မောင်ဆန်းOctober 21, 20118min48621
ပါရို မြို့က ဘူတန်ရဲ့ ဒုတိယမြို့တော်ဆိုပေမဲ့ ကျွန်တော်တို့ဆီက မြို့ငယ်လေးတစ်ခုသာသာပါ နေထိုင်တဲ့လူတွေရဲ့ အမူအကျင့်တွေကလဲ မြန်မာပြည်က နယ်မြို့လေးတစ်ခုကို ရောက်တဲ့အချိန် မြင်ရတဲ့ မြင်ကွင်းမျိုးလေးတွေပဲ  မပဒုမ္မာပြောသလို “နိုင်ငံလေးက အေးအေးချမ်းချမ်းရှိပြီး ရောင့်ရဲတတ်တဲ့သူတွေ နေနေကြသလိုဘဲ။ပုံလေးတွေကြည့်ရတာ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာဆိုတဲ့ ဝတ္ထုကို သတိရတယ်။တိဗက်တောင်ကြားမှာ အသက်ရာကျော်ရှည်အောင် လုပ်ပြီးနေကြတဲ့သူတွေအကြောင်းလေ” ဆိုတာ ကွက်တိဘဲလို့ ပြောရမယ် ကျွန်တော် ရောက်ခဲ့တဲ့ ၃၊၄ ရက်အတွင်း ရောက်ခဲ့တဲ့ နေရာ တွေ့ခဲ့ရတဲ့ သူတွေကတော့ အဲဒီပုံမျိုးလေးတွေပဲ  ၊ အဲဒါကြောင့်ပဲ Business Week မဂ္ဂဇင်း က ၂၀၀၆ မှာ တစ်ကမ္ဘာလုံးကို ကောက်ထားတဲ့ စာရင်းအရ ဘူတန်ဟာ အာရှမှာ ပျော်စရာ အကောင်းဆုံးတိုင်းပြည်  ကမ္ဘာမှာ ၈ နိုင်ငံမြောက် […]


မောင်ဆန်းOctober 19, 20115min20716
မနေ့က Eleven မှာ ဘူတန်ဘုရင်ရဲ့ မင်္ဂလာပွဲ သတင်းလေး ဖတ်ရပါတယ် ဖော်ပြထားတာက… “ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuk နှင့် အသက် ၂၁ နှစ်အရွယ် ကျောင်းသူတို့၏ ထိမ်းမြားလက်ထပ်ပွဲကို ဗုဒ္ဓယဉ်ကျေးမှု အစဉ်အလာများဖြင့် အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပခဲ့သည်။မြို့တော်ဟောင်း ပူနာခါရှိ ခမ်းနားထည်ဝါလှသည့် ၁ရ ရာစုကတည်းက အခိုင်အမာတည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းတွင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပြီး ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuk သည်  မိဖုရားဖြစ်လာသည့် အရပ်သူကို သရဖူ နှင်းအပ်ခဲ့သည်။အောက်စဖို့ဒ်တက္ကသိုလ်ဆင်း အသက် ၃၁ နှစ်အရွယ်ရှိ နဂါးဘုရင် Jigme Khesar Namgyel  Wangchuk နန်းတက်သည့် ၂၀၀၈ ခုနှစ်တွင် ဘူတန်၌ […]


မောင်ဆန်းOctober 18, 20111min53221
  ဒီတပတ် voice ဂျာနယ်မှာ “စားအုန်းဆီကို ဆပ်ပြာမှုန့်ရောပြီး ပဲဆီအဖြစ်လိမ်ရောင်း ” ဆိုတဲ့ သတင်းလေး တစ်ပုဒ် ပါလာပါတယ် သတင်းမှာ ပါတာက “ အေးလျှင်ခဲတတ်သော အာနိသင်ရှိသည့် စားအုန်းဆီကို မခဲရန် အနံ့ပျော့ဆပ်ပြာမှုန့်များ ရောကျိုကာ ပဲဆီအနံ့သွင်းပြီး ပဲဆီအဖြစ်ရောင်းချမှုများရှိနေကြောင်း တောင်ဒဂုံ စက်မှုဇုန်မှ ဆုံဆီသီးသန့် ရောင်းချသူ တစ်ဦးကပြောကြားသည်။ ဈေးသက်သာသော စားအုန်းဆီကို မီးအပူပေးကျိုပြီး  အနံ့သိပ်မပြင်းသည့် ဆပ်ပြာမှုန့်များနှင့် ရောလျှင် စားအုန်းဆီသည် ရေခဲသေတ္တာထဲထည့်လျှင်ပင် မခံဘဲ အရောင်မှာလည်း ကြည်လာကြောင်း ဆပ်ပြာမှုန့်ရောထားသည့် စားအုန်းဆီ တစ်ပီပါကို မြေပဲရနံ့ တစ်အောင်စလျှင် ပဲဆီနှင့် ဆင်တူယိုးမှား ဖြစ်သွားပြီး ပဲဆီအဖြစ် ဈေးမြှင့်ရောင်းကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။  အိမ်ရှင်မအများစုသည် စားအုန်းဆီသာခဲပြီး ပဲဆီဆိုလျှင် မခဲဟု […]


မောင်ဆန်းSeptember 29, 20111min64133
ဒီတပတ် ပိတ်ရက်က ရည်ရွယ်မထားပဲ ဂျန်းရှင်းမော်တင် ကို ရောက်သွားပါတယ် အိမ်နဲ့ဝေးလို့ ရောက်ခဲပါတယ် ဒီတစ်ခါရောက်တာ ( ၃ ) ကြိမ်မြောက်ပါ ပထမနှစ်ကြိမ် က ဂျန်းရှင်းမော်တင် ကို သွားမယ်ဆိုပြီး ရည်ရွယ်သွားကြတာ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလဲပါတယ် လူပျိုဘဝက ခဏခဏ ကြည့်ဖြစ်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလှည့်နိုင်တာကြာပြီ အသစ်ဖွင့်တဲ့ ဈေးဝယ်စင်တာ သွားရင်း မီနီသီရေတာ ဆိုတာတွေရဲ့ အရသာလေးစမ်းကြည့်မယ်ပေါ့ ပထမအကြိမ်က “မိုးညအိပ်မက်မြူ” ဒုတိယက သက်မွန်မြင့်ပါတဲ့ “ အာဒမ် ဧဝ ဒသ ” ကား နှစ်ခါလုံး မကြည့်ဖြစ်လိုက်ဘူး အခုတစ်ခါကျတော့ သွားတာက တစ်နေရာ နီးနေတာနဲ့ တစ်ခါထဲ ဂျန်းရှင်းမော်တင် ကို ဝင်ဖြစ်သွားတယ် ဒီတစ်ခါတော့ ရည်ရွယ်မထားပဲ ရုပ်ရှင် […]


မောင်ဆန်းSeptember 21, 20119min32123
KLIA  ဆိုတာ Kuala Lumpur International Airport ပါ ၊ ကမာ္ဘပေါ်မှာ မြန်မာတွေ တတိယအများဆုံးရှိတဲ့ နိုင်ငံက လေဆိပ်အကြောင်း ပြောရမှာ နဲနဲတော့ တွန့်မိပါတယ် ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ရန်ကုန်လေဆိပ်ဆို ဧည့်သည်သွားကြိုလို့ ၊ ကိုယ်တိုင်ခရီးသွားလို့ ရောက်ဘူးပေမဲ့ ဘယ်နေရာကဘာဆိုတာ သိပ်သိတာမဟုတ်ဘူး ကွာလာလမ်ပူလေဆိပ်ကို ရောက်ဘူးတဲ့ ရွာသားတွေလဲ ဖြတ်သွားရုံဆို သတိထားမိမှာ မဟုတ်ဘူး အဲဒါကြောင့် အချိန်နဲနဲယူပြီး မရောက်ဘူးသေးတဲ့သူ ရောက်ဘူးသော်လည်း သတိမထားမိသေးတဲ့သူတွေအတွက် ဒေသန ္တရဗဟုသုတ အလိုငှာ တစ်စေ့တစ်စောင်း ငဲ့စောင်းလို့ကြည့်လိုက်ပါတယ်နော…   ကွာလာလမ်ပူလေဆိပ်က အရှေ့တောင်အာရှမှာ အကြီးဆုံးပါ ဘန်ကောက်လေဆိပ်ထက် ကြီးတာအပြင် ခရီးသည်တွေအတွက် အသုံးပြုရတာ ပိုအဆင်ပြေပါတယ် မြို့နဲ့  ၃၁ မိုင်ဝေးတယ် ၊ လေဆိပ်ကြီးကို […]


မောင်ဆန်းSeptember 9, 20111min48220
အခုဆို မြန်မာနိုင်ငံမှာ အစိုးရသစ်အုပ်ချုပ်မှုနဲ့ အရင်တုန်းက လျှောက်လှမ်းပုံနဲ့ မတူတဲ့ လမ်းကြောင်းသစ်တစ်ခုကို သွားနေပါတယ် ဒီအပေါ်မှာ အကောင်းမြင်တဲ့သူတွေရှိသလို မယုံကြည်သေးတဲ့လူတွေလဲ ရှိပါတယ် ဒါကပုံမှန်ဖြစ်စဉ် တစ်ခုပါ ကမ္ဘာပေါ်မှာ ပြည်သူလူထုရဲ့ ၁၀ဝ ရာခိုင်နှုန်း ထောက်ခံမှုရတဲ့ နိုင်ငံ၊ ခေါင်းဆောင် ဆိုတာ မရှိနိုင်ပါဘူး ထောက်ခံမှုများခြင်း နဲခြင်းပဲရှိပါမယ် ရေရှည်မှာတော့ လူထုထောက်ခံမှု အများဆုံး ရတဲ့ အစိုးရတွေပဲ အာဏာကို ဆုပ်ကိုင်ထားနိုင်မှာပါ ၊ မြန်မာပြည်မှာလဲ လက်ရှိအစိုးရက လမ်းကြောင်းမှန်ပေါ်လျှောက်ပြတယ် ပြည်သူတွေလိုချင်တဲ့ အခြေအနေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ မြင်လာပြီး လူထုရဲ့ တခဲနက် ထောက်ခံမှုကို ရလာတာမျိုး ဖြစ်နိုင်သလို ဒီဖြစ်စဉ်ရဲ့ ပြောင်းပြန် လူထုထောက်ခံတဲ့ အစိုးသစ်တက်လာတာမျိုးလဲ ဖြစ်နိုင်ပါတယ် ။   အခု လက်ရှိအချိန်မှာ မြန်မာနိုင်ငံထဲ […]


မောင်ဆန်းSeptember 7, 20111min46918
ကျွန်တော့်မိတ်ဆွေတစ်ယောက်မှာ အငှားကားလေး တစ်စီးရှိပါတယ် နေ့စဉ်ဝင်ငွေလေး ရနေတော့ ဘေးကကြည့်ပြီး သဘောလဲကျ အားလဲကျပေါ့ ကိုယ့်လဲ ဒါမျိုးလေးတစ်စီး ရှိရင် ကောင်းမှာလို့ တွေးမိတယ် ဒါပေမဲ့ သူရှင်းပြလို့ ယာဉ်မောင်းကို ထိန်းရတဲ့ကိစ္စ၊ပြင်ဆင်ရေးကိစ္စ၊ဟိုကိစ္စ ၊ဒီကိစ္စတွေ အကြောင်း ကြားရတော့လဲ အငှားကားပိုင်ချင်တဲ့ စိတ်လေး ပျောက်သွားရတယ် မိတ်ဆွေက အခု ကြုံနေရတဲ့ အခက်အခဲလေး ထပ်ပြောပြတာက…. သူက ဝန်ထမ်းပါ ရှိတဲ့ငွေလေးရယ်၊ လိုတာကို အတိုးနဲ့ချေးပြီး အငှားကားလေး ဝယ်လိုက်ပါတယ် အကြွေးမြန်မြန်ဆပ်ချင်တော့ နေ့စဉ်ရတဲ့ အုံနာခကို ရဲရဲတောင် မစားရဲပဲ စုနေရတဲ့ဘဝပါ သူကားလေးဝယ်ပြီး သိပ်မကြာဘူး အငှားကားတွေ မီတာတပ်  .. မတပ်ရင် ဖမ်းမယ်၊ဆီးမယ်၊နုတ်နုတ်လှီးမယ်ဆိုတော့ ကြောက်အားလန့်အားနဲ့ ခါတော်မီပေါ်လာတဲ့ ကုမ္မဏီတွေထဲက တစ်ခုမှာ မီတာ ပြေးတပ်လိုက်ရတယ် အဲဒီတုန်းက […]


မောင်ဆန်းAugust 22, 201121min34030
စာဥပုံလေးမြင်မှ စာဥနဲ့ညောင်ညိုပင်ကြီးအောက် တူတူပုန်းခဲ့တာတွေက ပြန်ပေါ်လာတတ်လို့  ရေးတော့မယ်ဆို ပုံတွေပြန်ကြည့် မှတ်ထားတာ လေးတွေ ပြန်ဖတ်လုပ်လိုက်မှ စိတ်က အဲဒီနေရာတွေ ပြန်ရောက်သွား တော့တယ်… Opera House ကနေ ထွက် Sight seeing ကားနဲ့ မြို့ထဲပတ် ဟိုငေး ဒီငေး ဓါတ်ပုံရိုက် စိတ်ဝင်စားတဲ့ နေရာကျ ဆင်းနေခဲ့ အဲဒီကားနဲ့ လိုက်မသွားတော့ပဲ ကြည့်ချင်တာကြည့် ပြီးတော့မှ နောက်ထပ်ရောက်လာတဲ့ နောက်ကားနဲ့ ဆက်လိုက် ပိုက်ဆံထပ်ပေးစရာမလိုဘူး အဲဒီနေ့က ပန်းခြံမှာဆင်း လိုက်ကြည့် ပြီးတော့မှ နောက်တစ်စင်းနဲ့လိုက် Viking ပြတိုက်ကိုသွားတယ် သွားတဲ့ လမ်းဘေးမှာ ဘုရင် မိသားစု နွေရာသီ နေတဲ့ ခြံကြီးရှိတယ် ခြံကတော့ တော်တော်ကျယ်တဲ့ပုံ အိမ်ကတော့ အပြင်ပန်းကြည့်ရတာ သာမန်ပါပဲ အပြင်လုံခြုံရေးက […]


မောင်ဆန်းAugust 19, 20118min34822
တစ်ရက်တော့ မိတ်ဆွေ တစ်ယောက်က ဖိတ်တာနဲ့ သူ့အိမ်မှာ ညနေစာ လိုက်စားကြတယ် နော်ဝေနိုင်ငံအကျယ်က မြန်မာရဲ့ တဝက်ကျော်လောက် ရှိပေမဲ့ လူကျ ၁ဝ ပုံ ၁ ပုံ တောင် မရှိဘူး ( ၄.၈ သန်းလောက်ရှိတာကို) လူနေထိုင်မှုက တစ်မိုင်ပတ်လည် မှာမှ ၃၁ ယောက်ပဲရှိတယ် အော်စလိုမြို့ပေါ်က လွဲလို့ အပြင်ထွက်လာရင် အိမ်ခြေတော်တော်ကျဲတယ် တော်တော်လေးသွားမှ အိမ်ခြေတစ်စု ထပ်သွားမှ တစ်စု ကျန်တာက လမ်းဘေးမှာ ကွက်လပ်ကြီးတွေ တချို့ က ဂျုံခင်း တချို့က မြက်ခင်းတွေ အကျယ်ကြီးတွေပဲ မြက်ခင်းတွေဘေးမှာ အဖြူဖြူလုံးကြီးတွေ တွေ့လို့ မေးကြည့်တော့ မြက်တွေရှည်လာရင် ရိတ်ပြီး အိတ်တွေနဲ့ အလုံးကြီးတွေလုပ်ထားတာ တိရစာ္ဆန်စာအတွက် လှောင်ထားတာပေါ့ ဆောင်းဆို ပတ်ဝန်းကျင် […]


မောင်ဆန်းAugust 19, 201112min24016
အပန်းလဲဖြေ အနုပညာလက်ရာတွေလဲ ကြည့်လို့ရမဲ့နေရာကတော့ အော်စလိုမှာ ထင်ရှားတဲ့  Fronger Park ပါ ပန်းခြံကြီးက ဧက ၈ဝ ကျယ်ပါတယ် တကယ့် သပ်သပ်ရပ်ရပ် သာသာယာယာ နဲ့ အပန်းဖြေ အနားယူလို့ကောင်းတဲ့နေရာပါ ကျယ်ဝန်းတဲ့ မြက်ခင်းပြင်တွေ ရှိတယ် ရေကူးကန်ရှိတယ် ကလေးကစားကွင်းရှိတယ် အထူးခြားဆုံးနဲ့ စိတ်ဝင်စားဘို့အကောင်းဆုံးက နော်ဝေနာမည်ကျော် အနုပညာရှင်ကြီး Gustav Vigeland ရဲ့ လက်ရာတွေပါ ကြေးရုပ်တွေသွန်းထားတယ် ဂရန်းနိုက် ကျောက်တုံးကြီးတွေနဲ့ ထုထားတယ် ကြေးနဲ့သွန်းတာ ၂၁၂ ရုပ် ကျောက်ကိုထုတာက ၅၈ ရုပ် ရှိတယ် ၊ တံတားဘေးက အရုပ်တွေက နေ့စဉ်လူနေမှုဘဝကိုဖော်ကျူးထားတဲ့အရုပ်တွေ၊ ၊ရေပန်းဘေးကတော့ ဘဝသံသရာကိုဖော်ကျူးထားတာ၊အဲဒီမှာ နာမည်အကြီးဆုံးက Sinnataggen (Angry Boy) ဆိုတဲ့ စိတ်ဆိုးနေတဲ့ ကလေးလေးအရုပ်ပါ  […]


မောင်ဆန်းAugust 18, 20115min27715
၂၄ နာရီလုံး အလင်းရောင် ရနေတဲ့ ကိစ္စက ဒီကိုရောက်လာတဲ့ မိသားစုတွေမှာလဲ ကြုံတတ်တယ် ကလေးက ဆော့ကောင်းတုန်း တော်တော်နဲ့ မအိပ် သား အိပ်ချိန်ရောက်ပြီ အိပ်တော်လေ ဆိုတော့ နေ့ဘက်ကြီး မိုးတောင်မချုပ်သေးဘူး ဘယ်လိုအိပ်မလဲတဲ့.. နော်ဝေမှာ  မေလနှောင်းပိုင်းကနေ  ဇူလိုင်လနှောင်းပိုင်းအထိ က ၂၄ နာရီလုံး လင်းနေတယ် မြောက်ပိုင်းမှာ ပိုလင်းတယ် အော်စလိုမှာတော့ သန်းခေါင်လောက်ဆို အလင်းနဲနဲလျော့သွားတယ် ၂ နာရီလောက်ကျ ပုံမှန်အတိုင်း ပြန်လင်းလာတယ် ၊သူနဲ့ ပြောင်းပြန် နိုဝင်ဘာလနှောင်းပိုင်း ကနေ ဇန်နဝါရီလနှောင်းပိုင်းအထိကျ တစ်နေ့ ၄ နာရီ လောက်ပဲ လင်းပြီ ကျန်တာက မဲမှောင်နေရော (နော်ဝေမြောက်ပိုင်းကတော့ ၂၄ နာရီလုံးလုံး မဲမှောင်နေတာပါ) ဆောင်းတွင်းဆို အိမ် အပြင်ဘက်မှာ ရေခဲထုက […]


မောင်ဆန်းAugust 16, 20113min33713
အော်စလိုလေဆိပ်လို့ အလွယ်ခေါ်ပေမဲ့ တစ်ကယ့် အမည် က ဂါဒါမွန်လေဆိပ်(Gardermoen Airport )ပါ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ် လိုပေါ့ အော်စလိုမြို့နဲ့ ကီလို ၅ဝ ဝေးပါတယ် လေယာဉ်ပေါ်မှာ ကတဲက နာမည်ကျော် နော်ဝေရဲ့ ကြီးကျယ်ခမ်းနားတဲ့ လေဆိပ် စစ်ဆေး မေးမြန်းမဲ့ လဝက တွေအတွက် ပြင်ဆင်ထားပေမဲ့ တကယ်လဲ လေယာဉ်ပေါ်က ဆင်းလာရော မြင်ရတာက ရန်ကုန်လေဆိပ်ထက် နဲနဲကြီးရုံပဲ နောက် လဝက လဲဖြတ်စရာ မလိုပဲ  ပစ္စည်းရွေးတဲ့ နေရာတန်းရောက်တယ် (နော်ဝေက Schengen Area မှာပါတော့ ဖရန့်ဖတ် မှာပဲ လဝက ကစစ်တာနဲ့တင် လုံလောက်သွားတယ် ဒီဘက်ကို ဆက်လာတာက Domestic ခရီးပေါ့) ပစ္စည်းကမရောက်သေး ရွေးတဲ့နေရာကလဲ (၉)ခုပဲရှိတယ် ဘေးမှာ […]


မောင်ဆန်းAugust 15, 20112min34817
  ကိစ္စအားလုံး စီစဉ်ပြီး ဇွန်လ ပထမပတ်ထဲ ထွက်ဖြစ်တယ် ရန်ကုန်က ညနေပိုင်းလေယာဉ်နဲ့ထွက် ဘန်ကောက်ကို ည ၁ဝ နာရီလောက်ရောက်တယ် ဆက်ထွက်မဲ့လေယာဉ်က သန်းခေါင် ၁၂ နာရီ မှဆိုတော့ အချိန်ရပြီး အေးအေးဆေးဆေး သွားရလို့တော်သေးရဲ့ ဘန်ကောက်မှာ Transit လုပ်ပြီး ပြန်အဝင် ၉/၁၁ နောက်ပိုင်း အခြေအနေကို ထင်ဟပ်နေတဲ့ လုံခြုံရေးစစ်ဆေးမှုမှာ ခါးပတ်ရော ဖိနပ်ရော အနွေးထည်ရော ချွတ် လက်တော့ပါရင် အပြင်ထုတ် နဲ့ နောင်ဆို တစ်ကိုယ်လုံးများ ချွတ်ရမလား မသိ ဘန်ကောက် လေဆိပ်မှာ Check In ဝင်တော့ တချို့လူတွေရဲ့ ပတ်စ်ပို့ကို ယူကြည့် ချက်ချင်းပြန်ပေးတယ် ကိုယ့်ကြတော့ ပြန်မပေးပဲယူထားပြီး ထပ်စစ်နေပြန်ရော နာရီဝက်လောက် နေတော့မှ ပြန်ရတယ် […]