ဆီထည့်ရတာက စီပြီးမှ ထည့်ရတော့တယ်။ ဓါတ်ဆီဆိုင်တွေကို ပုဂ္ဂလိကလက်ကို လွှဲလိုက်တယ်ဆိုပြီး လက်လွတ်စပယ် လုပ်ချင်ရာလုပ် လွှတ်ပေးလိုက်တယ်။ ပြီးတော့ နောက်ဘက်ကနေ ပံ့ပိုးမှုမရှိတဲ့အပြင်မှာ ထိမ်းချုပ်တာတွေ လုပ်လာတော့ ဆီထည့်ရတာ အရင်ထက်ပိုပြီးဆိုးလာတော့တယ်။ ရန်ကုန်မှာ ဆီဆိုင်တွေအကုန်လုံးမှာ အိမ်စီးကားကို တစ်ခါတန်းစီရင် ၃ဂါလံပဲပေးတော့တယ်။ တန်းစီရတာကလည်း ဆီပြည့်ပြည့်ဖြည့်ပေးတဲ့ဆိုင်ဆိုရင် တန်းကရှည်တယ်။ ရွှေတောင် ဆီဆိုင်က ဆီအပြည့်ဆုံးပဲဆိုလို့ သူတို့ဆိုင်မှာ တန်းစီတာက ကားအများဆုံးဖြစ်နေတယ်။ ဓါတ်ဆီက အပြင်မှာ ၃၀၀ဝကျပ်နဲ့ပြန်ကောက်တယ်ပြောကြတာပဲ။ ကိုယ်လည်း စိတ်ညစ်ခံတန်းစီပြီး ပြန်မရောင်းတော့ မသိဘူး။ တန်းစီရတာစိတ်ပျက်လွန်း။ ဆိုင်တစ်ဆိုင် ( အချောင်ဆုံးဆိုတဲ့ ဆိုင်က တန်းတောင် တော်တော်ရှည်တယ်။) အချိန်မပေးရဘူးဆိုရင်တောင် အနည်းဆုံး နာရီဝက်တော့ပေးရမယ်။ တစ်လမှာ အရင်က ဂါလံနှစ်ဆယ်လောက်သုံးတော့ သုံးခါလောက်တန်းစီ ၆ဂါလံ နှစ်ခါထည့်ပြီး နောက်တစ်ခါ လိုသလောက် […]