weiweiNovember 3, 20103min2698
တရုတ်ပြည်သူ့သမတနိုင်ငံ၊ ကျန်းရှီးပြည်နယ်ထဲက ဝုရွမ် (Wuyuan) လို့ ခေါ်တဲ့ ရှေးမြို့လေးတစ်မြို့ကို ကျွန်မတို့ ကျောင်းသားအားလုံးကို တစ်ညအိပ် နှစ်ရက်ခရီးအနေနဲ့ လိုက်ပို့ပါတယ်။ ကျွန်မရဲ့ ပထမဆုံးခရီးစဉ်ပါ။ လွန်ခဲ့တဲ့ ၄ နှစ်ကပါ။ နိုင်ငံခြားသားကျောင်းသားချည်းပဲ ၂၀ဝ ကျော် အတူအကွခရီးသွားခဲ့ရလို့ ပျော်စရာလဲကောင်း ပထမဆုံးခရီးစဉ်လဲဖြစ်တာကြောင့် စိတ်လဲလှုပ်ရှားနဲ့ ဗဟုသုတအတော်များများရခဲ့ပါတယ်။ ကားနဲ့သွားတာဖြစ်လို့ လမ်းခရီးသာယာပုံတွေကိုမြင်တွေ့ခဲ့ရပါတယ်။ တခြားမမြင်သင့်တာတွေလဲ မြင်တွေ့ခဲ့ရပါတယ်။ ကားက ရ နာရီခန့်စီးရတာဆိုတော့ လမ်းမှာ အပေါ့အပါးသွားဖို့ ရပ်ပေးပါတယ်။ အများသောအားဖြင့် ဓါတ်ဆီဆိုင်တွေမှာရပ်တယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ မိုးကလဲ ဖွဲဖွဲရွာနေတော့ တစ်ကားလုံးကလဲ အပေါ့သွားချင်နေပြီပေါ့။ ကားလဲရပ်ရော ဝမ်းသာအားရ အိမ်သာထဲဝင်လိုက်တာ မျက်စိပြာသွားတယ်။ အိမ်သာအခန်းတွေကို တန်းစီထားပေမယ့် တံခါးမပါဘူး။ နံရံဘက်ကို မျက်နှာလှည့်ပြီး နောက်ပိုင်းကျတော့ ဟောင်းလောင်းပေါ့။ အောက်ကမြောင်းနဲ့ထားပြီး […]


weiweiNovember 2, 20101min58918
ဒီတစ်ခါခရီးသွားသတင်းကတော့ ခါတိုင်းနဲ့မတူပါဘူး … သဘာဝရှုခင်းတွေအပြင် တခြားထူးဆန်းထွေလာများပါ မြင်တွေ့ခဲ့ရတဲ့အကြောင်း ဖောက်သည်ချချင်ပါသေးတယ် … နွေကျောင်းပိတ်ရက် တစ်ခုမှာ ကျွန်မတို့ ဗမာသူငယ်ချင်း မိ်န်းကလေး ၃ ယောက်စုပြီး ခရီးသွားအဖွဲ့တစ်ခုနဲ့ တစ်ညအိပ်ခရီးအတူသွားခဲ့ကြပါတယ်။ ပထမနေ့ကတော့ လှပတဲ့ သဘာဝဥယာဉ်တစ်ခုကို လည်ပတ်ခဲ့ရပြီး ဒုတိယနေ့ကတော့ ရေပူစမ်းမှာ ရေပူစိမ်ရမယ့်အစီအစဉ်ပါ။ ပထမနေ့ခရီးစဉ်အပြီးမှာ ခရီးသွားလမ်းညွှန်က ကျွန်မတို့အားလုံးကိုပြောပါတယ်။ ရေပူစိမ်တဲ့ကန်က ရေကူးဝတ်စုံနဲ့ပဲ ဝင်စိမ်လို့ရမယ်တဲ့။ အဲဒီရောက်မှာ ငှားဝတ်ချင်လဲရတယ် ဝယ်ဝတ်ချင်လဲရမယ်လို့ ပြောပါတယ်။ ကျွန်မတို့က ဒုက္ခတော့ရောက်ပြီ တစ်သက်မှာ တစ်ခါမှ ရေကူးဝတ်စုံလဲမဝတ်ဖူးဘူး။ ဒါပေမယ့်လဲ ရောမရောက်ရောမလိုကျင့်ရမှာပေါ့လို့ပဲတွေးပြီး ညဘက်ရေကူးဝတ်စုံထွက်ဝယ်လိုက်ရပါတယ်။ နောက်တစ်နေ့ကျတော့ ရေပူစမ်းနေရာကိုရောက်သွားပါတယ်။ အဆောက်အဦးအကြီးကြီးတစ်ခုထဲမှာ ရေချိုးတဲ့နေရာ နဲ့ ဝတ်သွားတဲ့အဝတ်တွေထည့်သိမ်းတဲ့ ဘီဒိုလေးတွေကို ကိုယ်ပိုင်သော့နဲ့ပေးထားပါတယ်။ ကျွန်မတို့လဲ ဘီဒိုလေးတွေရှိတယ့် ဟောလ်ခန်းထဲကို ဝင်သွားလိုက်ပြီး အဝတ်လဲဖို့ […]


weiweiNovember 1, 20107min27211
အဖြူရောင် ကမ္ဘာလေးထဲ ဝင်ကြည့်လိုက်ကြပါအုန်းလို့ တိုက်တွန်းချင်ပါတယ်။ တစ်ကမ္ဘာလုံးက ထင်ရှားတဲ့ ဇာတ်လမ်းရုပ်ထုကို တစ်နေရာထဲမှာ မြင်တွေ့နိုင်လို့ ကမ္ဘာအသေးလေးတစ်ခုထဲ ရောက်သွားသလိုပါပဲ။ အားလုံးဖြူဖွေးနေတာတွေ့ရတော့ အမြင်တစ်မျိုးဆန်းနေတာပေါ့။ အဲဒီနေရာကလဲ ရေခဲနန်းတော်နဲ့အပြိုင် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုပါ။ အေးတာကတော့ အလွန်ပါပဲ။ ဓါတ်ပုံတွေကို သေချာချိန်ပြီးမရိုက်နိုင်ပါဘူး။ နှင်းကမ္ဘာကြီးက အကြီးကြီးပါ။ ကြိုက်သလောက်လည်ပတ်လို့ရပါတယ်။ ဒါပေမယ့် သိပ်အေးလွန်းတော့ ကြာကြာမနေနိုင်ပါဘူး။ ဗမာပြည်မှာ မတွေ့နိုင်တဲ့ပုံတွေမို့လို့ ဗဟုသုတအနေနဲ့ကြည့်ရအောင် တင်ပေးလိုက်တာပါ။


weiweiOctober 31, 20101min36712
အန်ကယ်ကြီးတင်တဲ့ သွားဒုက္ခအကြောင်းဖတ်ပြီး ကျွန်မရဲ့ သွားဒုက္ခတွေထဲက မှတ်မှတ်ရရလေးတစ်ခုကို ပြန်ပြောပြချင်လို့ပါ။ တရုတ်ပြည်မှာ ကျောင်းတက်နေစဉ် ကျွန်မရဲ့အရှေ့သွားအပေါ်သွားက ကြက်သားကြော်အရိုးတစ်ခုကိုကိုက်မိစဉ် ပဲ့ထွက်သွားပါတယ် … နဂိုကထဲကလဲ သိပ်မကောင်းလို့ပါ … အရှေ့သွားဆိုတော့ မဖြစ်မနေ ဆေးရုံပြေးရတာပေါ့ .. ဆေးရုံရောက်တော့ လေဆာသုံးပြီးဖာလိုက်ရုံနဲ့အဆင်မပြေနိုင်ဘူးတဲ့ .. အရောင်လွဲပြီး ရီလိုက်ရင် သိသာနေမယ်လို့ပြောပါတယ်။ အဲဒီသွားကလဲသိပ်မကောင်းလို့ ငုတ်တိုဖြစ်အောင်ကျောက်စက်နဲ့စားလိုက်ပြီး အသစ်ပြန်စွပ်ဖို့အကြံပေးပါတယ် … ကောင်းသလိုသာလုပ်ပေါ့ဆိုပြီး သူတို့လုပ်ပေးတယ့်အတိုင်း သီးခံလိုက်ပါတယ် … တရုတ်ဆရာဝန်တွေအရမ်းစိတ်ရှည်ပါတယ် … သွားတစ်ချောင်းကို ဆရာဝန် ၄ ယောက်ပြောင်းပြီး ကုပေးပါတယ်။ သူတို့က တစ်ယောက်ကို တစ်လိုင်းစီပဲကိုင်ပါတယ်။ သွားကိုစားလိုက်ပြီး သွားပုံယူပြီး သွားအတုအပ်ထားစဉ် တစ်ပတ်အတွင်းမှာတော့ ပလပ်စတစ်အသားလိုဟာတစ်မျိုးနဲ့ယာယီသွားအတုလုပ်ပြီး စွပ်ပေးထားပါတယ်။ အမာမစားဖို့မှာလိုက်တယ်။ တစ်ပတ်ပြည့်တော့ သွားအတုနဲ့သေချာတပ်ဆင်ပေးလိုက်တယ်။ သွားက နဂိုကထက်ပိုလှသွားလို့ ကျွန်မလဲကျေနပ်သွားပါတယ်။ […]


weiweiOctober 31, 20105min17310
ယူနန်ပြည်နယ် ကူမင်းမြို့က ပန်းခြံတစ်ခုထဲက ပန်းအလှပုံတွေပါ။ နိုင်ငံတကာပန်းပြပွဲလုပ်ခဲ့ဖူးတဲ့ပန်းခြံကြီးတစ်ခုပါ။ ပန်းအမျိုးအစားတွေသိပ်အများကြီးမတွေ့ခဲ့ရပေမယ့် ပန်းတွေအများကြီးတွေ့ခဲ့ရတယ်။ ကြွေပန်းရောင်စုံတွေနဲ့အလှဆင်ထားတယ်။ အပျင်းပြေကြည့်ဖို့အတွက်ပါ ….


weiweiOctober 31, 20101min1997
ခရီးသွားဧည့်သည် ဝင်လာမဆဲတသဲသဲဖြစ်ခဲ့တဲ့ ငါတို့ရွာကြီး ခုများတော့ဝင်လာသူမရှိ ဘယ်လိုဖြစ်သနည်း … ကြောင်တစ်ကောင်နဲ့ ခရီးသွားတစ်ယောက်ထဲ ဆူးကလေးကတော့ တစ်ခါတစ်ရံ ကိုယ်ထင်ပြလေရဲ့ …. မနက်တုန်းကတော့သူကြီးက ယုန်ပုံပြင်ပြောပြလို့် သူ့ပုံပြင်ကို သံဝေဂရမို့  ပြန်ကြမယ် ဖိုးဖိုးဖွားဖွားတွေဆီသို့ … ရွာသူကြီးကိုလဲ ဝတ်စုံနဲ့တစ်ယောက်လာခေါ်သွားတယ် ဆွေးနွေးမေးမြန်းစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါတဲ့ .. ဗမာစကားမပြောတတ်တဲ့သူတစ်ယောက် ရောက်လာသေးတယ် သူ့စကားလူမသိ လူ့စကားသူမသိနဲ့ အလုပ်မဖြစ်ပြန်ဘူး … ကြောင်ကြီးရေ နေရစ်ခဲ့တော့ တို့တော့ ရှေ့ခရီးဆက်လိုက်အုန်းမယ် …


weiweiOctober 30, 20106min41223
အားလုံးရေခဲတွေနဲ့တည်ဆောက်ထားတဲ့မီးထွန်းပွဲတော်ကတော့ တရုတ်ပြည်နယ်မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာ့ပင်းမြို့မှဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလလယ်အထိ ပွဲတော်ကျင်းပလေ့ရှိပါတယ်။ ကျွန်မတို့သွားခဲ့တာက ၂၀၀၈ ဇန်နဝါရီလကဆိုတော့ ဓါတ်ပုံတွေက နဲနဲတော့ကြာနေပါပြီ။ အဲဒီအချိန်က အအေးဆုံးအချိန်ပါ အနှုတ် ၃ဝ လောက်အထိအေးပါတယ်။ ညဘက်မှာမှ အဲဒီနေရာက စည်ကားပါတယ်။ လူတွေအများကြီးလာကြည့်ကြတယ်။ နောက်ထပ် တစ်နေရာမှာတော့ နှင်းတွေနဲ့ထုထားတဲ့ နှင်းပန်းပုတွေပြတဲ့ ့နေရာတစ်ခုရှိပါသေးတယ်။ အဲဒီကလက်ရာတွေကတော့ အနုစိတ်လွန်းပြီး အရမ်းလှတယ်။ ရုရှားကပညာရှင်တွေနဲ့ပူးပေါင်းပြီး ပြုလုပ်တယ်လို့သိခဲ့ရပါတယ်။ နှင်းပန်းပုပုံတွေကို သီးသန့်ပို့စ်တစ်ခုနဲ့တင်ပေးပါ့မယ်။ သိပ်အေးလွန်းလို့ ဓါတ်ပုံရိုက်ရခက်တယ်။ လက်အိတ်တွေအထပ်ထပ်နဲ့ ကင်မရာကိုကိုင်ရတာ မလွယ်ပါဘူး။ နောက်ပြီး ကင်မရာထဲကဓါတ်ခဲက အဲဒီလောက်အအေးဒဏ်ကိုမခံနိုင်ပါဘူး။ ဘတ်ထရီချက်ခြင်းကျသွားတယ်။ ကင်မရာကိုပူအောင် ပြန်လုပ်လိုက်ရင် ခဏပြန်ရိုက်လို့ရတယ်။ လူတွေကလဲ အဲဒီလောက်အေးနေတာကို အကြာကြီးမခံနိုင်ဘူး။ ကော်ဖီဆိုင်လေးတွေရှိပါတယ်။ အဲဒီဆိုင်လေးတွေထဲကို ခဏခဏပြေးဝင်ပြီး တစ်ခွက် တစ်ယွမ် တန်တဲ […]


weiweiOctober 30, 20105min55123
ကြောင်အကြောင်းနားလည်သူတွေ ဘယ်လောက်အထိနားလည်လဲ သိရအောင် စမ်းကြည့်ဖို့ပါ။ ကြောင်ပုံ ၂ဝ ပေးထားပါတယ်။ နံပါတ်လဲတပ်ထားတယ်။ အဲဒီကြောင်တွေကို အထီးလား အမလား ခွဲကြည့်ပါ။ အဖြေကို (၁) အထီး (၂) အမ စသဖြင့် ဖြေထားပေးပါ။ နောက်အပတ် စနေနေ့ကျရင် အဖြေမှန်ပြောပြမယ်။ မှတ်ချက်။ အားလုံးမှန်တယ့်သူကို မိုက်ကယ်ဂျော်နီအောင်ပု၏ ကြောင်သားပေါက်လုပ်ငန်းမှ ကြောင်တစ်ကောင် လက်ဆောင်ပေးပါမည်။


weiweiOctober 29, 20106min27711
ဒီနေ့ပြချင်တဲ့နေရာကတော့ အရင်နေ့ကပြခဲ့တဲ့ လီမြစ်တလျှောက် သင်္ဘောစီးခဲ့တဲ့ ကွေ့လင်ခရီးစဉ်ရဲ့ နောက်ဆက်တွဲပါ။ သင်္ဘောပေါ်ကနေဆင်းတော့ မြို့တစ်မြို့ကိုရောက်ပါတယ်။ အဲဒီမြို့ကလဲ တောင်တွေအများကြီးနဲ့ အရမ်းလှပပါတယ်။ ကားနဲ့ အခုဓါတ်ပုံထဲက ရှန်ဂလီလာလို့ခေါ်တယ့် ဥယျာဉ်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ တောင်လေးတွေကို အဆက်မပြတ်မြင်တွေ့ခဲ့ရတယ်။ အဲဒီဥယျာဉ်ရဲ့ထူးခြားချက်ကတော့ ရေကန်နဲ့ တောင်တစ်ခုရယ် တိုင်းရင်းသားရိုးရာစတိုင်ပြခန်းနဲ့ လက်မှုပညာတွေပါ။ ရေကန်ထဲကို လှေကလေးစီးပြီးလျှောက်သွားရပါတယ်။ တောင်ကြီးတစ်တောင်ရဲ့အောက်ထဲကို လှေကလေးကဝင်သွားရတဲ့ ခံစားချက်က အဆန်းဖြစ်နေပါတယ်။ ရုပ်ရှင်ထဲကို လူကိုယ်တိုင်ရောက်သွားသလိုပေါ့။ သဘာဝကျောက်တောင်နဲ့ကျောက်ခက်ပန်းဆွဲတွေက အရမ်းလှပါတယ်။ မှောင်နေလို့ ဓါတ်ပုံထဲသေချာမမြင်ရတာနဲ့ မပြတော့ပါဘူး။ အဲဒီအချိန်က ညနေဘက်ဖြစ်နေလို့ အလင်းရောင်အားနည်းနေပါတယ်။ နောက်ဆုံးပုံကတော့ ဘယ်နေ့ဖြစ်ဖြစ် လဆန်းရက်လကဲ့သလို့ဖြစ်နေတယ့် လမျက်ခုံးပုံပေါ်နေတယ့်တောင်ပါ။ သဘာဝအလှတစ်ခုပါပဲ။ အဲဒီနေ့တစ်နေ့လုံးဓါတ်ပုံတွေက ကျွန်မသူငယ်ချင်းရိုက်ထားတာပါ။ အဲဒီနေ့တုန်းက နဲနဲထူးခြားတာကတော့ ရာသီဥတု ၃ မျိုးကို တစ်ရက်ထဲ ခံစားလိုက်ရပါတယ်။ မိုးလင်းပိုင်းမှာ မိုးနဲနဲရွာပြီး […]


weiweiOctober 29, 20101min47816
ကျွန်မတရုတ်ပြည်အတွင်းရှိနေစဉ် ဆောင်းရွာသီ၏ မနက်ခင်းတစ်ခုမှာ ကျွန်မနေထိုင်ရာနေရာနှင့် ဘက်စ်ကား နှစ်မှတ်တိုင်စာခန့်လမ်းလျှောက်ရသော နေရာသို့ ကားစီးရန်အတွက် သွားခဲ့ပါသည်။ အဲဒီနေရာကတော့ လမ်းချိုးကလေးတစ်ခုအတွင်းမှာပါ။ အဲဒီလမ်းထိပ်နားမှာတော့ စားသောက်ဆိုင်တစ်ဆိုင်ရှိပါသည်။ တရုတ်လို မဖတ်တတ်လျှင်တော့ ဘာဆိုင်မှန်းသိမယ်မဟုတ်ပါ။ ကျွန်မကတော့ အဲဒီစာလုံးကို ကောင်းကောင်းဖတ်တတ်ပါသဖြင့် ခွေးသားရောင်းသည့်ဆိုင်မှန်း သိနေခဲ့တာတော့ ကြာခဲ့ပါပြီ။ အဲဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ အဲဒီနားမရောက်ခင် ကျွန်မလမ်းလျှောက်တဲ့ ေဘေးကနေ ထော်လာဂျီလိုမျိုးနောက်ဖွင့်တဲ့ ကားအသေးလေးတစ်စီးဖြတ်သွားပါသည်။ မျက်စိကသူ့အလိုလိုကြည့်မိပြီးသားဖြစ်သွားတာတော့ အရေခွံစုတ်ထားတဲ့ ခပ်ပိန်ပိန်သေးသေး အကောင် ၁ဝ ကောင်လောက်ပါ။ ကျွန်မက မျက်စိကခပ်မှုန်မှုန်ဆိုတော့ ရုတ်တရက် ဝက်တွေလို့ ထင်လိုက်ပါတယ်။ အဲဒီကားက စားသောက်ဆိုင်ရှေ့လဲရောက်ရော ဆိုင်ရှေ့ပလက်ဖောင်းက စင်တစ်ခုထိုးထားတယ့်နေရာမှာ အဲဒီအကောင်တွေက ခေါင်းကနေချိတ်နဲ့ဆွဲပြီး ချိတ်နေတာကိုမြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မစိတ်ထဲမှာ စပြီး သံသယဖြစ်လာပါပြီ။ ကျွန်မကလဲ အဲဒီဆိုင်ရှေ့ကို မဖြစ်မနေဖြတ်ရမှာပါ။ မကြည့်ဘဲ […]


weiweiOctober 28, 20104min68433
Siberian Tiger Park ဖြစ်ပါတယ်။ တရုတ်ပြည်မြောက်ပိုင်းက ဟေးလုံးကျန်းပြည်နယ် ဟာ့ပင်း (Harbin) မြို့မှဖြစ်ပါတယ်။ စီဘားရီးယန်းကျားရိုင်းတွေကို ထိန်းသိန်းထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျားဥယျာဉ်ကြီးပါ။ ကျားအကောင်ရေပေါင်း (၅၀၀) ကျော်ရှိပြီး အကောင် (၁၀၀) ကျော်ကိုတော့ ကြည့်လို့ရအောင်ပြသထားပါတယ်။ တခြားရှားပါးတယ့် ကျားမျိုးနွယ်နဲ့ ခြင်္သေ့လဲ အနဲငယ်ရှိပါတယ်။ ဥယျာဉ်ထဲမှာ တစ်ချို့ကို လှောင်အိမ်နဲ့ထားပြီး ကြည့်တဲ့သူတွေက အနီးကပ်လမ်းလျှောက်ပြီးကြည့်နိုင်အောင် စီစဉ်ထားတဲ့ နေရာတစ်ခုရှိပါတယ်။ တချို့ကျားတွေကိုတော့ သဘာဝအတိုင်း ဒီအတိုင်းပဲ လွှတ်ထားပါတယ်။ သွားကြည့်တယ့်သူတွေကို မှန်အလုံကာထားတယ့် မီနီဘက်စ်နဲ့အထဲကို ပတ်ပြီးလျှောက်ပြပါတယ်။ ကားပေါ်ကနေ ဓါတ်ပုံရိုက်ရပါတယ်။ ကျားမျိုးနွယ်အကြောင်းတွေကို ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ ပထမဆုံးပုံကတော့ သူတို့ကို အစာကျွေးတဲ့ပုံပါ။ ကားထဲမှာ ကြက်အရှင်တွေပါပါတယ်။ ကားခေါင်မိုးကနေ အမိုးဖွင့်ပြီး ကြက်တွေကို ထုတ်ပေးလိုက်ပါတယ်။ ကျားတွေက […]


weiweiOctober 28, 20104min2105
Stone forest  သဘာဝကျောက်တုံးဥယျာဉ်ပုံတွေပါ။ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ တစ်နာရီခွဲခန့် ကားစီးသွားရင်ရောက်တဲ့ ရှီးလင်လို့ခေါ်တဲ့ မြို့ကလေးမှာတည်ရှိပါတယ်။ ထူးထူးခြားခြား သဘာဝရှုခင်းတွေပါပဲ။ ဥယျာဉ်ကြီးက ကြီးလွန်းလို့ တစ်နေကုန်လှည့်ကြည့်တာတောင်မှ မကုန်ခဲ့ဘူး။ ဒီပို့စ်လေးမှာ နဲနဲတော့ကြော်ငြာဝင်လိုက်အုန်းမယ်။ ယူနန်ပြည်နယ်ဆိုတာက မြန်မာပြည်က ရှမ်းပြည်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ပြည်နယ်တစ်ခုပါ။ သဘာဝရှုခင်းတွေနဲ့ သာယာလှပပါတယ်။ မြန်မာကနေ လေယာဉ်စီးစရာမလိုပဲ သွားလည်လို့ရပါတယ်။ မူဆယ်ကနေ ယာယီ ပက်ပို့စ်လုပ်ပြီး ရွှေလီကိုသွားလို့ရပါတယ်။ ရွှေလီက ခရီးသွားအဖွဲ့အစည်းတွေအကူအညီနဲ့ ယူနန်ပြည်နယ်ထဲကို ၁ဝ ရက် ဝင်ရောက်လည်ပတ်လို့ရပါတယ်။ ခရီးသွားဝါသနာပါသူများ လည်ပတ်သင့်တဲ့  ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်မကတော့ ယူနန်ပြည်နယ်အနှံ့မရောက်ဖူးသေးပါဘူး။ ကိစ္စတစ်ခုနဲ့ ကူမင်းကို သွားရင်းနဲ့ ကျောက်တုံးဥယျာဉ်နံမည်ကြီးလို့ သွားကြည့်ခဲ့ဖြစ်ပါတယ်။ နွေရာသီ နေလဲအရမ်းပူနေတာမို့ ဓါတ်ပုံတွေလှပနေသလောက် လူကတော့ နေမိပြီး အတော်ပင်ပန်းသွားခဲ့ပါတယ်။ ကျောက်တုံးတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ […]


weiweiOctober 28, 20101min26611
ရွာအဝင်မုခ်ဦးမှာ ရတနာပုံနံမည်တွေ့မိလို့ ဗမာတွေနေတယ့်ရွာ ဘယ်သူတွေများပါလိမ့်လို့ မရဲတရဲဝင်ရောက်လို့ စပ်စုခဲ့ဖူးတယ် …. ရွာထဲမှာ ရောင်စုံဗမာတွေ ဒီမိုကရေစီအပြည့်နဲ့ လွတ်လပ်တယ့် ယုံကြည်မှုတွေနဲ့ ပျော်ရွင်စွာငြင်းခုံနေကြတာတွေ့ရလို့ အားကျခဲ့ဖူးတယ် … ဧည့်ဝတ်ကျေတယ့်အိမ်ရှင်ဗမာတွေ လာလည်တယ့်သူကို နွေးထွေစွားကြိုဆိုလို့ အမြင်တွေဖလှယ်ကြ ပျော်ရွှင်ခဲ့ရဖူးတယ် … လာပါနေပါလို့ မဆွယ်နေကြပေမယ့် အလည်ကြာတော့ သဘောကျလို့ သူတို့နဲ့အတူနေချင်စိတ်နဲ့  ဧည့်စာရင်းတိုင်ခဲ့မိတယ် .. ရောက်တာမှမကြာ အိမ်ရှင်တွေပျောက် ရွာကြီးလဲမှောင်အတိနဲ့ တခါတခါတော့ လင်းကနဲမို့ထကြည့်မိ သူရဲခြောက်တာနဲ့ တိုးမိခဲ့ဖူးတယ် … လူသူတိတ်နေတယ့်ရွာထဲမှာ ကြောင်ကြီးတစ်ကောင်တော့ လျှောက်သွားနေလေရဲ့ အမူးသမားလဲမရှိ ခလုတ်မထိ ဆူးမငြိနဲ့ ပျော်နေတယ်ထင်ပ … ဖက်ရွက်တွေတောင်မကြွေတာကြာပေါ့ နောက်ရက်တွေ ဒီအတိုင်းသာဆိုရင်တော့ ယာယီဧည့်သည်လဲ ဆက်မနေရဲတော့တာမို့ အိမ်ရှင်တွေ အမြန်ပြန်လာကြပါတော့ …..