ကျနော်က ငယ်ကတည်းက ချူချာတယ်။ အမှားမခံဘူး။ ရေချိုးတာ ကြာသွားရင်လည်း ဖျားပြန်ရော။ ပူလွန်းလို့ ချွေးထွက်များပြန်ရင်လည်း သွေး ပေါင်ကျရတာနဲ့ ဘာနဲ့ ဘာမှကို အထိမခံဘူးလေ။ အိမ်မှာ ဆေးခန်းဟေ့ ဆို ကိုယ်ချည်းပဲ ဖြစ်နေတာသာကြည့်တော့။ အခြေခံ ကိုယ်ခံအားကိုက နည်းခဲ့ တာ ဆိုလားပါပဲ။ အင်း…မှတ်မှတ်ရရ ခုနှစ်တန်းတုန်းက ထင်တာပါပဲ။ သွေးလွန်တုပ်ကွေး ဖြစ်ရာက အားတွေ အနည်းလွန်ပြီး လမ်းသွားရင်း စက်ဘီး နောက်ကနေ တက်သွားလို့ လမ်းသွားတွေ ဝိုင်းပြီး တွေ့တဲ့ကား တားလို့ ဆေးရုံကို တန်းပို့ခဲ့ကြရတယ်။ ဆေးရုံရောက်တော့ အသက်က ၁၂ နှစ်တောင် မပြည့်သေးတာကြောင့် ကလေးဆေးရုံကို တက်ရမယ်ဆိုတော့ အရပ်က ရှည် နေတာကြောင့် ကုတင်နဲ့တောင် မဆံ့လို့ ကွေးအိပ်ခဲ့ရတဲ့ အဖြစ်။ […]