွန်မက ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါ city mart မှာ လိုအပ်တာတွေဝယ်ပါတယ်။ လှည်းတန်းဈေးမှာ အသီးအရွက်သားငါး ဝယ်ပါတယ်။ ဈေးဝယ်တဲ့အခါတိုင်းမှာ ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေဆီမှာ ဝယ်လေ့ဝယ်ထ နဲပါတယ်။ ဒီအပတ်တော့ စိတ်ကူးပြောင်းလိုက်တယ်။ လမ်းဘေးက ဗန်းကလေးတွေနဲ့ ချရောင်းရတဲ့ ဈေးသည်လေးတွေဆီက ဈေးမဆစ်ပဲနဲ့ ဝယ်ပါတယ်။ သူတို့ဆီမှာ မရနိုင်တာကိုမှ ဆိုင်ကြီးကြီးကနေ ဝယ်တယ်။ ဆင်းရဲနွမ်းပါးမှုလျော့နည်းရေးမှာ တစ်နိုင်တစ်ပိုင်ကူညီချင်တဲ့စိတ်နဲ့ပေါ့။ ပစည်းတွေ မနိုင်မနင်းဖြစ်နေပေမယ့် အမြဲတမ်းလမ်းလျှောက်ပြီး အိမ်ပြန်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဆိုက်ကားစီးပြီးပြန်လိုက်ပါတယ်။ […]


weiweiSeptember 10, 20111min48021
ဝါတွင်းသတ်သတ်လွတ်စားတဲ့ သူငယ်ချင်း ၂ ယောက် အိမ်ကိုလာလည်ကြမယ်ဆိုတော့ ဘာချက်ကျွေးရကောင်းမလဲ ခေါင်းစားရပါတယ်။ လက်စွမ်းလဲပြချင်သေးတာနဲ့ နဲနဲအလုပ်ရှုပ်တဲ့ အိမ်တွေမှာ လုပ်စားလေ့မရှိတဲ့ ကုလားဘယာကြော်သုတ် လုပ်ကျွေးဖို့ စိတ်ကူးပြီး လိုအပ်တာတွေ ဝယ်ခြမ်းပြင်ဆင်လိုက်ပါတယ် … အသေးစိတ်တစ်ခုချင်း အဆင့်ဆင့်ဓါတ်ပုံရိုက်ဖို့ အချိန်မရတာကြောင့် အားလုံးပြီးမှပဲ ဓါတ်ပုံရိုက်ဖြစ်ပါတယ် … လုပ်နည်းကို စာနဲ့ပဲ ရေးပြတော့မယ် … လိုအပ်သောပစ္စည်းများ .. ဘယာကြော် အတွက် ရယ်ဒီမိတ် မွှေးတံဆိပ် ဘယာကြော်မှုန့်ကို ရေအနည်းငယ်ဖြင့် တစ်နာရီခန့်စိမ်ထားပြီး ဆား၊ ကန်စွန်းရွက်နဲ့ကြက်သွန်နီရိတ်ရိတ်လှီး ထည့်နယ်ပြီး ဆီများများနဲ့ကြော်ပါတယ်။ ဆမူဆာကြော် အတွက် ဆမူဆာအရွက်ကို ရယ်ဒီမိတ် citymart က ဝယ်ပါတယ်။ အတွင်းအစာအတွက် အာလူးပြုတ်ပြီး ခပ်သေးသေးလှီး၊ ကြက်သွန်နီခပ်သေးသေးလှီးပြီး ငရုတ်သီးစိမ်းလှီး ဆီနဲနဲဖြင့် ကြော်ပြီး မဆလာဖြူးထားပါတယ်။ […]


weiweiSeptember 9, 20111min41421
အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်တာများလာတာနဲ့အမျှ အလုပ်မလုပ်ချင်တာနဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း တောင်စဉ်းစား မြောက်စဉ်းစားနဲ့ မျက်စိရှေ့တည့်တည့်က စားပွဲကြီးကို ကြည့်နေမိတယ်။ စားပွဲကြီးက ကြီးလွန်းပြီး လေးလွန်းတယ်။ လူ ၄ ယောက်လောက်မမှ ကြွတယ်ဆိုရုံလေးဖြစ်ပြီး အခန်းအပြင်ကို ထုတ်လို့မရပါဘူး။ ကြည့်ရတာတော့ လက်သမားဆရာက အခန်းထဲမှာပဲ အဲဒီစားပွဲကြီးကို လုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။ စားပွဲမှာပါတဲ့အမှတ်အသားအရ ကျွန်မထက် အသက်ကြီးတဲ့ စားပွဲကြီးဖြစ်နေပါတယ်။ နာဂစ်တုန်းက ခေါင်းမိုးလန်သွားလို့ တစ်ခန်းလုံး ရေကြီးသွားတာတောင်မှ မပျက်စီးပဲ ကြံ့ကြံ့ခိုင်နိုင်တဲ့ ဒီစားပွဲက တော်ရုံထုထည်တော့ မဟုတ်ပါဘူး။ စားပွဲပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြီး အခုတော့ ကျွန်မစားပွဲဖြစ်နေရှာတယ်။ လူနဲ့စားပွဲနဲ့မလိုက်ပေမယ့် အပြင်ထုတ်မရတဲ့ပြသနာကြောင့် ကျွန်မကပဲ အမွေဆက်ခံခဲ့ရပါတယ်။ စားပွဲပေါ်က ခပ်စုတ်စုတ်ကွန်ပျူတာနဲ့ စားပွဲနဲ့တော့ လိုက်ဖက်နေသား …အလုပ်ရှုပ်ချင်ယောင်ဆောင်ဖို့ တမင်ရှုပ်ထားတဲ့ စာရွက်ပုံတွေကလဲ စားပွဲပေါ်မှာ ဖရုံဖရဲနဲ့ … […]


weiweiSeptember 4, 20111min53633
အခုရက်ပိုင်း အလုပ်နဲနဲပါးနေတုန်း ရွာထဲကို အချိန်ပြည့်လည်နေမိတယ်။ ဦးစံရှားနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းပဟေဌိတွေကိုမြင်တော့ ချက်ခြင်းဖတ် ချက်ခြင်းစဉ်းစား ချက်ခြင်းဖြေနဲ့ အဖြေမမှန်တာတွေကို ခပ်လောလောဖြေမိလိုက်ပါတယ်။ အဲဒီတော့ ကျွန်မတစ်ယောက်ထဲ ကြိတ်ရယ်နေမိရင်း ငယ်ငယ်တုန်းက အကြွားသန်ခဲ့ပုံလေးတွေကို ပြန်မြင်ယောင်လာပါတော့တယ် … ကျွန်မငယ်ငယ်က တော်တော်ဆိုးခဲ့တာ … အလယ်တန်းလောက်ကထဲက ဆရာ ဆရာမတွေရဲ့ အမြင်ကတ်ခြင်းကို ခံခဲ့ရတယ်။ အခု လူကြီးစိတ်နဲ့ပြန်တွေးလိုက်တော့မှ သူတို့အမြင်ကတ်လဲ ကတ်ချင်စရာပါပဲ။ ကျွန်မရဲ့ကလေးဘဝ ဉာဏ်ရည်ဉာဏ်သွေးက တော်တော်မြင့်ခဲ့ပါတယ် (ကြုံတုန်းကြွားတာ)။ ဘာကျူရှင်မှလဲ မတတ်ပဲနဲ့ စာတွေကို အလိုလိုရနေပါတယ်။ အရင်ဘဝကထဲကများ သင်ခဲ့ဖူးလားတောင်ထင်ရတယ်။ ပြသနာက စာတွေရနေတာကို ငြိမ်ငြိမ်မနေတဲ့ကိစ္စ။ ဆရာမက စာတိုင်ပေးပြီး ပြန်ဆိုခိုင်းလိုက်တာနဲ့ ကျွန်မက အလွတ်ရနေပြီ။ စာအုပ်ကိုပိတ်လိုက်ပြီး ခပ်ကြွားကြွားလေး အလွတ်ရွတ်ပြလိုက်တော့ ဆရာမအမြင်ကတ်ပြီ။ ဆရာမလဲ စဉ်းစားပြီလေ။ ဒီကလေးမ […]


weiweiSeptember 1, 20111min37713
“တီချယ် မင်္ဂလာပါ” ကျွန်မအနောက်ဘက်ကနေ နှုတ်ဆက်သံကြားလိုက်ချိန်မှာ ကျွန်မတော်တော်လေး အံ့ဩသွားပါတယ်။ တီချယ်လို့ခေါ်မယ့်သူ အရေအတွက်နဲနဲလေးသာရှိတဲ့ ကျွန်မအတွက် ဘယ်သူများဖြစ်မလဲလို့ ချက်ခြင်းနောက်ပြန်လှည့်ကြည့်လိုက်တယ် ….. “ဟယ် … နှင်းနှင်းပါလား။ ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ?” “သမီး ဒီမှာ အလုပ်လုပ်နေတာ တီချယ်” နှင်းနှင်းကို ရုံးယူနီဖောင်းနဲ့ အစိုးရရုံးတစ်ရုံးမှာ တွေ့လိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မက အဲဒီရုံးမှာ သူငယ်ချင်းရှိလို့ သူ့ဆီဝင်တွေ့ရင်း လှေခေါးအထက်အဆင်းမှာ မမျှော်လင့်ပဲ တွေ့လိုက်ရတာဆိုတော့ အံ့ဩနေတာနဲ့ ဘာမှတောင်မမေးဖြစ်လိုက်ဘူး။ နှင်းနှင်းက အလုပ်ရှိပုံနဲ့အောက်ကိုဆင်းသွားတယ်။ ကျွန်မကတော့ အပေါ်ထပ်ကသူငယ်ချင်းဆီတက်သွားရင်း တွေးသွားလိုက်ပါတယ်။ နှင်းနှင်းဆိုတာက ကျွန်မရဲ့တပည့်ကျော်များထဲက တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ မကြာခင်က ရေးခဲ့ဖူးတဲ့ ဆဲတတ်သောအိမ်နီးနားချင်းများပို့စ်ထဲမှာ ကျွန်မစာသင်ပေးခဲ့သော ၉ တန်းကျောင်းသူလေးတစ်ယောက်ပါ။ လွန်ခဲ့တဲ့ ၆ နှစ်က သူက ၉ တန်းဆိုတော့ […]


weiweiAugust 29, 20111min66826
၃၈ ဖြာ မင်္ဂလာတရားတော်တွေထဲမှ နံပါတ် ၂၃ မြောက် မင်္ဂလာတရားတစ်ခုဖြစ်ပါတယ်။ ကျွန်မလက်ရှိ ကျင်လည်နေရတဲ့ လူ့အသိုင်းအဝိုင်းမှာ မာန်မာနထောင်လွှားတက်ကြွသူတွေ၊ ရာထူးမာန်၊ ဥစာမာန်၊ ပညာမာန်၊ သားသမီးမာန် စသဖြင့် မာန်မာနအမျိုးမျိုးရှိသူတွေကို မြင်နေတွေ့နေရတာများနေပါတယ်။ ယုတ်စွအဆုံး ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ အွန်လိုင်းလိုနေရာမှာတောင်မှ မာန်မာနတွေတလူလူတက်နေကြတာကို မြင်မိတော့ ဘေးကနေ သံဝေဂယူမိတဲ့အချိန်တိုလေးမှာပဲ ဒီပို့စ်ကို အမြန်ရေးလိုက်ပါတယ်။ ဘယ်လိုလူမျိုးတွေက မာန်မာနထောင်လွှားလေ့ရှိပြီး ဘယ်လိုလူမျိုးတွေက နှိမ့်ချစိတ်ရှိသလဲဆိုတာ လေ့လာကြည့်မိတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုတဲ့ စကားပုံလေးက သိပ်မှန်ပါလားလို့ တွေ့လိုက်ရပါတယ်။ ကျွန်မသူငယ်ချင်းရဲ့အစ်ကိုတစ်ယောက်က အလွန်ချမ်းသာသော သူဌေးတစ်ဦးဖြစ်ပါတယ်။ သူ့ကို အပြင်မှာ ဒီအတိုင်းတွေ့ရင် ချမ်းသာတယ်လို့ ထင်စရာအကြောင်းမရှိလောက်အောင် ရိုးရိုးသားသားနဲ့ နှိမ့်ချလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းရတဲ့ဘဝကနေ သူဌေးကြီးတစ်ယောက်ဖြစ်လာအောင် လုပ်နိုင်ခဲ့တဲ့ သူ့အရည်အချင်းတစ်ခုထဲမှာ ရိုးသားကြိုးစားမှုနှင့် နှိမ့်ချဆက်ဆံတတ်ခြင်းက […]


weiweiAugust 24, 20111min53921
ကျွန်မတို့တွေ ကလေးဘဝကထဲက ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အိမ်မက်မက်ခဲ့ကြတယ်။ တစ်ချို့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပေမယ့် တချို့ကတော့ ဝိုးတဝါးနဲ့ ပျောက်ပျက်သွားလေ့ရှိပါတယ်။ ကျွန်မကတော့ စိတ်ကူးယဉ်တတ်သူဖြစ်လေတော့ အိမ်မက်တွေနဲ့ အကျွမ်းတဝင်ဖြစ်နေခဲ့ပါတယ်။ မွေးရာပါဗီဇစိတ်ထဲက အနုအရွအလှအပလေးတွေနဲ့ အသန့်အပြန့်ကြိုက်တတ်တဲ့ကျွန်မက တစ်အိမ်လုံးကုန်ခြောက်တွေ လှောင်ထားပြီး ဈေးရောင်းထွက်ရတဲ့ မိသားစုထဲမှာ မွေးဖွားခဲ့ပါတယ်။ မီးသွေးလဲရောင်းလို့ အိမ်ဘေးကပ်လျက်ဂိုဒေါင်ထဲမှာ မီးသွေးတွေအပြည့်လှောင်ထားလေ့ရှိပါတယ်။ ခြေထောက်တွေ အမြဲတမ်းမဲနေသလို အသားအရည်တွေတောင် မီးသွေးအရောင်ဓါတ်ကူးလို့ မဲနေတာများလားလို့တောင် ထင်ခဲ့ဖူးတယ်။ ကျွန်မရဲ့ကလေးဘဝ ပထမဆုံးအိမ်မက်က အလွန်သန့်ရှင်းလှပပြီး မွှေးကြိုင်နေတဲ့ အိမ်ကလေးတစ်လုံးထဲမှာနေချင်ခဲ့တယ်။ အလယ်တန်းကျောင်းသူအရွယ်ရောက်တော့ တီဗီလဲပေါ်နေပြီးနေ့စဉ်ကြည့်နေရတဲ့အချိန်မှာ နိုင်ငံခြားဇာတ်လမ်းတွဲတွေထဲက အဝတ်အစားဒီဇိုင်းတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဘိုမတွေဝတ်တဲ့အဝတ်အစားတွေ အဲဒီခောတ်တုန်းက မြန်မာပြည်မှာ အဝတ်အစားအဆန်းမရှိသေးတဲ့အချိန်ပေါ့။ ကျွန်မရဲ့ ဒုတိယအိမ်မက်က ဂါဝန်လေးတွေ၊ ဘောင်းဘီအတို အရှည်လေးတွေကို အရောင်စုံ ဒီဇိုင်းလှလှလေး ဝတ်ချင်ခဲ့တယ်။ အသက် ၁၄ […]


weiweiAugust 23, 20111min60426
ကျွန်မအရင်တုန်းကနေတဲ့ရပ်ကွက်ထဲမှာ အခြေခံလူတန်းစား (ဆင်းရဲသား) အများစုနေထိုင်ကြပါတယ်။ ကျွန်မနေတဲ့တိုက်ခန်းရဲ့ဘေးချင်းကပ်လျက်တိုက်မှာ အလွန်ဆဲဆိုတတ်သောမိသားစုများနေထိုင်ကြပါတယ်။ မိုးလင်းပြီဆိုတာနဲ့ သူတို့အချင်းချင်း အဆဲလေးတွေနဲ့နှုတ်ဆက်ကြတယ်။ ကလေးတွေကိုလဲ ယုတ်ညံ့တဲ့စကားတွေနဲ့ ဆူပူကြိမ်းမောင်းပြီး နံနက်ခင်းကို စတင်နှုတ်ဆက်လေ့ရှိလို့ ကြားခါစမှာ ကျွန်မစိတ်ထဲ တော်တော်လေး တုန်လှုပ်ခဲ့ဖူးပါတယ်။ သူတို့အသံကြားတာနဲ့ကြောက်လို့ ပြူတင်းပေါက်တံခါးကိုတောင် မဖွင့်ရဲခဲ့ဘူး။ ဒေါ်လှဆိုတဲ့အဖွားကြီးကတော့ အဆိုးဆုံးပါပဲ။ ၆ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာနေပြီး အိမ်ရှေ့ထွက်ပြီး ထမီတိုတိုနဲ့ ခါးထောက်လို့ တစ်တိုက်လုံးကို အော်ဆဲနေတာ မကြားချင်မှအဆုံးပါပဲ။ အပေါ်မှာနေသူတွေကလဲ စည်းကမ်းမရှိ နောက်ဖေးလမ်းကြားကို အမှိုက်ပစ်ချကြတယ်။ ဒေါ်လှကလဲ မိသားစုများလွန်းလို့ မီးဖိုကို နောက်ဖေးလမ်းကြားအထိ ကျူးကျော်ပြီး ချက်ရတယ်ဆိုတော့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း မကြားချင်မှအဆုံး ငယ်ကျိုးငယ်နာအကုန်ဖော်လို့ပဲ။ သူတို့တွေ တည့်နေကြတဲ့အခါတွေမှာ ချစ်စနိုးနှုတ်ဆက်ပြောဆိုနေတာကလဲ အဆဲလေးနဲ့ပဲ။ အိမ်ရှေ့မှာထွက်ထိုင်ပြီး သန်းရှာ၊ ဆံပင်ဖြူနှုတ်၊ သူများအတင်းပြောနဲ့ လောကကြီးကိုကျေနပ်နေလိုက်ကြတာများ […]


weiweiAugust 15, 20111min71425
အိမ်ရှင်မတစ်ယောက် ကြောင်သူခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်မှာ ယခုဆိုရင် ရ နှစ်တိုင်ခဲ့ပါပြီ။ အစပထမတုန်းက အဝါရောင်သူခိုးတစ်ကောင်နဲ့သာ ရင်ဆိုင်ခဲ့ရာမှ အခုတော့ (အဝါ၊ အဖြူ၊ အနက်၊ အကျား) ရောင်စုံအဖွဲ့တစ်ခုအနေဖြင့် အင်အားအခိုင်အမာဖြင့် ကျူးကြော်ရန်စနေပါတော့တယ်။ ပေ ၄ဝ ၊ ၆ဝ ရှိသော ခြံဝင်းလေးအတွင်းတွင် ပေ ၃ဝ ၊ ၄ဝ ရှိ တစ်ထပ်တိုက်လေးတစ်လုံးကို အနောက်ဘက်ခြံစည်းရိုးကိုကပ်ပြီး ဆောက်ထားပါတယ်။ သစ်ပင်ပန်းပင်များနှင့် လေကောင်းလေသန့်ရရှိသော ရပ်ကွက်တစ်ခုအတွင်းတွင် တည်ရှိသော်လည်း ပြူတင်းပေါက်ဖွင့်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရပါတယ်။ ဖြစ်ပုံက ဒီလို ….. ရပ်ကွက်အတွင်းမှ ဆိုးသွမ်းငတ်ပြတ်နေသော ကြောင်ထီး ၄ ကောင် ခြံဝင်းအတွင်း ဝင်ရောက်နေရာယူပြီး အိမ်ထဲကိုဝင်ရန် အချိန်ပြည့်ချောင်းနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာဘက်ကို ထွက်မောင်းလို့ရပေမယ့် နောက်ဘေးဘက်ကို လူဝင်လို့မရတဲ့အတွက် သူတို့အတွက် […]


weiweiAugust 14, 20111min30414
အာလူးကို နိုင်ငံပေါင်းစုံက ပုံစံမျိုးစုံနဲ့ လုပ်စားကြပါတယ် … ကျွန်မ အခု ချက်ပြမှာက တရုတ်ပြည်က စားလေ့စားထရှိတဲ့စတိုင်တစ်မျိုးပါ … ဆီနဲနဲနဲ့ ခပ်မြန်မြန်ကြော်လို့ရပြီး အရသာလဲကောင်းပါတယ် … တရုတ်လိုတော့ (酸辣土豆慈) suanla tudousi လို့ ခေါ်ပါတယ် .. ပါဝင်သောပစ္စည်းများ အာလူး … ခပ်ကြီးကြီး ၃ လုံး ရှလကာရည် .. အနဲငယ် ပဲငံပြာရည်အကြည် .. အနဲငယ် ဆား .. အနဲငယ် ဆနွင်းမှုန့် .. အနဲငယ် ကြက်သွန်ဖြူ .. ၂ မွှာ ငရုတ်သီးအခြောက်တောင့် …. ၅ တောင့် ကြက်သွန်မိတ် .. အနဲငယ် ပြုလုပ်ပုံအဆင့်ဆင့် အာလူးကိုအခွံနွှာပြီး အာလူးခြစ်သည့်ဂျစ်ဖြင့် အချောင်းသေးသေးလေးများရအောင် […]


weiweiAugust 10, 20111min31214
ကိုရီးယားဇာတ်လမ်းတွဲတွေ ခေတ်စားလာပြီးနောက်ပိုင်း ကိုရီးယားယဉ်ကျေးမှု မြန်မာပြည်ကို လွှမ်းမိုးလာပါတယ်။ ကိုရီးယားအစားအစာများထဲမှ ဂျပန်လို စူရှီလို့ခေါ်တဲ့ ထမင်းလိပ်တွေကို စားတတ်လာကြတယ်။ စီးတီးမတ်တွေမှာ တင်ရောင်းတာတွေ့ရတယ်။ အခုတလော ကားတွေနဲ့လမ်းဘေးမှာရပ်ပြီး လတ်လတ်ဆတ်ဆတ်လိပ်ရောင်းနေကြတာကိုလဲ တွေ့ရပါတယ်။ ကျွန်မတို့ အိမ်မှာတော့ ကလေးတွေအကြိုက်မို့ ဝယ်မစားတော့ပဲ အိမ်မှာပဲ လိပ်စားပါတယ်။ ကလေးတွေ ထမင်းဗူးကို စူရှီထည့်ပေးလိုက်ရင် ထမင်းကုန်အောင် စားလာခဲ့လို့ သူတု့ိကိုစားစေချင်တဲ့ အသီးအရွက်အသားတွေကို ထည့်လိပ်ပေးလေ့ရှိပါတယ်။ ပုံမှန်လုပ်ပေးနေကျ ထမင်းလိပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ ရှမ်းဆန် …. နို့ဆီဗူး တစ်ဗူး ရေညှိရွက် …. ၄ ရွက် ကြက်သားချောင်း … ၄ ချောင်း မုန်လာဥနီအကြီး … တစ်လုံး သခွားသီး … တစ်လုံး ကြက်ဥ … နှစ်လုံး […]


weiweiAugust 10, 20111min37720
ကျွန်မကို အခုတလော ဘာတွေအလုပ်ရှုပ်နေလို့ ပို့စ်လဲမတင် အွန်လိုင်းမှာလဲမတွေ့တာလဲလို့ မေးကြတယ် .. ဘာတွေများဒီလောက်တောင် အလုပ်ရှုပ်နေတာလဲဆိုတော့ … အလုပ်ချိန်ကတော့ အလုပ်ရှုပ်ရှုပ် မရှုပ်ရှုပ် တာဝန်ချိန်ဆိုတော့ ရုံးခန်းထဲမှာ မိန့်မိန့်ကြီးထိုင်ပြီး အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိပါတယ်။ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်များကတော့ ဘယ်လိုမှ သက်တောင့်သက်သာမရှိလောက်အောင် အလုပ်ရှုပ်ပါတော့တယ် … ကျွန်မကို ကုမ္ပဏီက စက်ရုံနဲ့နီးတဲ့နေရာမှာ တိုက်ခန်းတစ်ခန်းပေးပြီးနေခိုင်းထားပါတယ်။ ၄ လွှာ အပေါ်ဆုံးထပ်မှာနေရပြီး အခန်း စုစုပေါင်း ရ ခန်းပါတဲ့ တိုက်ခန်းဒေါင့်ခန်းဆိုတော့ ပြတင်းပေါက် ၂ဝ ကျော် ပါပါတယ်။ ကျွန်မနဲ့အတူလိုက်နေပေမယ့်သူမရှိတော့ တစ်ယောက်ထဲပဲ နေလိုက်တယ်။ နွေရာသီတုန်းက သိပ်မသိသာပေမယ့် မိုးတွင်းရောက်တော့ ရေကြီးပါလေရော။ အနောက်ဘက်က ပြူတင်းပေါက်တွေကနေ ပက်လိုက်တဲ့မိုးရေတွေ ဂေါ်ပြားနဲ့တောင်ကော်ထုတ်ရပါတယ်။ စောင်အဟောင်း မျက်နှာသုတ်ပုဝါ အဟောင်းတွေနဲ့ မိုးရွာတိုင်း […]