wunnaMarch 30, 20101min1893
၁၉၉ဝ က စခဲ့တယ်ပဲ ဆိုပါစို့။ အနှစ် ၂ဝ ရှိခဲ့ပြီ။ NLD ဖြစ်တည်ခဲ့တာ။ ၉ဝ ရွေးကောက်ပွဲမှာ လျန်းလျန်းတောက် အောင်မြင်ခဲ့တယ်။ အခုအချိန်အထိလည်း ထောက်ခံမှုရနေတုံးပဲ။ ဆယ်စုနှစ် ၂ခု ဆိုတဲ့ကာလ ဟာ မြန်မာပြည် လူ့သက်တမ်းနဲ့ ယှဉ်လျှင် ၃ဝ ရာခိုင်နှုန်းကျော်တယ်။ အဲဒါကို ပလုံ ဆိုပြီး အဆုံးအရှုံးခံသွားမှာလား? မနေ့က ဆုံးဖြတ်ခဲ့တဲ့ NLD အစည်းအဝေးအရ ပါတီအဖြစ် စာရင်းတင်သွင်းခြင်းမပြုတော့ပါတဲ့။ ဒါဆိုရင် အခု လောလော လတ်လတ် ထွက်ထားတဲ့ ပါတီတည်ထောင်ခွင့်ဥပဒေအရ လက်ရှိ တည်ရှိနေသောပါတီသည် ဥပဒေ ထွက်သည့်နေ့မှ ရက်ပေါင်း ၆ဝ အတွင်း စာရင်းမတင်သွင်းရင် ပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်မရှိတော့ဘူး။ ဒီတော့ နောက်တစ်လ ကျော်ကျော်မှာ NLD ရုံးချုပ်ပိတ်၊ […]


wunnaMarch 30, 20101min1050
ပါတီတွေထောင်ကျပြီ။ အခုလောလောဆယ် စုစုပေါင်း ၁၁ ခု တိတိ ထွက်ပေါ်လာပြီ။ အဲ့ဒီ့ ပါတီ ၁၁ ခု ထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ စည်းရုံးမယ့် ပါတီတွေ အတော်များတယ်။ အဓိကက အချိန်ကာလ။ စည်းရုံးရေးဆင်းမဲ့အချိန်ဘယ်လောက်ရတုံး။ နည်း။ ဘယ်လို နည်းတွေ သုံးစည်းရုံးမလည်း။ ၂၀၁ဝ အတွင်းရွေးကောက်ပွဲလုပ်မယ်ဆိုလေတော့ နိုဝင်ဘာလမှ လုပ်တယ် ထားပါဦး။ ဒီအတိုင်းဆို သင်္ကြန်ပြီးမှပဲ ပါတီတွေ တရားဝင်ဖြစ်တယ်လို့ယူဆကြပါစို့။ စည်းရုံးရေးအတွက် အချိန် ၆ လ ပဲရမယ်။ ဒါတောင် နိုဝင်ဘာ လမှ မှ လုပ်မယ်လို စဉ်းစားတာနော်။ တစ်ကယ်ကြားနေတာက သိပ်မကြာဘူး လုပ်မယ်ဆိုပဲ။ ဒီတော့ ပါတီတွေအတွက် စည်းရုံးရေးဆင်းမယ့် အချိန် အရမ်းနည်းသွားမယ်။ အထူးသဖြင့် အသစ်တည်ထောင်တဲ့သူတွေအတွက်ပေါ့။ အဲဒီမှာ […]


wunnaMarch 29, 20101min1694
ပုဂ္ဂလိက ပိုင်ပြုခြင်းကို ဝေဖန်သုံးသပ်ခြင်း၊ လက်ရှိမြန်မာအစိုးရဟာ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် စတင်ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ အခုလက်ရှိ ထင်သာမြင်သာ ဖော်ပြထားတာကတော့ စက်သုံးဆီ ရောင်းချတဲ့ အစိုးရပိုင်ဆိုင်တွေကို ပုဂ္ဂလိက ကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေခြင်း၊ နဲ့ ဆိပ်ကမ်းလုပ်ငန်းများကိုလည်း ပုဂ္ဂလိက သို့လွှဲပြောင်းပေးရန် စီစဉ်ခြင်း၊ ပညာရေး တွင်လည်း ပုဂ္ဂလိက ဝင်ရောက် လုပ်ကိုင်ခွင့်ရရန် ဖန်တီးပေးခြင်းတို့ကို တွေ့ရှိလာရပါတယ်။ (တစ်ခု ထပ်မံကြားသိတာကတော့ ကြယ်ငါးပွင့်လုပ်ငန်းကို စီးပွားရေးဦးပိုင်လောက်အောက်သို့ ပြောင်းလိုက်ပြီဆိုတာပါပဲ) သို့ပေမယ့်လည်း ဟုတ်မလိုလိုနဲ့ လွဲနေသလို ဖြစ်နေတာကို လူအများက ဝေဖန်ထောက်ပြနေပါတယ်။ အဲဒါက အများသိတဲ့အတိုင်းပါပဲ ဒီလုပ်ငန်းတွေကို ဘယ်လိုလုပ်ငန်းရှင်တွေ လုပ်ကိုင်ခွင့်ရတယ်ဆိုတာ ပါပဲ။ ထိပ်ပိုင်းက ရားထူးကြီးတဲ့ လူတွေနဲ့ သူတို့နဲ့ နီးစပ်သူများကသာ ဒီလုပ်ငန်းတွေကိုရရှိသွားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပြောင်းလဲမှုကို […]