မောင် ပေSeptember 12, 20111min41111
မင်္ဂလာပါ နဲနဲပြောချင်ပါတယ် အရက်တဲ့… ဗုဒ္ဓဘာသာဝင်တိုင်း ငါးပါးသီလ ဆိုတာ ကို သိကြပါတယ် သူရာမေယရ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ဆိုပြီး ဆောက်တည် ရပါတယ် သေရည် အရက် သောက်စားခြင်း မှ ရှောင်ကြဉ်ရာ၏ ဆိုတဲ့ ဆုံးမ စကားတွေ လည်း ရှိပါတယ် ရှေးတုန်းက ဆိုဆုံးမ ခဲ့တဲ့ သူတွေ က တော့ တစ်ကယ်ကို သေရည်အရက် လုံးဝ မသောက်ဖူးသူ ၊ ရှောင်ကြဉ်ကြသူတွေ ပါ မှန်ပါတယ်..သူတို ့ဆုံးမ စကား ကို တန်ဘိုးထားပါတယ် ၊ အသိအမှတ်ပြုပါတယ် ၊ လက်သင့်ခံပါတယ် ။ ကိုယ်တိုင်သာ မလိုက်နာ နိုင် ၊ မကျင့်သုံးနိုင်လို ့ မရှောင်ကြဉ်ဖြစ်သေးတာပါ […]


မောင် ပေSeptember 10, 20111min31821
တစ်ရံရောအခါ က ဖြစ်ပါသည် ။ ရွာကြီးတစ်ရွာ ရှိသည် ။ သာယာဝပြော စည်ကား သည် ။ တစ်နေ ့…တစ်နေ ့ ရွာထဲ သို ့အလည်လာသူ ၊ အခြေချ နေရန် ဝင်လာသူ များ ဖြင့် စည်ကားလှပေသည် ။ တစ်နေ ့တွင် ဖြစ်သည် ။ ရွာထိပ်ရှိ ဇရပ်ပေါ်တွင် ရွာခံနှစ်ဦး( ယောက်ျားကြီး တစ်ဦး နှင့် မိန်းမပျို တစ်ဦး )  နှင့် ရွာထဲသို ့ အခြေချလာသူ လူငယ်တစ်ယောက် တို ့ဆုံဖြစ်ကြသည် ။ လူငယ် က စကား စဆိုသည် ။ ` ဘကြီး…အခြေအနေ ´ ` […]


မောင် ပေSeptember 8, 20111min52215
အနားမှာ ရှိတုန်းကတော့ အရိုးများသလေး အသားမဲသလေး အဲ.. ကိုယ့်လို မဟုတ်ဘူး တန်ဘိုးထားပြီး ချစ်ခွင့်ပန် ချစ်ခြင်း ကို လည်း ရသွားတာမြင်ရော ဒီကောင် ငါ မတွေ  ့ခဲ့တဲ့ ချစ်စရာကောင်းကွက်လေးတွေ ကို တွေ ့သွားပါကလား ဘာများပါလိမ့် သိချင်စမ်းပါဘိ ဆိုပြီး ကြာကူလီ ခိုချင်လာပြန်ရော အဲဒါ ဘယ်သူများ မှတ်တယ် ယောက်ျားဗျ ယောက်ျား မိန်းကလေး သူငယ်ချင်းမလေး တက္ကသိုလ် အတူတက်ခဲ့သူလေး ကျောင်းတက်တုန်းကတော့ တစ်ခြား ကောင်မလေး တွေ လိုက်ငန် ၊ လိုက်ဖော နေရင်း ကိုယ့် သူငယ်ချင်းမလေး ကို သေချာ မကြည့်မိခဲ့ သူ ့ရဲ  ့အလှတရား ကို မတွေ ့ရှိခဲ့ အဲ… […]


မောင် ပေSeptember 8, 20111min3027
ကျေက်စိမ်းအကြောင်းကို စိတ်ဝင်စားသူ စာဖတ်ပရိသတ်တွေ ကို နဲနဲပြောပြချင်ပါတယ် ။ ကျွန်တော်ကတော့  ကျောက်စိမ်းအရောင်းအဝယ်သမားလေးပေါ့နော် ။ ဒီအလုပ် ကို လုပ်တာလည်း မကြာသေးပါဘူး ။ ကျောက်စိမ်းရောင်းဝယ်ခြင်း ဟာ ကောင်းရောင်း ကောင်းဝယ် စီးပွားရှာ အသက်မွေးဝမ်းကြောင်းခြင်းပါ ။ ငွေအရင်းအနှီးရှိရင် လုပ်နိုင်သလို ။ ငွေအရင်းအနှီးမရှိရင်လည်း လုပ်နိုင်ပါတယ် ။ ငွေ အရင်းအနှီးရှိရင်တော့ ၊ ကိုယ် ငွေ သုံးနိုင်သလောက် ဝယ်ရောင်းပေါ့ ။ ငွေ အရင်းအနှီးမရှိရင်လည်း ဒီကျောက်စိမ်းဝိုင်းမှာ ငွေရှာလို ့ရပါတယ် ။ သူကြီးတို ့ပြောတဲ့ ပွဲစား နည်းနဲ ့ပေါ့ ။ ပွဲစား ဆိုလို ့ ပွဲစားအလုပ်များ လွယ်တယ် လို ့မထင်လိုက်ပါနဲ ့ဦး […]


မောင် ပေSeptember 6, 20111min3248
မင်္ဂလာပါ ခင်ဗျာ ။ ကျွန်တော် အခုရေးသော စာသည် ၊ စိတ်ကူးယဉ်တတ်သူ ၊ စာဖတ်ဝါသနာပါသူ လူငယ်များ ကို ရည်ညွှန်းပါသည် ။ အသက် ကြီးပိုင်း စာဖတ်သူများ ကို မရည်ရွယ်ပါ ။သိရှိပြီး ဖြစ်လျှင် ကျွန်တော့်စာအတွက် တင်ကြို တောင်းပန်ပါသည် ။ စဉ်းစားမိသော အတွေးများ ကို ရေးပြချင်းဖြစ်ပါသည် ။ ဘရာဇီးနိုင်ငံ မှာ လည်း အခြေခံ လူတန်းစားတွေ ရှိပါတယ် ။ တစ်ချို  ့က အိမ်ထောင်ရှင်တွေ ပေါ့ ။ သူတို ့နိုင်ငံ ရုပ်သံ လိုင်း တွေ ထဲ မှာ သတင်းလွှင့်တဲ့ လိုင်း တို ့၊ ဒရမာ လိုင်းတို […]


မောင် ပေSeptember 5, 20111min58119
အမှာစာ  ။    ။ ကျောက်စိမ်းနဲ ့တော့ မဆိုင်ပါဘူး ။ နဲနဲပြောချင်ပါတယ် ။ လူ ့လောက မှာ ၊ မိတ်ဆွေကောင်း ရဖို ့ဆိုရင် ၊ နဲနဲပြောပြီး ၊ များများ နားထောင်ရမယ် တဲ့ ။ ဒါဆိုရင်..ကျွန်တော် အခုပြောနေတာ တွေ က တော်တော်များနေပြီ ။ မိတ်ကောင်းဆွေကောင်း မရနိုင်တော့ဘူးပေါ့နော် ။ မဟုတ်သေးပါဘူး ။ ကျွန်တော်က စာရေးနေသူ တစ်ယောက် ဆိုတော့ များများပြောမှ ဖြစ်ပါမယ် ။ များများရေးမှ ၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ ကို ကိုယ့်စာဖတ်တဲ့သူ သိပါမယ် ။ အပြင် လက်တွေ  ့ အသက်မွေးဝမ်းကြောင်း အလုပ် မှာတော့ […]


မောင် ပေSeptember 4, 20111min38515
မဖြစ်လာသေးတဲ့ အရာတွေ ၊ ဖြစ်နိုင်ချေ ရှိတဲ့ အရာ တွေ ကို ကြိုစဉ်းစား ထားရင် ကောင်းမယ် လို ့ထင်ပြီး ဒီစာကို ရေးတင်ပါတယ် ။ တစ်ကယ်လို ့ သင် ကိုယ်တိုင် ခံစားရိုက်ကူး ပြီး ၊ အင်တာနက် မှာ ( ဖေ့ဘုတ် ၊ တွစ်တာ ၊ ဂူးဂဲပလပ်စ် ၊ ဘလော့များ အစရှိသဖြင့် ) တင်ထားတဲ့ ဓါတ်ပုံ တွေ ကို ၊ တစ်ယောက်ယောက် က သူ ကိုယ်တိုင် ရိုက်ကူးထားသလိုလို နဲ ့ ကူးယူသွားပြီး တင်ထားတယ် ဆိုပါစို ့။ သင့်ဆီကနေ ခွင့်ပြုချက် လုံးဝ မယူပဲ […]


မောင် ပေSeptember 4, 20112min56110
(အမှာစာ   ။       ။    ကျောက်စိမ်းအကြောင်းနဲနဲလေး ဆိုပြီး ရေးခဲ့တာ ၊ အခု ပို ့စ် ဟာ နံပါတ် ၅ ပါ ။ သို ့သော် ပို ့စ်ခေါင်းစဉ် မှာ နံပါတ် မတပ်တော့ပါဘူး ။ “ မင်း က ကျောက်စိမ်းအကြောင်း ရေးရအောင် ၊ မင်း က ဘယ်လောက် ကျွမ်းလို ့လဲ  ”လို ့ မေးလာခဲ့ရင် … ကျွန်တော် က ပရော်ဖက်ရှင် နယ် ကြီး မဟုတ်ပါ ခင်ဗျား ။ “ ဒါဆို မင်း ဘာလို ့ရေးလဲ  ” လို ့မေးရင်…. ကျွန်တော် […]


မောင် ပေSeptember 2, 20111min35811
အမှာစာ ။ ။ အရင် က သောကြာ မဂ္ဂဇင်း မှာ ၊ စာရေးဆရာ ရဲ ့မောင်ချစ် ရဲ ့ “ နည်းနည်းပြောမယ် ” ဆိုတဲ့ စာစု များ ကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့ဖူးပါတယ် ။ ယခု ကျွန်တော် က လည်း စာရေးနေပြီ ဆိုတော့ ၊ ကျွန်တော့် ပို ့စ် နာမည် ကို မောင်ပေရဲ  ့များများ ပြောမယ် လို ့ပေးလိုက်ပါတယ် ။ မောင်ပေ ရဲ  ့  ့များများပြောမယ်ပေါ့နော်  ။ အခု ကျွန်တော် ရေးတဲ့ ပို ့စ် ပါ အကြောင်းအရာ များဟာ […]


မောင် ပေSeptember 2, 20111min2014
အမှာစာ  ။     ။ ကွမ်းပို ့စ် ဟု ခေါင်းစဉ်တပ်ကာ ပို ့စ် ၂ ခု ခန် ့ရေးခဲ့ဖူးပါသည် ။ ဆရာသုမောင် ၏ ကွမ်းစကား စာစု များ ကို ဖတ်ပြီး အရမ်းနှစ်သက်သဘောကျ မိသောကြောင့် ကွမ်းပို ့စ် ဟု အမည် လိုက်ပေးခြင်း ဖြစ်ပါသည် ။ ကွမ်း ဟု သုံးထားသကဲ့သို ့ ၊ အရည်မရ အဖတ်မရ ဖြစ်လာနိုင်ပါသည် ။  တစ်ခုခု ရလျှင်တော့ ဝမ်းသာရပါမည် ။ စာရေးခြင်း ကို ဝါသနာပါသူ တစ်ဦး ဖြစ်သဖြင့် ၊ ရေးမိလိုက်ပြန်ပါပြီ ။ ဖတ်ကြည့်ကြပါဦး ခင်ဗျာ ။ ဦးမောင်မောင် […]


မောင် ပေAugust 29, 20111min2628
တိတ်ဆိတ်ဆွံ  ့အ နေတဲ့ ဝန်မခံခြင်းများ ကြားမှာ လိုချင်ရှာဖွေ မိတဲ့ အမှန်တရားတွေ ရှိတယ် ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့ သံယောဇဉ် ကြိုးများအတွက် ဘယ်တော့မှ သော့မခတ်ခဲ့ဘူး အက်ဆစ် မိုးရေတွေ ကို လည်း ချိုမြိန်ခဲ့ဖူးတယ် ရွက်သစ် မိုးစိုတွေ ကို လည်း ဘုရားမှာ လှူဖူးတယ် ငါ ဆုတောင်းခဲ့တာ မင်းမသိနိုင်သလို မင်းဆုတောင်းခဲ့တာလည်း ငါနဲ ့ပေါင်းဖို ့မဟုတ်ဘူး ငါနှစ်သက်တဲ့ စီးကရက် ကို မင်းမုန်းတယ် မင်းကြိုက်တဲ့ ကွာစိ ကြ လက်သည်းစူးတယ် .. ငါသောက်တဲ့ ဗြိတိန်က စမ်းရေ  ကို မင်း က ချဉ်တယ် မင်းသောက်တဲ့ ဒိန်ချဉ် ကို ငါ က ချဉ်တယ် […]


မောင် ပေAugust 28, 20111min5549
မင်္ဂလာပါ ကျောက်စိမ်းအကြောင်း နဲနဲ လေး ပြောပြချင်ပါတယ် ။ သိနေပြီးသား ၊ လက်တွေ ့လုပ်ကိုင်နေသူ များအတွက်တော့ ၊ အခု ပို ့စ်ဟာ မိချောင်းမင်း ရေခင်းပြသလို ဖြစ်နေမှာကို အားနာပါတယ် ။ သို ့သော် မကြားဖူးသေးသူ ၊ မသိသေးသူ များ အတွက် ရည်ရွယ်ပြီး ရေးတင်ပါတယ် ။ အခု ပို ့စ်ရဲ  ့ရှေ  ့မှာ ကျောက်စိမ်းအကြောင်း နဲနဲလေး ၊ ကျောက်စိမ်းအကြောင်း နဲနဲလေး ၂ ၊ ကျောက်စိမ်းအကြောင်း နဲနဲလေး ၃ တို ့တင်ပြီးသားပါ ခင်ဗျာ ။ အခုပို ့စ် မှာတော့ အခေါ်အဝေါ်လေး တွေ ကို […]


မောင် ပေAugust 27, 20111min27612
မင်္ဂလာပါ ။ ဒီရက်ပိုင်း အတွင်း  သတင်းစာ၊ဂျာနယ် ၊ မဂ္ဂဇင်း ၊ ဘုတ်အုတ် တွေ မဖတ်ဖြစ်တာ ၂ ပတ်လောက် ရှိပါပြီ ။ အချိန်လေး နဲနဲ ပြန်ရလို ့ဖတ်ဖြစ်တော့ စုံနေတာပဲ ဗျာ  ။ ပြန်ဖောက်သည်ချ ခွင့်ပြုပါနော် ။ ဘာရယ်ညာရယ် လို ့တော့ မဟုတ်ပါဘူး ။ သတင်း၃ ခု ပါ ။ ဖတ်ပြီးသား ဖြစ်နေမယ် ဆိုရင် တောင်းပန်ပါတယ် “ သူလို သတို ့သား ” တရုတ် ထိုင်ပေ မှာပါ ၊ ဩဂုတ် ၈ /၂၀၁၁ က တရားဆိုင်ပြီးခဲ့တာပေါ့ ။ မင်္ဂလာ ဆောင်ချိန် […]