ဆူးNovember 19, 20101min49920
ယခု အချိန်အခါ ကထိန်ချိန်ခါ ဖြစ်တဲ့ အတွက်.. မြန်မာလူမျိုးတွေ အလှူရေစက် လက်နဲ့ မကွာ လှူကြတဲ့ အချိန်အခါ ဖြစ်ကြပါပြီ။ လမ်းသွားရင် လက်ထဲက ပါတဲ့ ကြွေ လေးဘဲ ဖြစ်ဖြစ်.. အိတ်ထဲက ပါတဲ့ အတန်ကြီးဘဲ ဖြစ်ဖြစ်ပေါ့.. ထည့်ဝင် လှူဒါန်းမှုတွေ ပြုကြတယ်။ လူတွေက လှူသာ လှူတယ် အလှူရဲ့ နောက်ဆက်တွဲ သိပ်မစဉ်းစားဘူး.. အသုံးတည့်သလား မတည့်ဘူးလားလည်း မသိဘူး.. လှူလိုက်တာဘဲ.. ကထိန်ဆိုတာ ဘုန်းကြီး ကျောင်းအတွက် လှူတာ ဖြစ်တဲ့ အတွက် ဘုန်းကြီး အသုံးအဆောင်နဲ့ အိုးခွက် တွေ လှူဒါန်းခြင်းက ကောင်းသည်ဟု ယူဆသော်လည်း တချို့သော လူများ ထီးဖြူ ရွှေထီး မြသပိတ် စသဖြင့်.. လှူကြတယ်။ […]


ဆူးNovember 18, 20101min41113
ခပ်ငယ်ငယ်က အဒေါ်အိမ်သွားရင် ဘေးခြံက အလှမွေးငါးတွေ စီးပွားဖြစ် ဖောက်ရောင်းတဲ့ နေရာ ဆိုတော့.. ကန်ကြီး တွေ အများကြီးဘဲ. တီကောင် အထွေးလိုက် ချ ချ ကျွေးနေတွေ မြင်တယ်။ ကလေး ပီပီ အဒေါ်အိမ်ရောက်တာနဲ့ ဘေးခြံကို ပြေးဝင်ပြီး ငါးသွားကြည့်တာဘဲ.. ခြံပိုင်ရှင်ကလည်း ကလေးဆိုတော့ ချစ်လို့နဲ့ တူပါရဲ့.. ဘယ်ငါးလိုချင်လဲ.. အလကားပေးမယ်.. ဆိုပြီး ပေးတာဘဲ.. အဲဒီလိုနဲ့ ငါးကလေး ၂ကောင် အိမ်ကို ရောက်လာတယ်။ အိမ်မှာ ထမင်းစိလေးတွေ ကျွှေး.. ငါးအစာ အတုံးလေးတွေ ကျွှေးပေါ့.. ငါးကို ပုလင်း အကြီးတခုထဲ ထည့်ထားတာ.. ငါးကခုန်တက်မှန်း မသိဘူး.. ပုလင်းကတော့ မုန့်ပုံး အရွယ် ဆိုတော့.. ငါး ပိစိလေးတွေ အတွက် […]


ဆူးNovember 17, 20101min30012
ဓါတ်ကြီး လေးပါး ပထဝီ တေဇော အာပေါ ဝါယော ပထဝီ ရုပ်ဝတ္တု အဆိုင်အခဲကြီးကို ခေါ်နိုင်ပါသည်။ တေဇော အပူဓါတ် အအေးဓါတ်… လောင်ကျွမ်း ပျက်စီး တတ်၏။ ဥပမာ အားဖြင့်.. ရာသီဥတု ပူတဲ့ ဒေသမှ သစ်ပင်များမှ သစ်ရွက်များ အပူဒဏ်ကြောင့် လောင်မြိုက် သလို.. ရာသီဥတု အေးတဲ့ ဒေသမှ သစ်ပင်များမှ သစ်ရွက်များသည်လည်း အအေးဒဏ်ကြောင့် လောက်မြိုက် တတ်၏။ အာပေါ အရေကို ဆိုလိုသည်။ ဝါယော လေ၊ (တွန်းအား) ကို ဆိုလိုပါသည်။ ဓါတ်ကြီးလေးပါး မမျှတရင် ရောဂါတွေ ဖြစ်ပါတယ်။ ကံ စိတ် ဥတု အာဟာရ ကံကြောင့် လည်း နာမကျန်း ဖြစ်တတ်သလို စိတ်ကြောင့် […]


ဆူးNovember 16, 20101min2299
ခံယူချက်ဟာ လူတစ်ယောက်ကို ရူးသွပ်သွား စေနိုင်လောက်အောင် ပြောင်းလဲစေနိုင်ပါသတဲ့ ။ လူတစ်ယောက်ဟာ သူ့ရဲ့ သွားကိုလည်း ပြုပြင်ခဲ့တယ် သူ့ရဲ့နှုတ်ခမ်းကိုလည်း ခွဲစိတ်ခဲ့တယ် မျက်နှာကိုလည်း ခွဲစိတ်မှုပြုလုပ်ခဲ့တယ် Facial surgery ပေါ့ ။ ရည်ရွယ်ချက်ကတော့ သူ့ကိုယ်သူ လူကျား တစ်ကောင် Human tiger အဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ် တဲ့ ။ Dennis Avner အသက် ၅ဝ နှစ်ဟာ အမေရိကန် အင်ဒီးယန်းအနွယ်ဝင်ဖြစ်ပြီး သူဟာ သူ့ကိုယ်သူ ကြီးမားတဲ့ကြောင်တစ်ကောင်ဖြစ်ဖို့ အတွက် မရေမတွက်နိုင်တဲ့ ငွေကြေးပမာဏကို အသုံးပြုခဲ့ပါတယ် ။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ အခါမှာတော့ သူ့ကိုယ်သူ ကျားတစ်ကောင်ဖြစ်ဖို့ အတွက် နည်းလမ်းကို ရှာဖွေဖို့အတွက်ပါပဲတဲ့ ။ Avner ရဲ့ ခန္ဓာကိုယ် […]


ဆူးNovember 16, 20102min72830
အခုမြင်ရတဲ့ ဘဏ်ကြီးပေါ့ကွယ်.. မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသစ်များသာ လက်ခံနေပါတယ်။ အခုပါတဲ့ ပုံမှာ ရှိတဲ့ ပိုက်ဆံကို သေချာ လေ့လာကြည့်ပါ။ လူအချင်းချင်း ဈေးဝယ်ရင်တောင် ဒါလေးတွေ ပေးရင် လက်ခံရတယ်။ ဘဏ်မှာ ပိုက်ဆံ ထုတ်ရင်တောင် အသစ် မပေးနိုင်ဘဲ ဘဏ်မှာ ငွေအပ်တော့ ဟောင်းလို့ လက်မခံဘူး ကြည့်ကြပါအုန်း။ ခက်တာက ပိုက်ဆံ အသစ် ပေးရအောင် ပိုက်ဆံ ထုတ်တဲ့ စက်မှ မရှိတာ.. အဟောင်းလက်ထဲ ရောက်မှ တော့ အဟောင်းဘဲ သုံးရမှာပေါ့


ဆူးNovember 11, 20101min46819
လွန်ခဲ့တဲ့ ၃နှစ်လောက်က မှတ်မှတ်ရရ ဆရာတော် တပါးကို သပိတ်လှူတဲ့ အကြောင်းလေးပါ။ ထို ဆရာတော် ကို စပြိး သိခါစ တုန်းက သပိတ်လှူချင် စိတ်ဖြစ်မိတာနဲ့ သပိတ်တလုံး ဝယ်ပြီး လှူမယ်လုပ်တော့ အနီး အနားက ဒကာတွေက ဝိုင်းပြောကြတယ်။ *ဆရာတော်က အကောင်းသုံးတာ နင်လှူတဲ့ အညံ သုံးမှာ မဟုတ်ဘူး လှူတယ် ဆိုတာ လိုအပ်တာ လှူရတယ်။ နင်လှူတာ မလိုအပ်တာ ဆိုရင် အလှူခံရလည်း ဘုန်းကြီးကျောင်းမှာ ဒီတိုင်း အပိုဖြစ်နေမယ်။ တခြား လိုအပ်တာ လှူပါလား။* စိတ်ထဲမှာတော့ သပိတ်ကိုဘဲ လှူချင်စိတ် ရှိတယ်။ နောက် ဒကာ တယောက်က *အခု ဆရာတော် သုံးနေတဲ့ သပိတ်က ဆရာတော် စာသင်သား […]


ဆူးNovember 8, 20101min20710
သီတဂူ ဆရာတော်ကြီး တရားတခုမှာ ကြားမိတာလေး သတိရလို့.. ဆရာတော်ကြီး ပြောကြားချက်အရ.. လူတယောက်က ပေါက်ပေါက် ရှာရှာ လာမေးတယ်။ * မြတ်စွာဘုရား ပွင့်လို့ ဒေဝဒတ္ထ (ဒေဝဒတ်) ဇိဉ္စမာန တို့ မြေမျိုုရတယ်။ ဘုရားသာ မပွင့်ရင် သူတို့ မြေမျိုုစရာ မရှိဘူး။* *** ဒါနဲ့.. ပြန်ပြောလိုက်တယ်.. မြတ်စွာ ဘုရားကို စော်ကားလို့ မြေမျိုတာ ဒေဝဒတ် နဲ့ ဇိဉ္စမာန နှစ်ယောက်တည်း မဟုတ်ဘူး.. ဘုရား တောထွက်တော် မမူခင် သိဒ္ဓတ္ထ ရဲ့ ဇနီး ယသော်ဓရာ ရဲ့ အဖေ သုပ္ပဗုဒ္ဓ ယောက္ခမပေါ့ သူလည်း မြေမျိုတဲ့ အထဲမှာ ပါတယ်..*** ***၂ယောက်မဟုတ်ဘူး ၃ယောက်။*** *** ဒကာကြီး […]


ဆူးNovember 7, 20101min4459
ဗုဒ္ဓေါရသ အရှင်ဣန္ဒာစရိယ ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ) ၏စာစုများ ပါလာပြီးသားပါ.. ပါလာမှာလား “နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ“ ကမ္မုနာ ဝတ္တတိ လောကော၊ ကမ္မုနာ ဝတ္တိ ပဇာ။ ကမ္မနိ ဗန္ဓနာ သတ္တာ၊ ရထဿ ဏီဝ ယာယတော။ သတ္တလောကကြီးဟာ ကံကြောင့် ဖြစ်ရတယ်။ သတ္တဝါတွေဟာလည်း ကံကြောင့် ဖြစ်နေရတယ်။ သတ္တဝါတို့ကို ကံတို့သည် သွားနေသော ရထားလှည်း နားစောင့်ကံ့သို့ ဖွဲ့ချည်ထားပါသည်။ ကုသိုလ်ကံကြောင့် ကျော်စောသတင်း ပန်းလိုသင်း ရတယ်၊ ချီးမွမ်းခံရတယ်၊ အကုသိုလ်ကံကြောင့် ဆုံးရှုံးပျက်စီးရတယ်၊ သတ်ဖြတ်ညှင့်ပန်း နှိပ်စက်ခြင်း၊ နှောင်ဖွဲ့ခြင်း ခံရတယ်။ အဝိဇ္ဇာ တဏှာမကင်းကြသေးလို့ သံသရာအတွင်း လျှောက်လှမ်းနေသမျှတော့ ကုသိုလ်၊ အကုသိုလ် ခြေလှမ်းတွေ ရောပြွမ်းနေကြရမှာ […]


ဆူးNovember 6, 20101min29112
ယနေ့ အသိတယောက် ထမင်းချိုင့်ထဲမှ အနှစ် ၂ခုနဲ့ ကြက်ဥ ကိုတွေ့လို့ ဓါတ်ပုံ ရိုက်ယူထားပါတယ်။ သမိုင်း သီရိမြိုင်ဘူတာကတော့ နာမည်ကြီးတယ် အဲဒီ နားက သံလမ်းမှာ ညနေခင်း ရောင်းတဲ့ ဈေးသည် ရောင်းတာ တွေ့လို့ ဝယ်လာတာလို့တော့ ပြောပါတယ် သာမာန် ကြက်ဥ တလုံး ၁၀ဝကျပ် အနှစ်၂ခု ပါတဲ့ ကြက်ဥ အကြီး ဆို ၁၂၅ကျပ်.. အလုံးပိုကြီးပြီး ၂၅ကျပ်ဘဲ ပိုပေးရလို့ သဘောကျလို့ ဝယ်ချက်လာတာလို့တော့ ပြောတယ်။ မေးကြည့်တော့ ကြက်ဥ အနှစ် ၂ခုပါတယ်လို့ ဈေးသည်က ပြောပြီးရောင်းတဲ့ အပြင် အနှစ် ၂ခု ပါတဲ့ ကြက်ဥကို တဗန်း ထားပြီး ရောင်းနိုင်တာ အံဩလို့ပါ.. ဘာနည်းပညာတွေ များ […]


ဆူးNovember 5, 20101min30914
တနေ့က စီးတီးမတ်ကို ဈေးဝယ်ထွက်ရင် အပြန်မှာ စီးတီးမတ် မှာ ငှားဖွင့်တဲ့ ဆိုင်တဆိုင်က မုန့် ကို ဝယ်စားတယ်.. ဖြစ်ချင်တော့.. ဆိုင်က တူညီ ဝတ်စုံနဲ့ ဝန်ထမ်း နှစ်ယောက် ဝယ်သူတွေ ဘက်ကို ကျောပေးပြီး ကွန်ပြူတာ ကို နှစ်ယောက်သား အလုအယက် ကြည့်နေကြတယ်။ ဒါနဲ့.. မုန့်ဝယ်မယ်လို့ ကျောပေးနေတဲ့ လူနှစ်ယောက် ကို အသံပေးလိုက်တယ်။ မုန့်ဝယ်မယ်လို့ အသံကြားတော့ လှည့်ကြည့်တော့.. မုန့်ကို လက်ညိုးထိုးပြလိုက်တယ်.. မုန့် ၃ခုလို့ ပြောလိုက်တော့ မုန့်ကို ဘူး တခုထဲ ထည့်ဖို့ ကြိုးစားတယ် စိတ်ကတော့ ကွန်ပြူတာ ဆီကို ရောက်နေတယ်.. စိတ်နဲ့ လူနဲ့ တခြားစီ ဖြစ်နေတယ်.. မုန့် ၂ခုဘဲ ဆန့်တဲ့ […]


ဆူးNovember 4, 20101min71943
ဖြိုးဆိုတဲ့ မန်ဘာ သူရေးသမျှ လိုက်ပြီး တုန့်ပြန်လျှင်လည်း မကောင်း မတုန့်ပြန် နေသော်လည်း တနေ့တနေ့ ပိုဆိုးလာသည်.. ကိုယ့်ဘဝ ကို နားမလည် သူများ ကို အတင်းဇွတ်သွင်း.. ဖြိုး ဘယ်သူကိုမှ မမြူဆွယ်ပါဘူးလို့ ပြောအုန်းမယ်.. မမြူဆွယ်ဘူး ဆိုရင် ဒီမှာ တင်နေတဲ့ စာတွေကို အသက်ကြီးသူ ငယ်သူပါ အကုန် ဖတ်နေကြတာပါ.. ငယ်သူတွေလည်း ငါတို့ကော ဒီလိုမျိုးလား ဆိုပြီး နဝေ တိန်းတောင် ဖြစ်စေတာမျိုး.. ပုံတွေတင်လိုက်ရင်လည်း ယောကျား အချင်းချင်း ပွတ်သီး ပွတ်သပ် လုပ်ပြီး ဈန်ဝင်နေတဲ့ ပုံတွေကြီးဘဲ.. ဒီပိုစ်ကို ဖတ်ရင် ပုံဘေးနားက စာကို ဖတ်ရင်တောင် ဘေးက လူရှိရင် ဒီပုံကြီးနဲ့ ဖတ်ရတာ.. ဘေးကလူတွေ တမျိုးတမည် […]


ဆူးNovember 4, 20101min2239
ရွာတရွာမှာ ဘုန်းကြီးကျောင်းက ကပ္ပိယကြီး တယောက် ရှိတယ်.. သူကို ဘယ်သူမှ စကားနဲ့ကော ကဗျာ စာ အလင်္ကာဖွဲ့တဲ့ နေရာမှာ မမှီနိုင်ကြဘူး။ တကယ်ကောင်းတဲ့ ဟာတွေ ဆိုလည်း အမှားမျိုးစုံ ရှာထောက်တတ်လို့.. တရွာလုံးက လူတွေ အမြင်ကတ်ကြတယ်။ ခံရတာများတော့ ရွာသားများ စုပေါင်းအကြံထုတ်ကြသည်.. ဒီ ကပ္ပိယကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ.. နောက်တော့ အကြံတခု ရသွားပါသည်။ ဒီလိုနဲ့.. ကဗျာ တခုကို ရေးပြီး ကပ္ပိယကြီးကို သွားပြသည်။ ကပ္ပိယကြီး ကဗျာကို ဖတ်ပြီး အချိန် တခုကြာအောင် နဲနဲ စဉ်းစားနေသည်.. ရွာသားများကတော့.. သူတို့ အောင်နိုင်တော့မည်ဟု တွေးပြီး ဝမ်းသာနေကြသည်။ နောက်တော့ ကပ္ပိယကြီး သေချာ စဉ်းစားပြီး ပြောလိုက်ပါသည်.. ကဗျာလေးကတော့ ကောင်းတယ်.. […]


ဆူးNovember 2, 20101min59930
သိပ်ချစ်ကြတဲ့ အဘိုးပွကြီး အဘွားမယ်ခက် နှစ်ယောက် တူတူ နေထိုင်ကြသတဲ့.. အသက်တွေလည်း မငယ်သလို မင်္ဂလာ နှစ်တွေကလည်း ကြာညောင်းလာတော့ တယောက်နဲ့ တယောက် မရှိရင် မဖြစ်သလိုကို ဖြစ်ပြီး သံယောဇဉ်တွေ ဖြစ်နေကြတာပေါ့.. မြင်တော့လည်း တကျက်ကျက်.. မတွေ့တော့လည်း.. တမျှော်မျှော်.. တနေ့မှာတော့ အဘွားကြီး ရုတ်တရက် သေသွားခဲ့တယ်… အဘိုးပွကြီး ခမျှာ အနှစ်နှစ် အလလ က ချစ်ခဲ့ရတဲ့ သူ့ဇနီး.. သေသွားတော့ ဝမ်းနည်း ပက်လက်နဲ့.. တော်တော် စိတ်မကောင်း ဖြစ်နေရှာတာပေါ့ကွယ်.. ရွာက ဓလေ့ တခုရှိတယ် သေပြီ ဆိုရင် ဖျာနဲ့ ပတ်ပြီး.. သဂျိုုင်းကုန်းကို ရွာက လူငယ်တွေ မပြီး လိုက်ပို့ကြတယ်. ဟိုရောက်မှ ကြွင်းတူးပြီး မြှုပ်ကြတယ်။ သဂျိုင်္ုင်းကုန်းကို […]