who whoDecember 11, 20111min1608
လောကမှာ သူခိုးတို့၊ ဓါးပြတို့၊ သူပုန်တို့ဆိုရင် လူတိုင်းက ကြောက်ကြရပါတယ်နော်။ ဘာလို့လဲ ဆိုတော့ ကောင်းကျိုးမပေးပဲ ဆိုးကျိုး တွေသာ ပေးလို့ပဲပေါ့။ နှိပ်စက်တတ်၊ ဖျက်စီးတတ်၊ ပူလောင်မှုကိုသာ ပေး တတ်ကြလို့ပါပဲ။ သူတို့ကို အသံကြားတာနဲ့ကိုပဲ သတိအနေအထားနဲ့ နားစွင့်လို့သာ နေရပါတော့တယ်နော်။ ခုလည်း အားလုံးကို အော်ဂျောလန် သူပုန်ရန်သူတစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူဘယ်သူများဖြစ်မလဲလို့ နည်းနည်းလောက် ခန့်မှန်းကြည့်ပေးပါလား။ ကျနော် အရင်ဆုံး မေးခွန်းလေးတစ်ခု မေးကြည့်မယ်နော်။ ခင်ဗျားမှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား ?။ “အလိုကြီးက အရနည်းတတ်၏” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာလည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။? ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ […]


who whoDecember 10, 20111min2839
ကျနော် ဘဝနှင့်ပတ်သက်လို့ အရေးကြီးဆုံး အလုပ်ကို သိသင့် သလောက် သိခဲ့ပြီးတဲ့နောက် ဒီအလုပ်ကိုပဲ နံပါတ်တစ်ထားလို့ ကြိုးစားခဲ့ ပါတယ်။ ကြိုးစားသလောက်လဲ ကိုယ်နဲ့ ထိုက်သလောက် အသိလေးများကို ရရှိခဲ့ပါတယ်။ အဲဒီ ရလာသော အသိတွေအရ ဖြစ်ပေါ်လာခဲ့သော သေခြင်း အပေါ် ခံစားမှုလေးတွေကို ပူးတွဲပြီး မှတ်တမ်းလုပ်ထားလိုက်သည်။ ကျနော့တို့ အပေါ် တရားဓမ္မတွေ ဟောဖော်ပြသ ညွှန်ကြားခဲ့သော မယ်တော်ကြီး ဒေါ်စိတြာရဲ့ နာရေးတွင်းကာလမှာ ကျနော့ရဲ့ စိတ်ခံစားမှုလေး ကို မှတ်မိသေးသည်။ မယ်တော်ကြီး နာမကျန်း ဖြစ်စဉ် ကတည်းက ကျနော်တို့ ဝိုင်းပြီး ပြုစုခဲ့ကြပါတယ်။ အဲဒီမှာပဲ မယ်တော်ကြီးရဲ့ အသံတိတ် တရားပြသွား ပုံလေးကို တွေ့မြင်ခဲ့ရပါတယ်။ မယ်တော်ကြီးဟာ ခန္ဓာဝန်မချခင်မှာပဲ အားလုံး ကို ဥပေက္ခာနဲ့ […]


who whoDecember 9, 20111min993
“…ပန်းလေးတွေ လှတယ်နော် အားပေးပါဦး….” ဘုရားပန်းအိုးများကို တိုက်ချွတ်ရင်း အသံလာရာဆီသို့ ကျနော် လှမ်းကြည့် လိုက်သည်။ အယ် လှလိုက်တဲ့ ကြာပန်းစည်းတွေပါလား။ အတော်ပဲဟေ့။ ဘုရားပန်းတွေ လဲဖို့လုပ်တုန်းဆိုတော့ …။ “အေး ယူဦးမယ်ဟေ့…”။ ဆိုပြီး ဆပ်ပြာမြှုပ်တွေ ပွနေသော လက်ကို အမြန်ဆုံးဆေးလို့ ကပျာကယာ ထ လိုက်ရသည်။ “အို …ပန်းတွေက လှလှချည်လား။ ဘယ်လောက်တဲ့လဲပြောပါဦး…”။ ကြာပန်းစည်းများထဲမှ လှပေ့ဆိုတာတွေကို ရွေးရင်း ဈေးသည်လေး အား မေးလိုက်ပါတယ်။ ဈေးသည်လေးကို ကြည့်လို့ ဈေးဆစ်ဖို့တောင် မဆစ်ရက် တော့တာမို့ အလှဆုံး ပန်းစည်းတွေကို ရွေးဝယ်လိုက်တယ်လေ။ ကြာပန်း တွေက အရောင်ကို စုံလို့ပေါ့။ ကြာပန်းစည်းတွေပိုက်ရင်း ဘုရားပန်းအိုးကို လှအောင်လေးထိုးလို့ ပိုတာကို ဧည့်ခန်းထဲက အလှအိုးပါ ထိုးလိုက်ပါတယ်။ […]


who whoDecember 7, 20111min651
ဒီတစ်လော ကျနော်တော့ အနိုင်ကျင့်ခံနေရတယ်။ ဘယ်သူကအနိုင်ကျင့် တာလဲဆိုတော့ဒီခန္ဓာကြီးကပေါ့။ သူ့ကိုဂရုစိုက်နေရတဲ့ကြားက ကလန်ကဆန် လုပ်နေတယ်လေ။ နေ့စဉ်နေ့တိုင်း ဒီခန္ဓာကြီးကို အဆင်ပြေအောင် ပြုပြင် နေရတာအားလုံးလည်းသိပြီးသားပါနော်။မနက်ထကတည်းက ခန္ဓာရဲ့ အညစ်အကြေးတွေ သုတ်သင်သန့်ရှင်း ပေးရတယ်။ နောက် အစာကျွေးရတယ်။ အဝတ်လဲ ပေးရတယ်။ စားချိန်ကျ အချိန်မှန် ကျွေးမွေးရတယ်။ အချိန်လေးများ နောက်မကျလိုက်နဲ့ ဆန္ဒပြလာပြီ။ ဆာလာပြီ၊ ဂွီဂေါ်နဲ့ အော်လာပြီ။ ဒါကို ဂရုမစိုက်ဘဲ ပစ်ထားကြည့်ပါလား။ လပေါက် ကုရပြီသာ မှတ်တော့။ ကျနော်ဆို သူ့ကို အလိုမလိုက်တော့ အခုဆို ခဏခဏ ဒုက္ခတွေပေးလိုက်တာ။ ကျနော်က ဒီခန္ဓာကြီးကို ခံနိုင်ရည်ရှိဖို့ပဲ အကျင့်လုပ်ပေးချင်တယ်။ ဒီတော့ အားဆေးလည်း နေ့တိုင်းမသောက်ပါဘူး။ ဆရာဝန်က ဘယ်လိုပြောပြော။ ဖြစ်မှပဲ ကုပေးလိုက်တယ်။ မပြောချင်ဘူး။ သူ့ကို […]


who whoDecember 4, 20111min39941
ကျွန်တော်တော့ ရပ်ကွက်တိုင်းလိုလိုမှာ သိပ်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက် စည်ကားနေကြပါသော ဘီယာဆိုင်၊ ရက်ဆိုင်တွေကို တွေ့ရတိုင်းအော့ နှလုံးနာလွန်းလို့ ဒီစာလေးကို ရေးဖို့ဖြစ်လာပါပြီ ။ ညတိုင်း တရားပွဲက ပြန်လာရင် အုန်းအုန်းထ စည်းကားနေတဲ့ မြို့တော်ရဲ့ ကျက်သရေဆောင် ဘီယာဆိုင် တွေဟာလေ ရပ်ကွက် တစ်ခုမှာ အနည်းဆုံး (၄) ဆိုင်လောက်က တော့ ရှိနေပါပြီ ။ ဒါသည်ပင် အနာဂါတ် ရဲ့ သားဆိုး ရ တာ နာ တွေ ၊ ဖခင် ဆိုး အရက်သမားတွေ ၊ … … … သိပ်တော့ မရေးချင်တော့ပါဘူး ။ ဒီလို ဒယ်အိုး သွားမယ့် လူတွေ စုဝေးရာနေရာ ဆိုရင်ပဲ […]


who whoNovember 30, 20111min1299
“ မိခင်သည် သားသမီးများကို ဝမ်းနဲ့လွယ်လို့ ယောနိက မွေးပေးသည် ” “ဆရာ/မများသည်တပည့်များကို နှလုံးသားနဲ့လွယ်လို့ပါးစပ်က မွေးပေးသည်”တဲ့။ ကြားခဲ့ဖူးတဲ့စကားလေးတစ်ခွန်း။ သိပ်အဖိုးတန်တဲ့ စကားလေးနော်။ သေချာစဉ်းစားကြည့်တော့ ဟုတ်လိုက်တာ၊ မှန်လိုက်တာလို့ ပိုပြီးမြင်တတ်လာတယ်။ မိဘက သားသမီးတွေကို မွေးထုတ်ပေးလို့ အရွယ်လေးရောက်တော့ (၃)နှစ်၊ (၄)နှစ်လောက်လည်းရောက်ရော မူကြိုကစပြီး သက်ဆိုင်ရာ ကျောင်း အသီးသီးကို အပ်နှံကြရတယ်။ အဲဒီကစလို့ ဆရာ/မများရဲ့ လက်ထဲမှာပဲ ဒီကလေးလေးတွေရဲ့ လိမ္မာယဉ်ကျေးမှု့ကစလို့ ပညာပိုင်းဆိုင်ရာ အားလုံးကို အပ်ထားရပါပြီ။ ဆရာ/မများကလည်း မိမိတို့ထံ အပ်နှံထားသော တပည့်များကို နှလုံးသားနဲ့လွယ်လို့ နှုတ်ဖျားကနေ လိမ္မာ စေမယ့် စကားလုံးလေးတွေ နေ့စဉ်မွေးထုတ်ပေးနေရတယ်လေ။ အသိဉာဏ်ကြွယ်စေဖို့အတွက် စကားလုံးမျိုးစုံသုံးလို့ နေ့စဉ်နေ့တိုင်း မွေးထုတ်ပေးနေရတာမို့ ဒီဆရာ/မ တွေရဲ့ ကဏ္ဍဟာ အရေးကြီးဆုံးလို့တောင် ပြောလို့ရနေပါပြီ။ […]


who whoNovember 28, 20111min39126
တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောက်ျားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ ဒါနဲ ့တစ်နေ ့တော့ သူ ့ယောကျာ်းကို ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။ အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။ ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။ ဒီတော့ မုဆိုးကြီးက အံ့ဩသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာ […]


who whoNovember 23, 20111min1346
ဘာရယ်မဟုတ် လုပ်ရင်း ကိုင်ရင်း ဉာဏ်ပေါ်ခိုက် ပေါ်လာရတဲ့ feeling လေးတစ်ခု ပြန် share ချင်တာနဲ့ ။ ကျနော် အခုတလော အချိန်ပြည့်ကိုပဲ စွန့်လွှတ်နေရတယ်လို့ နှလုံးသွင်းနေမိတယ်။ ထိုင်နေရင်းနဲ့ကိုပဲ ဪ..ငါ့ ခန္ဓာထဲက နာမ်တရားတွေဟာ (၁)စက္ကန့်မှာ ကုဋေ (၁)သိန်းပျက် ပျက်နေလို့ ထိုင်နေရင်းနဲ့ သူတို့ကို စွန့်နေရပါလား။ ရုပ်တရားတွေဟာလည်း (၁)စက္ကန့်မှာ ကုဋေ (၅၀၀၀)ကျော် ပျက်နေကြလို့ စက္ကန့်နဲ့အမျှကိုပဲ ဒီရုပ်၊နာမ်တွေကို စွန့်နေရပါလား။ အခုထိုင်ရင်းနဲ့လည်း စွန့်နေရတယ်။ သွားရင်းလာရင်း၊ စားရင်း သောက်ရင်းနဲ့ သူတို့တွေဟာ တပျက်တည်းပျက်လိုက်နေသမျှ ကိုယ်ကလည်း တစွန့်ထဲစွန့်နေရပါလားနော်။ နောက် ကိုယ်ရှင်သန်နေရတာတွေဟာ အချိန်တွေလည်း တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးကုန်လို့ အချိန်တွေကိုစွန့်နေရတယ်။ နောက် အလုပ်လုပ်လို့ ပင်ပန်းတဲ့အခါလည်း ငါ့ရဲ့ခွန်အားတွေ […]


who whoNovember 10, 20111min1158
သေခြင်းနှင့်ပတ်သက်လို့ ငယ်စဉ်ကတည်းက ခုချိန်ထိ အမျိုးမျိုး ခံစားချက်တွေက ပြောင်းလဲလာလိုက်တာ ခုလက်ရှိ စာရေးနေတဲ့ အချိန်မှာ ရှိ နေတဲ့ သေခြင်းအပေါ် အမြင်လေးကို သုံးသပ်မိနေပြန်ပါပြီ။ ကျနော့အနေနဲ့ လူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်ဟာ အပါယ်လွတ် ရေး ကြိုးပမ်းဖို့ပဲဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ အသေမဦးခင် ဉာဏ် ဦးအောင် ကြိုးစားရပါ တော့သည်။ အဲလို ကြိုးစားရင်းကမှ ကိုယ့်ခန္ဓာတွင်းက ရုပ်၊ နာမ်တရားတွေရဲ့ တရစပ် သေပျောက်နေပုံကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ အဲဒီ အချိန်မှာပဲ ကြောက်စိတ်တွေ ဝင်လာခဲ့ဖူးပါတယ်။ ဘာကို ကြောက်တာလဲဆိုတော့ ဖြစ်သမျှတွေအားလုံးဟာ ပျက်ခြင်းနဲ့သာ အဆုံးသတ်နေပါလားဆိုတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလေးတွေကို ကြည့်ရင်း နဲ့ပဲ သိနေတာ တွေပါ ပျက်လိုက် နေပြန်တာကြောင့် ဖြစ်ပါတယ်။ ဘာများ […]


who whoNovember 9, 20111min560
ကျနော် မသိသေးတာတွေ သိလာရပြီးတဲ့နောက် ကျနော့ အတွေး များ ထဲမှာက ဒီလွတ်မြောက်ရာလမ်းရဲ့ မှတ်တိုင်များနှင့် သေခြင်း အကြောင်း တွေသာ ပြည့်နေပါတော့သည်။ ကျနော်စဉ်းစားကြည့်သည်။ ကျနော်လို နလပိန်းတုံးတောင် ခုမှသိပြီး ခုပဲ လွတ်မြောက်ရာလမ်းကို လျှောက်ချင် လာတယ်ဆိုတော့ သူများတွေကရော မသိကြသေးတာလား။ ဒါမှ မဟုတ် သိ ပြီးတော့ပဲ မလျှောက်ကြသေးတာလား ။ ဘာလို့ပါလိမ့် လို့ လျှာတွေ ရှည်နေ ပြန်ပါတယ်။ ကျနော်ကတော့ အရင်တုန်းက မသိခဲ့သေးတုန်းကတော့ ဘဝ ကြီးဟာ ဘာမှလည်း မဟုတ်သလို ခံစားရတယ်။ ခုတော့ အော် လူ့ဘဝ ရခြင်းသည်ပင် တန်ဖိုးမဖြတ်နိုင်ပါလားလို့ တန်ဖိုးထားတတ်လာပြီလေ။ နောက်ပြီး သေခြင်းတရား နှင့် ပတ်သက်လို့လည်း ကျနော် အပါယ်က လွတ် […]


who whoNovember 8, 20111min55
ဒီနေ့လည်း သိချင်တာလေးတွေ ရှိသေးတာကြောင့် ဆက်လို့ ဆွေးနွေး ဖြစ်ကြပါတယ်။ “ကျနော် မနေ့က မေးခွင့်မရလိုက်တဲ့ သိချင်တာလေးတွေ ရှိသေးလို့ ဒီနေ့လည်း ပြောပြပေးပါဦး။” “ရပါတယ်။ ကိုယ်သိသလောက်တော့ ပြောပြပါ့မယ်။” “မနေ့က ပြောတဲ့ အပါယ်က လွတ်ဖို့ ရုန်းတဲ့ကိစ္စလေ။ အဲဒီမှာ ကျနော် သိချင် တာက အဲလို တစ်မဂ် တစ်ဖိုလ်မှ ရအောင်အားမထုတ်နိုင်သေးသူသည် သေ လို့ နတ်ပြည်တို့ ဘာတို့ စတဲ့ အထက်ဘုံတွေကို ရောက်ရင်တော့ အပါယ်က လွတ်မသွားပေဘူးလား။” “ဘယ်ကလာ …တစ်မဂ် တစ်ဖိုလ်မှ ရအောင် ရောက်အောင် အားထုတ်မထား ပဲ သေခဲ့လို့ နတ်ပြည်ကို ရောက်လည်းပဲ သူဟာ အဲဒီနတ်သက်ကုန်ရင် အပါယ်ကို ရောက်သွားနိုင်သေးတယ်လေ။ ဒါကြောင့် စိတ်မချရဘူးလို့ ပြောတာပေါ့။ […]


who whoNovember 7, 20111min884
သေခြင်းနှင့်ပတ်သက်၍ သိခွင့်ရခဲ့သမျှကား…. သင်္ကြန်တွင်းကာလ ရိပ်သာရဲ့ အဆောင် တစ်ခုအတွင်းမှ တီးတိုး တရားဆွေးနွေးပွဲလေး တစ်ခု ။ “ ဘယ်လို …ကျနော် နားမလည်လို့ သေချာလေး ပြောပြပေးပါဦးနော်။” အဆောင်ဖော် တစ်ယောက်အား မေးလိုက်ခြင်းဖြစ်သည်။ “အင်း…ဒီလိုလေ ။ ကျနော်တို့ အခု အားထုတ်ကြတယ်ဆိုတဲ့ ရည်ရွယ်ချက် က အပါယ်လေးဘုံက လွတ်ဖို့က အဓိကပဲမလား။ ” “အင်းပေါ့။ ဒါကြောင့်လည်း ဆရာတော်တွေက အပါယ်လွတ်ဖို့ကို ကြိုးစားဖို့ ပြောနေတာပေါ့။ ဒါပေမယ့် ကျနော် မသိတာက အဲလို လွတ်အောင်ကျ ဘယ် လို ကြိုးစားရသလဲဆိုတာရယ်။ ဘယ်လို အခြေအနေမျိုးကျမှ လွတ်မှာလဲ ဆို တာရယ် အဲဒါလေး အရင် သိချင်တယ်။” “ဟုတ်ကဲ့ပါ။ အဲဒါကို ဆွေးနွေးရမယ်ဆိုရင် […]