WowApril 16, 20121min14814
ငယ်ငယ်တုံးက ဆရာမမြနှောင်းညိုရေးတဲ့ “အကြွင်းအက္ခရာသင်္ချာတစ်ပုဒ်” ဆိုတဲ့ ဝတ္တုလေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ရည်ရွယ်ချက်တွေမတူကြလို့ ခွဲခွာခဲ့ကြတဲ့ချစ်သူနှစ်ယောက် အကြောင်းပါ။ ရည်မှန်းချက်တွေအတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ကြလို့ ဘဝမှာအောင်မြင်မှုတွေ အသီးသီးရခဲ့ကြပါတယ်။ အောင်မြင်တဲ့ဘဝတွေဟာ နေပျော်စရာကောင်းပေမဲ့ တစ်ခါတလေကျရင် ဘယ်ဘက်ရင်ဘတ်မှာ တစ်ခုခုလိုနေသလိုလို…. ပေါင်း၊ နုတ်၊ မြှောက်၊ စား ဘဝကိုသင်္ချာလိုတွက်ခဲ့ပြီး အောင်မြင်ခဲ့ပေမဲ့ “အချစ်” ဆိုတဲ့ အက္ခရာ ကြွင်းကျန်နေခဲ့တဲ့ ဘဝတွေအကြောင်းပါ။ လူတွေရဲ့စိတ္တဗေဒပါ။ လူတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက်မဟုတ်တဲ့ တိတ်တခိုးမျှော်လင့်တဲ့ အိမ်မက်ကလေးတွေ ရှိတတ်ကြပါတယ်။ ဥပမာအကောင်းဆုံးကိုပြရရင် ကျမတို့ မန်းဂေဇက်ရဲ့ ဇတ်လိုက်ကျော်ကြီး ကိုဘုန်းကျော်။ (ကိုဘုန်းကျော်ရေ လူတွေရဲ့စိတ္တဗေဒကို ဖတ်ပြချင်လို့ပါ။ ရှင့်ကို နစ်နာစေလိုတဲ့ စိတ်မရှိပါဘူး။) သူစစ်ထဲဝင်ခဲ့တယ်။ အရေးအခင်းမှာပါခဲ့တယ်။ နယ်စပ်ဖြတ်ကျော်ခဲ့တယ်။ ဩဇီမှာ ခိုလှုံခွင့်ရခဲ့တယ်။ အခုအချိန်မှာတော့ မိသားစုနဲ့အတူ […]


WowApril 12, 20121min12812
တစ်ညလုံးမအိပ်လိုက်ရဘူး ဘယ်ဘက်ရင်ဘတ်ပေါ် တိမ်တွေပြိုကျနေလို့လေ။ အသဲပုံသကြားလုံးလေးတွေနဲ့ ကော်ဖီမစ်(စ်)နှစ်ထုပ်ရဲ့ရာဇဝင် ငါဟာ သမိုင်းမကျေခဲ့သူပါ ကလေးရဲ့။ ကိုယ်တစ်သက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်မိတဲ့ သစ်ပင်ဟာ မင်းပဲကွဲ့။ ကလေးရေ ဘဝဟာ တစ်ခါတရံ မင်းထင်တာထက်ပိုပြီး ရက်စက်တတ်ပါတယ်။ ရိုးသားချင်ရင်ရိုးသားလိုက်… လူတော်ကြီးဖြစ်ချင်ရင်ဖြစ်လိုက်စမ်း… ဘာလုပ်ရမှန်းမသိရင် ဘာမှမလုပ်နဲ့ပေါ့။ ဒါပေမဲ့ အဖွဲ့အစည်းတွေနဲ့နေကြတဲ့ပတ်ဝန်းကျင်မှာ ပန်းပြားပင်ရဲ့အနုပညာကို မင်းလေ့လာရလိမ့်မယ်။ လေယူရာယိမ်းဖို့ မသင်ကြားချင်နေ မုန်တိုင်းတွေထဲမှာတော့ မင်းအသက်ရှင်ကျန်ရစ်ရမယ်ကွဲ့။ ကျေးဇူးပြုပြီး မနာကျင်လိုက်ပါနဲ့ကလေးရေ မင်းရဲ့ဝမ်းနည်းတဲ့မျက်လုံးတွေကိုကြည့်လိုက်ရင် တစ်ကမ္ဘာလုံးနဲ့ငါ စစ်တိုက်လိုက်ချင်လို့ပါ။ “ပြီးတော့လဲပြီးတာပါပဲ” ဆိုတဲ့ ဟိုစာရေးဆရာကြီးရဲ့စကားလိုပေါ့ တချိန်မှာပြီးခဲ့တာတွေက…အကုန်ပြီးသွားမှာပါ။ နာကျင်ခဲ့ရမှုတွေကိုပြုံးပြီးပြန်ကြည့်နိုင်တဲ့တစ်နေ့ မင်းမတွေ့ဘူးလို့ဘယ်သူပြောသလဲ။ ကလေးရေ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မင်းမတွေးပါနဲ့ ကမ္ဘာဦးထဲက ဒီနေ့အထိ “အသက်ရှင်ကျန်ရစ်ခြင်း” ကသာ အမှန်တရားကွဲ့။ ကလေးရေ ဘယ်သူရှုံးတယ်၊ ဘယ်သူနိုင်တယ် မင်းမတွေးပါနဲ့ ဘယ်သူမှ […]


WowMarch 10, 20121min55464
ကျမ မိန်းမ တစ်ယောက်ပါ။ တစ်ခါတစ်ရံလိမ်ညာတတ်ပေမဲ့ ကိုယ့်ကိုယ်ကို သွေးသားထဲက ကို ရိုးသားနေတယ် လို့ ထင်နေသူပေါ့။ ကောက်ကျစ်သူတွေကို ဒီလိုကောက်ကျစ်ရတဲ့အကြောင်းရင်းက ဘာလဲ လို့ ဘယ်တော့မှ နားမလည်နိုင်သူပါ။ ယုံကြည်ချက်အတွက် အသက်စွန့်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ချေဂွေဗားရား၊ ဒေါက်တာဟိုးဆေးရီဇော်တို့ကို အလွန်လေးစားအားကျ ခြေရာနင်းလိုပေမဲ့ သရဲတော့ အင်မတန် ကြောက်ပါတယ်။ ဂျူံးအော့အတ် တစ်ယောက်ပြင်သစ်အလံကိုကိုင်ဆွဲပြီး တပ်ဦးကချီတက်တိုက်ခိုက်ရလောက်အာင် ယောက်ကျားတွေဘာလုပ်နေကြလဲလို့ တစ်ခါတစ်ရံယောက်ကျားထုတစ်ရပ်လုံးကို သောက်ညင်ကပ် တတ်သူပါ။ (ဘတ်စ် ပေါ်မှာနရာလုထိုင်တဲ့ယောက်ကျားတွေနဲ့တွေ့ရင်ပိုဆိုးပါတယ်) ဘဝရဲ့ရည်မှန်းချက်က ဘာလဲလို့မေးလာရင် ကိုယ့်ကိုယ်ကို ဇဝေဇဝါနဲ့ အဟုတ် အခုအသက်အရွယ်အထိ ငါတော့တစ်နေ့ဘာဖြစ်ရမယ် ဆိုတဲ့အတွေးမျိုး တစ်သက်နဲ့တစ်ကိုယ်မတွေးဘူးသေး။ ဒါပေမဲ့ လက်ဘက်ရည်ဆိုင်ထိုင် ဟေးလားဝါးလားလုပ်နေတဲ့ ကောင်လေးတွေ၊ မော်ဒယ်ရောင်ရောင်ဘာရောင်ရောင်နဲ့ စပွန်စာအိမ်မက်မက်နေတဲ့ ကောင်မလေးတွေကိုတော့ အင်မတန်မျက်မုံးကျိုးပါတယ်။ မရှိတာထက်မသိတာခက်ဆိုတာကို လေးလေးနက်နက်ထောက်ခံပြီး လူမှုရေးမသိ၊ […]


WowFebruary 21, 20121min33927
Gender equality ရှိနေဘီလို့ပြောရမလား ရွေတောင်ကြားလမ်းနားမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးပါ။ ဘဝကို ရိုးသားစွာဖြတ်သန်းနေသူတစ်ယောက် အဖြစ် လေးစားမိပါတယ်။ kokyaw thu facebook မှကူးယူဖေါ်ပြပါသည်။


WowFebruary 16, 20121min25114
ဒီတစ်ခေါက်တော့ ကျောင်းသားဘဝထဲကဝါသနာကြီး မြစ်ကူးချောင်းဖျားသွားသွားပီး ဗေဒင်တွေမေးလွန်းလို့ အိမ်က မုန့်ဖိုးဖြတ်ခံထိခဲ့သူပီပီ လေ့လာမှတ်သားထားတဲ့ ချစ်စရာကောင်းတဲ့ Magic Spell လေးများကို မျှဝေပေးလိုက်ပါတယ်. ဆြာမဂျီး Wow ၏အစွမ်းထက်မြက်သော ဂါထာမန္တယားများ (ဟီ ဟီ့ ယုံလွယ်သူများ လုပ်ကြည့်ကြပေါ့ 😀 ) လိုတရအစီအရင်ဂါထာ တစ်စုံတစ်ယောက်ရဲ့ ဆန္ဒတစ်စုံတစ်ရာဟာ လက်လှမ်းမမှီနိုင် မဖြစ်နိုင်ဘူးလို့ ခံစားနေရတဲ့အခါမှာ ဒီအစီအရင်လေးက အသုံးဝင်ပါလိမ့်မယ်. ပြင်ဆင်ထားဖို့လိုမယ့် ပစ္စည်းလေးများကတော့… -အပြာ (သို့) အဖြူရောင် ဖရောင်းတိုင် -စာရွက်တစ်ရွက် -ဘောပင်တစ်ချောင်း -မိမိဆန္ဒဖြစ်လာရမယ်ဆိုတဲ့ယုံကြည်မျှော်လင့်ချက်တစ်ခုရယ်ပါ။ ဒါတွေပြင်ဆင်ပြီးရင်တော့ မိမိဖြစ်ချင်တဲ့ဆန္ဒကို စာရွက်ပေါ်မှာရေးပါ။ အောက်မှာ မိမိအမည်၊ မွေးသက္ကရာဇ်ကိုရေးပြီး အောက်ပါစာသားများကိုပါရေးပါ။ “မယုံကြည်မှုများ အဝေးသို့ လွင့်စင်သွားပြီးဖြစ်လို့ ကျွန်ုပ်၏လိုအင် ဖြစ်လာရမည်ကို အမြဲယုံကြည်ပါမည်ဟု ကတိပြုပါသည်။ ထို့ကြောင့် အကျွန်ုပ် […]


WowFebruary 4, 20121min23611
၅၀၀ဝ ကျပ်တန်ဖုန်းနဲ့ပတ်သက်ပြီး သူကြီးမှ အလွန်အကုန်အကျများသော ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန် အလွန်အကုန်အကျများသဖြင့် အစိုးရမှသာ လုပ်နိုင်ပြီး ဆက်သွယ်ရေးအင်ဂျင်နီယာချုပ်မှ မဖြစ်နိုင်ဘူးဆိုလျှင် တကယ်မဖြစ်နိုင်ကြောင်းဖြင့် (https://myanmargazette.net/92279/economic-news-international-news-news-industry-people-in-the-news-us-news-news) ပို့စ်တွင် အောက်ပါအတိုင်း မန့်ထားပါသည်။ —————————————————————— kai says: တကယ်တော့.. အခု ၅၀၀ဝတန်ကိစ္စကစဉ်းစားစရာတွေ အများကြီးပါ…။ အများကြီးမှ.. တကယ့်အများးးးးးးးးးးးးးးကြီး..။ တိုင်းပြည်အင်ဖရာစရပ်ချာဆိုတာက.. အစိုးရကတဆင့်မှ.. သွားကြရတာဖြစ်ပါတယ်..။ ဆက်သွယ်ရေးအင်ဖရာစရပ်ချာဆို ..ပိုအရေးကြီးတာပေါ့…။ ကမ္ဘာနဲ့ ချိပ်ရတာကိုး…။ ဆိုတော့… မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က မဖြစ်နိုင်ဘူးဆိုရင်တော့.. တကယ်မဖြစ်နိုင်ဘူးလို့ပဲ..မှတ်ပါတယ်..။ တခုတော့မေးစရာရှိတာပေါ့.. သူတို့က.. စစ်သား(ဟောင်း) တွေလား.. လုပ်သက်နဲ့ တက်လာတဲ့.. အင်ဂျင်နီယာတွေလား.. မေးချင်တာပါ..။ == ဆဲလ်ဆိုက်(တာဝါ)တွေ ဘယ်သူထောင်မှာလည်း..။ ဘယ်မှာထောင်မှာလည်း..။ […]


WowJanuary 7, 20121min39439
ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။ ၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀ဝ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ချ်လမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ […]


WowJanuary 5, 20121min20210
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။ သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။ ပုဒ်မ ၂၀၄(က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။ ကာလုံက သမ္မတအထက်ရောက်နေ လက်တွေ့မှာ ၂၀၁၂ ခု ဇန္နဝါရီ ၂ ရက်နေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွှတ်ငြိမ်းချမ်းသာခွင့်အမည်တပ်ထားပေမဲ့ ပြစ်ဒဏ် သက်သာအောင် လျှော့ပေါ့တာတွေ […]


WowJanuary 3, 20121min15910
ယနေ့ညနေ ကြေညာလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုပါက နိုင်ငံရေး အကျဉ်းသားများ လွတ်လာရန် အခွင့်အလမ်းနည်းပါးသဖြင့် “သီးခြားစဉ်းစားရန်ရှိသည့် စာရင်း” ဟူသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ယနေ့ည ၁ဝနာရီက နိုင်ငံရေး အကျဉ်းသားမိသားစုဝင် တဦးက နယ်ဝေးအကျဉ်းထောင်မှ ထောင်အရာရှိတဦးအား လှမ်းမေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား သီးခြားစာရင်းဖြင့် ဖက်စ်ထိုးပြီးလာရန် ရှိသည်မှာ ဟုတ်ပါသလား ဟုမေးမြန်းရာ ဟုတ်မှန်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သည့် စာရင်းယခုအချိန်ထိ မရရှိသေးသဖြင့် စောင့်ဆိုင်းနေကြောင်း ဖြေကြားသည်ဟု ယင်းမိသားစုဝင်က YPI သို့ပြောသည်။ အကျဉ်းဦးစီး အရာရှိက ၎င်းအနေဖြင့် အကောင်းဆုံး မျှော်လင့်ပါကြောင်း သူတို့အတွက်က သီးခြားလာရန်ရှိသည်ဟု မိသားစုဝင်အား အတည်ပြုပြောဆိုသည်ဟု သိရှိရသည်။ ။ ဇန်နဝါရီ ၂ ရက်၊ ၂၀၁၂ […]


WowDecember 31, 20111min973
စင်္ကာပူနိုင်ငံတွင်မကြာခင်က ဖြစ်ပွားခဲ့သော ပင်နီစူလာပလာဇာရှိ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်ဆိုသူက ဟွန်ဒီ ငွေလွှဲရေးလုပ်ငန်းများ၏ ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြု လိမ်လည်သွားသောဖြစ်ရပ်ကြောင့် ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အလားတူဟွန် ဒီလုပ်ငန်းများကို မှီခိုနေကြသော ငွေလွှဲသူများအပေါ်တွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်ပွားပုံမှာ စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော ရွှေရတနာ ငွေလွှဲလုပ်ငန်း ဦးစီးလုပ်ကိုင်သူ ဒေါ်တင်တင်မြင့်နှင့် အဖွဲ့သည် လက်ခံရရှိသည့် ငွေလွှဲရန်ဒေါ်လာများကို ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ဘဏ်တွင် စတိသာအသွင်းပြခဲ့ပြီး တနင်္လာ၊ အင်္ဂါနေ့များတွင် ထပ်မံဝင် ရောက်လာသောငွေများကို စုစည်းကာ အစဖျောက်ခဲ့ကြောင်း၊ အင်္ဂါနေ့တွင်မူ ခန့်မှန်းခြေဒေါ်လာ သန်း ၄ဝ ခန့်ဖြင့် အင်္ဂလန်သို့ လိမ်လည် တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။ ထိုအမျိုးသမီး ထွက်ပြေးတိမ်းရှောင်သွားသည်ကို လွိုင်ဟိန်း […]


WowDecember 30, 20111min1266
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ မီးဘေးဒုက္ခသည်များအား ဒီဇင်ဘာ ၃ဝ ရက် (ယနေ့ ) နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးကူညီ ခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ ဒါ့အပြင် NLD မှ ကိုထွန်းထွန်းဦးကလည်း ဒီနေ ့ရံပုံငွေပွဲကိုသွားရောက်အားပေးကြတဲ့ပရိသတ်ကြီးကို အောက်ပါအတိုင်းအထူးသတိပေးသွားပါတယ်…. ကိုယ်လုံခြုံရေးကို ကိုယ်ဂရုစိုက်သလို အပြင်ဘက်မှာလည်း လုံခြုံရေးတွေအများကြီးချထားပါတယ်။ ကျနော်ဒီလိုသတိပေးချက်ရေးရတာနဲနဲနောက်ကျသွားပါတယ်၊ တောင်းပန်ပါတယ်။ ကျနော်စဉ်းစားမိတာက ပထမတကြိမ်ပွဲကိုသွေးထိုးစမ်းပြီးပြောင်းပေးခဲ့ရပြီးပြီ ။ လှည်းတမ်းလမ်းဆုံ ဗုံးပေါက်တယ် တနေ ့က အကြီးကျယ်ဆုံးမီးလောင်မူဖြစ်တယ် ဒါတွေဟာတိုက်ဆိုင်မူဖြစ်ရင်အလွန်ကောင်းပါတယ်။ ဒီလို နိုင်ငံရေးနေဝင်ရီရော(လူလုံးမကွဲတဲ့အချိန်မှာ)အထူးသတိထားကြပါ။ ဒီနေ့ပွဲဟာ သမိုင်းဝင် အကြီးကျယ်ဆုံးပွဲကြီးတခုပါ။ ဦးသိန်းစိန်အဖွဲ […]


WowDecember 30, 20111min1086
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အ​မေရိကန်သူ​ဌေး​ကြီး​ ​ဂျော့​ဆို​ရော့​စ်တို့​ လာမယ့်​ ဇန်နဝါရီ ၂ ရက် တနင်္လာ​နေ့​မှာ ​တွေ့​ဆုံဖို့​ရှိတဲ့​အ​ကြောင်း​ အန်အယ်လ်ဒီအသိုင်း​အဝိုင်း​က အတည်ပြု ​ပြောဆိုပါတယ်။ ဂျော့​ဆို​ ရော့​စ်ဟာ မိသား​စုနဲ့​အတူ သူပိုင်​လေယာဉ်နဲ့​ ဒီဇင်ဘာ၂၆ ရက်ကတည်း​က မြန်မာပြည်ကို အလည်ခရီး​ရောက်ရှိ​နေပြီး​၊​ ဒီဇင်ဘာ၂၈ ရက်မှာ​တော့​ အင်း​လေး​ကန်ကို သွား​ရောက်လည်ပတ် ​နေတယ်လို့​သိရပါတယ်။ ဂျော့​ဆို​ရော့​စ် အင်း​လေး​ကို လာလည်မယ့်​အ​ကြောင်း​ အင်း​တိုင်း​ရင်း​သား​ပါတီ ဥက္ကဋ္ဌ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။ “​ကျ​နော်တို့ ​ သတင်း​ရတယ်ခင်ဗျ။ ကိုယ့်​အဆက်အသွယ်နဲ့​ လုပ်ပြီး​တော့​ ဟဲဟိုး​လေယာဉ်ကွင်း​ကို ​ရောက်မယ်။ ​နောက် ​ညောင်​ရွှေအ​နောက်ဘက်ကမ်း​မှာ ရှိတဲ့​ ​ခေါင်တိုင်ဆိုတဲ့​ ​ကျေး​ရွာ​လေး​က ဟိုတယ်တခုမှာ သူတည်း​မယ်ဆိုတာ ကျ​နော်တို့​ သိရှိခဲ့​တယ်။” အင်း​သား​ ပါတီအ​နေနဲ့​ ​ဂျော့​ဆို​ရော့​စ်နဲ့​ ​တွေ့​ဆုံဖို့​ရှိပြီး​၊​ ​တွေ့​ခွင့်​ရရင် […]