ဆူးDecember 22, 20101min966
ညနေ ၅နာရီခွဲ စုရပ်မှာ လူဆုံကြပြီး ညနေစာ စားဖို့ ထမင်းဆိုင်ကို သွားပါတယ်။ စားတဲ့ ဆိုင်ကတော့ ယူနီဗာဆယ် စတူဒီယို ထဲမှာ ဖွင့်ထားတဲ့ ဆိုင်တဆိုင်ပါဘဲ။ အမှုမဲ့ အမှတ်မဲ့ ဆိုတော့ ဆိုင်နာမည်လည်း မမှတ်မိတော့ပါဘူး။ ဆိုင်မှာ စားသောက်ပြီး ခရီးသွား ဧည့်လမ်းညွန်က လူတွေကို လိုက်ပြောတယ် အိမ်သာဝင်ကြအုန်းနော်တဲ့ မျက်နှာ အတည်ပေါက်နဲ့.. ဘာမှတော့ မထင်မိပါဘူး သာမန်ပြောတယ်ဘဲ ထင်မိပါတယ်။ စိတ်ထဲမှာတော့ တော်တော် ဂရုစိုက်တာဘဲလို့ တွေးပြီး သဘောကျနေကြပါတယ်။ သူဘာလို့ လူတိုင်း အိမ်သာဝင်ဖို့ ပြောသလဲ ဆိုတာ အိမ်သာက ထွက်မှ သိကြပါတယ်။ ဟာသလေး တခုပေါ့။ အပျော်နောက်ထားတာလေး တခုပါ။ ဂျပန် လူနေမှု စနစ်ကတော့ ခေါက်ရိုးကျိုးနေတဲ့ စည်းကမ်း […]


ဆူးDecember 22, 20101min631
ယူနီဗာဆယ် စတူဒီယိုကို ရောက်ခဲ့ပါတယ်။ အပြင်လောကမှာ နေသူမဟုတ်တော့ မြင်မြင်သမျှ အသစ်အဆန်းတွေကြီးပါဘဲ။ အရာရာ လှပပြီး ဆွဲဆောင်မှု လည်း ရှိတယ်။ ကစားကွင်းရောက်တဲ့ အချိန်က ၂နာရီ ဝန်းကျင်လောက်ဖြစ်နေပြီး ညနေ ၅နာရီခွဲ ထမင်းစား ဘိုကင် တင်ထားတဲ့ အတွက် အချိန်သိပ်မရကြောင်း ခရီးသွားလမ်းညွန် အမျိုးသားက ပြောပါတယ်။ အထဲမှာလည်း အလံ ထောင်မရတော့ ဝင်ဝင်ချင်း သူက ကစားကွင်းမြေပုံနဲ့ ကစားသင့်တဲ့ နေရာတွေကို မြေပုံကို ထောက်ပြပြီး ပြောပါတယ်။ ထို့နောက် သူက အလံ ထောင်ပြီး စုရပ်ပြလို့ မရတဲ့ အတွက် သူရှိမဲ့ နေရာကို တခါတည်း ပြောပြထားပြီး ညနေ ၅နာရီခွဲ စုရပ်မှ ဆုံဖို့ ပြောထားတဲ့ အတွက် တနေရာစီ […]


ဆူးDecember 21, 20101min1419
တခါတုန်းကပေါ့ကွယ်.. ရွာပြင်ကို ဗဟုသုတ ရလို ရငြားဆိုပြီး ထွက်ခဲ့မိတယ်။ YGN – BKK – Osaka မြန်မာပြည် ထွက်ခွာချိန် ည ၆နာရီ အိုဆာက ရောက်ချိန်မှာတော့ ဒေသစံတော်ချိန် မနက် ရနာရီ ၁ဝမိနစ်ဖြစ်ပါတယ်။ အချိန်ကတော့ သင်္ကြန်အချိန် ခါသမယ ပိတ်ရက်ရတဲ့ အချိန်လေးပေါ့။ မြန်မာပြည် ရာသီဥတု ပူပူနေတာ အကျင့်ပါတော့ အအေးဒဏ်မခံနိုင်လေတော့ ဂျပန်ပြည်မှာ အအေးပေါ့တဲ့အချိန် လို့တော့ ပြောကြတာဘဲ။ အအေးပေါ့တဲ့ အချိန် ဒေသခံ ဌာနေ လူထုကတော့ အနွေးထည်တောင် မဝတ်ပေမဲ့ အပူပိုင်းဒေသ သူ ပီပီ အနွေးထည်လေးနဲ့ပေါ့။ ဒါပေမဲ့.. အအေးဆိုတာ အပြင်လောက ထွက်မှ အေးတာ.. အနွေးထည်တော့ သိပ်မလိုဘူး ဆိုပါတော့။ ရွာသူဆိုတော့.. […]


ဆူးDecember 19, 20101min19812
ဘကြီးပု ပြောလို့ ကြောင်ရေချိုးပေးဖို့ သတိရသွားလို့.. ကြောင်ရေချိုးပေးလိုက်တယ်။ ဆောင်းတွင်းအေးအေး.. ကြောင်ကလေး ဇိမ်တော့ တော်တော် ကျမှာဘဲ။ ညစ်ညစ်ပတ်ပတ် ကြောင်ကလေး ကန်ထဲမှာ ထည့်လိုက်မယ် ရေလောင်းပေးလိုက်မယ် ထွက်ပြေးလို့ လွတ်မှာလား ဒီလိုလုပ်လို့ရမလား ကွ ဂျီးပြောင်သွားလို့ အရောင်ဖြူလာပြီ အရောင်ပြောင်းပေးလိုက်တာ သဘောမကျဘူးလား သနားကမားနဲ့ မကြည့်နဲ့.. ပေကပ်ကပ် မလုပ်နဲ့.. နောက်တရေ ချိုးပြီးရင် လှသွားမယ် အရောင်တော်တော် လှသွားပြီ။ နတ်ရေကန်ထဲက တက်လာသလို ကြောင် ရေချိုးပေးလိုက်တာ နုငယ်သွားပါ၏


ဆူးDecember 19, 20101min801
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်ကြီး၌ ကျောင်းသား၊ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာတရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ- *- Grade 10 ကျောင်းသား၊ကျောင်းသူများအတွက် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်ထိ၊* *- တက္ကသိုလ်၊ ကောလိပ်တက်ရောက်နေသူများအတွက် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်ထိ၊* *- Grade 8,9 ကျောင်းသား၊ကျောင်းသူများအတွက် ဒီဇင်ဘာလ ၂ရ ရက်မှ ၂၉ ရက်ထိ၊* *- Grade 6,7 ကျောင်းသား၊ကျောင်းသူများအတွက် ဒီဇင်ဘာလ ၃ဝ ရက်မှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိ၊* *- Grade 4,5 ကျောင်းသား၊ကျောင်းသူများအတွက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ […]


ဆူးDecember 14, 20101min1639
ထမင်းစားပြီး အချိုတည်းတတ်သူများ.. နေ့လည်း နေ့ခင်း အပျင်းပြေ အဆာပြေ စားတတ်သူများ အတွက် အရသာ ရှိရှိ သုံးဆောင်နိုင်အောင် တင်ပေးလိုက်ပါတယ်။ သာကူ ၁ဝသား ထန်ညှက် ၁ဝသား နှုန်းနဲ့ ချက်ရမှာပါ။ သာကူ ချက်မဲ့ အိုးထဲကို ရေနွေး အရင်တည်ပါ။ ရေနွေး ပွက်ပွက် ဆူသော အခါ ထန်ညှက် ထည့်တည်ပါ။ ထို့နောက် သာကူစေ့တွေ ထည့်ပြီး မီးအရှိန်လျော့ပြီး တည်ပေးပါ။ တချက်တချက် မွှေပေးလိုက်ပါ။ အိုးမကပ်တတ်ရင်တော့ အကြောင်း မဟုတ်ပေမဲ့.. ရွာကလူတွေကတော့ အိုးကပ်မှာ ကြောက်ရတယ်။ သာကူစေ့တွေ မျက်စိ မပျောက် တပျောက်ခင်မှာ မီးပိတ်ထားလိုက်ပါ။ အပူရှိန်နဲ့ အိုးထဲမှာ တင် သာကူများ ပွသွားပြီး ပြစ်သွားတတ်ပါတယ်။ စားခါနီးမှာတော့ အုန်းသီး […]


ဆူးDecember 14, 20101min1013
ရဲယို ငါးပေါင်းထုတ် လုပ်နည်း မသိသူများ လုပ်စားရန် အတွက်သာ ဖြစ်ပါသည်။ ပါဝင်ပစ္စည်းကတော့ သိပါသည်။ အချိုးအစားကတော့ အဆင်ပြေသလို ကြည့်သာထည့်ပါ။ ရဲယို အရွက် အနု ကလေးများ ငါးရံ့ အသားလွာ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဆား၊ သကြား အုန်းသီး အသား (ကောက်ညှင်းပေါင်း အပေါ်မှာ ဖြူးစားတဲ့ အုန်းသီးခြစ် အဖတ်) လိုအပ်ပါတယ်။ ကြက်သွန်ဖြူ ဂျင်း စပါးလင် ငရုတ်သီး ဆား သကြား ငရုတ်ကောင်းတို့ကို ထောင်းပါ။ ညက်သွားလျှင် ငါးရံ့ အသားလွာ အတုံးကလေးများ ကို နယ်ပြီး ငါးအသားလွာ အဖတ်ကလေးများ ကြားမှာ အုန်းသီး ခြစ် ထားတာကို ငါးအသားလွာ အဖတ် […]


ဆူးDecember 12, 20101min19817
5 Series မှာလာနေတဲ့ တနင်္လာ ကနေ ကြာသပတေး နေ့ အထိ ည ရနာရီမှာ လာနေကျ ကိုရီးယား ဇတ်လမ်းတွဲ အက္ခရာ စာလုံးလေးများ၏ အရှင် သခင် ဇတ်လမ်းပြီးအောင် မပြဘဲ နောက်တကား အစားထိုး ပြတော့မှာပါ။ ဇတ်လမ်း အသစ်ကို တနင်္လာကနေ စပြီး ပြမယ်လို့ ကြေညာသွားပါတယ်။ ဘာလို့ မပြလဲ သိကြလား။ ကြည့်တဲ့လူတွေ သိပါလိမ့်မယ်.. ဇတ်လမ်း သဘော တရားလေး သိသလောက် ပြောပြမယ်။ စဉ်းစားကြည့်ရအောင်.. ဇတ်လမ်း စစချင်းမှာ လူငယ်တယောက် မျက်နှာကို ပြပြီး နောက်တချိန် ဘုရင် ဖြစ်မှာလို့ စာတမ်းထိုးသွားတယ်။ နောက် ဇတ်လမ်း ပြတော့ ဘုရင်ကြီးရဲ့ သားတော် ဖြစ်နေတယ်။ အိမ်ရှေ့စံမဟုတ်ပါဘူး […]


ဆူးDecember 11, 20101min26730
လမ်းထိပ်က အကြော်သည် အကြော်ကြော်နေတဲ့ မြင်ကွင်းကတော့ တကယ်ကို အသည်းယားဖို့ ကောင်းလိုက်တာ.. မန်းကြော် မကြော်ခင် နယ်ပြီးသား အရောင်ဖျော့တော့တော့ကို တရုတ်ငံပြာရည် အနောက် ထည့်လိုက်တယ်။ နယ်လိုက်တယ်.. နယ်ပြီးတော့ ဘေးမှာ ရှိတဲ့ ရေပုံးထဲ လက်နှိုက်ဆေးလိုက်တယ်။ ပြီးတော့.. နောက်တအိုး ပဲကပ်ကြော် ဇွန်းကြီးနဲ့ မွှေကြည့်လိုက်တယ် ပြစ်နေတယ်.. လက်နှစ်ဆေးလိုက်တဲ့ ရေပုံးကြီးထဲက ရေကို ပဲကပ်ကြော် မုန့်နှစ်ရည် ဇွန်းကြီးနဲ့ နှစ်ခပ်ပြီး ပဲကပ်ကြော် အနှစ်ရေထဲ ထည့်လိုက်တယ်။ ပြီးတော့ လက်ကို အနီးအနားမှာ ရှိတဲ့ မဲချိတ်နေတဲ့ အဝတ်နဲ့ သုတ်.. ဟော.. မီးဖို့ မီး ပြင်းအား ချိန်ဖို့.. ထင်းချောင်းတွေ ဆွဲထုတ်.. ပြီးတော့ မီးဖိုထဲထည့်.. ပြီးတော့ ယောင်းမကိုင် ကြော်ရန် […]


ဆူးDecember 11, 20102min39227
တနေ့မှာ ရွာထဲက သဂျီး ထမင်းစားဖိတ်ခံရတာနဲ့.. ထမင်းစားသွားတယ်ပေါ့ကွယ်.. ထမင်းစား ဘယ်သူဖိတ်သလဲ ဆိုရင် သဂျီးရဲ့ မိန်းမ ရွာထဲမှာတော့ first lady ပေါ့လေ.. သူမရဲ့ ညီမ မဝေ က ရွာထဲက ဆူး ရှာဖွေ တွေ့ရှိတဲ့ ငါးမွှေ နဲ့ ငါးခေါင်းဟင်းချိုကို စမ်းချက်ပြီး ကြက်ဥအလွယ်ကြော် တပွဲလည်း ပါတယ်။ စားပြီးရင် သုံးဆောင်ဖို့ စတော်ဘယ်ရီ ကြက်ဥ ပူတင်းလေးလည်း လုပ်ထားတယ်။ သဂျီး ကတော် ပါ ခေါ်ပြီး လာခဲ့ပါလို့ ဖိတ်တော့ သဂျီးကတော်က မီးလေးအိမ်မှာ ညဘက် တယောက်ထဲ အဖော်မရှိတာနဲ့ ညအိပ်သွားစောင့်နေတာနဲ့ တပည့်ကျော် အောင်ပုနဲ့ အတူတူ ထမင်းစား သွားတီးမယ်လို့ ကြံပြီး ကားတစီး နဲ့ […]