weiweiJuly 31, 20111min2738
မနေ့က တူတော်မောင်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ဆိုတော့ သူတို့အိမ်ကို သွားလည်ပါတယ် … တစ်ခါသွားလည်ရင်တစ်ခါ ပိုပိုဆိုးပြီး စကားပိုများလာတဲ့ သားသားအကြောင်းက ပြောမဆုံးအောင်ပါပဲ … မူကြိုကျောင်းမှာ လူဆိုးလေးလို့တောင် နံမည်ကြီးနေတဲ့သားသားကို အဘိုးအဘွားတွေကတော့ ချစ်မဆုံးဖြစ်နေပေမယ့် အမြဲအတူနေရတဲ့ ကလေးမေမေကတော့ စိတ်ညစ်နေရရှာတာပေါ့ … ဧည့်သည်နဲနဲရှိနေတော့ သားသားက အမျိုးစုံပညာပြနေပါတယ် … နဲနဲလေးမှ အငြိမ်မနေတာ မျက်စိနောက်လွန်းလို့ သူ့အဒေါ်က အခုလိုမိုးရွာနေတဲ့အချိန်မှာ အဲဒီလောက်ဆိုးနေရင် မိုးပေါ်က ဒေဝေါကြီးဆင်းလာပြီး လာဖမ်းလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို ဒေဝေါဆိုရင် ကြောက်တယ်လေ .. မိုးရွာရင် ကြောက်လို့ မေမေ့ဘေးနားမှာ ကပ်နေကြရတာ … ကလေးကို ကြောက်မလားလို့ ပြောကြည့်လိုက်တာ … သားသားက ခဏလေးငြိမ်ပြီး စဉ်းစားလိုက်တယ် … ပြီးတော့ သူပြန်ပြောလိုက်တာက […]


weiweiJuly 28, 20111min69020
လုပ်ချင်တာကတစ်မျိုး လုပ်သင့်တာကတစ်မျိုး၊ စားချင်တာကတစ်မျိုး စားသင့်တာကတစ်မျိုး၊ နေချင်တာကတစ်နေရာ နေသင့်တာကတစ်နေရာ၊ ချစ်ချင်တာကတစ်ယောက် ချစ်သင့်တာကတစ်ယောက်၊ ဝတ်ချင်တာကတစ်မျိုး ဝတ်သင့်တာကတစ်မျိုး စသဖြင့် မတူညီမှုတွေ ဆန္ဒနဲ့ဘဝ ထပ်တူမကျမှုတွေ လောကကြီးထဲမှာ စဉ်ဆက်မပြတ်ကြုံနေကြရမှာပါ … အသိဉာဏ်ရှိသူများကတော့ လုပ်သင့်တာကိုပဲ ရွေးချယ်လုပ်ကိုင်ကြပြီး ပုံစံခွက်ထဲမှာ နေထိုင်ရင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေထိုင်ကြတာ တွေ့ရပါတယ်။ အရသာမကြိုက်ပေမယ့် ကျန်းမာရေးအတွက် သင့်တော်သည့်အစားအစာများကို စားသောက်ခြင်းဖြင့် အသက်ကို စောင့်ရှောက်ကြပါတယ်။ သူ့နေရာနဲ့သူ သင့်တော်တာကို ဝတ်ဆင်ခြင်းဖြင့် စိတ်လွတ်လပ်မှုကိုချုပ်တည်းပြီး ဂုဏ်ရှိအောင်ဝတ်ဆင်ကြပါတယ်။ ကိုယ်ချစ်တဲ့သူကို လက်မတွဲသင့်တာနဲ့ မချစ်ပေမယ့် သင့်တော်တဲ့သူနဲ့ လက်ထပ်ပြီးအိမ်ထောင်တည်ထောင်ကြတယ်။ မိဘအိမ်မှာနေချင်ပေမယ့် တိုးတက်ရာတိုးတက်ကြောင်း မြို့ကြီးပြကြီးမှာ သွားနေရင်း ဘဝကို ရုန်းကန်ကြတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ ဘဝဆိုတာ တိုတိုလေးပါ။ နှစ်ပေါင်း ၄ဝ လောက် ပုံစံခွက်နဲ့နေထိုင်ခဲ့ပြီးချိန်မှာ […]


weiweiJuly 26, 20111min82122
အခုရက်ပိုင်း ဒေါ်ဝေဝေတစ်ယောက် မျက်မှန်များဖြင့် အလုပ်ရှုပ်နေပါသည်။ သူမအတွက် မျက်မှန်ဆိုတာ အထူးအဆန်းတော့မဟုတ်ပေ။ လွန်ခဲ့တဲ့ နှစ် ၃ဝ လောက်ကထဲက မျက်မှန်စတပ်ခဲ့ရတဲ့သူအနေနဲ့ မျက်မှန်ဆိုတာ သူမနဲ့ထပ်တူ ခွဲမရခဲ့ပဲ တသားထဲပဲဖြစ်နေခဲ့ပါသည်။ မျက်မှန်ကို အိပ်ယာဘေးမှာထားအိပ်ပြီး မိုးလင်းတာနဲ့တပ်၊ ညဘက်အိမ်ချိန်နဲ့ ရေချိုးတဲ့အချိန်ပဲမတပ်ရသည်အထိ ခန္ဗာကိုယ်၏တစ်စိတ်တစ်ပိုင်းကဲ့သို့ သူမပါလျှင်မဖြစ် အသုံးတည့်လှသည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။ အသက်အရွယ်လေးနဲနဲထောက်လာတော့ တစ်မျိုးဆန်းလာသည်။ အနီးကြည့်ပြသနာဖြစ်လာပါတော့သည်။ အပ်ပေါက်ထိုးလို့မရ၊ စာလုံးတွေကြာကြာဖတ်လို့မရ၊ ဖုန်းပိုက်ဆံသွင်းမယ့်ကတ်ထဲက ဂဏန်းတွေကို သဲသဲကွဲကွဲမမြင်ရလို့ သူများအကူအညီယူရ၊ ထမင်းပန်းကန်ထဲမှ ဟင်းများကို ရွေးစားလို့မရ၊ သတင်းစာမဖတ်နိုင်လို့ သူများဖတ်ပြီးသားကို ပြန်ပြောခိုင်းရ စသဖြင့် ဒုက္ခလေးတွေ ဖြစ်လာတော့ မျက်စိပြန်လည်စမ်းသပ်ရပါတော့သည်။ အခုထိ အဝေးကြည့်ပါဝါမကျသေးသည့်မျက်စိ၊ သူများတွေများ အသက် ၃ဝ ကျော်ရင် မျက်မှန်အမြဲတပ်တဲ့အကျင့်ရှိရင် ပါဝါကျတယ်တဲ့။ ကျွန်မကတော့ ပြောင်းပြန်၊ အခုထိ […]


weiweiJuly 17, 20111min29117
ကျွန်မခရီးထွက်ရင်း ဓါတ်ပုံတွေ အများကြီးရိုက်ခဲ့ဖူးတယ်။ ဓါတ်ပုံနဲ့ပတ်သက်ရင် ဘာမှနားမလည်ပါဘူး။ အဆင်ပြေသလို အမှတ်တရဖြစ်အောင် လျှောက်ရိုက်ခဲ့ရင်းက လှတာတွေကိုလဲ ရွာထဲမှာ တင်ခဲ့ပြီးဖြစ်ပါတယ် … အခုတင်လိုက်တဲ့ ဓါတ်ပုံနှစ်ပုံကတော့ ကျွန်မနှစ်သက်တဲ့ ပုံလေးတွေပါ … အပျင်းပြေ စိတ်ကြည်နူးမှုရစေရန် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ် …


weiweiJuly 15, 20111min33911
ဒီကနေ့ ဝါဆိုလပြည့်နေ့မှာ ဓမ္မမိတ်ဆွေတွေကောင်းမှုနဲ့ ဓမ္မဗျူဟာမှာ ကျင်းပပြုလုပ်တဲ့ သစ္စာလေးဖြာ သာသနာ ကြိုဆို ပူဇော်ပွဲနှင့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို တက်ရောက်ဖြစ်လိုက်ပါတယ် … ဓမ္မစကြာတရားတော်အကြောင်း သင်တန်းတိုလေးတစ်ခုပြုလုပ်ပါတယ်။ ဓမ္မဗျူဟာ ဒေါ်ခင်လှတင် (မဟာသဒ္ဒမ္မဇောတိကဓဇ)မှ သင်တန်းပို့ချပေးပါတယ်။ သင်တန်းအကျဉ်းချုပ် ပြန်လည်ဝေငှပေးချင်ပေမယ့် စာရိုက်ဖို့ အဆင်မပြေလို့ လိုရင်းအနှစ်ချုပ်ကလေးကိုပဲ ပြန်ရိုက်တင်ပြီး ဓမ္မဒါနပြုလိုက်ပါတယ် .. ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခ ညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွှမ်းတယ်ကို။ (လယ်တီ ဆရာတော်ဘုရားကြီး) ဓမ္မစကြာတရားတော်၏လိုရင်း အချုပ်ကား …. အကျင်းသုံးပါး၊ သစ္စာလေးပါး၊ ဉာဏ်တော်တစ်ဆယ့်နှစ်ပါး၊ ဘရားအဖြစ်ဝန်ခံတော်မူခြင်းများဖြစ်ပါသည်။ […]


weiweiJuly 14, 20111min69628
ကျွန်မတို့အမျိုးသမီးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ အဝလွန်ရောဂါတွေ တဖြည်းဖြည်းချင်း ဖြစ်လာကြပါတယ်။ အဆီအစိမ့် အသားငါးတွေ အစားများလာကြတယ်။ ကလေးတွေစားပြီးမကုန်တာတွေကိုလဲ နှမြောပြီး စားကြတယ်။ အိမ်အလုပ်တွေလုပ်ရတာ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်လဲ အိပ်ပျော်ကြပါတယ်။ အဲဒီလိုနဲ့ တစ်နေ့တစ်ခြား ဝလာကြပါတော့တယ် … အလုပ်မှာ အတူတူလုပ်ကြတဲ့သူတွေက ဒီနှစ်ဝါတွင်းမှာ ကုသိုလ်လည်းရ၊ ပိန်လဲပိန်အောင် သတ်သတ်လွတ်စားကြမယ်လို့ တိုင်ပင်ကြရာက သတ်သတ်လွတ် ဘာဟင်းတွေချက်စားရင် စားလို့လဲအဆင်ပြေ၊ ကျန်းမာရေးအတွက်လဲ ကောင်း၊ အကုန်အကျလဲ ချွေတာရာရောက်မယ့် ဟင်းလျှာတွေက ဘာတွေများဖြစ်မလဲလို့ ပြောဆိုနေကြတာကြားမိတော့ ဆရာ မလုပ်ရ မနေနိုင်တာနဲ့ တစ်လစာ သတ်သတ်လွတ်ဟင်းလျှာကို ဇယားဆွဲပေးလိုက်ပါတော့တယ်။ ပထမပါတ်အတွက် စနေနေ့ ပဲကြီးနှပ်၊ ခရမ်းချဉ်သီးငပိချက်၊ ကန်စွန်းရွက်ကြော် တနင်္ဂနွေနေ့ ကုလားပဲနဲ့အာလူးကို မန်ကျီးသီးအချဉ်နဲ့ မဆလာနဲနဲချက်၊ အသားတု ဘလချောင်ကြော်၊ ဟင်းနုနွယ်ရွက်ကြော် တနင်္လာ […]


weiweiJuly 13, 20111min40620
တော်တော်အောင့်သီးအောင့်သက်ဖြင့် ခံပြင်းလှပါသည်။ ဥပဒေဘက်ကပဲကြည့်ကြည့်၊ လူမှုရေးရှုဒေါင့်ကပဲကြည့်ကြည့် ခွင့်လွှတ်ပေးရမည့်အနေအထားတစ်ခုဖြစ်အောင် ဖန်တီးနေပါသည်။ ဒါပေမယ့် ခံလိုက်ရသူများမှာတော့ …. မည်မျှဆိုးဝါးသည့် ပြစ်မှုပင်ဖြစ်ပါစေ တရားခံက စိတ်မနှံ့လို့လုပ်တာပါဆိုလျှင်ဖြင့် ဥပဒေအရ အရေးယူလို့ မရနိုင်ပါ။ လမ်းမအလယ်မှာ အော်ဆဲနေပေမယ့် ရူးနေလို့ပါ ဆိုလျှင်ဖြင့် ဗွေယူလို့မရနိုင်ပါ။ သို့သော်လည်း တကယ်မရူးပဲ ရူးချင်ယောင်ဆောင်ပြီး ကလော်တုတ်သွားသည်ကတော့ …. စိတ်မထိန်းနိုင်အောင် ဒေါသထွက်ပြီး ကတ်ကတ်လန်အောင် ရန်တွေ့နေကြသူများကို မြင်ဖူးပါသည်။ ဒေါသအလျှောက် စိတ်မထိန်းနိုင်ပဲ တစ်ယောက်တစ်ခွန်း အော်ကြီးဟစ်ကျယ် စကားများရန်ဖြစ်ကြသည်သာများပါသည်။ အခုရေးချင်တဲ့ အကြောင်းအရာက အကွက်ကျကျ အရူးလုပ်ခြင်းတစ်မျိုး … မိန်းမပျိုလေးတစ်ယောက်က သူ့နဲ့လုပ်ဖော်ကိုင်ဖက် ကောင်မလေးတစ်ယောက်နဲ့ အရမ်းလဲခင်တယ်။ မကျေမနပ်လဲဖြစ်နေတယ်။ ခင်တဲ့စိတ်ကတစ်ဖက်၊ မကျေနပ်စိတ်ကတစ်ဖက်နဲ့ ရန်ဖြစ်လောက်အောင် လုံလောက်တဲ့အကြောင်းပြချက်လဲမရှိဘူး။ တခြားသူတွေကိုလဲ မကျေနပ်ချက်တွေရှိနေပေမယ့် ပြောရလောက်အောင်လဲ သူ့မှာ လုပ်ပိုင်ခွင့်အခွင့်အရေးမရှိဘူး။ […]


weiweiJuly 12, 20111min56940
ဒီအတွေးလေးကို တရားစခန်းမှာ တရားအားထုတ်ဖို့သွားရင်းကနေ ရလာတာဖြစ်ပါတယ်။ လူတွေ လူတွေ အများကြီးပဲ ရိပ်သာတွေကို တရားလာအားထုတ်ကြတယ်။ သူတို့တွေ တရားအားထုတ်ရတာ ဝါသနာပါကြတယ်။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ နံမည်ကြီးတဲ့ရိပ်သာတိုင်းကို သွားကြပေမယ့် ဝေတေဝါးတားဖြစ်နေသူတွေကို တွေ့ရတော့ ဘာကြောင့်လဲလို့ စဉ်းစားမိပါတယ်။ သေချာလေ့လာကြည့်လိုက်တော့မှ သူတို့တွေက ရိပ်သာထဲကိုလာကထဲက ခွက်ဗလာနဲ့ မလာကြလို့ပါပဲ။ သူတို့တွေခွက်ထဲမှာ တခြားဟာတွေကို ထည့်ထားပါတယ်။ အဲဒီတော့ ဘာပဲထပ်ထည့်ထပ်ထည့် လျှံကုန်ပြီး ခံလို့မရပါဘူး။ ရေရှိတဲ့ခွက်ထဲကို အချိုရည်ထည့်ကြည့်ရင် အကုန်မရပဲ လျှံထွက်ကုန်ပါတယ်။ ပေးသားပေး၏ မရ ဆိုသလိုဖြစ်နေပါတယ်။ ဆရာတော်ခိုင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဟိုမှာက ဒီလိုမဟုတ်ဘူး။ ဟိုလိုလုပ်တာပိုကောင်းမှာ စသဖြင့် မာန်တစ်ခုခံနေတတ်ကြပါတယ်။ ကျွန်မက ရိပ်သာမှာနေရင်းရလိုက်တဲ့အတွေးမို့ ရိပ်သာနဲ့ဆက်စပ်ရေးလိုက်ပေမယ့် အပြင်လောကမှာ ပညာရှာရာမှာလဲ အဲဒီအတိုင်းပါပဲ။ ပညာတစ်ခုကို ဆရာတစ်ယောက်ဆီမှာ […]


weiweiJuly 8, 20111min53020
“နင်တစ်ယောက်ထဲ ပေးချင်တာမဟုတ်ဘူး ငါလည်းပဲ ပေးချင်ပါသေးတယ်” … လို့ ဝေဝေတစ်ယောက် အသံကျယ်ကျယ်နဲ့ မင်းမင်းကို အော်လိုက်ပါတယ် …. ဝေဝေတစ်ယောက် မင်းမင်းအိမ်မှာ ဧည့်သည်သွားလုပ်နေတာ ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက် စိတ်သဘောထားချင်းမတိုက်ဆိုင်ဖြစ်လာပါတော့တယ်။ ဖြစ်ပုံကဒီလို … မင်းမင်းက နိုင်ငံခြားမှာ ပညာသင်နေတဲ့မြန်မာကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဝေဝေက တခြားတစ်မြို့မှာနေပြီး အလုပ်နားရက်မှာ မင်းမင်းရှိရာ မြို့ကို သွားလည်တဲ့အချိန်ပေါ့။ နိုင်ငံခြားဆိုတာက မြန်မာပြည်လိုမဟုတ်ဘူး။ အားလုံးချွေချွေတာတာနဲ့နေနေရတာဆိုတော့ ဝေဝေက အားနာတာပေါ့။ ပိတ်ရက်တွေကို တစ်ယောက်စီအထီးကျန်ပြီးကုန်ဆုံးမယ့်အစား နှစ်ယောက်အတူတူလျှောက်လည်ကြ၊ ချက်ပြုတ်စားသောက်ကြ၊ ရုပ်ရှင်ကြည့်ကြ၊ ရန်ဖြစ်ကြနဲ့ အချိန်ဖြုန်းရအောင် စီစဉ်ထားခဲ့ကြတာ …. သူတို့နှစ်ယောက်က ရန်ကုန်မှာကထဲက သူငယ်ချင်းတွေဖြစ်ကြပေမယ့် အတူတူ မနေခဲ့ဘူးလို့ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်မသိခဲ့ကြဘူး။ ပထမနေ့ လေဆိပ်မှာ စကြိုတာကနေ စတွေ့တော့တာပဲ။ တက်စီကားခကို မင်းမင်းကဇွတ်အတင်းပေးပါတယ်။ […]


weiweiJuly 4, 20111min68323
သန်လျင်ဖားအောက်တောရရိပ်သာမှာ သံဃာတော်များနှင့် ယောဂီများ နေ့ဆွမ်းအလှူခံတဲ့အချိန်က ၁ဝ နာရီ ခွဲဖြစ်ပါတယ်။ ကျွန်မတို့ရောက်သွားချိန်က ကွက်တိဖြစ်သွားပါတယ်။ စကြံင်္လမ်းတစ်လျှောက် သံဃာတော်များ တန်းဆွမ်းကြွလာကြပြီး ဆွမ်းစားဆောင်ထဲ ဝင်ခါနီး အပေါက်ဝမှာ ဆွမ်း၊ ဆွမ်းဟင်းနဲ့ အချိုပွဲများကို အလှူရှင်များမှ စောင့်ပြီးလောင်းလှူကြပါတယ်။ လှူတဲ့ဆွမ်းကို ကိုယ်တိုင်လက်နဲ့လောင်းလှူရတဲ့ ပီတိကို ခံစားရပါတယ်။ ကျွန်မတို့အဖွဲ့ကလဲ သံဃာတော်များကို လှူဒါန်းရန် မင်းကွတ်သီးများ ဝယ်ယူသွားခဲ့တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ သပိတ်ထဲကို လောင်းလှူခဲ့ကြရတဲ့ ကြုံတောင့်ကြုံခဲ ဒါနလေးတစ်ခု ပြုခဲ့ရပါတယ်။ သတ်သတ်လွတ်ရိပ်သာအတွက် ဆန်ကြာဇံလဲ လှူဖြစ်ခဲ့ပါတယ်။ ရဟန်းသံဃာများအတွက် ဆွမ်းစားဆောင်သီးသန့်တစ်ဆောင်နဲ့ သီလရှင်နဲ့ လူဝတ်ယောဂီ အမျိုးသား အမျိုးသမီးများအတွက် သီးသန့် တစ်ဆောင်ဖြစ်ပါတယ်။ ယောဂီများ၏ ဆွမ်းမစားမီ ဆွမ်းဒါနအတွက် စုပေါင်းမေတ္တာပို့ခြင်းနှင့် ဆွမ်းကိုဆင်ခြင်သုံးဆောင်ရန် သတိပေးဂါထာရွတ်ဖတ်မှုကို ကြားရတာကလဲ ကြည်နူးပီတိဖြစ်ခဲ့ရပြန်ပါတယ်။ ကျွန်မတို့ […]


weiweiJuly 4, 20111min3138
စနေ၊ တနင်္ဂနွေ ပိတ်ရက် (၂) ရက်မှာ လေ့လာရေးနဲ့ ကုသိုလ်ဖြစ် ခရီးစဉ်လေးတစ်ခု ထွက်ကြဖို့ ကြိုတင်စီစဉ်ခဲ့ကြပါတယ်။ ခရီးစဉ်ဖြစ်ရခြင်း အကြောင်းရင်းကတော့ ဆူးနဲ့ သူ၏ သူငယ်ချင်းများက True Answer (ကိုစိုးဝင်းထွဋ်) ရေးတဲ့ သန်လျင်သဘာဝ တရားရိပ်သာကို စိတ်ဝင်စားကြတယ်။ ကျွန်မရေးတင်ဖူးတဲ့ သန်လျင်ဖားအောက်တောရရိပ်သာကိုလဲ ရောက်ဖူးချင်ကြတယ်။ သန်လျင်က နာရေးကူညီမှုအသင်းနဲ့ ကျန်းမာရေးအလှူကိုလဲ လေ့လာပြီးလှူဒါန်းချင်ကြတယ်။ တနင်္ဂနွေမှာ မှော်ဘီက ဗောဓိရိပ်ငြိမ်ရိပ်သာမှာ အလှူတစ်ခုရှိတာကို ဖိတ်ထားတာရှိတာနဲ့ လေ့လာရင်းနဲ့ ခရီးတိုလေးတစ်ခုသွားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီလိုနဲ့ ပထမနေ့ခရီးစဉ်ကို သန်လျင်ဘက်ကို စီစဉ်ခဲ့ပြီး ဒုတိယနေ့ခရီးစဉ်ကိုတော့ မှော်ဘီသွားဖို့ စီစဉ်ခဲ့ကြပါတယ်။ ပထမနေ့ခရီးစဉ်အတွက် အချိန်နဲ့ နေရာညှိပြီး ရန်ကုန်ကနေ မနက် ၉ နာရီမှာ ထွက်နိုင်ဖို့ စီစဉ်လိုက်ပါတယ်။ စနေနေ့မနက် ၉ […]


weiweiJuly 3, 20111min46030
ဒီနေ့ ဇူလိုင် ၃ ရက်နေ့ ကိုပေါက် (မန္တလေး) ရဲ့ မွေးနေ့မှာ … စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ အတွေးပါးပါးသာမက အတွေးနက်နက်တွေပါ တွေးနိုင်ပါစေ .. အမြင်ဒေါင့်စောင်းနေရာကနေ အမြင်တည့်သွားနိုင်ပါစေ … ယခုထက်ပိုပြီး ကျွေးနိုင်မွေးနိုင်ပါစေ .. အလှူကြီးအတန်းကြီး ပေးနိုင်ပါစေ … စီးပွားဥစ္စာများ ဒီရေအလားတိုးတက်များပြားလာပါစေ … သက်တော်ရာကျော်ရှည်ပါစေ … ကျန်တာကိုတော့ ရွာသားတွေပဲ ဆက်ပြီး ဆုတောင်းပေးပါအုန်း …..


weiweiJune 30, 20111min46717
ကျွန်မအနေနဲ့ မြန်မာနိုင်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မသိပေမယ့် လက်လှမ်းမှီသလောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နာရေးကူညီမှုအသင်းများမှ ဦးစီးပြီး အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ပြီး ကျန်းမာရေးအလှူပြုလုပ်နေတာကို ကြားသိနေရပါတယ်။ ပြီးခဲ့တဲ့လက ကျွန်မအမေရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ သန်လျင်နာရေးကူညီမှုအသင်းက ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ မေတ္တာရိပ် အခမဲ့ဆေးပေးခန်းကို ရောက်ရှိပြီး တစ်ရက်တာ ဆေးဖိုးလှူဒါန်းခဲ့ပါတယ်။ ကြုံတုန်း စပ်စုခဲ့ရသလောက် ဆေးခန်းမှာ ဆရာဝန် ၁၅ ဦးရှိပါတယ်။ အထွေထွေရောဂါကု ဆရာဝန် ရ ဦးက တစ်ရက်ကို တစ်ဦးနဲ့ ရ ရက်လုံး ဆေးခန်းထိုင်ပေးပါတယ်။ သွားနဲ့ခံတွင်းဆေးခန်းလဲရှိပြီး သွားဆရာဝန် ၂ ဦးက အလှည့်နဲ့ ထိုင်ကြပါတယ်။ OG အထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်နဲ့ တခြားအထူးကုဆရာဝန်တွေလဲ အလှည့်နဲ့ ဆေးခန်းထိုင်ပေးကြပါတယ်။ ဆေးခန်းအတွက် သီးသန့်အဆောက်အဦးတစ်ခုဖြင့် သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားပါတယ်။ ဆေးဖိုး တစ်နေ့တာအတွက် ၃ […]