weiweiMay 24, 20121min62046
နှစ်တန်းကျောင်းသူ သမီးလေးကို အိမ်မှာဆရာမခေါ်ပြီး စာသင်ပါတယ်။ ဆရာမနဲ့ စာသင်နေချိန်တွေဟာ ကျွန်မအတွက် အိမ်အလုပ်တွေကောင်းကောင်းလုပ်ရချိန်ပါပဲ။ အလွန်အဆော့မက်ပြီး စကားများလွန်းတဲ့သမီးကို စာသင်ချိန်လေးခဏကသာ ငြိမ်သက်စေနိုင်ပါတော့တယ်။ တစ်ဖက်ခန်းမှာ သမီးလေးစာသင်နေတုန်း မီးခိုချောင်ထဲဟင်းချက်နေချိန်မှာ သမီးက မီးဖိုထဲရောက်လာတယ်။ အမေ။ ။ ဟယ် .. သမီး … စာမသင်ဘူးလား။ ဆရာမ ဘာလုပ်နေလဲ? သမီး။ ။ ဆရာမ ဖုန်းပြောနေလို့ပါ မေမေ …. တစ်ပတ်လောက်ရှိပြီ ဆရာမလေးမှာ ဖုန်းအသစ်လေးတစ်လုံးဝယ်ထားပါတယ်။ ဆရာမဆီမှာ ဖုန်းနဲ့ဆိုတော့ စာသင်ချိန်တွေကို အချိန်ပြောင်းတာပဲဖြစ်ဖြစ်၊ အချိန်ဖျက်တာပဲဖြစ်ဖြစ် အချိန်မရွေးဖုန်းဆက်အကြောင်းကြားနိုင်တာမို့လို့ ကောင်းလိုက်တာလို့ ကျွန်မတွေးမိခဲ့တာလဲ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် … စာသင်ချိန်က စုစုပေါင်းနှစ်နာရီမှာ စသင်လို့မှ ၁ဝ မိနစ်လောက်ပဲရှိသေးတယ်။ ဖုန်းလာပါပြီ .. ဆရာမ။ ။ […]


weiweiMay 22, 20123min2268
ရွှေဘုံသာမုနိကို ၃ ကြိမ် ရောက်ဖူးပါတယ်။ ပထမဆုံးအကြိမ်တုန်းက ဆယ်နှစ်ကျော်ပြီထင်ပါတယ် ပြုပြင်ဆဲကာလမှာ စေတီပတ်ဝန်းကျင် အရမ်းသာယာပါတယ်။ ဧရာဝတီမြစ်ရေတက်ချိန်မှာ ဘုရားနားရောက်တဲ့အထိ ရေတက်တာနဲ့ကြုံခဲ့ဖူးတယ်။ ဘုရားမှာပဲ ချက်ပြုတ်စားသောက်ခဲ့ကြတာကို ပြန်သတိရမိတယ်။ အခုအချိန်မှာ ပြုပြင်တည်ဆောက်မှု အားလုံးပြီးဆုံးသွားပြီး သန့်ရှင်းသပ်ရပ်နေပါပြီ။ သရက်သီးပေါ်ချိန်မို့လို့ မြကျောက်သရက်သီးဆိုင်တွေအများကြီးတွေ့ခဲ့ရတယ်။ အနောက်ဘက်မှ ဇရပ်အကြီးကြီးတွေရှိပြီး အေးအေးဆေးဆေး နားနေနိုင်ပါတယ်။ ကျွန်မတို့က နေ့လည် ၁၂ နာရီလောက်ကြီးရောက်သွားတာမို့လို့ ဇရပ်ပေါ်မှာ တစ်နာရီလောက်ထိုင်ပြီး နားနေခဲ့ကြသေးတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ တောင်တောင်သဘာဝပတ်ဝန်းကျင်များကြောင့် ဘုရားဖူးသွားရတာ ပျော်စရာကောင်းတယ်။ နွေနေပူပူနေ့လည်ခင်းဖြစ်နေလို့ ရင်ပြင်တော်ပေါ်မှာ ခြေချရ အင်မတန်ခက်နေချိန်ပေါ့ … တစ်နေရာနဲ့တစ်နေရာကို တစ် နှစ် သုံး ရေတွက်ပြီး အမြန်ဆုံးပြေးကြရတာ အမှတ်တရပါပဲ … မန်ကျီးပင်ကြီးအရိပ်အောက်မှာနားနေပြီး မန်ကျီးပန်းတွေကို တအံ့တဩဖြစ်ခဲ့ပါသေးတယ်။


weiweiMay 21, 20124min43122
ပြည်မြို့ကို ရောက်ဖူးကြတဲ့သူများပေမယ့် ဘုရားကို ကပ်ကျော်သွားလေ့ရှိပါတယ်။ တကူးတကမှ မသွားဖြစ်ရင် မရောက်ဖြစ်တဲ့နေရာဖြစ်တာမို့ ရောက်တုန်း မှတ်တမ်းကျန်ခဲ့အောင်နဲ့ မရောက်ဖူးတဲ့သူတွေလဲ ဖူးမြင်ရအောင် မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဆယ်ထပ်ကြီးဘုရားကို စောင်းတန်းတစ်ခုကနေ ဆင်းသွားလိုက်ပါတယ် … စောင်းတန်းအဆုံးအောက်ခြေရောက်တော့ ထူးခြားတဲ့ဒီဇိုင်းနဲ့ ခြင်္သေ့နှစ်ကောင်ကို သတိထားမိတယ်။ တစ်ကောင်က ပါးစပ်မှာ ကျားတစ်ကောင်ကိုက်ထားပြီး နောက်တစ်ကောင်က ဂျီတစ်ကောင်ကို ကိုက်ထားပါတယ်။ ဆယ်ထပ်ကြီးဘုရားမှာ ဇာတ်တော်ရုပ်ထုတွေအများကြီးတွေ့ခဲ့ရပါတယ်။ သန့်ရှင်းသပ်ယပ်တဲ့လက်ရာများနဲ့ လှပတဲ့ဆေးရောင်များကြောင့် လှပခေတ်မှီနေသလို အနီးအနားက ဟောင်းနွမ်းပျက်စီးနေတဲ့လက်ရာများနဲ့ တိုင်လုံးတွေနဲ့ ဘုရားစောင်းတန်းကလဲ ကဗျာဆန်နေပါတယ်။ တောင်တွေပတ်လည်၊ ဘုရားစေတီတွေ ပတ်လည်နဲ့ အချိန်များရရင် တစ်နေကုန်တောင်တက်ပြီး လျှောက်သွားချင်နေမိအောင်ပါပဲ … လောလောဆယ်တော့ အချိန်သိပ်မရတာကြောင့် သွားခဲ့သမျှလေးပဲ မျှဝေပေးရင်း ….


weiweiMay 17, 20123min59222
ပြည်ကိုရောက်တုန်း အချိန်ရသလောက် ဘုရားဝင်ဖူးဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ခဏခဏရောက်ဖြစ်နေတဲ့ဘုရားတွေကို ထပ်ခါထပ်ခါသွားဖို့ ဆန္ဒမရှိပေမယ့် ဒီတစ်ခါတော့ ဓါတ်ပုံရိုက်ချင်စိတ်ကြောင့် နေပူထဲမှာ အားကြိုးမာန်တက် ဘုရားလဲဖူးရင်း ဓါတ်ပုံလဲရိုက်ရင်း …. ပြည်ရွှေဆံတော်ဘုရားကို မကြာခဏရောက်ဖူးပေမယ့် ဝန်ချတောင်ဘက်ကို တစ်ခါမှမရောက်ဖူးခဲ့ပါဘူး … ဒီတစ်ခေါက် မိတ်ဆွေတစ်ယောက်က ပြည်ရောက်ရင် ဝန်ချတောင်ဘက်ကို သွားဖြစ်အောင်သွားလိုက်ပါဆိုတာနဲ့ လမ်းမေးပြီး သွားဖြစ်ခဲ့တယ်။ ရွှေဆံတော်ဘုရားအနောက်ကနေ တောင်ပတ်လမ်းအတိုင်း ကားမောင်းသွားလိုက်ရင် ၅ မိနစ်လောက်ပဲ ကြာပါတယ်။ ဧရာဝတီမြစ်ကို တောင်ပေါ်ကနေ အနီးကပ်မြင်ရတဲ့ရှုခင်းနဲ့ တောင်ပတ်လမ်းကလေးက အရမ်းသာယာတယ်။ ဝန်ချတောင်သို့ဆိုတဲ့လမ်းညွှန်အတိုင်းမောင်းသွားတဲ့အခါ ပထမဆုံး စေတီအဟောင်းတစ်ဆူနဲ့ ဟောင်းနွမ်းနေတဲ့ဘုန်းတော်ကြီးကျောင်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် ဝန်ချတောင်စေတီတော်ကို ရောက်ရှိပါတယ်။ မုခ်ဦးဝမှာ တရုတ်စတိုင်နဲ့မို့ တမူထူးခြားနေပါတယ်။ ဘုရားသမိုင်းကို ပေါပကလူကြီးတစ်ဦးက ရှင်းပြခဲ့ပေမယ့် ဓါတ်ပုံရိုက်ဖို့အာရုံများနေတဲ့အတွက် သေချာမမှတ်မိခဲ့ပါဘူး။ အပြစ်အားလုံးကို ဝန်ချတောင်းပန်ပြီး ဆုတောင်းရင် […]


weiweiMay 16, 20121min55533
ရှမ်းခေါက်ဆွဲကို မနက်စာအနေနဲ့ စားလေ့ရှိပါတယ်။ ညကထဲကအဆင်သင့်ပြင်ထားမယ်ဆိုရင် မနက်စာကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လုပ်စားလို့ အဆင်ပြေတာမို့ အလွယ်လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။ (၄) ယောက်စာအတွက် ဆန်ခေါက်ဆွဲ (၁) ထုတ် ကြက်သားရင်ပုံသား ၂ဝ ကျပ်သားခန့် ခရမ်းချဉ်သီး ၂ဝ ကျပ်သားခန့် ကြက်သွန်နီ အနေတော် (၃) လုံး ကြက်သွန်ဖြူ အမွှာကြီး (၄) မွှာ ဆီ တစ်ဆယ်သားခန့် ငရုတ်သီးအစိမ်းမှုန့် လိုသလောက် ရှမ်းမဆလာ(သို့) တရုတ်မဆလာ အနဲငယ် ပဲငံပြာရည်အကြည် ပဲငါးပိ ကြက်သွန်မိတ် မုန်ညင်းချဉ် ဆား/သကြား မြေပဲ/နှမ်း/ကြက်သွန်ဖြူကြော် ချက်ပြုတ်ပုံအဆင့်ဆင့် မနက်စောစောစားမယ်ဆိုရင် ဆန်ခေါက်ဆွဲကို ညကထဲကြိုပြီးရေစိမ်ထားရပါမယ်။ ကြက်သားကိုပြုတ်ပြီး အသားတုံးလေးတွေကို သေးသေးလေးတွေလှီးရမယ်။ လှီးပြီးသားအသားကို ဆား၊ သကြားနဲ့ ရှမ်းမဆလာနယ်ပြီး ဆီနဲနဲနဲ့ […]


weiweiMay 14, 20123min67234
ဒီတစ်ပတ်ထဲမှာ ပြည်ဘက်ကို ခရီးတိုတစ်ခု သွားဖြစ်ခဲ့တယ် … တွေ့ရာ မြင်ရာ အကုန်လုံးလျှောက်ရိုက်လာတဲ့အထဲက လှမယ်ထင်တာလေးတွေ ရွေးပြလိုက်ပါတယ် … ပန်းမြင်လဲရိုက် အကောင်မြင်လဲရိုက် … ဈေးသည်မြင်လဲရိုက်နဲ့ ဘာမြင်မြင် အကုန်ရိုက်ဖြစ်သွားပါတယ် ..


weiweiMay 9, 20123min41918
ပုဂံကိုရောက်တဲ့သူတိုင်း စွယ်တော်လေးဆူကို တစ်မနက်ထဲဖူးနိုင်အောင် ဘုရားဖူးအဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ ကျွန်မတို့က ကိုယ့်အစီအစီနဲ့ကိုယ်မို့လို့ စွယ်တော် ၄ ဆူကို ၂ ရက်အချိန်ယူခဲ့ပါတယ်။ တန့်ကြည့်တောင်ကို သွားဖို့ မနက်စောစော ဗူးဘုရားကို အရင်သွားပြီး စက်လှေငှားရပါတယ်။ တစ်ယောက်ချင်းဆိုရင် အသွားအပြန်တစ်ထောင်ဖြစ်ပြီး စင်းလုံးငှားရင်တော့ အသွားအပြန် နှစ်သောင်းကျပ်ဖြစ်ပါတယ်။ ကျွန်မတို့က ၁ဝ ယောက်လောက်မို့လို့ စင်းလုံးပဲ ငှားလိုက်ပါတယ်။ တန့်ကြည့်တောင်ဘက်ရောက်တော့လဲ တောင်ပေါ်တက်မယ့်ကားတစ်စီး (townace) ငှားပြီး တက်ကြပါတယ်။ အတက်အဆင်း နှစ်သောင်းကျပ်ပေးရပါတယ်။ အရင်က ရောက်ဖူးတာထက် နဲနဲလေးလမ်းပိုကောင်းလာတယ်လို့ ထင်ရပေမယ့် ဆိုးတာတော့ ဆိုးနေတုန်းပါပဲ။ သင်္ကြန်ရက်မို့ ဘုရားပေါ်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။ မနက်စောစောပေမယ့် ရင်ပြင်တော်ပေါ်မှာ အရမ်းပူနေတုန်းမို့ ခုန်ဆွခုန်ဆွနဲ့ ဓါတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ ရောက်ဖူးပြီးရင်လဲ အလွမ်းပြေ ကြည့်ရအောင် ပုံတွေကြိုးစားပြီး တင်ပေးလိုက်ပါတယ် […]


weiweiMay 6, 20122min58147
ဒီကနေ့ ချက်ဖြစ်တာတွေကို ဓါတ်ပုံရိုက်ထားတာဖြစ်ပါတယ် … ထူးခြားတဲ့ချက်နည်းတွေမဟုတ်ပေမယ့် တစ်ခါတစ်လေ ချက်ဖြစ်တုန်းလေး မှတ်တမ်းတင်ထားတာ …


weiweiMay 6, 20121min32719
ကျွန်မကတော့ အစားအသောက်ဆိုရင် မျက်စိနဲ့အရင်စားပြီးမှ ပါးစပ်နဲ့စားတတ်သူတစ်ဦးဖြစ်ပါတယ်။ လှလှလေးနဲ့ စားချင်စဖွယ်ပြင်ဆင်ထားမှလဲ သဘောကျတယ်။ ဒီကနေ့ ဧည့်သည်လာဖို့ရှိတာနဲ့ မုန့်လုပ်ဖို့စဉ်းစားတဲ့အခါ ကျောက်ကျောလှလှလေး လုပ်ကျွေးမယ်လို့ အကြံဖြစ်လာတာနဲ့ ရောင်စုံကျောက်ကျော လုပ်ဖြစ်ပါတယ်။ စိတ်ရှည်မှ လုပ်လို့ရမယ့် ခပ်လွယ်လွယ်အစားအစာတစ်ခုဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ Agar ကျောက်ကျော အပြာရောင် တစ်ထုပ် သကြား ၂ဝ ကျပ်သား အရောင်အတွက် အဆင်ပြေတဲ့အရောင် သုံးလို့ရပါတယ်။ ရေ တစ်လီတာခွဲ ကို နဲနဲလျော့ထည့်ပါတယ်။ ပြုလုပ်ပုံ ရေနွေးဆူအောင်အရင်ကြိုပါတယ်။ ရေနွေးဆူတဲ့အခါ ကျောက်ကျောမှုန့်နဲ့သကြားထည့်ပြီး ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ပြီးရင် မီးဖိုပေါ်ကခဏချပြီး အိုးအသေးထဲကို ကျိုထားသည့်ကျောက်ကျော ငါးပုံတစ်ပုံခန့်ထည့်ပါတယ်။ အရောင်တစ်မျိုး ထည့်ရောတယ်။ ၂ မိနစ်လောက်တည်တယ်။ ပြီးရင် ခွက်ထဲကိုလောင်းထည့်ပါတယ်။ အဲဒါပြီးရင် နောက်ထပ်ကျောက်ကျောရည်ထဲ့တယ် အရောင်တစ်မျိုးထည့်တယ်။ ၂ မိနစ်လောက်တည်တယ်။ […]


weiweiMay 4, 20121min50524
ဒီကနေ့မနက်ပိုင်း အသုဘတစ်ခုပို့ခဲ့ရပါသည်။ ဗုဒ္ဓဟူးနေ့ကလဲ တစ်ခုပို့ခဲ့ရလို့ ဒီအပါတ်ထဲ ၂ ကြိမ်ရှိသွားပြီ။ အသုဘတစ်ခါပို့တိုင်း အနိစ္စကို သံဝေဂယူနိုင်လု့ိ ဘုန်းကြီးကျောင်း ဆယ်ခါသွားရင်ရမယ့် တရားနဲ့ညီမျှတဲ့ အသိနဲ့တူညီလို့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်လို့ ဆိုရိုးရှိခဲ့ပါတယ်။ အသုဘကို ကြည့်မိတိုင်း ငါသည်တစ်နေ့သေရမည် .. လို့ပဲ သံဝေဂရမိပါတယ်။ ကျွန်မအလုပ်က ဝန်ထမ်းနဲ့မိသားစုဝင်တွေများတဲ့အတွက် သာရေး နာရေး အလွန်များပါတယ်။ သိသိ မသိသိ သေတဲ့သူရှိရင် အကူငွေ ၅၀၀ဝ နဲ့ အသုဘပို့လိုက်ရလေ့ရှိတဲ့အတွက် ဘုရားရှိခိုးတိုင်း ဝန်ထမ်းမိသားစုတွေ ကျန်းမာကြပါစေလို့ အမြဲတမ်း မေတ္တာပို့သမိသည်အထိ အသုဘဆိုတဲ့အသံကို မကြားချင်ခဲ့ဘူး။ ကျွန်မပြောပြချင်တာက ယနေ့ပို့ခဲ့ရတဲ့ အသုဘအကြောင်းပါ … ဖွချင်တယ်ဆို ပိုမှန်မယ်။ သေဆုံးသွားသူက ရခိုင်ပြည်နယ် ကျောက်တော်ကနေ ရန်ကုန်ကို ခဏလာလည်တဲ့ အသက် ၅ဝ […]


weiweiMay 3, 20122min2126
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ဝတ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….


weiweiMay 2, 20124min58725
ကျွန်မက ခရီးသွားရင် ကားပေါ်ကနေ မြင်ရသမျှကို ဓါတ်ပုံရိုက်ရတာ ဝါသနာပါပါတယ် … လျှပ်တစ်ပြက်ရိုက်ချက်များပေါ့ … ပန်းတနော်ကနေ အစုကြီးကို တစ်နာရီလောက် ကားစီးခဲ့ရပါတယ် … အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့အစုကြီးရွာနဲ့ ရွာအသွားလမ်းတစ်လျှောက် ဓါတ်ပုံတစ်ချို့ကို မလိုက်ဖြစ်ခဲ့တဲ့သူတွေ ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ် .. အင်တာနက်အခက်အခဲကြောင့် ဒီလောက်ပဲ တင်နိုင်ပါတော့တယ် …