ဟိုးရှေးရှေးတုန်းက မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်မြို့လို့ ခေါ်တွင်တုန်းကပေါ့ … ရန်ကုန်မြို့ပေါ်က အဆင့်မြင့်ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့ မမဝေလို့ အများကခေါ်ကြတဲ့ အမျိုးသမီးေချောချောလေးတစ်ယောက် ရှိသတဲ့။ မမဝေက သူ့အလှနဲ့ သူ့ပညာကို မာန်တက်ပြီး ဘယ်ယောက်ျားကိုမှ လူမထင်ပဲ တစ်ကိုယ်တည်း အပျိုကြီးဘဝနဲ့ ခပ်တင်းတင်းပဲနေနေသတဲ့။ သူ့ရဲ့ ဒုက္ခတွေကိုတော့ သူကိုယ်တိုင်ပဲ သိတာပေါ့။ အရာရှိ အင်ဂျင်နီယာမမက တစ်လမှ လစာ (တစ်သောင်းကျပ်)ပဲ ရရှာတာလေ … (၅) ပါးသီလကို ဘောင်းဘီဝတ်သလိုမြဲတဲ့သူဆိုတော့ တစ်ပြားတစ်ချပ်မှ အောက်စိုက်မရှာဘူးတဲ့ … (စက်ရုံထဲမှာက နေ့တိုင်း ဘောင်းဘီဝတ်ရတယ်).. တခြားအလုပ်မှာ စီမံခန့်ခွဲမှုတော်တာတွေကတော့ နားမလည်တဲ့သူတွေကိုရှင်းပြရင် အပိုဖြစ်နေမှာစိုးလို့ လစဉ်အသုံးစရိတ် စီမံခန့်ခွဲပုံလေးကိုပဲ ပြောပြတာပေါ့ကွယ် .. လစဉ် နယ်မှာနေတဲ့ မိဘ နှစ်ပါးကို […]